Shwe Toe - Education

Shwe Toe - Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Toe - Education, School, Yangon, Yangon.

နေပူပူမှာ အုန်းစိမ်းရည်သောက်သင့်သော အခြေနေများ....အုန်းရည် မွာ ပိုတက်ဆီယံဓာတ် ပါဝင်မှု များပါတယ်။ ပိုတက်ဆီယံဓာတ် လိုရင် ...
15/04/2024

နေပူပူမှာ အုန်းစိမ်းရည်သောက်သင့်သော
အခြေနေများ....

အုန်းရည် မွာ ပိုတက်ဆီယံဓာတ် ပါဝင်မှု များပါတယ်။ ပိုတက်ဆီယံဓာတ် လိုရင် အုန်းရည် သောက်ပါ။

ခန္ဓာကိုယ်မှာ ပိုတက်ဆီယံဓာတ် မလုံလောက်တဲ့ လက္ခဏာ (၆) ခု

ခန္ဓာကိုယ်တွင်းမှာ လိုအပ်တဲ့ ပိုတက်ဆီယံဓာတ်အကြောင်းကို မ်ားမ်ားစားစား ကြားရလေ့မရှိပါဘူး ဒါပေမဲ့ သိထားဖို့ လိုတယ်နော် ပိုတက်ဆီယံ (potassium)ဓာတ်ဟာ ကြွက်သားတွေကို ကြံ့ခိုင်စေပါတယ်

အာရုံကြောတွေရဲ့လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေသလို နှလုံးကြွက်သားစနစ်ကိုလည်း ကျန်းမာစေတယ်တို့ ဖီလာဒဲဖီးယားအခြေစိုက် အာဟာရပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ Janet Brill က ပြောပါတယ်။ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့်တော့ ပိုတက်ဆီယံပမာဏ ၄၇၀၀ မီလီဂရမ် (4700 mg) လိုအပ်ပါတယ်

အငံဓာတ် (potassium) များများစားလေလေ ခန္ဓာကိုယ်မှာ ပိုတက်ဆီယံတွေ များများစွန့်ထုတ်လေလေပါပဲ အခုပြောပြမယ့်အရာတွေ ကြုံနေရတယ်ဆိုရင်တော့ သင့်မှာ ပိုတက်ဆီယံဓာတ် ချို့တဲ့နေပါပြီ ဆရာဝန်နဲ့တိုင်ပင်ပြီး ပိုတက်ဆီယံပမာဏစစ်ဆေးမှု ပြုလုပ်ဖို့ အကြံပေးလိုက်ပါတယ်

၁။ #အမြဲတမ်းမောပန်းနုံးချိနေတယ်

ကိုယ်တွင်းကဆဲလ်တစ်ခုချင်းစီဟာ မှန်ကန်တဲ့ပိုတက်ဆီယံပမာဏကို လိုအပ်ကြပါတယ် ဒါမွသာ အလုပ်ကောင်းကောင်းလုပ်နိုင်မှာပါ ပိုတက်ဆီယံလုံလောက်လောက်မရရင် ဆဲလ်တွေ အလုပ်ကောင်းကောင်းမလုပ်လို့ လူက အမြဲတမးမောပန်းနွမ်းနယ်နေပါတယ် လူကမူးဝေမောပန်းနေတာ နေ့တိုင်းလိုလိုဖြစ်နေပြီ အိပ်ရေးဝ၀ အိပ်သည့်တိုင် မောပန်းနွမ်းနယ်နေတုန်းပဲဆိုရင်တော့ ပိုတက်ဆီယံမလုံလာက္တာ ဖြစ်နိုင်ပါတယ်

၂။ #သွေးတိုး

ပိုတက်ဆီယံဓာတ္က သွေးကြောတွေကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးပါတယ် ပိုတက်ဆီယံမလုံလောက်တော့ သွေးကြောတွေ တင်းကျပ်မှုဖြစ်စေပြီး သွေးတိုးလာပါတယ်

