𝗣𝗲𝗿𝗳𝗲𝗰𝘁 Training Center

𝗣𝗲𝗿𝗳𝗲𝗰𝘁 Training Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗣𝗲𝗿𝗳𝗲𝗰𝘁 Training Center, Education, Yangon.

The purpose of this course is to help you better understand Digital Marketing and Advertising System and understand what you need to avoid about to make your business successful and successful.

Photos from 𝗣𝗲𝗿𝗳𝗲𝗰𝘁 Training Center's post 16/08/2021

သင်ရော ကိုယ်ပိုင်ဆုံးဖြတ်ချက်ကောင်းသူတစ်ယောက်ဖြစ်ပြီလား???

💫What is Self Determination?

📝Self Determination ဆိုတာက ကိုယ်လုပ်နိုင်တယ်လို့ယုံကြည်လိုက်တဲ့အခါဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်ချက်မျိုးပါ။
ဒီဆုံးဖြတ်ချက်ကပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုးလဲဖြစ်ပါတယ် 💯

📝တစ်ချို့သူတွေက Self Determination အပ်ိုင်းမှာ အားနည်းကြပါတယ်။ကိစ္စတစ်ခုကိုလုပ်ရတော့မယ်ဆိုရင် ကိုယ်တိုင်ဆုံးဖြတ်ရဲတဲ့သတ္တိမရှိပဲဖြစ်တတ်ကြပါတယ်။🙁

📝အလုပ်လုပ်တဲ့အခါမှာ တိုင်ပင်တယ်ဆ်ိုတာ ကောင်းတဲ့အရာတစ်ခုပါ။ဒါပေမယ့် လူပေါင်းစုံကိုလျှောက်တိုင်ပင်ပြီး Self Determination လည်းအားနည်းမယ်ဆိုရင်တော့ ပိုပြီးအကြပ်တွေ့နိုင်ပါတယ်။ဟိုလူ့အကြံပဲလက်ခံရမလိုလို ဒီလူ့အကြံပဲလက်ခံရမလိုလို နောက်ဆုံးဘာမှမဖြစ်မြောက်တဲ့ထိဖြစ်သွားနိုင်ပါတယ်။🙁

🌟ဒါကြောင့် Self Determination ကတကယ်လိုအပ်တဲ့ အရာတစ်ခုပါ။✅

📝Self Determination ဆိုပြီးဆုံးဖြတ်ချက်အမှားတွေပဲဖြစ်နေလို့လည်းမရပါဘူး။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းလဲရှိရမယ် မှန်လဲမှန်ရမယ်။
ဒီလိုဖြစ်လာဖို့အတွက် ဘာတွေလုပ်ရမလဲ လိုအပ်သလဲဆိုတဲ့ အရာလေးတွေကို Youth Center မှမျှဝေပေးချင်ပါတယ်။❣️

📝Self Determination ဖြစ်လာဖို့
🌟 Self Motivation
🌟 Self Confidence
🌟 Attitude
🌟 Experience
🌟 Competence
🌟 Autonomy စတဲ့ အရာတွေပေါင်းစပ်ဖို့လိုအပ်ပါတယ်။😊

ဒါကြောင့် အသေးစိတ်ထပ်မံရှင်းပြပေးချင်ပါတယ်။

✨Self Motivation

အခုခေတ်မှာ Motivation Speaker တွေ Motivation စာစုတွေအမြောက်အမြားတွေ့ရပါတယ်။လူတွေကအဲ့ဒါတွေနားထောင်မယ်။ ဖတ်မယ်။ခဏတာစိတ်ဓာတ်တက်ကြွမယ် ပြီးရင်အရင်လိုပဲ Comfort Zone ထဲပြန်ရောက်သွားတတ်ကြပါတယ်။😔 အခြားသူတွေဆီက Motivation ကလိုအပ်ပါတယ်။
ဒါပေမယ့်သူများအပေါ်ချည်းပဲမှီခိုနေလို့မဖြစ်ပါဘူး ။🙅 Self Motivation လည်းရှိအောင်ကြိုးစားသင့်ပါတယ်။💯
ဒါဆိုSelf Motivationဘယ်ကရနိုင်မလဲ??
Self Motivation ကိုအလုပ်လုပ်ခြင်းကနေရနိုင်ပါတယ်။😊
ဒါ့အပြင်အခြားသူကြောင့်ဖြစ်တဲ့ Motivationနဲ့ Self motivation ဟာလုံး၀မတူပါဘူး။ Self motivation ရှိတဲ့သူမှသာ Self Determination ကောင်းနိုင်ပါတယ်။အခြားသူဆီကတွန်းအားတစ်ခုရမှအလုပ်လုပ်မယ်ဆိုတဲ့သူက ဆုံးဖြတ်တဲ့အခါမှာလဲသူများဆီက အကြံလိုက်တောင်းမှာအသေအချာပါပဲ။ဒါကြောင့် Self Determination မကောင်းန်ိုင်ပါဘူး Self Determination အားကောင်းဖို့ Self motivation ကိုအရင်အားကောင်းအောင်လုပ်သင့်ပါတယ်။✅✅

✨ Self Confidence

ကိုယ့်ကိုယ်ကိုယုံကြည်မှု ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရဲခြင်းကို ဆိုလိုပါတယ်။ Self Confidence က Self Determination အတွက် အရမ်းက်ိုအရေးပါပါတယ်။
Self confidenceရှိလေ ကိုယ့်ကိုယ်ကိုအားကိုးမှု
လေးစားမှုမြင့်တက်လေပါပဲ။
ဒါကြောင့် Self Determination အားကောင်းချဖို့အတွက် Self Confidence ရှိဖို့လဲလိုအပ်ပါတယ်။💯

✨Attitude

Attitude ကလည်းအရေးကြီးပါတယ်။ကိုယ်က Good Attitude (Positive attitude) ရှိမှသာ ကိစ္စတစ်ခုကိုဆုံးဖြတ်တဲ့အခါမှန်ကန်နိုင်ပါမယ်။ ကိစ္စတစ်ခုကိုဆုံးဖြတ်မယ်ဆိုရင် ခြုံငုံသုံးသပ်ရမယ် ဖြစ်နိုင်ခြေတွေမှန်းဆရမယ်။ ဒီလိုသုံးသပ်တဲ့အခါ Attitude မှန်ကန်မှ Decision လဲမှန်ကန်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် Self Determination အားကောင်းဖို့အတွက် Attitude ကလည်းအရေးပါတဲ့နေရာမှပါ၀င်နေပါတယ်။💞

✨ Experience

ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်တစ်ခု
ကိုယ်နဲ့မနီးစပ်တဲ့ မသိတဲ့အကြောင်းအရာတစ်ခုစတဲ့အရာတွေနဲ့ ပတ်သက်လာတဲ့အခါ
ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ဆိုတာ ခက်ခဲပါတယ်။
ကိုယ်တိုင်ကမသိတာမို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းမရှိတဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်အပေါ်တွေဝေနေမိတတ်ပါတယ်။
ဒါကြောင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့အတွက်ဒီနယ်ပယ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံရှိဖို့လ်ိုအပ်ပါတယ်။အတွေ့အကြုံဆိုရာမှာလဲ စာတွေ့ ဖြစ်စေ လူတွေ့ ဖြစ်စေ ၂မျိုးလုံးရှိရင်တော့အကောင်းဆုံးပေါ့။😊
အလုပ်တွေခေါ်ရင်တောင် Experience တောင်းတတ်ကြပါတယ် နေရာတိုင်းမှာအရေးကြီးတဲ့အရာလို့တောင်ပြောနိုင်ပါတယ်။❤️

✨Competence

Competence ဟာလည်း Experience လိုပဲအရေးကြီးပါတယ် ။ကိုယ်ကဒီအလုပ်ကို တတ်ကျွမ်းမှသာ Self Determination လုပ်နိုင်မှာဖြစ်ပါတယ်။ကိုယ်တတ်ကျွမ်းတဲ့အရာနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချရင်ရဲရဲကြီးချနိုင်ပေမယ့် ကိုယ်မတတ်ကျွမ်းတဲ့အရာနဲ့ပတ်သတ်ရင်တော့ကြောက်နေမှာအသေအချာပါပဲ။ဒါကြောင့် Competence ကလည်းတကယ်အရေးကြီးပါတယ်။💯

✨Autonomy

မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်အများစုက Autonomy တွေဆုံးရှုံးနေကြရပါတယ်။စိတ်ပူလို့ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေပျောက်ဆုံးခဲ့ရတယ်။ငယ်ငယ်ထဲကကိုယ့်လုပ်ချင်တာမှန်သမျှပ်ိတ်ပင်ခံရတဲ့အခါမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရဲတဲ့သတ္တိတွေနည်းပါးလာတယ် တစ်ခုခုဆို အဖေ အမေတွေကိုအားကိုးချင်စိတ်ပဲဖြစ်နေကြတယ် မိဘတွေကိုကြောက်ရတာနဲ့ မလုပ်လိုက်ရတာတွေ မပြောလိုက်ရတာတွေ များလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလဲကျဆင်းလာတယ် မိဘတွေအနေနဲ့သတိထားသင့်တဲ့အရာပါ မိဘကနားလည်မှုပေးထားတဲ့သူနဲ့ မိဘကချုပ်ချယ်ခံရတဲ့သူ Self Determination ပိုင်းမှာအရမ်းကွာခြားပါတယ် ဒါကြောင့် Autonomy ကလဲအဓိကအပိုင်းထဲမှာပါပါတယ်။✅✅

