27/07/2023
🌸 が + ခံစားချက် 🌸
🍒 はな が すきです。
ပန်းကိုကြိုက်တယ်။
🍒 パン が おいしいです。
ပေါင်မုန့်ကအရသာရှိတယ်။
🍒 にほんご が じょうずです。
ဂျပန်စာကတော်တယ်။(ဂျပန်စာတော်တယ်)
💌 が ရဲ့အဓိပ္ပါယ်ကို 'သည်၊က၊ကို' လို့မှတ်တာမျိုးထက် သူနဲ့တွဲတာတွေမျိုး၊ သူ့ကိုသုံးရမဲ့ရည်ရွယ်ချက်တွေလိုမျိုးကို မှတ်ဖို့ အကြံပေးချင်ပါတယ်။အခြား particles တွေကိုလည်း အဲ့လိုမှတ်ဖို့ အကြံပေးချင်ပါတယ်။
Jin Jin - ジンジン🍒
09/07/2023
ဂျပန်စာကိုပုံမှန်ထက်ပိုလွယ်အောင်လေ့လာကြစို့❣️😎
( ၁ ) ခန်းဂျီး
🌸ခန်းဂျီးကို အရင်ဆုံး လေ့ကျင့်ပြီးကျက်ပါ။ ခန်းဂျီးတစ်လုံးချင်းစီကို အရင်ကျက်ပါ။ level တစ်ခုလုံးစာ တစ်လုံးချင်းစီ အားလုံးကျက်ပြီးမှ တွဲလုံးတွေလိုက်ကျက်ပါ။
( ၂ ) meaning
🌸 ခန်းဂျီးအားလုံး ကျက်ပြီးသွားတဲ့အတွက် meaning မှာ 50% လောက်ကရပြီးသားဖြစ်နေပြီး 20% လောက်က ကျက်ရတာလွယ်နေပါလိမ့်မယ်။
( ၃ ) grammar
🌸 grammar လေ့ကျင့်ချိန်မှာ ခန်းဂျီးနဲ့meaning ရပြီးသားဖြစ်သွားပါပြီ။ grammar တစ်ခုချင်းစီမှာ ရထားတဲ့ ခန်းဂျီးတွေmeaning တွေနဲ့များများအစားထိုးပြီး ဝါကျတွေရေးကျင့်သွားရုံပါပဲ။စကားပြောအတွက် အများကြီးအထောက်အကူရနေပါပြီ။
( ၄ ) Reading
🌸 ခန်းဂျီး၊meaningနဲ့grammar သုံးခုလုံးရသွားပြီးတဲ့အခါမှ reading ကိုစကိုင်ပြီး လေ့ကျင့်ပါ။ မြင်သမျှစာအကုန် ဘာသာပြန်ရတာ လွယ်ကူနေပါလိမ့်မယ်။စာဖတ်အားကောင်းပြီး အချိန်မြန်မြန်ဖတ်နိုင်ဖို့အတွက် levelအလိုက် ဂျပန်လိုရေးထားတာ မြင်သမျှအကုန်လိုက်ဖတ်ပါ။
( ၅ ) Listening
🌸 အပေါ်က 4မျိုးလုံး အားလုံးလေ့ကျင့်ပြီးရင်တော့ စာရသွားပြီလို့ သတ်မှတ်လို့ရပါပြီ။ စာရသွားမှ listeningက နားထောင်လို့တတ်မှာပါ။ levelအလိုက် လေ့ကျင့်တာအပြင် သူတို့လေယူလေသိမ်းနဲ့ အမြန်နှုန်းကို နားယဉ်ဖို့အတွက်ကတော့ ဂျပန်လိုပြောထားတဲ့ဟာမှန်သမျှ ဘာဖြစ်ဖြစ် အကုန်နားထောင်ပါ။
💕 အားလုံးပဲ ဒီနည်းလမ်းလေးနဲ့ ကျက်မှတ်ရင်း ဂျပန်စာကလွယ်ကူလာပါစေလို့ မျှော်လင့်မိပါတယ်။💕
အောက်က linkကတော့ Meaning အပိုင်း အားနည်းတဲ့သူတွေအတွက်ဖြည့်စွက်...
🌸 ၁ချက်ခုတ် ၃ချက်ပြတ် grammar လေ့လာနည်း 🌸
https://www.facebook.com/102014608892441/posts/271017605325473/
Jin Jin - ジンジン🍒
08/07/2023
🌸か き く け こ🌸
かく - ထောင့်
きかい - စက်ကိရိယာ
きかい - အခွင့်အရေး
くうこう - လေဆိပ်
けい - စုစုပေါင်း
こう - ဆိပ်ကမ်း
こう - ဒီလို
‼️ဗျည်းအသံတွေထွက်တဲ့အခါသတိထားစရာ‼️
https://www.facebook.com/102014608892441/posts/244714781289089/?mibextid=Nif5oz
Jin Jin - ジンジン🍒
23/05/2023
ここ - ဒီ (ဒီနေရာ)
~こ - ခု ( ၁ခု ၊ ၂ခု၊...)
