Liftyour Gift - Education Language School

Liftyour Gift - Education Language School

Share

မိမိကိုယ်ပိုင် အရည်အသွေးများကို မြ?

11/05/2023

Nat-Test Center, Yangon စာမေးပွဲလျှောက်လွှာတင်ခြင်း 🎉

(11.6.2023) Nat-Test စာ‌မေးပွဲအတွက်ဖောင်ပိတ်ရန် 2
ရက်သာလိုပါတော့သည်။

11/05/2023

🎉အင်တာဗျူး ရှိသည်🎉

☺️ ဒီတလအတွက် Yume Japanese Language Center မှ လူဦးရေအယောက် ၄၀ ခေါ်ခွင့်ရရှိထားပါတယ်ရှင့် ☺️

📩 အင်တာဗျူး အမြန်ဝင်နိုင်မဲ့သူများ CBတွင် အသေးစိတ် စုံးစမ်းပေးပါရှင့် 📩

Japanese Language Center

09/05/2023

စားသောက်ကုန်ထုတ် အင်တာဗျူးအောင်မြင်ခဲ့တဲ့ တပည့်လေးများပုံရိပ် 😍

Congratulations ပါရှင့်🎈🎉🍾🎊

Yume Japanese Language Center မှ သင်တန်းသူ/ သင်တန်းသားအသစ်များ စတင်လက်ခံနေပါပီရှင့် ☺️

Japanese Language Center

အသေးစိတ်စုံးစမ်းမေးမြန်းလိုပါက CB တွင်မေးမြန်းနိုင်ပါတယ်ရှင့်

09/05/2023

Kaigo အင်တာဗျူးအတွက် အောင်မြင်သွားတဲ့ တပည့်လေးများ 😍

Congratulations ပါရှင့် 🍾🎉🎊🎈

ကျွန်မတို့ Yume Japanese Language Center မှ သင်တန်းများ ဖွင့်လှစ်ထားပါတယ်ရှင့်

အသေးစိတ်စုံးစမ်းမေးမြန်းလိုပါက CBတွက်မေးမြန်းနိုင်ပါတယ်ရှင့် 😍

Japanese Language Center

16/04/2023

Nat-Test ဂျပန်စာအရေအချင်းစစ်စာမေးပွဲအတွင်ပြင်ဆင်ရန် ☺️

NAT-TEST စာမေးပွဲဖြေဆိုမည့်နေ့တွင် စာမေးပွဲအား အဆင်ပြေချောမွှေ့စွာ ဖြေဆိုနိုင်ရန်အတွက် အောက်ပါစည်းကမ်းချက်များကို ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ပေးကြရန် အသိပေးလိုက်ပါသည်.👇👇👇

15/04/2023

Moti အပြည့်ယူနေခြင်း 😂

13/04/2023

ဒီနှစ်သစ်မှာ အလုပ်ခေါ်စာလေးတွေ ကြေငြာပေးပါ့မယ်ရှင့် 🎇

🌺Interview မည့်အချိန်က သင်္ကြန်ပီးဖြစ်ပါသည်

ဗီဇာအမျိုးအစား- Working Visa ( male & female )

အလုပ်အကိုင် - အင်ဂျင်နီယာ

သတ်မှတ်တဲ့ အရည်အချင်း

- N4 ( Pass)
- အင်ဂျင်နီယာဘွဲ့ လက်မှတ်
- Auto Cad
-မိမိရရှိသော် အင်ဂျင်နီယာဘွဲ့နှင့် ပတ်သက်တဲ့ အလုပ်Experience

သတ်မှတ်ထားသော် အရည်အချင်းရှိပါက မည်သူမဆို Yume Japanese Languages Center တွင်လျှောက်ထားနိုင်ပါသည်