📝ကိုယ်က Self Determination အပိုင်းမှာအားနည်းတယ် အားကောင်းအောင်လည်းကြိုးစားချင်တယ်ဆိုတဲ့သူတွေအတွက် ထားသင့်တဲ့ စိတ်နေစိတ်ထားလေးတွေကိုလည်းဆက်လက်မျှဝေပေးချင်ပါတယ်။❣️

💦 Believe only you can control your own life

📝ဆုံးဖြတ်ချက်တစ်ခုချတိုင်းကြောက်နေလို့မရပါဘူး ရဲရဲကြီးချလိုက်ပါ ဖြစ်လာတဲ့အကောင်းအဆိုးမှန်သမျှကိုရင်ဆိုင်လိုက်ပါ သင့်ဘ၀ကိုသင်ကိုယ်တိုင်ပဲ Control လုပ်နိုင်တာပါ။💪💪

📝ဥပမာတစ်ခုပြောရမယ်ဆိုရင် အလုပ်တစ်ခုကိုသူများဆုံးဖြတ်ချက်နဲ့လုပ်တဲ့အခါ အဆိုးကြုံလာရင် သူကြောင့်ဆိုပြီးပဲ မြင်နေမိတတ်ပြီး ကိုယ်ကြိုးစားဖို့လိုတာကိုတွေးဖို့မေ့နေတတ်ကြပါတယ်။
အကောင်းဖြစ်လာရင်လဲ သူများဆုံးဖြတ်ချက်နဲ့မို့ အပြည့်အ၀ဂုဏ်ယူနိုင်ပါ့မလား??
ဒါ့အပြင်အမြဲသူများဆုံးဖြတ်ချက်ကိုပဲလိုက်တောင်းနေမိပါလိမ့်မယ်။
ဒါကြောင့် Self Determination ကောင်းသူတစ်ယောက်ဖြစ်ဖို့အတွက် အခုကစပြီးကိုယ်ကိုယ်တိုင်ရဲရဲကြီးဆုံးဖြတ်လိုက်ပါ။

တစ်ချိန်မှာ Self Determination ကောင်းသူတစ်ယောက်ဖြစ်လာမှာသေချာပါတယ်။😊

💦Take Responsibility for your behaviour

📝သင့်ရဲ့ဆုံးဖြတ်ချက်ကြောင့်ရလာတဲ့အကျိုးကိုရင်ဆိုင်ပါ လက်ခံပါ။ဒါကိုကြောက်နေရင် Self Determination မကောင်းနိုင်ပါဘူး။❌

💦Base your actions on your own goal

📝သင်ဆုံးဖြတ်သမျှဟာ သင့်ရဲ့ Goal အပေါ်သက်ရောက်နိုင်တယ်ဆိုတာလဲသတိထားပါ။ ✅ ဆုံးဖြတ်ချက်တိုင်းကို သေသေချာချာစဥ်းစားတွေးခေါ်ပြီးမှဆုံးဖြတ်ပါ ရလာတဲ့ရလဒ်အတွက်နောင်တမရမိအောင်ပါ။🚫

💦 You are the best version of yourself

ကိုယ့်ဘဝရဲ့အကောင်းအဆိုးတိုင်းကို ကိုယ်တိုင်ပဲဖန်တီးနိုင်ပါတယ်။
တခြားသူတွေရဲ့စိတ်နဲ့ ကိုယ့်ဘဝကိုဝင်ကစွပ်ကောင်လေးတွေလို အသက်ရှင်ချင်ပါသလား??
Own Creatorလုပ်မလား??ဆိုတာကို ခနခနပြန်မေးပါ။
ကိုယ်သာလျှင် ကောင်းဆုံးမြှင့်တင်ပေးနိုင်တဲ့သူတစ်ယောက်ဆိုတာကိုအမြဲတမ်းသတိရနေပါလို့ပြောရင်း Sharingလေးကိုနိဂုံးချူပ်ချင်ပါတယ်။

...,.......................

Photos from 𝗣𝗲𝗿𝗳𝗲𝗰𝘁 Training Center's post 12/08/2021

‌❗️

တစ်ယောက်နဲ့တစ်ယောက် ​ပထမဆုံးစတင်တွေ့ဆုံတဲ့အချိန်မှာ တစ်​ဖက်​လူက ကိုယ့်အ​ကြောင်းသိသည်​ဖြစ်​​စေ မသိသည်​ဖြစ်​​စေ
First impression လို့ခေါ်တဲ့ ပထမဆုံး
သူရဲ့စိတ်​အာရုံမှာ ကိုယ့်အပေါ် မြင်တဲ့အမြင်၁ခုနဲ့ အရင်ဆုံး အကဲခတ်ဆုံးဖြတ်တတ်ကြပါတယ်။🤝

👭တစ်ယောက်နဲ့တစ်ယောက် စတင်တွေ့ဆုံတဲ့အခါ ပထမဆုံး ကိုယ်ဘယ်လိုလူလဲ ဆိုတာကို ကိုယ်ရဲ့ ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံ၊ ပြုမူလှုပ်ရှားပုံ Body language စတဲ့ ပထဆုံးImpressionကနေ မြင်ရတဲ့အရာတွေနဲ့သာ အကဲခက်ဆုံးဖြတ်မိတတ်ကြတာလူ့သဘာ၀၁ခုပါ။

🤦‍♂️ First impression မှာထဲက လူတစ်ယောက် ဟာ စ down ပြီဆို သူရဲ့ personality ၊ profession ၊ influence ၊ image စတဲ့အရာတွမှာ လာပြီးထိခိုက်နိုင်ပါတယ်။🤷‍♀️

💁ဒါကြောင့် Communication တွေ စတင်တိုင်းမှာ First Role ကနေ အရေးပါတဲ့ First Impression အကြောင်း ဆောင်ရန်၊ ရှောင်ရန်လေးတွေကို Perfect Training Centre မှမျှဝေလိုက်ပါတယ်။

First_Impression အတွက် အလွန်အရေးပါတဲ့ အချက်(4)ကို ဒီနေ့မှာရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

1 - Appearances
2 - Behaviour
3 - Communication
4 - Time

(1) Appearances
-------------------------------------
💁🏻‍♀️Appearance မှာပါ၀င်တဲ့အချက်‌ေလးတွေကတော့

လူတယောက်ရဲ့ပုံပန်းသွင်ပြင်‌အတွက်လိုအပ်တဲ့အချက်လေးတွေကတော့-

✅Clothes - တချို့လူတွေက"အဝတ်အစားဆိုတာ အဓိကမဟုတ်ဘူးအဲဒါတွေကပကာသနတွေ"ဆိုပြီးပြောတာကိုကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ "တောင်းမှာအကွပ်လူမှာအဝတ်" ဆိုတဲ့စကားအတိုင်း အဝတ်အစားကအရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ Brand တွေ စျေးကြီးတာတွေမှ မဟုတ်ပါဘူး သပ်သပ်ရပ်ရပ်လေး နဲ့ Smart ဖြစ်ဖို့ကပဲအရေးကြီးပါတယ်။ နောက်ထပ်အရေးကြီးတာက အဝတ်အစားကိုအမြဲမီးပူတိုက်ပေးဖို့လိုပါလိမ့်မယ်။ အခြေအနေနဲ့ အချိန်အခါ ကိုယ်တက်တဲ့ပွဲတွေပေါ်မှာလဲမူတည်ပြီးရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။ သက်တောင့်သက်သာရှိတဲ့အဝတ်မျိုးကိုရွေးချယ်ဝတ်ဆင်တတ်ပါစေ။ အဲ့တာမှ နေလို့ထိုင်လို့ကောင်းပြီးအသက်ရှုချောင်စေမှာပါ။ ကာလာလိုက်ဖက်မှုကိုလဲသေချာနားလည်ထားရင်ပိုအဆင်ပြေပါတယ်။