၃။ #ကြွက်သားတွေအားနည်းတယ်

အစပိုင်းမှာ ပြောခဲ့သလိုပဲ ပိုတက်ဆီယံက ကြွက်သားတွေကို ကြံ့ခိုင်စေတဲ့အရာပါ ပိုတက်ဆီယံ မလုံလောက်တဲ့အခါ ကြွက်သားတွေ တင်းရင်းမှုမရှိဘဲ အားပျော့နေတယ် လုပ်နေကျလေ့ကျင့်ခန်းတွေ လုပ်ရင်တောင် ကိုက်ခဲနာကျင်မှုကို ခံစားရပါတယ်

၄။ နှလုံးခုန်မမှန်ဘူး

ကြောက်စရာကောင်းတဲ့ အခ်က္တစ္ခုကေတာ့ နှလုံးခုန်မမှန်တော့တာပါ ရုတ်တရက်ဆိုသလို နှလုံးခုန်နှုန်းက အရမ်းမြန်လာပါတယ် နှလုံးခုန်နှုန်းမြန်လာရခြင်းရဲ့ အကြောင်းကတော့ အများကြီးရှိတတ်ပါတယ် ယင်းအကြောင်းရင်းတွေထဲကမှ ပိုတက်ဆီယံဓာတ် ချို့တဲ့ခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ

၅။ #ဝမ်းချုပ်တယ်

ပိုတက်ဆီယံ မလုံလောက်ခြင်းရဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ဝမ်းချုပ်တာပါ အစာခြေစနစ်ကလည်း လုံလောက်တဲ့ပိုတက်ဆီယံကိုမရတော့ ဗိုက်အောင့်တာနဲ့ ကြုံရနိုင်ပါတယ် ဝမ်းလည်းချုပ်ပါတယ်

၆။ #ထုံကျင်တယ်

အာရုံကြောတွေ ပုံမှန်အလုပ်လုပ်ဖို့ ထောက်ပံ့ပေးတဲ့ ပိုတက်ဆီယံက ခန္ဓာကိုယ်တွင်းမှာ လုံလောက်စွာ မရှိဘူးဆိုရင် လူက ထုံကျင်မှုကို ခံစားရပါတယ် ခန္ဓာကိုယ်မှာ တဖျဉ်းဖျဉ်းနဲ့ ကျဉ်နေတတ်ပါတယ် အပ်လိုမျိုး ချွန်တဲ့အရာတွေနဲ့ လက်ထိပ် ခြေထိပ်တွေကို ထိုးဆွကြည့်ချင်စိတ်တွေ ဖြစ်လာတဲ့အထိပါပဲ
ဒီလိုဖြစ်ရင် အုန်းစိမ်းရည်သောက်ပါ

ပြန်လည်မျှဝေပါသည်။

15/04/2024

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ အားလုံးရွှင်လန်းကြပါစေခင်ဗျာ...။

ကျနော်တို့ Funvid ကနေ လက်ဆောင်ပေးမဲ့အစီအစဉ်လေးတစ်ခုရှိပါတယ်ခင်ဗျ။

ငွေသား ၁ သောင်းစီ နှစ်ယောက်ကို လက်ဆောင်ပေးမှာဖြစ်ပါတယ်။

လက်ဆောင်ရမယ့်သူကတော့
၁) PAGE ကို follow ထားတဲ့သူဖြစ်ပြီးတော့
၂) ဒီ post ကို share ပေးခဲ့ရုံပါပဲ။

post ကို share ထားကြောင်း screen shot ရိုက်ပြီး မန့်ခဲ့ပါ။
၁၈-၄-၂၀၂၄ မှာ မဲပေါက်သူနှစ်ကို ကြေညာပေးပါမယ်ခင်ဗျ။

လက်ဆောင်ယူဖို့ အဆင့်သင့်ပဲလား။🤩

သူငယ်ချင်းတွေကို လက်တို့လိုက်ပါတော့နော်။

မှတ်ချက်။ ။ စာချစ်သူများနှင့် Humor ချစ်သူတွေအတွက် ရည်ရွယ်ထားပါတယ် ခင်ဗျ။

"စာကို ဘယ်လိုအကျဉ်းချုပ်မလဲ"---------------------------------------------------         စာကိုအကျဉ်းချုပ်တာက စာလေ့လာတဲ့အခ...
15/09/2023