# Yume Japanese Language Center

13/04/2023

🙇‍♀️ စာလေးတော့ နဲနဲရှည်ပါ့ရစေ 🙇‍♀️

ကျွန်မရဲ့ ဂျပန်စာဆရာမ ဘဝ အကြောင်း အတိုချုံး​လေး

😮 ကျွန်မ ဂျပန်စာဆရာမဖြစ်ခဲ့တာ သက်တမ်း ၁၄ နှစ် ရှိခဲ့ပါပီ ယနေ့အထိ တပည့်တွေအပေါ် စာသင်ပေးရင်း သွန်သင်ညွှန်ကြားဆုံးမရင်း နဲ့ ဆရာမ ဖြစ်ရတာ ကို ဝမ်း​​မြောက်ဝမ်းသာ ဂုဏ်ယူ ပီတိ ဖြစ်​နေရတုံးပါပဲ 😮

ကျွန်မအသက် ၂၂ နှစ်သမီး အရွယ်မှာ ဂျပန်စာ ကို စပြီးသင်ကြားပို့ချ ခဲ့ပါတယ် အဲဒီအချိန် က တပည့်တွေရဲ့ အသက်က ၃၀ကျော် ၄၀ နီးပါးတွေ 🙂 သူတို့ကို ကြည့်ပီး စာမသင်ရဲခဲ့တာ​တော့အမှန်ပါပဲ ( ရှိန်တယ်လေနော် 😩 ) ဒီလိုနဲ့ တပတ် ပီး တပတ်စာသင်ရင်း ​စာသင်ရတာကို​ပျော်လာပါတယ် ( ကျွန်မကို သူတို့ရှိန်အောင် စာကြည့်မေးခဲ့တယ် 😂 ) ဒီလိုနဲ့ သင်တန်းအပတ်စဉ် (၁) ပီးဆုံးသွားတော့ တပည့်တွေက နောက်ဆုံးနေ့မှာ ဆရာမရေ ကျွန်တော်/ကျွန်မတို့က ဆရာမကို ဂါရဝပြုချင်လို့ ပါဆိုပီ လက်ဆောင်ထုတ်လေးကို စားပွဲပေါ်တင်ပီး သူတို့ကို စာသင်ပေးခဲ့လို့ / စာသင်တဲ့အခါ စိတ်ရှည်ပေးခဲ့လို့ / သူတို့ကို စာတွေမေးခဲ့လို့ (ကိုယ်လုပ်တယ်ဆိုတာ သူတို့သိတယ်ပေါ့ 😜 ) ကျေးဇူးတင်​ပါတယ်တဲ့

🤔 ကျွန်မ အဲဒီအချိန်မှာ အတွေးစဝင်ခဲ့တယ် အော် ငါဆရာမ ဖြစ်သွားပီးပဲ ငါ့တပည့်တွေက ငါ့ကို ဆရာဂုဏ်စပီး တင်ပေးလိုက်ပီးပဲ ငါအရင်လို ပေါ့ပေါ့ပါးပါးနေလို့မဖြစ်တော့ဘူး စာသင်တဲ့အခါမှာလဲ သေချာဂရုစိုက်သင်ရတော့မယ် သူတို့စာမေးတဲ့အခါ ငါပြန်ဖြေနိုင်ရမယ် ငါသေချာသူတို့နားလည်အောင်ပြန်သင် ပြန်ရှင်းပြနိုင်​​အောင်လုပ်ရမယ်ဆိုတဲ့ ဆရာစိတ် နာ (၃) နာ အဲဒီနေ့မှ စဝင်ခဲ့ပါတယ် 🤔

အဲဒီ​နေ့တည်း က အိမ်မှာ teaching method ​ထပ်ပြီးလေ့လာရတယ် သင်ပုံသင်နည်း ဘယ်လို လွယ်လွယ်ကူကူ နားလည်နိုင်​အောင် သင်ရမလဲ ​လေ့ကျင့်ရတယ် စာကိုအလွယ်ကျက်နည်း ဟာသ​လေး​တွေ နဲ့​ ​ရောပြီး မှတ်မိ​အောင် ကျက်နည်း​တွေ စဥ်းစားထားရတယ် သင်တန်းမသွားခင် အိမ် မှာ ​အမြဲလေ့လာပြင်ဆင်ပြီး မှ သွားသင်​တော့တယ်