✅Hair - ဆံပင်ပုံစံနဲ့လည်းပတ်သက်ပြီးတော့လည်း
သေသေသပ်သပ်ဖြစ်ဖို့လိုပါတယ်။ လူတစ်ယောက်နဲ့သွားတွေ့တဲ့အချိန်ကျရင်ကိုယ့်ရဲ့ဆံပင်ကဘုတ်သိုက်ကြီးဖြစ်နေပြီးဆိုရင်လည်း ဒါက impression down စေပါတယ်။ အဲဒါကြောင့် အပြင်သွားခါနီးကျရင်ဆံပင်ကိုသေချာဖြီးလိမ်းပြီးမှသွားဖို့လိုပါတယ်။ ခေါင်းလဲ တစ်ပတ် တစ်ခါနှစ်ခါထက်မနည်းလျှော်သင့်ပါတယ်။ ခေါင်းလျှော်ရည်ကိုလဲ ဆံသားအလိုက်သေချာရွေးချယ်နိုင်ပါတယ်။

✅Mouth
တစ်နေ့ကိုသွားနှစ်ကြိမ်ခန့်တိုက်သင့်ပါတယ်။ လူတစ်ယောက်ယောက်နဲ့သွားတွေ့တဲ့အချိန်ကျရင်လဲခံတွင်းနံ့လေးရှင်းသန့်နေဖို့လိုအပ်ပါတယ်။ ကိုယ်က Bad breathe ဖြစ်တတ်တဲ့သူဆိုရင်လဲ ကိုယ့်ရဲအိတ်ကပ်ထဲမှာ ခံတွင်းမွှေးစေတဲ့ ပီကေတို့ ဆေးဘူးတို့ဆောင်ထားတာက သင့်ကိုအဲ့အရာတွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

✅Make up
ယောက်ျားလေးအများစုကမိတ်ကပ်လိမ်းရတာကိုမနှစ်သက်ကြပါဘူး လူအမြင်မသင့်တော်ဖူးလို့ယူဆတဲ့အတွက်မိတ်ကပ်လိမ်းဖို့ကို‌ေရှာင်ကျဥ်တတ်ကြပါတယ် အချို့ကြတော့လဲ personal အရ ဒါပေမဲ့အနည်းငယ်တော့လိမ်းသင့်ပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင်လည်း သနပ်ခါးလေးကိုမဆိုသလောက်လိမ်းဖို့လိုအပ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ကလည်း မိတ်ကပ်ကိုအလွန်အကျွံမလိမ်းဘဲနဲ့ အတန်အသင့်သာအသုံးပြုသင့်ပါတယ်။ ကိုယ်က​‌ေချွးအမြဲထွက်တတ်ပြီး သနပ်ခါးလိမ်းတတ်တဲ့အကျင့်ရှိတဲ့သူတွေဆိုရင်တော့ပါးကွက်ကိုရှောင်ရပါမယ်။ အဲ့တာမှ ချွေးထွက်ရင် မျက်နှာမကွက်မှာဖြစ်ပါတယ်။

(2) Behaviour
-------------------------------------
Behaviorမှာပါဝင်တဲ့အချက်လေးတွေကတော့-

Body Language and gesture

Body Language မှာ Good or positive Body Language and Bad or Rude Body Language ဆိုပြီးရှိပါတယ်။ လူတွေရဲ့အကျင့်ကတစ်ယောက်နဲ့တစ်ယောက်တွေ့ကြပြီဆိုရင်အခြားလူရဲ့ပုံစံတွေအမူအရာတွေကိုလိုက်ပြီးတော့အကဲခတ်တတ်ကြပါတယ်။ ဒါကြောင့်မို့အတတ်နိုင်ဆုံး ခဏတာဟန်ဆောင်အပြုအမူတွေထက် ပင်ကိုကောင်းတဲ့အမူအရာလေးဖြစ်အောင်​ ‌‌နေ့စဉ်နေ့တိုင်းကောင်းတဲ့အရာလေးတွေ လေ့ကျင့်သွားဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဟန်ဆောင်တာက ခဏတာပါပဲ မေ့သွားရင်ပင်ကိုစရိုက်ကပေါ်လာစမြဲဖြစ်ပါတယ်။

Eye Contact and Facial Expression 👀👥

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ ခံစားမှုတွေကို မျက်လုံးတွေနဲ့ မျက်နှာက ဖော်ပြနေပါတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့လူတစ်ယောက်ရဲ့လက်ရှိခံစားချက်တွေကိုထိုလူရဲ့မျက်နှာကအပြည့်အဝကိုဖော်ပြပါတယ်။ ဒေါသထွက်နေသူမျက်နှာထားကအရမ်းတင်းနေတတ်ပြီး ပျော်နေတဲ့အခါမှာတော့ပြုံးရွှင်တတ်ကြလို့ပဲဖြစ်ပါတယ်။

မျက်လုံးတွေကစကားပြောတယ်ဆိုတဲ့ဆိုရိုးလေးအတိုင်းလူတစ်ယောက်နဲ့စကားပြောတဲ့အချိန်မှာသူ့ရဲ့မျက်လုံးတွေကအခြားလူရဲ့စကားတွေအပေါ်မှာစိတ်ပါဝင်စားမှုရှိလားမရှိသလားဆိုတာအကဲခတ်ကြ​ည့်ရင်သိသာပါတယ်။ အဲ့တာကြောင့် သေးသေးမွှားမွှားလေးတွေကိုလဲ ေသချာဂရုစိုက်တတ်ဖို့လိုအပ်ပါတယ်။

Hand Shake and Smiling

ကမ္ဘာပေါ်ကနိုင်ငံတိုင်းမှာသူတို့ရဲ့ယဉ်ကျေးမှုအရ နှုတ်ဆက်နည်းတွေမတူညီကြပါဘူး။ ဒါပေမဲ့အများစုကတော့လက်ဆွဲနှုတ်ဆက်ခြင်းကိုပဲသုံးကြပါတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာလည်းသူတို့ရဲ့မူတွေ စနစ်တွေရှိပါတယ်။ ဥပမာလက်ကိုတင်းတင်းနှုတ်ဆက်ပြီဆိုရင် တခြားလူကိုလွှမ်းမိုးချုပ်ကိုင် အနိုင်ယူချင်ရာ ကျပြီး လျော့တိလျော့တွဲ နှုတ်ဆက်ပြီဆိုရင်လဲကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူးလို့အဓိပ္ပာယ်ရပါတယ်။အဲ့တာကြောင့်သတိထားပြီး ပုံမှန် မတင်းမလျော့တဲ့ပုံစံမျိုးနဲ့ ပြုမူသင့်ပါတယ်။

Right Position

ဒီလိုလူတစ်ယောက်နဲ့တွေ့ပြီးလက်ဆွဲနှုတ်ဆက်ကြတယ်၊ မတ်တပ်ရပ်ကြတယ်၊ ထိုင်ကြတယ်၊ စကားတွေပြောကြတယ်။ အဲဒီအခါမှာလဲကိုယ်ကစမတ်ကျနေပြီး ကိုယ်နေကိုယ်ထား ဖြောင့်နေဖို့အရေးကြီးပါတယ်။ တစ်ဖက်လူက ကိုယ့်ကိုအကဲခတ်နေတာကိုမမေ့ပါနဲ့။ အဲ့တာကြောင့်အိမ်မှာလိုမဟုတ်ဘဲ သေချာဂရုစိုက်ပြီးပြုမူနေထိုင်သင့်ပါတယ်။

(3) Communication
-------------------------------------
Communicationမှာပါဝင်‌တဲ့အချက်လေးတွေကတော့-

Speaking with polite form and Clear Delivery

"နှုတ်ချိုသျှိုတစ်ပါး" ဆိုတဲ့စကားလေးအတိုင်း
ကိုယ်နဲ့သိပ်မခင်မင်မရင်းနှီးသေးတဲ့ ကိုယ့်ထက်အသက်ကြီးတဲ့လူပဲဖြစ်ဖြစ်ငယ်ရွယ်သူပဲဖြစ်ဖြစ်
ဆက်ဆံတဲ့အခါမှာ ယဉ်ကျေးမှုဆိုတဲ့အရာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ "ကျွန်တော်ကျွန်မ" ဆိုပြီး ပြောဆိုတတ်ခြင်းကလည်းမိမိကို "နှိမ့်ချတတ်တယ်" လို့လူတွေကထင်မြင်စေပါတယ်။ ယောက်ျားလေးတွေဆို"ခင်ဗျာ" "ခင်ဗျ" မိန်းကလေးတွေဆို "ရှင်" "ရှင့်" လို့စကားလှအောင်သုံးစွဲခြင်းကလည်းပဲ လူတွေရဲ့ချစ်ခင်နှစ်သက်ခြင်းကိုရရှိစေမှာဖြစ်ပါတယ်။

နောက်တချက်အနေနဲ့ပြောဆိုမယ့် စကားကိုသေသေချာချာနဲ့ ထိမိစွာတစ်ဖက်သားနားလည်အောင် ပြောတတ်ဆိုတတ်ဖို့လိုအပ်ပါတယ်။စကားပြောကောင်းလာစေရန် စာအုပ်များများဖတ်ခြင်း၊ဟောပြောပွဲများများကြည့်ခြင်းအကျင့်များကလဲတကယ်အကျိုး‌ရှိစေမှာဖြစ်ပါတယ်။