"စာကို ဘယ်လိုအကျဉ်းချုပ်မလဲ"
---------------------------------------------------

စာကိုအကျဉ်းချုပ်တာက စာလေ့လာတဲ့အခါမှာ ပိုမှတ်မိစေတယ်။ အလွတ်ကျက်ချင်တယ်ဆိုရင်လည်း တစ်ချက်ပြီးတစ်ချက် အသေအချာမှတ်မိသွားနိုင်တယ်။

အချက် (၅) ချက်နှင့် လုပ်ကြည့်ကြမယ်နော်....

(၁) မိမိအကျဉ်းချုပ်လိုတဲ့ စာပုဒ် သို့မဟုတ် စာပိုဒ်ကို အသေးစိတ်နားလည်အောင်ကြည့်ဖတ်ပါ။ တစ်ကြိမ်နှင့်နားမလည်ပါက နှစ်ကြိမ်ဖတ်ပါ။ အတန်အသင့်နားလည်အောင်ထိ အကြိမ်ကြိမ်ကြည့်ဖတ်ပါ။

(၂) စာပုဒ်ကို အပိုဒ်ငယ်လေးများဖြစ်အောင် ပိုင်းဖြတ်ကြည့်ပါ။ အကျဉ်းချုပ်ရလွယ်ကူအောင် ဖြစ်ပါတယ်။

(၃) main idea နှင့် supporting idea ခွဲပါ။

main idea ဆိုတာက အကျဉ်းချုပ်လို့တဲ့ ခေါင်းစဉ်နှင့်ပတ်သက်ပြီး မပါမဖြစ်တဲ့ အကြောင်းအရာကိုဆိုလိုပါတယ်။ ဉပမာပြောရရင် "မိတ်ဆွေသုံးဦး" ‌ဝတ္တုမှာဆိုရင်ဆိုရင် "မိတ်ဆွေကောင်းဟူသည်" ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ မပါမဖြစ်တာကြောင့် main idea ဖြစ်ပါတယ်။ main idea ဟာ စာပုဒ်တစ်ပုဒ် တစ်ခုထက်ပိုပြီးပါနိုင်ပါတယ်။ ခေါင်းစဉ်နှင့် ပတ်သက်သမျှ အကြောင်းတွေဟာ main idea ဖြစ်ပါတယ်။
supporting idea ဆိုတာကကျတော့ main idea ပေါ်လွင်လာဖို့ ရှင်းလင်းချက်တွေ၊ သိသာမြင်သာဖို့ပြထားတဲ့ဉပမာတွေလိုမျိုးတွေကိုဆိုလိုပါတယ်။

(၄) main idea များကိုပဲအကျဉ်းချုပ်ရာမှာ အစီအစဉ်တကျထည့်ပါ။

(၅) အကျဉ်းချုပ်ပြီး စာပိုဒ်မှာ main idea ကျန်မကျန်ပြန်စစ်ပါ။ လိုအပ်ရင် ပြန်ထည့်ဖို့ ဖြစ်ပါတယ်။

အထက်ပါ ငါးချက်နှင့်အကျဉ်းချုပ်ပြီးလို့ စာကိုပြန်ချရေးတဲ့အခါ supporting idea ပြန်ထည့်ချင်တယ်ဆိုရင်တော့ main idea နှင့်တွဲပြီး မြားထိုးစနစ်၊ ( ) စနစ်သုံးပြီး မှတ်ထားနိုင်ပါတယ်။ ပြီးမှ တစ်ချက်ချင်းစဉ်းစားပြီးပြန်ချရေးနိုင်မှာ ဖြစ်ပါတယ်။

စာအလွတ်ကျက်နည်း သို့မဟုတ် စာကို ဘယ်လိုကျက်ရင်ပိုထိရောက်လဲ သိချင်ရင်တော့
https://m.facebook.com/story.php?story_fbid=153239314500511&id=100094433304325&mibextid=Nif5oz
မှာ ဝင်ဖတ်ကြည့်ပါ။

အဆင်ပြေပါစေ😍

ကျွန်နော်လုပ်နေတဲ့ စာလုပ်နည်းလေးပြောပြမယ်...ကျွန်တော်တို့ လူငယ်တွေဗျာ... ဖုန်းကလည်းသုံးချင်၊ စာမေးပွဲနီးးလာတော့ စာမလုပ်လ...
11/09/2023

ကျွန်နော်လုပ်နေတဲ့ စာလုပ်နည်းလေးပြောပြမယ်...

