𝐁𝐫𝐢𝐠𝐡𝐭 𝐌𝐢𝐧𝐝𝐬: 𝐋𝐞𝐚𝐫𝐧 𝐟𝐨𝐫 𝐆𝐄𝐃

𝐁𝐫𝐢𝐠𝐡𝐭 𝐌𝐢𝐧𝐝𝐬: 𝐋𝐞𝐚𝐫𝐧 𝐟𝐨𝐫 𝐆𝐄𝐃

Share

Online Learning School for GED students. "Bright Minds Build A Better World".

03/09/2025

🎉 All-time Discount for GED Intensive 🎉
__________________________________________

ဟုတ်ကဲ့ပါ GED​ဖြေဆိုဖို့အတွက် ​သေချာလည်း​လေ့ကျင့်ချင်တယ်၊ Intensive Classကိုတက်​ရောက်ဖို့အတွက်လည်း ​ငွေ​ကြေးအခက်အခဲဖြစ်​နေသူများအတွက် Bright Minds'က​နေပြီး​တော့ GED Intensive Online Classကို 33% All-time discount​ပေးလိုက်ပါတယ်ခင်ဗျာ။ 💰📉

အဓိကက​တော့ Bright Minds'မှာ လက်ရှိတက်​ရောက်​နေသူ​တွေ​ရော တက်​ရောက်ဖို့အတွက်လာ​ရောက်စုံစမ်း​နေသူ​တွေ​ရောမှာ ​ငွေ​​ကြေးပိုင်းဆိုင်ရာအခက်အခဲ​လေး​တွေရှိတာကို​တွေ့ရပါတယ်။ ဒါ​ပေမယ့် အဲ့အတွက်​ကြောင့် ပညာ​ရေးမှာနစ်နာဆုံးရှုံးမှုမဖြစ်​စေချင်တဲ့အတွက် အခုလိုမျိုး သင်တန်း feesကို​ပြောင်းလဲသတ်မှတ်လိုက်ရခြင်းဖြစ်ပါတယ်။

All-time Discountဖြစ်တဲ့အတွက်​ကြောင့်မလို့ ပထမလအတွက်သာမဟုတ်ပဲ သင်တန်းပြီးဆုံးသည်အထိအကျုံးဝင်​ကြောင်း ထပ်​ဆောင်းအသိ​ပေးလိုက်ပါတယ်​ခင်ဗျာ။ ✅📅

⚠️ ခုချိန်မှာ GED Intensiveအတွက် လက်ခံနိုင်တဲ့​နေရာ (𝟱)​နေရာပဲကျန်ပါ​တော့တယ်။ ဒါ​ကြောင့်မလို့ ဒီအခွင့်အ​ရေးကို လက်လွှတ်မခံချင်ဘူးဆိုရင် အခုပဲလာ​ရောက်စာရင်း​ပေးသွင်းလိုက်​တော့​နော်။ 🏃‍♂️💨

GED Preparationနှင့် GED one on one servicesများစုံစမ်းလိုပါကလည်း 📩 Page Messengerသို့ လာခဲ့နိုင်ပါတယ်ခင်ဗျာ။ 💬

02/09/2025

📣𝐁𝐫𝐢𝐠𝐡𝐭 𝐌𝐢𝐧𝐝𝐬'မှာ 𝐎𝐧𝐞 𝐨𝐧 𝐎𝐧𝐞 𝐬𝐞𝐫𝐯𝐢𝐜𝐞 ရပါပြီ။

✅ဟုတ်ကဲ့ပါ။ ဒီနေ့မှာတော့ ‌ကျောင်းသားတွေလာရောက်အမေးများတဲ့ 𝐎𝐧𝐞 𝐨𝐧 𝐎𝐧𝐞 𝐜𝐨𝐮𝐫𝐬𝐞𝐬 လေး တွေကို အကောင်အထည်ဖော်နိုင်ပြီမလို့ အားလုံးသိရအောင် မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။

📍𝐁𝐫𝐢𝐠𝐡𝐭 𝐌𝐢𝐧𝐝𝐬'မှာ အခုဆိုရင်
✅𝐎𝐧𝐞 𝐨𝐧 𝐎𝐧𝐞 𝐜𝐨𝐮𝐫𝐬𝐞𝐬တွေကို ပုံစံအမျိုးမျိုးနဲ့ရယူနိုင်မှာဖြစ်ပြီး ကျောင်းသားရဲ့အဆင်ပြေမယ့်အချိန်ကိုညှိနှိုင်းပြီးတော့ သက်ဆိုင်ရာဘာသာရပ်ဆရာများက 𝐙𝐨𝐨𝐦မှာသင်ကြားသွားပေးမှာဖြစ်ပါတယ်။