🤗 နောက်ပိုင်းစာသင်လာရင်း ကျွန်မအသက်၂၈နှစ်မှာ မှတ်မှတ်ရရပေါ့ အမေ့စေတနာပညာဒါနကျောင်းမှာ စာသင်ပေးခဲ့တယ် သင်တန်းလေးတခုပီးတော့ ကျွန်မကိုတပည့်တွေက ထိုင်ကန်တော့ကြတယ် ( ကျွန်မအိုပီပေါ့နော် 😅 ) ၂၂ နှစ် ကနေ ၂၇ နှစ်အတွင်း ဂါရဝပြုခြင်းခံနေရာကနေ တဆင့်တိုး ကန်တော့ခံ ခြင်း အစပြု လာတယ် အဲဒီချိန်မှာ ကျွန်မတပည့်အသက်တွေက ၁၈ နှစ်ကနေ ၂၀ ကျော်ကျော်လေးကို သင်နေရပီ ကျွန်မအသိစိတ်တခုထပ်ဝင်လာပြန်တယ် ကျွန်မက အရင်လို မောင်နှမတွေလို့ အခေါ်အဝေါ် အသုံးအနှုန်းက​နေ ပြောင်းရတော့မှာပါလား သားတွေ သမီးတွေ ပြောင်းခေါ်ရတော့မှာပါလားပေါ့ ပီးတော့ ငါအရင်နှစ်တွေထက် ငါ့ဂျပန်စာ ဘယ်အဆင့်ထိရောက်နေပီလဲ တပည့်တွေအပေါ်ရော အရင်ထက် ပိုပြီးစိတ်ရှည်လက်ရှည်သင်ကြားနိုင်ပီး ပိုမိုထိရောက်တဲ့စာတွေသင်ပေးမှဖြစ်တော့မှာပါလား ဆိုတဲ့ အတွေးက ဝင်လာပြန်ရော ဒါ​ကြောင့် ခေါတ်နဲ့ အညီ သင်ရိုးညွှန်းတန်း အသစ်သစ် ​တွေကို လဲ ​စဥ်ဆက်မပြတ်​လေ့လာ​ရတယ် ပိုမိုလွယ်ကူပြီး ထိ​ရောက်စွာ သင်ကြားပို့ချနိုင်ဖို့ .. ​လေ့လာရတယ် ​လေ့ကျင့်ရတယ်🤗

😶 ဒီလိုနဲ့ ၂၀၀၉ ခုနှစ်ကနေ ဂျပန်စာသင်ခဲ့လိုက်တာ သင်တန်းတချို့ရယ် ( 💥 သင်တန်းနာမည်တွေတော့ မဖော်ပြတော့ပါ 💥 )/ Freelance သင်ပေးတာရယ်နဲ့ စာသင်လာရင်း (၂၀၁၉ ခုနှစ် - ၂၀၂၀ ခုနှစ် )မှာ ကိုဗစ်တွေဖြစ်တော့ Online Class ဆိုတာပေါ်လာပြန်တော့ အိမ်မှာ​နေရင်းပဲ စာသင်ခဲ့ပြန်တယ် ( 😣 စာသင်တာကလွဲရင် ကွန်ပျူတာကိုမနှိပ်တက်တဲ့ဘဝကနေ ကွန်ပျူတာကြီးကိုကိုင်ပီး လျှောက်နှိပ်ရင်း​​မေးမြန်းစူးစမ်း ပြီးသင်ခဲ့ရပြန်တယ် 😣 )