Start a conversation

ကိုယ်ကလူတစ်ယောက်နဲ့တွေ့တဲ့ အချိန်မှာ Conversation တစ်ခုကိုစတင်တည်ဆောက်နိုင်ခြင်းကလဲ လေးစားဖို့ကောင်းတဲ့အရည်အချင်းပဲဖြစ်ပါတယ်။ လူအများစုကသူများအကြောင်းနားထောင်ရတာထက်သူတို့အကြောင်းကိုပြောရတာကိုပိုပြီးနှစ်သက်ကြပါတယ်။ သူတို့ကြိုက်နှစ်သက်တဲ့အရာလေးနဲ့ပတ်သက်ပြီးပြောလို့ရှိရင်လည်းသဘောကျတတ်ကြပါတယ်။ ဒါကြောင်​့ကိုယ်က ဒီအချက်ကိုသိထားပြီဆိုရင်လည်း Communication ရဲ့ လျှို့ဝှက်လက်နက်ခုဖြစ်ပါတယ်။

Listening

ကိုယ်ကနားထောင်တတ်တဲ့သူလား ပြောတတ်တဲ့သူ​လားဆိုတာသိထားရပါမယ်။တကယ်တော့ သူများရဲ့အကြောင်းကိုစိတ်ရှည်ရှည်နဲ့နားထောင်တတ်ဖို့ဆိုတာတကယ့်ကိုမလွယ်ပါဘူး။ ဒီအချက်‌လေးက Eye Contact နဲ့ဆက်သွယ်နေပါတယ်။ အရမ်းစိတ်အားထက်သန်နေတဲ့ မျက်လုံးမျိုးနဲ့ကြည့်​ပြီး စိတ်ဝင်တစားနားထောင် မေးခွန်းပြန်မေးတာတွေကလည်း " အော်သူက ကို့စကားအပေါ် attention ပေးနေပါလား" လို့ ထိုလူကို ခံစားရ​‌စေပါတယ်။ အဲ့ဒီနောက် လူတွေက ကိုနဲ့ဆက်ဆံရတာကိုနှစ်သက်လာမှာဖြစ်ပါတယ်။

"Listening is one of the best communication skills."🗣️

Mutual respect

လူသားတွေအချင်းချင်းအပြန်အလှန်နားလည်မှုသာရှိနေမယ်ဆိုရင် နေထိုင်ရာ ကမ္ဘာကြီးဟာအရမ်းကိုလှပနေမှာပဲ ဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့ Privacy ကိုအလေးပေးပြီး စောင့်ထိန်းတတ်ဖို့ အရမ်းအရမ်းကိုလိုအပ်ပါတယ်။

(4) Time
-------------------------------------
Time မှာပါ၀င်တဲ့အချက်လေးကတော့

Be on time / be punctual⏰

အချိန်ကိုတန်ဖိုးထားခြင်း အချိန်ကိုလေးစားခြင်းကအရမ်းကိုအရေးကြီးပါတယ်။အဲဒါကြောင့်ဥပမာပုံပြင်လေးတစ်ခုကိုပြောပြချင်ပါတယ်။
ပုံပြင်လေးကတော့...

ကိုမောင်နဲ့ကိုအောင်ဆိုတဲ့စီးပွားရေးသမားနှစ်ယောက်ရှိတယ်။ တစ်ရက် သူတို့တွေ့ဖို့ချိန်းကြတဲ့အခါမှာ ကိုမောင်ကဆယ့်ငါးမိနစ်လောက် စောပြီး ချိန်းထားတဲ့နေရာရောက်လာတယ်။ ကိုအောင်ကတော့ အိပ်ရာထနောက်ကျတာကားပိတ်တာစတဲ့အကြောင်းအမျိုးမျိုးကြောင့် နာရီဝက်နောက်ကျပြီးမှရောက်လာပါတယ်။
အ့လိုဆိုကိုမောင်က လေးဆယ့်ငါးမိနစ် စောင့်ရတော့မှာဖြစ်ပါတယ်။အဲဒီလေးဆယ့်ငါးမိနစ်ဆိုတာကလူတစ်ယောက်အတွက် Meeting တစ်ခုတက်ချိန်၊ စာအုပ်ဖတ်ချိန်၊ Client အပ်တဲ့အလုပ်ကို လုပ်ချိန်၊ စာလေ့လာချိန် ၊ အခြားသူဝါသနာပါတဲ့အလုပ်ကိုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ကိုယ့်ရဲ့မတော်တဆကနေ အခြားသူရဲ့အကျိုးကိုယုတ်စေတဲ့ အထိဖြစ်နိုင်ပါတယ်။ အချိန်ကိုအရမ်းလေးစားတဲ့သူဆိုရင် ဒီလိုအရာတွေမှာသည်းခံနိုင်မှာမဟုတ်ပါဘူး။ ဒါကတစ်ပါးသူကို စော်ကားရာလဲကျပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက်အချိန်တိကျပြီး နောက်ကျမယ်ဆိုရင်လဲ အကြောင်းကြားခြင်းဖြင့် Respect ကိုပြသနိုင်ပါတယ်။ အဲ့တာကြောင့် အချိန်တွေအလဟဿမဖြစ်ရအောင်လဲ သွားလေရာစာအုပ်တစ်အုပ်ယူပြီး ဖတ်နေသင့်ပါတယ်။ ကိုယ့်ရဲ့အချိန်တွေကိုတန်ဖိုးထားသလိုအခြားသူရဲ့အချိန်တွေကိုလဲတန်ဖိုးထားတတ်ရပါမယ်။

ဒီနေ့မျှဝေပေးခဲ့ဝာာကတော့ First Impression ကောင်းတစ်ခုရဖို့ အလွန်ဂရုစိုက်ရမယ့် အသေးအမွှားအချက်လေးတွေပဲဖြစ်ပါတယ်။

🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉

11/08/2021

"Life is between B and D"
ဘဝဆိုတာ B ဆိုတဲ့ birth နဲ့ D ဆိုတဲ့ Dead နဲ့
ကြားကို Life လို့ခေါ်တယ်
မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားက အချိန်ဟာ ကျွန်တော်တို့ရဲ့ဘဝပဲ ဒီတော့ကျွန်တော်တို့ စဉ်းစားကြည့်ရအောင် B နဲ့ D ကြားမှာ ဘာရှိမလဲ အဖြေကရှင်းရှင်းလေးပါ B နဲ့ D ကြားမှာ C ရှိတာပေါ့ ဒါဆို B နဲ့ D ကြားမှာရှိတဲ့ C က ဘာအဓိပ္ပါယ်ဖြစ်မလဲဆိုတာစဉ်းစားဖို့လိုလာပြီ
C ဆိုတာ
Challenge = စိန်ခေါ်မှု့
Chance = အခွင့်အရေး
Change = ပြောင်းလဲမှု့
စတာတွေကိုရည်ညွှန်းတာဖြစ်ပါတယ်
ကျွန်တော်တို့ဟာ ဘဝတစ်ခုစပြီဆိုတာနဲ့
စိန်ခေါ်မှု့တွေ ၊ အခွင့်အရေးတွေ ၊ ပြောင်းလဲမှု့တွေကို တွေ့ကြုံရမှာဖြစ်ပါတယ်
အဲဒီတော့ကျွန်တော်တို့စဉ်းစားရမှာက အခုလက်ရှိဖြစ်နေတဲ့ဘဝအခြေအနေကို စိတ်ကျေနပ်မှု့ရှိပြီလား ဒါမှမဟုတ် ဒီထက်တိုးတက်ပြောင်းလဲခြင်လား ၊ ဒီထက်ပိုပြီးချမ်းသာချင်လား ၊ ဒီထက်ပိုပြီးအောင်မြင်ချင်လား ၊ ဒီထက်ပိုပြီး ပျော်ရွှင်ချင်လား ၊ ဒီထက်ပိုပြီးကျန်းမာချင်လား စတဲ့မေးခွန်းတွေထဲက တစ်ခုခုကို Yes လို့ဖြေမယ်ဆိုရင်တော့ မိမိရဲ့ဘဝဟာ အပြောင်းအလဲကိုလိုအပ်နေတာ ၊ လိုချင်နေတာဖြစ်ပါတယ် အဲဒီတော့ကျွန်တော်တို့ဘာလုပ်ရမလဲ Change ဆိုတဲ့ အပြောင်းအလဲကိုလိုချင်ရင် Chance ဆိုတဲ့ အပြောင်းအလဲဖြစ်စေမယ့် အခွင့်အရေးတွေကို ရှာဖွေရမှာဖြစ်ပါတယ်
Chance ဆိုတဲ့ အခွင့်အရေးကဘယ်မှာရှိမလဲဆိုတော့ Challenge ဆိုတဲ့ စိန်ခေါ်မှု့ထဲမှာရှိပါတယ် အခွင့်အရေးဆိုတဲ့ Chance ကိုလိုချင်ရင် Challenge ဆိုတဲ့ စိန်ခေါ်မှု့ကို ကျွန်တော်တို့လက်ခံရမှာဖြစ်ပါတယ် Challenge ဆိုတဲ့စိန်ခေါ်မှု့တွေကို သတ္တိရှိတဲ့သူတွေသာ လက်ခံရဲတာဖြစ်ပါတယ် ဒါကြောင့် လူအနည်းစုသာ အောင်မြင်ကြတာပါ အောင်မြင်တဲ့သူတိုင်းဟာ သတ္တိရှိတဲ့သူတွေပါ Dare to dream and desire to do it. တဲ့ အောင်မြင်ချင်ရင် Dare to dream အိမ်မက်တွေကိုမက်ရဲတဲ့ သတ္တိရှိရပါမယ် အိမ်မက်မက်နေရုံနဲ့တော့ အိမ်မက်ကတစ်ကယ်ဖြစ်မလာသေးပါဘူး အိမ်မက်တွေတကယ်ဖြစ်လာဖို့က Desire to do it
တစ်ကယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒရှိဖို့လဲလိုအပ်ပါသေးတယ် စိတ်ဆန္ဒရှိနေရုံနဲ့လဲ မအောင်မြင်သေးပါဘူး တစ်ကယ်အောင်မြင်ချင်ရင် နောက်ထပ် အချက်ကလေး 2 ချက်ကိုလိုက် နာရပါမယ် အဲဒါကတော့ အောင်မြင်ချင်ရင် နံပါတ်တစ် စလုပ်ဖို့ပါ ကျွန်တော်တို့အနေနဲ့ တစ်ကယ်အောင်မြင်ချင်ရင် စလုပ်ဖို့သတ္တိရှိရပါတယ် အောင်မြင်မှု့ဆိုတာ စိတ်ကူးထဲကလောက်မလွယ်ပါဘူး ဟုတ်ပြီ ဒါဆို ကျွန်တော်တို့ အောင်မြင်ဖို့စလုပ်ပြီဆိုပါတော့ အမှားတွေရှိမယ် ၊ လိုအပ်ချက်တွေရှိမယ် ၊ ဆုံးရှုံးမှု့တွေကြုံရမယ် အဲဒီအချိန်မှာ ဒုတိယအချက်လိုလာပါပြီ အဲဒါကဘာလဲဆိုတော့ အောင်မြင်ဖို့အတွက် နံပါတ်နှစ်က ဆက်လုပ်ဖို့ပါ ကမ္ဘာမှာအောင်မြင်တဲ့သူတိုင်းရဲ့နောက်ကြောင်းကိုပြန်ကြည့်ရင် တစ်ခါတည်းနဲ့ အောင်မြင်လာတဲ့သူတစ်ယောက်မှမရှိပါဘူး ကျရှုံးမှု့တွေ ၊ အခက်အခဲတွေအများကြီးကိုကျော်ဖြတ်လာပြီးမှ အောင်မြင်လာကြရတာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ post လေးတွေက အားလုံးအတွက် အသိပညာတစ်ခုခုရတယ်ဆိုရင် ကျွန်တော့ရဲ့ page လေးကို Like & Follow လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်