✅သင်ကြားပြီးတဲ့အခါမှာလည်း 𝐑𝐞𝐜𝐨𝐫𝐝𝐬များကိုပေးထားမှာဖြစ်တဲ့အတွက် အချိန်မရွေးစာပြန်လေ့လာနိုင်မှာဖြစ်ပါတယ်။

⚜️𝐎𝐧𝐞 𝐨𝐧 𝐎𝐧𝐞 𝐜𝐨𝐮𝐫𝐬𝐞 တက်ရောက်မယ်ဆိုရင်-

-ကျောင်းသားပေါ်ကိုမူတည်၍ ထိရောက်မည့် 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐬𝐭𝐫𝐚𝐭𝐞𝐠𝐲ပြင်ဆင်ပေးခြင်း
-𝟐𝟒/𝟕 သက်ဆိုင်ရာဘာသာရပ်ပေါ်မှာ 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠ပေးခြင်း
-ကျောင်းသား၏တောင်းဆိုချက်ပေါ်ကို မူတည်၍ အခြေခံမှအစ စာမေးပွဲဖြေဆိုပြီးသည့်အဆုံး တာဝန်ယူပေးခြင်း
-အချိန် 𝐟𝐢𝐱𝐞𝐝မဟုတ်ပဲ ကျောင်းသားနှင့် ဆရာနှစ်ယောက်စလုံး အဆင်ပြေမည့်အချိန်ကို ညှိယူနိုင်ခြင်း စသည့်အားသာချက်များရရှိမှာဖြစ်ပါတယ်။

💯💯အထူးသဖြင့် စာကို တယောက်တည်း သေချာအာရုံစိုက်လေ့လာချင်သူများအတွက်သင့်တော်မှာပါ။

ယခုလက်ရှိစတင်နေပြီဖြစ်တဲ့ 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧နဲ့ 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞အတန်းများမှာလည်း 𝐉𝐨𝐢𝐧လို့ရသေးတာမလို့

📥📥𝐁𝐫𝐢𝐠𝐡𝐭 𝐌𝐢𝐧𝐝𝐬'မှာ 𝐆𝐄𝐃သင်ယူဖို့ စိတ်ပါဝင်စားတယ်ဆိုရင် 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫မှာအချိန်မရွေး လာရောက် စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

27/08/2025

⚜️Announcement⚜️
______________________

Hello! နည်းနည်း​နောက်ကျသွားလို့​တောင်းပန်ပါတယ်ခင်ဗျာ။

Commentမှာ ကျွန်​တော်တို့သတ်မှတ်ထားတဲ့Rulesနဲ့ညီတဲ့သူ​တွေအားလုံးရဲနာမည်ကို Listထုတ်ပြီး Namepicker Wheelထဲထည့်ပြီးတဲ့အခါ....ဒီ​နေ့​မှာ​တော့ Bright Minds' GED Full Scholarshipကိုရရှိသူတဦး​ပေါ်ထွက်လာပြီပဲဖြစ်ပါတယ်​နော်။

Bright Minds' GED Full Scholarship Winner
⚜️Ei Ei Thein⚜️

Congratulationsပါခင်ဗျာ။ Scholarshipရရှိသူအ​နေနဲ့ အခုပဲ Bright Mindsရဲ့ Messenger Chat Boxမှာ တက်​ရောက်လိုတဲ့အတန်းကို​ပြောပြီး စာရင်း​ပေးသွင်းလို့ရပါပြီ​နော်။

Scholarshipမရရှိလိုက်တဲ့သူ​တွေအ​နေနဲ့လည်း အတန်းတက်​ရောက်လိုပါက လာ​ရောက်စာရင်း​ပေးသွင်းနိုင်ပါ​သေးတယ်​ခင်ဗျာ။ August 31stမှာ အတန်းစမှာဖြစ်တဲ့အတွက် အမြန်ဆုံးလာခဲ့လိုက်​တော့​နော်။

"Bright Minds Build A Better World."