‼️ဗျည်းအသံတွေထွက်တဲ့အခါသတိထားစရာ‼️
https://www.facebook.com/102014608892441/posts/244714781289089/?mibextid=Nif5oz
Jin Jin - ジンジン🍒
04/05/2023
は နဲ့ が အသုံးကို အနည်းငယ်ကွဲပြားအောင် အခြေခံအနေနဲ့ ပေါ့ပေါ့ပါးပါးလေး အလွယ်မှတ်ကြည့်ကြရအောင်နော် 💕
🌸 は - က၊သည်
ရှင်းပြတဲ့အချိန်သုံး ( ကျွန်တော်ကဘယ်သူပါ။ဘာလုပ်တာပါဆိုပြီးရှင်းပြတာမျိုး)
🌸 が - က၊သည်
အဓိကပြောချင်တဲ့အရာကိုအထူးပြုပြော (ရှေ့ကNounကိုအထူးပြုပြော)
.........................................
e.g. အင်တာဗျူးတစ်ခုမှာ အင်တာဗျူးဖြေနေတယ်ဆိုပါစို့
🍒 わたし は ミャンマーじんです。
(ကျွန်တော်သည်မြန်မာလူမျိုးဖြစ်သည်)
(ကျွန်တော်ကမြန်မာလူမျိုးဖြစ်တယ်)
အင်တာဗျူးခန်းထဲမှာ ကျွန်မနာမည်ဘယ်သူပါ။ကျွန်မကဘယ်မှာနေပါတယ် အဲ့လိုမျိုး ကိုယ့်အကြောင်းကို ရှင်းပြတဲ့အချိန် " は " သုံး
🍒 わたし が ミャンマーじんです。
(ကျွန်တော်သည်မြန်မာလူမျိုးဖြစ်သည်)
(ကျွန်တော်ကမြန်မာလူမျိုးဖြစ်တယ်)
အင်တာဗျူးဖြေဖို့ စောင့်နေတဲ့အချိန်၊ ဖြေမဲ့သူတွေကလည်း လူမျိုးအစုံရှိမယ်။ အဲ့အချိန် ဒီထဲမှာ မြန်မာလူမျိုးက ဘယ်သူလဲလို့မေးလာတဲ့အချိန် မြန်မာလူမျိုးက ကျွန်တော်ပါဆိုတာကို ပြန်ဖြေတဲ့အခါ " が " သုံး (ကျွန်တော်ပါ ဆိုတာကိုအဓိကပြောချင်တာ)
‼️ဒီထက်ပိုတဲ့အသုံးတွေရှိပါသေးတယ်ရှင့်။ဒါကစစသင်နေတဲ့သူတွေအတွက်အကြမ်းဖျင်းခွဲလို့ရအောင်တင်ပေးတာပါ‼️
‼️ဗျည်းအသံတွေထွက်တဲ့အခါသတိထားစရာ‼️
https://www.facebook.com/102014608892441/posts/244714781289089/?mibextid=Nif5oz
👉ဂျပန်စာအကြောင်းအခြေခံ🇯🇵
https://www.facebook.com/share/p/15Jrhwn9LC/
Jin Jin - ジンジン🍒
04/05/2023
けん - ခရိုင်
けん - ကိစ္စ
‼️ဗျည်းအသံတွေထွက်တဲ့အခါသတိထားစရာ‼️
https://www.facebook.com/102014608892441/posts/244714781289089/?mibextid=Nif5oz
Jin Jin - ジンジン🍒
27/04/2023
せんせい - ဆရာ/ဆရာမ👈 ဆိုတာ စာသင်တဲ့အလုပ်ကိုလုပ်တဲ့ ကျောင်းဆရာ/ဆရာမဆိုတဲ့အလုပ်အကိုင်ကိုပြောတာမဟုတ်ပဲ ❌
👨🏫 ကျောင်းဆရာ/ဆရာမကိုလည်း ဆရာလို့ခေါ်သလို
👩⚕️ ဆရာဝန်ကိုလည်း ဆရာလို့ခေါ်သလို
🧑⚖️ရှေ့နေကိုလည်း ဆရာလို့ခေါ်သလို
🥋သိုင်းဆရာကိုလည်း ဆရာလို့ခေါ်သလို
အဲ့လိုခေါ်တဲ့ ဆရာဆိုတဲ့အသုံးအနှုန်းကိုခေါ်တာပါ။
💕တိုတိုတုတ်တုတ်အနေနဲ့ပြောရရင်
せんせい ဆိုတဲ့စကားလုံးကို ကျောင်းဆရာ/ဆရာမအပြင် ဆရာဝန်၊ရှေ့နေ၊သိုင်းဆရာ...စသဖြင့် ဆရာလို့ခေါ်ချင်တဲ့သူတွေကို
せんせい လို့ခေါ်လို့ရပါတယ်။💕
Jin Jin - ジンジン🍒
27/04/2023
く - ကိုး
く - ရပ်ကွက်
Jin Jin - ジンジン🍒