11/08/2021

Organic Reach Vs Paid Reach
-------------------------------------
🎯 Facebook ရဲ့ အရောင်း Postတွေတင်တဲ့အခါ
Organic Reach နဲ့ Paid Reach
ဘာတွေကွာခြားလည်း ဆိုတာကို
ပြောပြပေးသွားမှာပဲဲဖြစ်ပါတယ်။
🎯 Organic Reach ဆိုတာ လူတွေဆီကို ပိုက်ဆံတစ်ပြားတစ်ချပ်မှ မသုံးရဘဲ ရောက်ရှိသွားတာကို ပြောတာပဲ ဖြစ်ပါတယ်။
🎯 Paid Reach ဆိုတာကတော့ ပိုက်ဆံ အသုံးပြုပြီးမှ လူတွေကို ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်။

📌 လွယ်လွယ်ပြောရရင်တော့ Post ကို Boosted လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

Organic Reach
--------------------------
✅ Organic Reach ရဖို့ဆိုရင် တကယ်တော့ မလွယ်ကူပါဘူး။

✅ ပုံမှန် အချိန်ပေး တည်ဆောက်မှ Organic Reachတွေ တက်လာမှာပဲ ဖြစ်ပါတယ်။

✅ Organic Reach ရဖို့ဆို နေ့စဥ်် ပုံမှန် Sales Post တွေကြီးမတင်ဘဲ

📌 လူ စိတ်ဝင်စားမယ့် Content တွေ၊
📌 လူတွေ ဖတ်ချင်နေတဲ့ Content တွေကို တင်ပေးနေဖို့လိုအပ်ပါတယ်။

✅ ဒါကြောင့် မိတ်ဆွေ Content Calendar ‌လေး သေချာလုပ်ထားဖို့လိုပါမယ်။

✅ ဒါမှလည်း မိိတ်ဆွေ Content ကို စိတ်ဝင်စားတဲ့လူတွေက Like တွေ၊ Comment တွေ၊ Share တွေ လုပ်ကြတဲ့အခါ Organic Reach တွေက တက်လာမှာပဲ ဖြစ်ပါတယ်။

✅ နောက်တစ်ချက်က မိတ်ဆွေ ဖန်တီးလိုက်တဲ့ Content တွေကလည်း မိတ်ဆွေ Page နဲ့ ဆက်စပ်မှုရှိတဲ့ Content တွေ ဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။

📌 မိတ်ဆွေ Product တွေအတွက်လည်း အထောက်အကူပြုသလို လူတွေကိုလည်း ဗဟုသုတ ‌ပေးပြီးသားဖြစ်တာမို့ Organic Reach တိုးလာအောင် ဖြည်းဖြည်းချင်း တည်ဆောက်ပြီးသားပဲ ဖြစ်ပါတယ်။

Paid Reach
--------------------------
✅ Paid Reach ဆိုတာ ပိုက်ဆံပေးလိုက်ရင် ရလာမယ့် Reach တွေ ဖြစ်ပါတယ်။

✅ $1 ကို အကြမ်းဖျင်းအားဖြင့် လူ ၁၀၀၀ လောက်ဆီ Reach ရောက်ပါတယ်။

✅ Paid Reach အတွက် များသောအားဖြင့် လုပ်ကြတဲ့သူတွေက...

📌 အခုမှ FacebookPage စဖွင့်ပြီး Like နည်းနေတဲ့သူတွေ၊ Follower နည်းနေတဲ့သူတွေက Content ကောင်းကောင်းလေး တစ်ပုဒ် ဖန်တီးပြီး အဲ့ Content ကို Boosted လုပ်တတ်ကြပါတယ်။

တစ်ချို့ကကျပြန်တော့လည်း...

📌 Product အသစ် Launch လုပ်တဲ့အခါ၊
📌 Promotion ပွဲတွေ လုပ်တဲ့အခါ၊
📌 Campaign တွေ Run တဲ့အခါ Customer ‌အဟောင်းတွေရော၊ Customer အသစ်တွေဆီပါ ရောက်အောင် Boosted လုပ်ကြပါတယ်။

✅ မိတ်ဆွေမှာ လိုချင်တဲ့ Objective နဲ့ လုံလောက်တဲ့ Budget ရှိနေမှ Paid Reach အတွက် ဘယ်လို ပုံစံ Boosted လုပ်ရမလဲ Target ထားပြီး လုပ်ဆောင်သင့်ပါတယ်။

✅ မဟုတ်ရင် ပိုက်ဆံ ကုန်သွားတာပဲ အဖက်တင်ပါလိမ့်မယ်။
---------
🎯 Facebook ရဲ့ Algorithm အရ မိတ်ဆွေ Page ကို Like လုပ်ထားတဲ့ လူဦးရေ ရဲ့ ၂ % လောက်ဆီပဲ Content တွေက ရောက်တာပဲ ဖြစ်ပါတယ်။

🎯 ဒါမှလည်း လူတွေ Boosted ကြမှာကိုး... အဲ့ဒါမှလည်း သူတို့ ပိုက်ဆံ ရမှာမို့ လျော့ချထားတာပဲ ဖြစ်ပါတယ်။

🎯 တကယ်လို့ မိတ်ဆွေရဲ့ Content တွေကို Organic Reach ရအောင်ပဲ ကြိုးစားမယ်ဆိုရင်တော့ ပုံမှန် လူတွေ ဖတ်ချင်နေတဲ့၊ ဖတ်ပြီးရင်လည်း Share လုပ်သွားမယ့် Content လေးတွေကို တင်နေဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

🎯 အခုလောက်ဆို Organic Reach နဲ့ Paid Reach ရဲ့ ကွာခြားမှုလေးတွေကို သိသွားလိမ့်မယ်လို့ ထင်ပါတယ်။
---------
ကျန်းမာအောင် နေကြပါ❤️❤️❤️
အခုလို ကိုဗစ် ဆိုးရွားလာတဲ့ ကာလမှာ မိတ်ဆွေ မိတ်ဆွေ ကိုယ်တိုင်ရော၊ မိသားစုတွေကိုပါ ပိုပြီးဂရုစိုက်ဖို့ လိုအပ်လာပါပြီ။❤️
---------
☘ နောက်တစ်ပတ်မှာလည်း Marketing/ Digital Marketing ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ Topic အသစ်သစ်တွေကို အသေးစိတ်အကျယ်တဝင့်လေး
ပြောပြပေးမှာမို့ Perfect Training Centre Page လေးကို See First လုပ်ထားပြီး စောင့်မျှော်ပေးကြပါအုံးနော်။

11/08/2021

Life Skills
--------
ဒီနေ့မှာတော့ ဘ၀ရှင်သန်ရပ်တည်နိုင်ဖို့နဲ့အကောင်းဆုံးနေထိုင်သွားနိုင်ဖို့ တက်မြောက်ထားသင့်တဲ့ Life Skillတွေကို Youth Centre Association မှ မျှဝေပေးလိုက်ပါတယ်💁‍♀️

နေ့စဉ် ဘ၀ လူတွေကြုံနေရတဲ့ပြသနာတွေ အခက်အခဲတွေ ထဲမှာ
'မလုပ်နိုင်' လို့မလုပ်တာနဲ့
'မလုပ်တတ်' လို့မလုပ်တာ ဆိုပြီး နှစ်ခုကွဲပါတယ်

မလုပ်နိုင်တာက ရှင်းပါတယ် ကန့်သတ်ချက်တွေရှိလို့ပါ 🤷

ဒါပေမဲ့ မလုပ်တတ်တဲ့နေရာမှာ ကန့်သတ်ချက်မရှိတော့ပါဘူး 🙅

ဒီပြဿနာကသေးငယ်ပြီးရိုးရှင်း တယ်ထင်ရပေမဲ့ အရေးကြုံလာရင် ကောင်းကောင်းဒုက္ခပေးပါတယ် အနီးစပ်ဆုံးဥပမာကိုပေးပါမယ်

ဥပမာ - ထမင်း/ဟင်းချက်တာမျိုးပါ အခြေခံကျပေမဲ့ လူတိုင်း မလုပ်တတ်ကြပါဘူး

ကိုယ့်အ၀တ်အစားကိုယ်မီးပူပြန့်နေအောင်ပဲအရင်တိုက်ကြည့်ပါ

အောက်ကအချက်တွေဖတ်ပြီးရင်ပိုပြီးမြင်သာလာပါလိမ့်မယ်

To do list လေးလုပ်ပြီး
မသိတာ မလုပ်တတ်‌တာ နည်းအောင်
အကြောင်းအရာတွေ အများကြီးထပ်ဖြည့်ပြီး
ကိုယ့်ကိုကိုယ် နောက် level တစ်ခု ထပ်ပြီး မြှင့်တင်နိုင်ပါတယ်။

--------------------------------------------------------------------------

1. Public Speaking 🗣️

လူတွေရှေ့စကားပြောရမှာကြောက်တယ် ဆိုတာ လူတိုင်းနီးပါးမှာ ရှိတဲ့ အကြောက်တရားတစ်ခုဖြစ်ပါတယ် ဒါပေမဲ့ ဖြတ်သန်းရတဲ့လူ့ဘ၀မှာ တစ်ကွေ့မကြုံ တစ်ကွေ့တော့ လူတွေရှေ့မှာ စကားပြောရမယ့် ကိစွတွေကြုံလာမှာပါ အဲ့အတွက် အရေးကြီးတဲ့အခြေအနေတွေမှာ အဆင်ပြေ‌အောင် ပြင်ဆင်ထားရပါမယ်

ဥပမာ - သူငယ်ချင်းတွေ မိသားစုတွေရှေ့မှာ စကားပြောတာကနေ စ လို့ ကိုယ့် level ကို လူတွေတိုးတိုးပြီး တင်သွားလို့ရပါတယ် ....

--------------------------------------------------------------------------

2. Effective Communication ✴️

ပေါက်ကရတွေပြော‌နေတာမျိုး မဟုတ်ပဲ
ထိရောက်တဲ့ communication ကနေ လူတွေရဲ့ လိုအပ်ချက်တွေ စိတ်နေသဘောထားတွေ ပညာတွေ အတွေ့အကြုံတွေ အကုန် နှိုက်ယူလို့ရပါတယ်

ဒီလိုပဲ ကိုယ့်ရဲ့ အတွေ့အကြုံတွေ သဘောထားတွေ အကြံဉာဏ်တွေကိုလဲ ပြန်လဲ မျှဝေလို့ရပါတယ်

ဒီကနေပဲ relationship တွေ friendship တွေအများကြီး တည်ဆောက်လို့ရပါတယ်

ဒီလိုထိရောက်အောင် communicate လုပ်နိုင်ဖို့လည်း လေ့လာထားဖို့လိုပါတယ်။

--------------------------------------------------------------------------

3. Effective Negotiation 🤝

ညှိုနှိုင်းတဲ့ ပညာရပ်ဟာ လွယ်တယ်ထင်ရသလောက်ပညာပါတဲ့ အလုပ်တစ်ခုဖြစ်ပါတယ် ဒါပေမဲ့လူတိုင်းတတ်ပါတယ်
ပိုပြီး advanceကျအောင် သင်ယူဖို့တော့ လိုပါတယ်

Social life မှာလဲ ဒီပညာဟာ အဓိကကျပါတယ်

အထူးသဖြင့် စီးပွားရေးနယ်ပယ်တွေမှာ ညှိုနှိုင်းတဲ့ပညာက အရမ်းအရေးပါပါတယ် ကိုယ့်ရဲ့ Negotiate လုပ်နိုင်တဲ့အပေါ်မူတည်ပြီး အချိန်တွေ ငွေတွေ အခွင့်အလမ်းတွေ အကုန်ရနိုင်ပါတယ်။

--------------------------------------------------------------------------
4. How to have a sense of humour

ပုံမှန်လူတွေထက် ဟာသ ဉာဏ်ကြွယ်တဲ့ လူတွေကို လူတွေ သဘောကျတာ ငြင်းလို့မရပါဘူး

လူတိုင်းမှာ ဟာသဉာဏ် ဆိုတာရှိပါတယ်

ဟာသဉာဏ်ရှိခြင်းက ဘ၀ရဲ့ အခက်ခဲ့ဆုံးအချိန်တွေမှာတောင် ကိုယ့်ကို စိတ်သက်သာရာ ရအောင် ကူညီပေးပါလိမ့်မယ်

ဥပမာ -Pain , stress , Pressure တွေနဲ့ကြုံရတဲ့အခါ‌မျိုးတွေမှာဖြစ်ပါတယ်

သတိထားရမှာက ကိစ္စတိုင်းကို ဟာသ လုပ်ပြီးမတွေးမိဖို့နဲ့ ဟာသဉာဏ်ရှိတာကို ပေါကြောင်ကြောင် နိုင်တာနဲ့ မရောထွေးမိဖို့ပဲဖြစ်ပါတယ်

လူတွေကိုရယ်မောအောင်လုပ်နိုင်တယ်ဆိုတာ Gift တစ်ခုဖြစ်ပါတယ်

--------------------------------------------------------------------------


5. How to accept compliments and Criticism

ချီးမွမ်းတာရော ဝေဖန်တာရောကို ခံနိုင်တဲ့လူဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး

ချီးမွမ်းခံရရင် စိတ်ကြီး၀င်တတ်ပြီး
ဝေဖန်ခံရရင်တော့ စိတ်ပျက်တတ်ကြပါတယ်

ဒီနေရာမှာ ရိုးရိုးအေးအေးနဲ့ "ကျေးဇူးပါ" လို့ပြန်ပြောတတ်အောင် ကြိုးစားရပါမယ်🤗

ကိုယ့်အတွက်လိုအပ်ရင် ယူရမယ် မလိုအပ်ရင် လျစ်လျူရှုလိုက်တာထက်စာရင် အရမ်းအကျိုးရှိပါတယ် ။💯

--------------------------------------------------------------------------

6. Critical Thinking and Problem Solving

နေရာတိုင်းမှာ ဘာသိဘာသာ နေလို့မရပါဘူး မေးခွန်းထုတ်တတ်ဖို့နဲ့ ဖြေရှင်းတတ်ဖို့ လိုပါတယ်✔️❌

ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ဆို ပညာနဲ့အတွေးအခေါ်‌တွလိုပါတယ်

ဥပမာ - ခုလတ်တလော ဖြစ်နေတဲ့ အခြေအနေတွေက အရမ်းမြင်သာပါတယ်

မပြောရဲ မဆိုရဲဖြစ်နေတဲ့လူတွေနဲ့
ဘာသိဘာသာနေတဲ့လူနဲ့ အစွဲကြီးတဲ့လူတွေနဲ့ ပြသနာကိုဖြေရှင်းဖို့လိုအပ်နေတဲ့ ကိစ္စတွေအများကြီးရှိပါတယ်။

--------------------------------------------------------------------------

7. How to swim 🏊‍♀️

‌ရေမကူးတတ်ဘူး ဆိုရင်တော့ ဒါကတစ်ကယ့်ကို serious ထားပြီး တွေးရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်

ကိုယ့်တွေ့ ကြုံတွေ့နိုင်တဲ့ အဖြစ်တွေရှိကောင်းရှိလာနိုင်ပါတယ်

ဥပမာ အသက်ရှင်ဖို့အတွက် ရေကူးရမယ့် အခြေအနေတွေ ၊ ရေထဲက လူကိုကယ်တင်ရမယ့် အချိန်တွေ🤒
ဒါကြောင့် ရေကူးတတ်အောင် သင်ဖို့ လိုအပ်ပါတယ်

--------------------------------------------------------------------------

8. How to perform CPR

အသက်ကယ်လိုပါသလား?

70% သော အမေရိကန်လူမျိုးတွေဟာ နှလုံးဖောက်တဲ့အခါမျိုးမှာ အကူအညီမဲ့နေကြပါတယ်

ဒီလို case 5 ခုမှာ 4 ခုက အိမ်မှာဖြစ်တတ်ကြပါတယ်

ဒါကြောင့် ကျွန်တော်တို့ကယ်လိုက်တဲ့အသက်က
ကျွန်တော်တို့ ချစ်ရတဲ့လူတွေလည်း ဖြစ်‌ နေနိုင်ပါတယ် ။👪🌿

--------------------------------------------------------------------------

9. How to approach and meet new people

ကိုယ်နဲ့မသိတဲ့ သူစိမ်းတစ်ယောက်ဆီကို သွားပြီး အကြောင်းအရာတစ်ခုကို စကား စမြည်ဆွေးနွေးပြောနိုင်တာက ပညာတစ်ရပ်ဖြစ်ပါတယ်🧍

ဒီပညာကပဲ လူတွေဆီကသင်ယူနိုင်ဖို့နဲ့
စီးပွားရေး နယ်ပယ်မှာ အရမ်းအရေးကြီးတဲ့
Network ဆိုတာကြီးကို တည်ဆောက်နိုင်ဖို့ကူညီပေးပါလိမ့်မယ် ။

--------------------------------------------------------------------------

10. How to lift your own weight 👩‍🏫

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး ဒါပေမဲ့ ရပ်‌နိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်💪

လက်ရှိအခြေအနေတွေက သွေဖယ်သွားရင်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ပါဦးမလားဆိုပြီး အရင်ဆုံးတွေးကြည့်ရပါမယ်

အချိန်ဆိုတာ လူကိုမစောင့်တဲ့အတွက် ဒါက အရမ်း အရေးကြီးတဲ့နောက်တစ်ချက်ဖြစ်ပါတယ်။

--------------------------------------------------------------------------

11. How to remember peoples' names

လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ် စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ် နာမည်မှတ်မိဖို့က အရမ်းအရေးကြီးပါတယ်💯

နာမည်တောင်မမှတ်မိတာမျိုးက
ကိုယ့်အပေါ်ကို တစ်ဖက်လူက နာမည်လေးတောင်မမှတ်နိုင်ရင် ဒီလူက ငါ့ကို တစ်ခြားကိစ္စတွေမှာလည်း အလေးမထားနိုင် ဘူးဆိုပြီး တွေးမိသွားနိုင်ပါတယ်

ကိစ္စကြီးတွေနဲ့ပါ လဲွှခေါ်သွားနိုင်ပါတယ်

First impression ဆိုတာ အရေးကြီးတာထက်ကိုပိုပါတယ်

နာမည်မှတ်မိဖို့ဆိုရင် စကားပြောတဲ့အခါ အဲ့လူရဲ့ နာမည်ကို နှစ်ခါလောက်ထည့်ခေါ်ပေးရင် မှတ်မိနိုင်ပါတယ်။

--------------------------------------------------------------------------

12. How to shut up and listen genuinely 👂

ဘယ်သူမှ ကိုယ်ပြောချင်တဲ့အကြောင်းကို စွတ်ပြောနေတဲ့လူတွေကိုသဘောမကျကြပါဘူး ဒါကြောင့်လည်း Good listener ‌တစ်ယောက်ဖြစ်ဖို့လိုပါတယ်
ဒီကနေ လူတွေရဲ့ သဘောကျမှုတွေ အလေးထားမှုတွေကို ရနိုင်ပါတယ်

လူတွေအကြောင်း ကိုလည်းပိုနားလည်လာနိုင်ပါတယ်။

--------------------------------------------------------------------------

13. How to tell a good story

လူတွေရဲ့အာရုံမှာ ကိုယ်ပြောနေတဲ့အကြောင်းကို စိတ်ကူးယဉ်ပုံဖော်နေအောင် လုပ်နိုင်တဲ့အကြောင်းအရာမျိုးကိုပြောတာဖြစ်ပါတယ်

Phone တွေ computer တွေ
electric device တွေမရှိပဲ လူတွေဝိုင်းဖွဲ့ စကားသက်သက်ပြောကြတဲ့ အခါမျိုး မှာ ဒီလိုမျိုးပြောနိုင်တဲ့လူဟာ အရမ်းအဖိုးတန်ပါတယ် ။ 💝

--------------------------------------------------------------------------

14. How to defend yourself against single and multiple assailants🤼

လူတိုင်းအကြမ်းဖက်ခံရနိင်တဲ့ အတွက်
ကိုယ်ခံပညာဆိုတာ လူတိုင်းသင်ထားသင့်တဲ့အရာမျိုးဖြစ်ပါတယ်🤺

အထူးသဖြင့် အမျိုးသမီးတွေက ပိုပြီးသင်ယူထားသင့်ပါတယ် ။

--------------------------------------------------------------------------

15. How to speak at least one or two language besides English

English စကားဟာ Global language ဖြစ်ပေမဲ့
ကမ္ဘာရဲ့ 75% ဟာ English စကားမပြောကြပါဘူး🇬🇧

ဒါကြောင့် English စကားဟာ ကိုယ်ရောက်နေတဲ့ နေရာရဲ့ first language မဟုတ်ဘူးဆိုရင်
ကိုယ့်ရဲ့ ဘောင်ကို ပိုမြှင့်ဖို့လိုပါတယ် ။

suggest လုပ်ချင်တဲ့ ဘာသာစကားကတော့
Chinese ဖြစ်ပါတယ်🇨🇳

--------------------------------------------------------------------------

16. How to have a conversation with someone of any age 👶🧓

တစ်ကယ့် ရင့်ကျက် မှုနဲ့ လူသားဆန်မှုကို
လူတစ်ယောက် 5 နှစ်သား ကလေးလေးနဲ့ အသက် 92 နှစ်လူကြီးကို
အေးအေးဆေးဆေး လက်ခံပြီး effective ဖြစ်အောင်ပြောနိုင်တာကိုကြည့်ရင်သိနိုင်ပါတယ်

ကလေးတွေက pure spirit အဖြစ်ဆုံးဖြစ်ပြီး
လူကြီးတွေက ရင့်ကျက်ပြီးအ‌တွေ့အကြုံများလို့ပါပဲဖြစ်ပါတယ်

ဒါကိုပုံမှန်လုပ်နေရင် ဘ၀ဆိုတဲ့အဓိပ္ပာယ် ကို သင်ယူနိုင်ပါလိမ့်မယ် ။

--------------------------------------------------------------------------

17. You should know how to say "I am sorry" " I was wrong " 🙇‍♀️

အမှားကို၀န်ခံဖို့ဆိုရင် ကျွန်တော်တို့တွေဟာ ကြိုးစားမှု ၊ လေ့ကျင့်မှု နဲ့ သဘောထားတွေပြောင်းလဲဖို့ လိုပါတယ်

အကျိုးဆက်ကတော့ ပြတ်စဲနေတဲ့ relationship တွေ စိတ်ဒဏ်ရာတွေ နဲ့ အရေးကြီးတဲ့ အရာတွေကို အရင်ကအတိုင်းဖြစ်အောင် ပြုပြင်ပေးနိုင်ပါတယ်

ဒါကြောင့် မှားကြောင်း၀န်ခံဖို့ မတုံဆိုင်းကြပါနဲ့ ။

--------------------------------------------------------------------------

18. You should know how to sing or play an instrument🎻

Music ဆိုတာ လူတွေဖန်တီးခဲ့တဲ့အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်📯

Stress တွေ pressure တွေအောက်မှာပိနေရင် သီချင်းအေးအေးလေးနားထောင်လိုက်တာက
အကောင်းဆုံးဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်။🎸

--------------------------------------------------------------------------
19. You should how to write professionally✍️