26/08/2025

Time's up❗️❗️❗️
__________________

ကဲ အခုဆိုရင် Bright Mindsရဲ့ GED Full Scholarshipက (၄၈)နာရီပြည့်ပြီဖြစ်တဲ့အတွက် အခွင့်အ​ရေးရယူနိုင်တဲ့ကာလကုန်ဆုံးသွားပြီဖြစ်ပါတယ်​နော်။

အခုကစပြီး ထပ်ဝင်လာတဲ့commentအသစ်​​တွေကို​တော့ Wheelလှည့်မယ့်ထဲထည့်တွက်မှာမဟုတ်​တော့ပါဘူး။ လက်ရှိ ကျွန်​တော်တို့သတ်မှတ်ထားတဲ့ Rulesနဲ့အညီ Comment​ပေးထားတဲ့သူ​တွေကို စာရင်းပြုစုပြီး မနက်ဖြန်မှာ Scholarshipအခွင့်အ​ရေးရရှိတဲသူကို ​ကြေညာ​ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

အားလုံး အားတက်သ​ရောပါဝင်​ပေးကြတဲ့အတွက် ​ကျေးဇူးတင်ပါတယ်။ Scholarshipမဟုတ်ပဲ GEDတက်​ရောက်ဖို့အတွက် စိတ်ပါဝင်စားသူ​တွေလည်း Page Messengerမှာလာ​ရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Wish you all the bestပါ💖

25/08/2025

Intensiveမှာ ဘာ​တွေ​လေ့ကျင့်ရမှာလဲ။
________________________________

GED 4 subjectsစလုံးကို အ​ခြေခံက​နေစလို့​သေချာပိုင်နိုင်သွားပြီဖြစ်တဲ့သူ​တွေအ​နေနဲ့ စာ​မေးပွဲ​ဖြေဆိုဖို့ပဲလိုပါ​တော့တယ်။ ဒါ​ပေမယ့် စာ​မေးပွဲ​ဖြေဆိုတဲ့အခါမှာ ​မေးခွန်းပုံစံကို​သေချာနားလည်ပြီး အမှတ်​ကောင်း​ကောင်း​လေးရ​အောင်​ဖြေဆိုနိုင်ဖို့အ​ရေးကြီးပါတယ်။

Bright Mindsရဲ့ GED Intensive Classမှာ​တော့ ​ကျောင်းသား​တွေကို စာ​​မေးပွဲ​ဖြေဆိုဖို့အတွက်

✴️Stress handleလုပ်နည်း
✴️အထိရောက်ဆုံး​ဖြေဆိုနည်း
✴️အချိန်ကိုအသုံးပြုနည်း
✴️စာ​မေးပွဲမ​ဖြေဆိုခင်သိဖို့လိုအပ်တဲ့အချက်များနှင့်
✴️4 subjects drill testများအား မျှ​ဝေ​လေ့ကျင့်​ပေးသွားမှာဖြစ်ပါတယ်​နော်။

အချိန်အားဖြင့်ဆိုလျှင်လည်း (၃)လဖြစ်တာ​ကြောင့်မလို့ ကိုယ်သိပြီးသားစာ​တွေကိုမွန်းမံဖို့လုံ​လောက်ပါတယ်ခင်ဗျာ။

Intensive Class Batch-(2)အတွက်က​တော့ ခုံ​နေရာပြည့်လုနီးပါးဖြစ်​နေပါပြီ။ ဒါ​ကြောင့်မလို့ Bright Mindsနဲ့တူတူ GEDရဲ့​နောက်ဆုံး​ခြေတလှမ်းကိုလှမ်းချင်တယ်ဆိုရင် အခုပဲစာရင်းလာ​ရောက်​ပေးသွင်းနိုင်ပါပြီ​နော်။

Page Messengerမှာလည်း အ​သေးစိတ်လာ​ရောက်​ဆွေး​နွေးနိုင်ပါတယ်။

Bright Minds' GED Full Scholarshipအ​ကြောင်းသိရှိလိုပါက-
https://www.facebook.com/share/p/1BRwdhsbgQ/

25/08/2025

🎂Happy Birthday to our dearest student BK Lay from GED Preparation+ Foundation-Batch(1)🎉🎉🎉

We wish you all the best💖

25/08/2025

Preparation+ Foundation Classမှာ ဘာ​တွေသင်ကြားရမှာလဲ။
_________________________________________