ကျွန်တော်တို့ လူငယ်တွေဗျာ... ဖုန်းကလည်းသုံးချင်၊ စာမေးပွဲနီးးလာတော့ စာမလုပ်လို့ကလည်း မဖြစ်ဘူးဆိုတော့...
စာလုပ်တဲ့အချိန်နည်း" နဲ့ ထိရောက်တဲ့နည်းလေးလိုတာပေါ့။ ဟုတ်တယ်ဟုတ်??

*ကျွန်တော်က စာ စ လုပ်ပြီဆိုတာနဲ့ ၆ ဘာသာရှိတယ်ဆိုရင် ကိုယ်ကတစ်ရက်ကို ၆ ဘာသာလုံးလုပ်နိုင်တာလား။ ဒါမှ မဟုတ်သုံးဘာသာဘဲ လုပ်နိုင်တာလားဆိုတာကို ပထမဆုံးစဉ်းစားပါတယ်။ ဒါကတော့ နီးကပ်လာတဲ့ စာမေးပွဲနှင့် ရထားတဲ့ အချိန်အပေါ်မှာ မူတည်ပါလိမ့်မယ်။

*ပြီးတော့ အချိန်ခွဲတယ်ဗျ။ တသ်ဘာသာကို မိနစ် ၄၀ လောက်လုပ်ဖြစ်တယ်။
မလုပ်ချင်လည်း လုပ်ဖြစ်အောင်ကို လုပ်ပါတယ်။

*စာလုပ်ဖို့ စာကြည့်စားပွဲမှာထိုင်တာနဲ့ timer ကို မိနစ် ၄၀ စာပေးပါတယ်။

*မိနစ်လေးဆယ်ပြီးတိုင်း ၁၀ မိနစ်နားပါတယ်။ ပြီးမှ နောက်ထပ် မိနစ် ၄၀ timer ယူပါတယ်။
ဒီလိုနဲ့ပဲ တစ်ဘာသာပြီးတစ်ဘာသာ ဖတ်တာ ထင်တာထက် ပိုမှတ်မိပါတယ်ဗျ။

လုပ်ကြည့်နော်...။

21/07/2023

*hope for the best
*prepare for the worst

အကောင်းဆုံးကို မျှော်လင့်ပါ။
အဆိုးဆုံးအတွက် ပြင်ဆင်ပါ။

after Knowinghuman isn't friendly as I think,I become quiet and alone...လူတွေက ကျွန်တော်ထင်ထားသလောက်မကောင်းတာကို သိကတည်း...
18/07/2023

after Knowing
human isn't friendly as I think,
I become quiet and alone...

လူတွေက ကျွန်တော်ထင်ထားသလောက်
မကောင်းတာကို သိကတည်းက...
ကျွန်တော်ဟာ လူတွေနဲ့သိစကားမပြောဖြစ်တော့ဘဲ
တစ်ယောက်တည်းနေတတ်လာတယ်...။

time is slow when you wait!time is fast when you are late!time is deadly when you are sad!time is short whan you are hap...
18/07/2023

time is slow when you wait!
time is fast when you are late!
time is deadly when you are sad!
time is short whan you are happy!
time is endless when you are in pain!
time is long when your feel bored!
time is most beautiful when you are in love!

Every time, time is determined by your feelings and your psychological condition, not clock.

စောင့်နေရတဲ့အခါ အချိန်ကြာသယောင်ရှိတယ်။
နောက်ကျတဲ့အခါ အချိန်မြန်နေသယောက်ရှိမယ်။
ဝမ်းနည်းနေတဲ့အခါဆို အချိန်က သေချင်စရာကောင်းလောက်တယ်။
ပျော်နေတဲ့အချိန်ဆို မလောက်ငှဘူး။
နာကျင်ရတဲ့အချိန်ဆို မကုန်နိုင်။
ပျင်းလာပြီဆိုတာနဲ့ အချိန်တွေက ကြာလာရော။
ဒါပေမယ့်၊ အချစ်နဲ့တွေ့ချိန်မှာတော့ အလှဆုံး ဖြစ်နေလို့...။

ဘယ်အချိန်ပဲ ဖြစ်" မင်းခံစားချက်တွေကို အချိန်ကပဲ ကုစားပေးသွားတာပါ။

#ဒီလိုစာလေးတွေ ဖတ်ဖို့ page ကို like , follow and share လုပ်ပေးပါဗျာ🥰

credit for photo

coffeebitter, but nice...manknow, but treat...bookunlive, but friendly...ကော်ဖီခါးပေမယ့် ကောင်းတယ်...လူအသိရှိပေမယ့် ယုတ်...
17/07/2023

coffee
bitter, but nice...
man
know, but treat...
book
unlive, but friendly...

ကော်ဖီ
ခါးပေမယ့် ကောင်းတယ်...
လူ
အသိရှိပေမယ့် ယုတ်မာတယ်...
စာအုပ်
အသက်မဲ့ပေမယ့် မိတ်ဆွေကောင်းပီသတယ်...

#အရှိနဲ့အသိ ထာဝရမြဲကြပါစေဗျာ။
and follow, share လေးလုပ်ပေးပါဗျာ။

16/07/2023

"time flies so fast"
"start right now what need to do"

အချိန်ကုန်တာမြန်ပါတယ်။
လုပ်စရာရှိတာ အခုချက်ချင်းလုပ်လိုက်ပါ။

16/07/2023

"life is not to find yourself
life is to create yourself "

ဘဝဆိုတာ မင်းကိုယ်မင်းဘာလဲ ဆုံးဖြတ်ဖို့မဟုတ်။
မင်းဖြစ်ချင်တာကို မင်းဖန်တီးဖို့။ မင်းကိုမင်း ပုံဖော်ဖို့။

"ဆရာ"" Teacher is a profession who creates all other professions"+ဆရာဆိုတာ အားလုံးသောပညာရှင်တွေကို ‌မွှေးထုတ်ပေးတဲ့ပညာရှ...
15/07/2023

"ဆရာ"

" Teacher is a profession who creates all other professions"

+ဆရာဆိုတာ အားလုံးသောပညာရှင်တွေကို ‌မွှေးထုတ်ပေးတဲ့ပညာရှင် ဖြစ်ပါတယ်။
ဉပမာ‌...
-ကျန်းမာရေးအတွက် ဆရာဝန်လား။ ဆရာက မွှေးထုတ်မပေးရင် ဖြစ်မလာနိုင်ပါ။
-engineer လား။ ဆရာက မမွှေးထုတ်ပေးရင် ဖြစ်မလာနိုင်ပါ။ စသည်ဖြင့်ပေါ့...

စာသင်ခန်းထဲမှာစာသင်မှ ဆရာလို့သတ်မှတ်ရတာ မဟုတ်ပါ။ ပညာရပ်တစ်ခုခု သူ့ဆီက ကိုယ်ရတယ်ဆိုရင်ဖြင့် ဆရာလို့သတ်မှတ်နိုင်ပါပြီ။

ဒါကြောင့် ဆရာတွေကို လေးစားပါ။ ချစ်ပါ။ မြတ်နိုးပါ။✅
+လေးစားသင့်ပါတယ်။ ချစ်သင့်ပါတယ်။ မြတ်နိုးသင့်ပါတယ်။✅

☑️ရွှေတိုး✅

Address

Yangon
Yangon

Telephone

+959252210970

Website

Alerts

Be the first to know and let us send you an email when Shwe Toe - Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Shwe Toe - Education:

Shortcuts

Share