PURIN プリン『Japanese online class』

PURIN プリン『Japanese online class』

Share

皆さん、おはようございます。ミキとハルです。
Hello guys! We're Miki and Haru. Let's have fun and study together with us.

25/02/2023

Hello guys!👻
ကဲ...ညရောက်ပြီဆိုတော့ ဂျပန်ကနာမည်ကြီးသရဲအ‌ကြောင်းလေးကို PURIN プリン page ကတင်ဆက်ပေးသွားပါမယ်။👻✨

Kuchisake onna (ပါးစပ်ဟက်တက်ကွဲနေသော မိန်းကလေး)
-----------------------------------------------------------
ဒီသရဲကိုတော့ တော်တော်များများကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ပုံမှန်ကြည့်ရင်တော့ mask တပ်ထားတဲ့ မိန်းမချော‌လေးတ‌ယောက်ပေါ့။ ဒါပေမဲ့ mask လည်းချွတ်ပြလိုက်တော့ ပါးစပ်ကြီးဟက်တက်ကွဲပြီး သွေးတွေစီးကျနေတဲ့ သရဲမဖြစ်နေရော။ (ညအချိန်မတော်ကြီး ဒီကောင်မလေးချောတယ်ဟ ဆိုပြီးသွားမကြောင်ကြနဲ့နော် ညိုကီတို့)

သရဲမဇာတ်ကြောင်း (လိုတိုရှင်း)
-------------------------------
ဒဏ္ဍာရီတွေအရ လူ့ဘဝတုန်းက samurai တယောက်ရဲ့မိန်းမဖြစ်တယ်လို့ပြောကြတယ်။ အဲ့ခေတ်က samurai တွေကသိတဲ့အတိုင်း တချိန်လုံး စစ်တိုက်ထွက်နေရတာများတော့ အခုခေတ် သ‌င်္ဘောသားမိန်းမလိုဖြစ်သွားရော။ အဲ့တာနဲ့ သူ့ယောက်ျားသိတော့ ပြဿနာတက်ရော‌ပေါ့။ samurai တွေကကြမ်းတမ်းတဲ့ စရိုက်ရှိတော့ သူ့မိန်းမ ပါးစပ်ကို နားရွက်အထိရောက်အောင်လှီးပစ်လိုက်တယ်။ ဆိုတော့ အဲ့ဒဏ်ရာနဲ့ပဲသေသွားခဲ့တယ်ပေါ့။ သေပြီးတဲ့နောက်မှာတော့ မကျွတ်မလွတ်ဘဲ mask (သို့) ပုဝါနဲ့အုပ်ထားတဲ့ ပါးစပ်ပြဲကြီးနဲ့ သရဲမလေးမွေးဖွားလာခဲ့တယ်။

‌ခြောက်ပုံခြောက်နည်း
----------------------
ဒီသရဲမမှာ ကြောက်ဖို့ကောင်းတာက ပါးစပ်ကြီးဖြဲပြီး‌ခြောက်တာရယ်၊ သူမေးတဲ့မေးခွန်းရယ်ပဲရှိတယ်။ ဉာဏ်လည်းများတယ် သူ့ mask မချွတ်ပြခင် မေးခွန်းမေးပြီး အဖြေပေါ်မူတည်ပြီးမှခြောက်တာဆိုတော့ မသိရင် သာမန်မိန်းကလေးတယောက်လို့ပဲထင်မှာလေ။ မေးခွန်းကဘာလဲဆိုတော့ “ငါလှလား” တဲ့။ ဟုတ်ပြီလေ လှတယ်ပဲဖြေမှာပေါ့။ မလှဘူးဆို မိန်းကလေးပဲဖြစ်ဖြစ် သရဲမပဲဖြစ်ဖြစ်ဘယ်ကြိုက်မလဲ။ သာမန်မိန်းကလေးတယောက်မေးတာဆိုရင် မူးပြီးမေးနေတာဆို အခန့်မသင့်ရင်ပါးချခံရမှာဆိုတော့ ဘယ်သူမေးမေး လှတယ်လို့ဖြေတာဘေးအကင်းဆုံးပဲမဟုတ်လား။ တကယ်လို့ kuchisake onna သရဲမသာဆိုရင် mask ချွတ်ပြပြီး “ဒီလိုဆို လှသေးလား” ဆိုပြီးထပ်မေးလိမ့်မယ်။ အဲ့တာဆို သူစမေးတည်းက မလှဘူးပြောလိုက်မယ်ဆိုရင်‌ရော? သူ့မှာပါလာတဲ့ ကပ်ကြေးနဲ့ ထိုးသတ်မှာ (သရဲမဆိုတာထက် psychopath နဲ့ပိုတူတယ်ဟုတ်?)။ ဒါဆို လှတယ်ပဲပြောပြီးအခြောက်ခံတော့မှာပေါ့။ မဟုတ်ဘူးလား။ မဟုတ်ဘူး။ mask ချွတ်ပြတာတောင်လှတယ်ဆိုရင် အမေးခံရတဲ့သူရဲ့ပါးစပ်ကို သူ့လိုဖြစ်အောင်လုပ်ပစ်ရော။ အဲ့တာဆို အမှန်အတိုင်း မလှဘူးပြောမယ်ကွာ။ no ပါ...မလှဘူးပြောပြန်ရင်လည်း ကပ်ကြေးနဲ့ ခန္ဓာကိုယ်ကို ထက်ဝက်ပိုင်းပစ်မှာ။ (သရဲမဆိုတဲ့အတိုင်း မိန်းမတွေလို ဟိုဟာလည်းမဟုတ် ဒီဟာလည်းမဟုတ် အရမ်းရစ်တတ်ပါတယ်)
ဆိုတော့ကာ သူနဲ့တွေ့ရင်ဘယ်လိုဖြေဖြေသေမှာပါပဲလို့ အားပေးလိုက်ပါတယ်။(ညသန်းခေါင်ကြီး လူရှင်းနေတုန်း ငါလှလား လာမေးရင်လှည့်သာပြေးကြပါလို့)


23/02/2023

မင်္ဂလာပါခင်ဗျာ။
Miki နဲ့ Haru တို့ရဲ့ PURIN プリン『Japanese online class』page မှနွေးထွေးစွာကြိုဆိုပါတယ်။
ဒီ page လေးကတော့ ဂျပန်နိုင်ငံရဲ့ ဗဟုသုတရစရာတွေနဲ့ ဂျပန်စာနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် ဒီ page လေးကို like and follow လုပ်ပြီးတော့ စောင့်မျှော်ပေးသွားပါခင်ဗျာ။
PURIN プリン『Japanese online class』

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon
11201