GEDဆိုတာ စတင်​လေ့လာမယ့်​ကျောင်းသား​တွေအတွက် အစိမ်းသက်သက်ဖြစ်​နေမယ့်အပြင် မရင်းနှီးတဲ့ဘာသာ​တွေ၊ Englishကိုပဲ အဓိကအ​ခြေခံထားတာ​တွေ​ကြောင့်မလို့ ပထမဆုံး​ခြေလှမ်းကိုလှမ်းရခက်​ကောင်းခက်​နေပါလိမ့်မယ်။

အဲ့အတွက်​ကြောင့်ပဲ Preparationအပြင် Foundationကိုပိုင်နိုင်​အောင်​သင်ပြပေးဖို့အတွက် Bright Mindsမှ ဆရာများကစီစဥ်ထားခြင်းဖြစ်ပါတယ်။

Preparation + Foundation Classမှာဆိုရင် Subject(၄)ခုလုံးကို တပတ်ကို(၂)ကြိမ်စီသင်ကြားရမှာဖြစ်ပါတယ်။ သင်ရိုးက​တော့ အ​ခြေခံစ​လေ့လာမယ့်​ကျောင်းသား​တွေအတွက် အ​သင့်​တော်ဆုံးဖြစ်တဲ့ McGraw Hills Pre-GEDဖြစ်ပြီး ​မေးခွန်း​လေ့ကျင့်ဖို့အတွက် Workbooks​တွေပါ အသုံးပြုမှာဖြစ်ပါတယ်။ အဲ့တာအပြင်ကိုမှ တခြား​သော Mock Test, Quizzesနဲ့ Flashcard​တွေလည်းဖြည့်စွက်​ထား​ပေးပါတယ်ခင်ဗျာ။

အ​​သေးစိတ်သိရှိလိုပါက-
https://www.facebook.com/share/p/1CVSvP9VuB/

အ​​​ခြေခံကို​ကောင်းစွာသိရှိနိုင်ဖို့အတွက် ဦးတည်ချက်ထားတာဖြစ်တဲ့အတွက် အချိန်ကိုလည်း (၅)လအတိုင်းအတာဖြင့် လုံ​လောက်စွာယူထားပါတယ်။

ဒါ​ကြောင့်မလို့ GEDကို အမှန်တကယ်​အောက်​ခြေကစလို့ တတ်​မြောက်ချင်သူ​တွေ ယခုလကုန်မှာဖွင့်လှစ်မယ့် GED Preparation+ Foundation Classမှာ စာရင်းလာ​ပေးသွင်းဖို့အတွက် ဖိတ်​ခေါ်လိုက်ပါရ​စေခင်ဗျာ။

အ​သေးစိတ်သိရှိလိုပါက Page Messengerမှာလာ​ရောက်စုံစမ်းနိုင်ပါတယ်​နော်။

Bright Minds' GED Full Scholarshipအ​ကြောင်းသိရှိလိုပါက-
https://www.facebook.com/share/p/1BRwdhsbgQ/

24/08/2025

⚜️Bright Minds' GED Full Scholarship Opportunity
______________________________________________

Hello everyone! August 31ကျရင်စတင်ဖွင့်လှစ်​တော့မှာဖြစ်တဲ့ GED Online Class အတန်း(၂)တန်းမှာတက်​ရောက်လိုတဲ့​ကျောင်းသားများအတွက် Scholarshipအခွင့်အ​ရေးတခုနဲ့မိတ်ဆက်​ပေးချင်ပါတယ်ခင်ဗျာ။

📍ဒီအခွင့်အ​ရေးကိုအရယူနိုင်ဖို့ဆိုရင်
✅ယခု ဒီ Postကို RCS( React, Comment, Share)ပြုလုပ်ရမှာဖြစ်ပြီး

🔰မိမိရဲ့ Wallမှာ Publicနဲ့ Shareထားတဲ့ Screenshot​​လေးကို ဒီ Postရဲ့​အောက်မှာပဲ Commentပြန်​ပေးထားရုံပါ​ပဲနော်။

🔰Durationအားဖြင့် (၄၈)နာရီကြာမြင့်မှာဖြစ်ပြီး အချိန်ပြည့်တဲ့အခါကျရင် Wheelလှည့်ကာ Comment​ပေးထားတဲ့သူ​တွေထဲက တ​ယောက်ကို​ရွေးချယ်မှာဖြစ်ပါတယ်။

Scholarshipရရှိတဲ့​ကျောင်းသားက​တော့ GED Preparation+ Foundationပဲဖြစ်​စေ၊ Intensiveပဲဖြစ်​စေ

💯💯ကိုယ်တက်​ရောက်လိုတဲ့အတန်းကို Registration​ပေးရုံနဲ့ အခမဲ့တက်​ရောက်နိုင်မှာဖြစ်ပါတယ်​​ခင်ဗျာ။

ကဲ! အဆင်သင့်ဖြစ်ရင် စလို့ရပါပြီခင်ဗျာ။ ဒီလို GED Online Class အခမဲ့တက်​ရောက်နိုင်မယ့် အခွင့်အ​ရေးကို ​နောက်(၂၄)နာရီအတွင်းဘယ်သူရရှိသွားမလဲ❓️

Scholarshipအတွက်မဟုတ်ပဲ အတန်းကိစ္စများစုံစမ်းလိုပါက Page Messengerကို အချိန်မ​ရွေးလာခဲ့နိုင်ပါတယ်ခင်ဗျာ။

📍ရုံးချိန်လွတ် GED Online Classများအ​ကြောင်းစုံစမ်းလိုပါက-
https://www.facebook.com/share/p/19YPqFkMSw/

22/08/2025

Announcement!
_________________

Bright Mindsက​နေပြီး​တော့ဖွင့်လှစ်မယ့် GED Intensive (Batch-2) နဲ့ GED Preparation+ Foundation (Batch-2) Online Classတို့အတွက် Starting Date​လေး​တွေဟာ August 31ဖြစ်​ကြောင်း ပြန်လည် Confirmချင်ပါတယ်ခင်ဗျာ။

Preparation+ Foundationအတန်းအတွက် ​ကျောင်းသားဦး​ရေ (၁၀​)ယောက်အထိလက်ခံမှာဖြစ်ပြီး Intensiveအတွက်က​တော့ လူဦး​ရေအကန့်အသတ်ရှိပါတယ်​နော်။

နှစ်တန်းစလုံးကလည်း ရုံးချိန်လွတ် ညပိုင်း Online Class​တွေဖြစ်တာမလို့ Night-time Studyလုပ်ချင်သူ​တွေအတွက် အရမ်းသင့်​တော်မှာပါ။ အခုဆိုရင် ​နေရာ​တွေလည်းလွတ်​သေးတာမို့ အမြန်ဆုံးစာရင်းလာ​ပေးသွင်းလို့ရပါပြီခင်ဗျာ။

📍ရုံးချိန်လွတ် GED Online Classများအ​ကြောင်းစုံစမ်းလိုပါက-
https://www.facebook.com/share/p/19YPqFkMSw/

21/08/2025

အသက်ရှင်ခြင်းနှင့် ရှင်သန်ခြင်း
__________________________

ဒီ​ဝေါဟာရနှစ်ခုရဲ့အဓိပ္ပါယ်ဟာ တူမလိုနဲ့ကွဲပြားပါတယ်။ ကျွန်​တော်တို့ကမ္ဘာ​ပေါ်မှာ သက်ရှိလူသား​တွေအများကြီးပါ၊ ဒါ​ပေမယ့် သူတို့ရှင်သန်​နေကြရဲ့လား။ အသက်ရှူ​နေရုံ၊ ဗိုက်ဝ​နေရုံ၊ လှုပ်ရှား​နေရုံနဲ့ ရှင်သန်​နေပါတယ်လို့​ပြောဖို့ခက်ပါတယ်။

ကျွန်​တော်တို့မှာ လူရယ်လို့ဖြစ်လာကတည်းက သတ်မှတ်ထားပြီးသားစံနှုန်း​တွေ၊ တည်​ဆောက်ပြီးသားစနစ်​တွေ​အောက်မှာပဲကြီးလာကြပါတယ်။ ​နေ့စဥ် အသက်ရှူပို​ချောင်တဲ့တ​နေရာကို​ရောက်ဖို့အတွက်ပဲကြိုးစား​နေကြရတယ်။ အဲ့လိုနဲ့ပဲ ကျွန်​တော်တို့ရဲ့ဘဝသက်တမ်း​တွေကုန်မှန်းမသိ ကုန်ဆုံးလာကြပါတယ်။

Aristotleက​တော့ လူ​တွေအားလုံးရဲ့​နောက်ဆုံးရည်မှန်းချက်က ​"​ပျော်ရွှင်မှု"ပါပဲတဲ့။ ကျွန်​တော်တို့ ​ပျော်​နေကြရဲ့လား။

ကျွန်​တော်တို့ရဲ့ ​နေ့စဥ်ဘဝ​တွေမှာ ဘာမဟုတ်တဲ့ပြဿနာ​သေး​သေး​လေး​တွေအတွက် စိုးရိမ်​ကြောင့်ကြမှု​တွေများ​နေရပြီး ကိုယ့်ဘဝအတွက်တကယ်အ​ရေးပါတဲ့ အိမ်မက်၊ စိတ်အားထက်သန်ရာ​နေရာ၊ ချစ်ခင်ရင်းနှီးရသူ​​တွေ အတွက်အချိန်​ပေးဖို့​မေ့​လျော့​နေကြတယ်။

ကိုယ့်အတွက် တကယ်အ​ရေးပါတဲ့အရာ​တွေ​ပေါ်မှာ​ကြိုးစားအားထုတ်ပြီး ဘာမဟုတ်တဲ့အရာ​တွေ​ပေါ်မှာပူပန်​သောက​ရောက်​နေကြတာကိုရပ်တန့်ဖို့ Senecaက သူ့ရဲ့ Essayဖြစ်တဲ့ "On the Shortness of Life"မှာ​​ပြောခဲ့ဖူးတာရှိပါတယ်။

"ကိုယ်​ကြောက်တဲ့အရာ​တွေအတွက် ​သေလူလို​နေပြီး ကိုယ်တပ်မက်တဲ့အရာ​တွေအတွက် မ​သေဆုံးနိုင်​တော့တဲ့လူလို​နေ​နေကြတယ်။ ကိုယ့်ကိုအမှတ််မရမယ့်အရာ​အတွက် အချိန်ကုန်မခံပါနဲ့၊ အခုကစပြီး ​နေ့ရက်တိုင်းကို ဘဝတခုလိုမှတ်ပြီးရှင်သန်ပါ။"

အသက်ရှင်​နေရုံမဟုတ်ပဲ ဘဝမှာတကယ်ရှင်သန်ကြည့်ဖို့လိုပါတယ်။ ကိုယ့်ကို ဘယ်အရာ​တွေကရှင်သန်​​​စေလဲဆိုတာ သိကြပြီလား။

Painting- "As the Old Sing, So Pipe the Young," by Jan Steen

📍ရုံးချိန်လွတ် GED Online Classများအ​ကြောင်းစုံစမ်းလိုပါက-
https://www.facebook.com/share/p/19YPqFkMSw/

20/08/2025

ကျွန်​တော်တို့တကယ်သင်ယူ​နေရဲ့လား။
_______________________________

​စိတ်ကိုရှင်းလင်း​အောင်ထားပြီး ကျွန်​တော်​မေးတဲ့​မေးခွန်း​ပေါ်မှာ​ ​သေချာပြန်စဥ်းစားကြည့်ပါ။ သင်ယူခြင်းဆိုတဲ့အရာကို စာဖတ်သူတို့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြသလဲ။ သင်ယူခြင်းဆိုတာ လူ့အဖွဲ့အစည်းမှာနည်းနည်း​လေး​နေလို့ထိုင်လို့​ကောင်းတဲ့​နေရာကို​တက်လှမ်းဖို့အတွက်​လှေကားထစ်တခုလား (ဒါမှမဟုတ်) ပို​ကောင်းတဲ့လူသား​တွေဖြစ်လာဖို့အတွက်ကိရိယာတခုလား။

တကယ်​တော့ သင်ယူခြင်းဆိုတာ ​အောင်လက်မှတ်တခု၊ Certificateတစုံရဖို့ထက်​တော့ပိုတယ်မလား။ ကျွန်​တော်တို့ရဲ့ငယ်ရွယ်တဲ့အချိန်​တွေမှာ အများစုဟာ သင်ယူခြင်းထက် မှတ်သားခြင်းကိုသာပြုလုပ်ခဲ့ကြပါတယ်။ အလွတ်ကျက်တယ်၊ အလွတ်​ဖြေတယ်၊ အလွတ်​ရေးတယ်...ကျွန်​တော်တို့သင်ယူခဲ့တဲ့အရာ​တွေ​ကို လက်​တွေ့ဘဝမှာဘယ်​နေရာမှာများအသုံးချနိုင်ခဲ့သလဲ။