🌅 ၂၀၂၂ ခုနှစ်ရောက်တော့ တပည့်လေးတွေရဲ့ အားပေးတိုက်တွန်းမှု့ကြောင့် ( Yume Japanese Language Center )ဆိုတဲ့ ကိုယ်ပိုင် ဂျပန်စာသင်တန်းကျောင်းလေး တခုဖွင့်လှစ်နိုင်ခဲ့ပါတယ်။

(Tokutei နဲ့ပတ်သက်တဲ့ Kaigoတွေ စားသောက်ဆိုင်တွေစတဲ့ ဘာသာရပ်တွေပါစပီးသင်ကြားပို့ချနည်း ​​တွေနဲ့ သင်တန်းသစ် စတင်သင်ကြားပို့ချနိုင်ခဲ့ပါပြီ )

ထို့အပြင် ၂၀၂၃ ခုနှစ်မှာလဲ ဂျပန်နိုင်ငံမှ အလုပ်အကိုင်အခွင့်အလမ်းတွေကို လုပ်ကိုင်ချင်တဲ့တပည့်လေးတွေအတွက် ရှိသမျှအင်တိုက်အားတိုက်ငွေကြေးများနဲ့ ( 😅 ရှိသမျှအကုန်ရင်းလိုက်ပါပီ 😅 ) မိတ်ကောင်းဆွေကောင်းများ အကူအညီနဲ့ ကုမ္ပဏီသေးသေးတခုဖွင့်လှစ်နိုင်ခဲ့ပါတယ် 🌅

👱🏻‍♀️ပထမအရွယ်မှာ ကျွန်မက သင်ဆရာ မြင်ဆရာ ကြားဆရာ​တွေ စီနီယာ အကိုအမများ ဆီမှာ ဂျပန်စာအပြင် တခြားဗဟုသုတများကို ​သေချာ​လေ့လာသင်ယူခဲ့ရပါတယ် သင်ကြားပို့ချနည်း​များအပြင်ဆရာမဖြစ်အောင်တိုက်တွန်း​ပေး​ခဲ့သည့်ဆရာမဆီမှလဲ ကောင်းစွာ လက်ထပ်သင်ယူခဲ့ပါတယ် 👱🏻‍♀️

👩🏻‍🦰 ဒုတိယအရွယ်မှာ မြန်မာပြည်မှ တပည့်များအပါအဝင် ဂျပန်​ ကိုရီးယား မ​လေး ထိုင်း နိုင်ငံများ​ မှ online ဖြင့် သင်ယူ​ခဲ့​သော တပည့် ​​ပေါင်း​မြောက်များစွာ ကို ဂျပန်စာ သင်ကြား​ပို့ချပေးခဲ့ပါတယ် ယခုဆိုရင် ဂျပန်နိုင်ငံသို့ရောက်နေတဲ့ တပည့်များ၊ မြန်မာပြည်ရဲ့ အနယ်နယ်အရပ်ရပ် မှ နေရာကောင်း လစာကောင်း​တွေ နဲ့လုပ်ကိုင်လုပ်နေကြတဲ့တပည့်များ၊ ကျွန်မလို ဆရာ/ဆရာမ ဝါသနာ ပါတဲ့ တပည့်တွေ များစွာကို မွေးထုတ်ပေးနိုင်ခဲ့ရ ​လို့ ယနေ့ထိဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရပါတယ် 👩🏻‍🦰

🧓🏻 တတိယအရွယ်ရောက်ရင်လဲ ဂျပန်စာများဝေမျှရင်းနဲ့ ဘဝကို လှပတဲ့ဆေးရောင်ခြယ်ချင်ပါသေးတယ် 🧓🏻

💪 ဒီထက်ပိုမိုအောင်မြင်အောင်ကြိုးစားပါအုံးမယ်

# Yume Japanese Language Center

13/04/2023

Happy Myanmar New Year 🎇

01/04/2023

လေဘာကဒ်တွေ လုပ်ပီးပီ Passport ရဖို့ပဲ ကျန်တော့တယ် 💪

Japanese Language Center

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon