16/10/2021
🇩🇪 German A1.1, German A1.2, A 2.1 အတွက် intensive နှင့် weekend အတန်းများ
🇩🇪 German A1.1 (Weekend)
-Starting date - 06.11.2021
-Days- Sat-Sun
-Time-9.00AM-11.00 AM
-Duration – 3 months ++
-Teacher – Teacher A Kay Mon
-Fee- 120 000 MMK ( စာရွက် စာတမ်းဖိုး အပြီး အစီး)
🇩🇪 German A1.2
-Starting date- 02.11.2021
-Days-Tues-Thurs-Sat
-Time-6.30-8 PM
Duration-3 months
-Teacher – Teacher A Kay Mon
-Fee- 120 000 MMK ( စာရွက် စာတမ်းဖိုး အပြီး အစီး, 10% discount ကျောင်းသား ကျောင်းသူ ဟောင်းများအတွက်)
🇩🇪 German A2.1(Intensive)
-Starting date- 01.11.2021
-Days-Mon-Wed-Fri-Sun
-Time-6.30-8 PM
Duration-2.5 months
-Teacher – Teacher A Kay Mon
-Fee- 120 000 MMK ( စာရွက် စာတမ်းဖိုး အပြီး အစီး, 10% discount ကျောင်းသား ကျောင်းသူ ဟောင်းများအတွက်)
🇩🇪 ယခု လက်ရှိ သင်တန်းများ ပြီးခါနီးပြီမို့ ဂျာမန်စာ အဖွဲ့လိုက် သင်တန်းလေးတွေ နိုဝင်ဘာလမှာ ဖွင့်လှစ် သင်ကြားပေးတော့မှာ ဖြစ်ပါတယ် ရှင်.
🇩🇪 သင်ကြားပုံ
🇩🇪 Zoom app ကို သုံးပြီး online ကနေ တီချယ် ဧကေမွန် က live သင်ကြားပေးမှာ ဖြစ်ပါတယ်ရှင်.
🇩🇪 ညနေခင်းအတန်းများအတွက် သင်ကြားချိန် မိနစ်၉၀ ဖြစ်ပြီး Sat Sun အတန်းများအတွက် ကတော့ ၂ နာရီ ကြာမြင့်မှာမို့ တစ်နာရီ သင်ပြီးနောက် ၁၀ မိနစ် breaktime ရှိပါမယ်.
🇩🇪 သင်တန်းအပ်ပြီး နောက် မိမိလေ့လာရမယ့် သင်တန်းအတွက် လိုအပ်သော listening များ, ဖတ်စာအုပ်,လေ့ကျင့်ခန်း စာအုပ်တို့ကို soft copy များကို Google Drive ကနေ ပေးပို့ပေးသွားမှာ ဖြစ်ပြီး စာလေ့လာနေစဉ် အတန်းတွင်း လိုက်ရေးမှတ် တို့ ထားလို့ရအောင် Hardcopy စာအုပ်လေးတွေကိုလည်း အိမ်အရောက် ပို့ပေးသွားပါမယ် ရှင်. စာအုပ်လေးတွေက Hueber ထုတ် ရောင်စုံ စာအုပ်လေးတွေပါ. စာအုပ်ဖိုး အခမဲ့ ပါရှင်.
🇩🇪 သင်ခန်းစာ တစ်ခုတိုင်းအတွက် လိုအပ်သော ဝေါဟာရ သတ်ပုံများကို လည်း မြန်မာဘာသာနဲ့ အဆင်သင့် လက်ခံရရှိမှာ ဖြစ်ပါတယ်. Powerpoint ကို မသုံးဘဲ ဆရာမမှ ဘေးနားမှာ တစ်လုံးချင်းရှင်းပြရင်း သင်သလို သင်ပေးမှာ ဖြစ်ပြီး စာသင်စဉ်ရေးသားသော သဒ္ဒါ မှတ်စု အပါအဝင် မှတ်စုများကိုလည်း Google Drive ကနေ share ပေးသွားမှာ ဖြစ်ပါတယ်.
🇩🇪 အတန်းတွင်း စာသင်ကြားမှုများကို record ယူထားပြီး အတန်းပြီးနောက် Telegram ကနေ ပြန်လည် မျှဝေပေးသွားမှာမို့ မီးပျက်ခြင်း နေမကောင်းခြင်း မအားလပ်ခြင်း တို့ ကြောင့် သင်တန်းပျက်ခဲ့လျှင် သင်ခန်းစာ lecture များကို ပြန်လည် လေ့လာနားထောင်လိုခြင်းများအတွက်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်.
🇩🇪 အလျင်စလို မသင်ဘဲ စာလေ့လာသူ အားလုံးကို စာရအောင် ကြိုးစား ဆွဲခေါ် သင်ပေးတာမို့ အတန်းတွင်း နားမလည်တာ ရှိရင် ချက်ချင်း မေးလို့ရပါတယ်.
-စာအုပ်ချည်း မသင်ဘဲ လိုအပ်သော အကြောင်းအရာများ သဒ္ဒါများလည်း add on သင်ကြားပေးပါတယ်.
🇩🇪 Speaking အတွက် အတန်းတွင်း breakout room များ ပြုလုပ်ပြီး လေ့ကျင့် သင်ကြားပေးတာမို့ စာသင်စဉ်ကာလအတွင်း အမြဲ လေ့ကျင့် ပြောဆိုခွင့် ရနေမှာ ဖြစ်ပါတယ်.
🇩🇪 listening အတွက် အခန်းတိုင်းမှာ listening အသံဖိုင်တွေ ပါဝင်ပါတယ်.
🇩🇪 reading စာပိုဒ်များကို လေ့လာဖတ်ရှုရာမှာ ဂျာမန်တစ်ယောက်မှ ဖတ်ဆို ရွတ်ပြထားသော အသံဖိုင်များကို နားထောင်ပြီးမှ ဖတ်မှတ် လေ့လာမှာမို့ အသံထွက်, အရေးအသား, အဓိပ္ပာယ် အားလုံးကို နားလည် နိုင်မှာ ဖြစ်ပါတယ် ရှင်.
🇩🇪 writing အတွက် အခန်း ၃ မှ စပြီး လေ့ကျင့်ခန်းစာအုပ်အတွင်း essay, letter တွေ လေ့ကျင့်ဖို့ ခေါင်းစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်.
🇩🇪 German A1.1 (Weekend)
🇩🇪 သင်တန်း အားလုံးက Common European Framework အတိုင်းရေးဆွဲထားတဲ့ သင်ရိုးတွေနဲ့ သင်ကြားပြသပေးပါတယ် ရှင်. Common European Framework အရ အက္ခရာစဉ်, အသံထွက် စသည်တို့က အခြေခံ A1.1 level ဖြစ်ပါတယ်. ဒါကြောင့် German A1.1 သင်တန်းဟာ ဂျာမန်စာ ကို လုံးဝ မသိကျွမ်းထားသူတွေ ဂျာမန်စာကို အစက စပြီး သင်ယူလိုသူတွေ တက်ရောက်သင်ကြားလို့ ရတဲ့ အတန်းဖြစ်ပါတယ်. အက္ခရာစဥ်, အသံထွက် စသည့် အခြေခံမှ စတင်ပြီး အကြောင်းအရာ အားဖြင့် မိမိကို မိမိ မိတ်ဆက်ခြင်း, အချိန် နာရီများ, ဂဏန်းများ, ရက်စွဲများ, သတင်းပတ်နေ့ရက်များ,အလုပ်ရာထူးနှင့် ဆွေမျိုးများ, အစားအသောက်များ, စားသောက်ဆိုင်တွင် အစားအသောက်မှာယူခြင်းနှင့် ငွေချေခြင်း, နေ့စဥ်ဘဝတို့ကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်. သဒ္ဒါအားဖြင့် ပုဂ္ဂလနာမ်စားများ, verb to be, verb to have, the, a, an, ပိုင်ဆိုင်မှုပြနာမ်စားများ, ပစ္စုပ္ပန်ကာလ, Modalverb, စကားဆက်များ, ဖော်ပြဝါကျ တည်ဆောက်ပုံ, အငြင်းဝါကျတည်ဆောက်ပုံ, မေးခွန်းဝါကျ တည်ဆောက်ပုံ, essay, letter များ (အခန်း ၃ မှ စပြီး).
🇩🇪 German A1.2
A1.1 လေ့လာပြီးသူများအတွက် ဖွင့်လှစ်သော အတန်းဖြစ်ပါတယ် ရှင်. အကြောင်းအရာအားဖြင့် မြို့တွင်းရှိ အဆောက်အဦးများ, လမ်းမေးခြင်း., အိမ်တွင်းရှိ ပရိဘောဂများ, အထင်ကရနေရာများ, ပြသနာများနှင့် ဖြေရှင်းချက်များ, ချိန်းဆိုမှုများ, အကြံပေးခြင်းများ, အတိတ်ကို ပြောခြင်းများ, နေမကောင်းခြင်းများ, ခန္ဓာကိုယ် အစိတ်အပိုင်းများ, အရောင်များ, ရာသီဉတုများ, ခရီးသွားခြင်း, ကမ္ဘာပေါ်ရှိ တိုက်များ, အရှေ့အနောက်တောင်မြောက်, ဟိုတယ် Booking လုပ်ခြင်းများ, မိုးလေဝသ, ပွဲတော်များ, အဝတ်အစားများ, သဒ္ဒါအားဖြင့် preposition များ, Dativ , စကားဆက်များ, အမိန့်ပေးဝါကျများ,Perfect tense, past tense (be, have), Dativ လိုက်သော verb များ, နာမ်စားများ ကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်.
🇩🇪 German A2.1(Intensive)
တစ်ပတ် ၄ ရက် လေ့လာရတဲ့ ဒီ intensive အတန်းလေးမှာတော့ အကြောင်းအရာ အားဖြင့် cyberbullying, plastic surgery, အဝတ်အစားများ, အဝတ်အစားများကို ဝယ်ယူခြင်း, personality, တိရစ္ဆာန်များ, ရုံးသုံး ပစ္စည်းများ, မြေမျက်နှာ သွင်ပြင်များ, အားလပ်ရက် အပန်းဖြေနည်းများ,
သဒ္ဒါအားဖြင့် direct- indirect, နာမဝိသေသနများ (comparative degree, superlative degree), Dativ လိုက်သော Verb များ, Dativ နှင့် Akkusativ လိုက်သော Verb များ, past tense, Konjunktiv II, မှီခိုဝါကျများနှင့် စကားဆက်များ, Passive တို့ကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ် ရှင်.
သင်တန်းပြီးဆုံးတဲ့အခါ အောင်လက်မှတ် soft copy ထုတ်ပေးပါတယ် ရှင်...