Professional ကျကျ‌စာရေးတတ်ဖို့အတွက် အကြောင်းပြချက်တွေ အများကြီးရှိပါတယ်📝

Basic cover letter လေးကနေစပြီး Customer service email အထိ ကိုယ်က ရှင်းလင်းပြတ်သားအောင်ရေးနိုင်တယ်ဆိုရင်
မျက်နှာချင်းဆိုင်‌ေတွ့နေတာမျိုး မဟုတ်ရင်တောင်မှ တစ်ဖက်လူ လေးစားတာ ခံရနိုင်ပါတယ်။ 🎇

--------------------------------------------------------------------------

11/08/2021

Leaders & Their Realionships
~~~~~~~~~~~~~~~~~~~~~~~~~~~
💁 Relationship ဆိုတာ လူတစ်ဦးတစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ခင်မင်မှု ဆက်နွယ်မှုလို့ အဓိပ္ပာယ်ရပါတယ်။ဒီနေ့မှာတော့ Relationships များစွာထဲမှာမှ အရေးကြီးတဲ့ Leaders & Their Relationships ဆိုတဲ့အကြောင်းအရာလေးကို Youth Centre မှမျှဝေပေးချင်ပါတယ်။

💁ပထမဆုံးအနေနဲ့ ဘယ် Relationships မဆို တည်ဆောက်ရာမှာ ဒီအချက်လေးတွေကိုလိုက်နာဖို့လိုအပ်ပါတယ်။ 👇👇

🔸 Trust (ယုံကြည်မှု)

ယုံကြည်မှုဟာ relationship တည်ဆောက်တဲ့နေရာမှာရော relationship ကို ရေရှည်ထိန်းသိမ်းဖို့အတွက်ပါ လိုအပ်ပါတယ်။

🔸 Commitment (ကတိကဝတ်)

ဒါကတော့ မရှိမဖြစ်ပါ .. relationship တည်ဆောက်တဲ့နေရာမှာ ကတိကဝတ်တွေ ရှိဖို့က လိုအပ်ပါတယ်။ ထားရှိထားတဲ့ ကတိက၀တ်တွေကိုတည်ဖို့ကလဲ အရေးကြီးပါတယ်။

🔸 Vulnerability ( အားနည်းချက် )

အားနည်းချက်ဆိုတာ relationship တိုင်းလိုလိုမှာရှိတတ်ပါတယ် ။ဒါပေမယ့် အားနည်းချက်ဆိုတာ ခုတုံးလုပ်တာမျိုးမဟုတ်ပဲ relationship မှာ ထိန်းသိမ်းစရာတစ်ခုအဖြစ် ထားရှိဖို့ဖြစ်ပါတယ်။

👆👆ဒါလေးတွေကတော့ Relationships တိုင်းအတွက်အခြေခံလိုအပ်ချက်လေးတွေဖြစ်ပါတယ်။

💁ဒါဆိုရင် Leader တွေ Relationships တည်ဆောက်ဖို့အတွက် အခြေခံလိုအပ်ချက်တွေကရော ဘာတွေလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။ အခြေခံလိုအပ်ချက်လေးတွေကတော့...👇👇

📍Build a culture of listening

ကောင်းမွန်တဲ့ Leader တစ်ယောက်က relationship မှာ ကောင်းမွန်တဲ့ Listener တစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် Leader တွေဟာ relationship မှာ culture of listening ကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။

📍Learn to Recognize Emotion

တစ်စုံတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို နားလည်ဖို့ ဆိုတာ ခက်ခဲပါတယ် ။ ဒါပေမယ့် စိတ်ခံစားချက်တွေကို နားလည်ဖို့ လူတွေနဲ့ ဆက်ဆံရာကနေသင်ယူနိုင်ပါတယ်။ Leader တွေက ကိုယ့် Members တွေရဲ့ emotions တွေကို နားလည်နိုင်အောင် သင်ယူဖို့လိုအပ်ပါတယ်။

📍Use Praise

လူအများစုက ချီးမွမ်းခံရတာကို ကြိုက်လေ့ရှိကြပါတယ် ။ ဒါကြောင့် ချီးမွမ်းခြင်းက ကိုယ့်အပေါ် Return ကောင်းကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ Leader တွေက သူတို့ရဲ့ Members တွေရဲ့လပ်ဆောင်နိုင်မှုတွေအပေါ် ချီးမွမ်းတတ်ဖို့ လိုအပ်ပါတယ်။

📍Be a Leader

Leader တစ်ယောက်ဖြစ်ဖို့ဟာ ကိုယ်ကိုယ်တိုင် leader တစ်ယောက်လို့ ခံယူပြီး ကောင်းမွန်စွာနေထိုင်ဖို့လိုအပ်သလို ကိုယ့် Members တွေက ကိုယ့်ကို Leader အဖြစ်သတ်မှတ်နိုင်အောင် နေထိုင်ဖို့လဲလိုအပ်ပါတယ်။

📍Set high expectations

မြင့်မားတဲ့ မျှော်လင့်ချက်တွေက ပန်းတိုင်ကောင်းကောင်းချဖို့ လုံလောက်တာမို့ မြင့်မားတဲ့ Goals တွေကို စနစ်တကျသတ်မှတ်နိုင်ဖို့လိုအပ်ပါတယ်။

📍Ask Questions

ဒါကတော့ leader ကောင်းတွေ အများဆုံး လုပ်လေ့လုပ်ထရှိတဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ Members တွေရဲ့ needs & wants ကို ကောင်းကောင်းသိပြီး အမြဲ questioning လုပ်ဖို့ လိုအပ်ပါတယ်။

📍Develop shared values

ကိုယ်သိတဲ့ ကောင်းတဲ့အရာတွေကို မျှဝေခြင်းက leader ကောင်းတွေမှာ ရှိသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။

💁Leaders တွေအနေနဲ့ အထက်ပါအချက်လေးတွေကိုလိုက်နာပြီး Relationships တည်ဆောက်ပြီးတဲ့အခါ ကိုယ့်ရဲ့ Relationship ကို Healthy ဖြစ်စေဖို့အတွက် လိုအပ်တဲ့‘ C ’ 3 လုံး plan လေးကိုဆက်လက်မျှဝေပေးချင်ပါတယ်။

📍 Compromise ( အပေးအယူမျှခြင်း )

📝 တစ်ယောက်နဲ့ တစ်ယောက်အပေးအယူမျှဖို့က healthy relationships ရဲ့အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Leaders အများစုက သူတို့ရဲ့ members တွေနဲ့အပေးအယူမျှအောင်ကြိုးစားပြီး Healthy relationships ကိုတည်ဆောက်လေ့ရှိကြပါတယ်။

📍 Commitment ( ကတိကဝတ် )

📝 ကတိတည်ခြင်းက Relationships တွေကို ပိုပြီးခိုင်မြဲစေတာကြောင့် healthy relationships တည်ဆောက်တဲ့နေရာမှာ commitment ရှိဖို့လဲလိုအပ်ပါတယ်။ Leaders တွေဟာသူတို့ရဲ့ကတိက၀တ်တွေကိုအတတ်နိုင်ဆုံးတည်နိုငိအောင်ကြိုးစားတတ်ကြပါတယ်။

📍 Communication ( ဆက်သွယ်မှု )

📝 Communication ကောင်းကောင်းရှိခြင်းကလဲ relationship ကို ပိုပြီး strong ဖြစ်စေသလို long-term relationship တည်ဆောက်ဖို့လည်း အဆင်ပြေစေပါတယ်။
Leaders နဲ့ members တွေကြားဆက်သွယ်ရေးကောင်းမွန်မှ Relationships ကိုတည်မြဲအောင်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

💁Healthy Relationship ဘယ်လိုတည်ဆောက်ရမလဲဆိုတာသိသွားပြီဆိုတော့ ဆက်လက်ပြီး ``Leaders တွေအတွက် healthy relationships က ဘာလို့လိုအပ်တာလဲ´´ ဆိုတာလေးကိုဆက်လက်မျှဝေပေးချင်ပါတယ်။

📍Leaders တော်တော်များများကို သူတို့ရဲ့ personality ကိုကြည့်ပြီး (Great leader) Leader ကောင်းတစ်ယောက်ဖြစ်မဖြစ် ဆန်းစစ်လေ့ရှိကြပါတယ်။ဒါကြောင့် Leaders တွေဟာ သူတို့နဲ့ Members တွေကြားက relationship ကို ကောင်းကောင်းတည်ဆောက်ပြီး Healthy Relationship ဖြစ်အောင်ကြိုးစားဖို့လိုအပ်တာဖြစ်ပါတယ်။

🌟‘ Leadership is a relationship : Focus on people and not just Data. ’🌟

Leadersတွေအနေနဲ့ ကိုယ်နဲ့ ကိုယ့် Members တွေရဲ့ကြားက Relationships ကိုပိုပြီးကောင်းမွန်အောင်တည်ဆောက်နိုင်ကြပါစေလို့ Perfect Training Centre မှဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon
11181