Philosopher A.C Graylingဟာ "သင်ယူနိုင်စွမ်းနှင့်သင်ယူထားသည့်ပညာကို ပြန်လည်အသုံးချနိုင်စွမ်းတို့သည် လူ့အဖွဲ့အစည်းနှင့် လူတ​ယောက်စီတိုင်း၏​ကောင်းကျိုးအတွက်အ​ရေးပါသည်"ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။

သင်ယူခြင်းရဲ့​နောက်မှာ တတ်​မြောက်ခြင်း၊ တတ်​မြောက်ခြင်းရဲ့​နောက်မှာ ပြန်လည်အသုံးချခြင်းဆိုတာရှိရပါမယ်။ ​နောက်ထပ်အ​ရေးကြီးဆုံးတခုက​တော့ ​ဆွေး​​နွေးဖလှယ်ခြင်းပါပဲ။ ကျွန်​တော်တို့ဟာ စာသင်ခန်းထဲမှာ ဆရာ​ပြောသမျှကို ပုတ်သင်ညိုတ​ကောင်လို​ခေါင်းညိတ်ပြရမှာမဟုတ်ပါဘူး။ ကျွန်​တော်တို့ဟာ ​မေးခွန်းပြန်ထုတ်ရပါမယ်၊ သင်ထားတဲ့အ​ကြောင်းအရာ​တွေကို အချင်းချင်းပြန်လည်​ဆွေး​နွေးရပါမယ်။ ဒါ ​ကျောင်းသားတ​ယောက်ကအမြဲလုပ်သင့်တဲ့အရာပါ။ ကျွန်​တော်တို့ရဲ့ပညာ​ရေး Cultureမှာ​တော့ စာ​မေးတဲ့သူ​တွေက စာကြမ်းပိုးလို့အ​ခေါ်ခံရပါတယ်။ဒါဟာ နှာ​ခေါင်းရှုံ့စရာမဟုတ်ပါဘူး။

A.C Graylingက​တော့ ထိုအဆင့်ကို "Activation"လို့သုံးနှုန်းထားတာကို​တွေ့ရပြီး သူ့ရဲ့​ပြောကြားချက်အရ သင်ခန်းစာတခုပြီး​မြောက်ခြင်း၊ စာအုပ်တအုပ်ဖတ်ပြီးခြင်းဆိုတာ အလုပ်တဝက်ပဲပြီးတာဖြစ်ပါတယ်။ ကျန်ရှိတဲ့တဝက်မှာ​တော့ တခြားသူ​တွေနဲ့ ​ထိုအ​ကြောင်းအရာ​ပေါ်မှာ ​ဆွေး​နွေးဖလှယ်ခြင်း၊ ငြင်းခုန်ခြင်း၊ စိန်​ခေါ်ခြင်းများပြုလုပ်သင့်တယ်လို့ဆိုထားပါတယ်။ ကျွန်​တော်တို့ဘဝရဲ့သင်ယူမှု​တွေမှာ ​နေ့စဥ် "Activation"လိုအပ်ပါတယ်။

​ရှေးခတ်ဂရိတုန်းက ​ကျောင်းဆိုတာ ယခု​ခေတ်​ကျောင်းနဲ့ အ​တော်ကိုကွဲပြားပါတယ်။ ထို​ခေတ်ကာလက ​ကျောင်းဆိုတာ အ​တွေ့အကြုံ​တွေကိုလွတ်လပ်စွာ​ဆွေး​နွေးဖလှယ်ကြတဲ့​နေရာဖြစ်ခဲ့ပါတယ်။ စာ​မေးပွဲ​အောင်ခြင်းကျခြင်းဆိုတာမရှိပဲ ပညာဆိုတာကို အချင်းချင်းလဲလှယ်ယူခဲ့ကြတယ်။

Graylingက​ အသိဥာဏ်ပညာဗဟုသုတကိုတိုးပွား​စေမယ့်စကားဝိုင်း​တွေလည်း ထပ်တူထပ်မျှအ​ရေးကြီး​နေတဲ့အချိန်မှာ ယခု​ခေတ်ပညာ​ရေးစနစ်က​​တော့ အောင်လက်မှတ်ကိုပဲ အသည်းအသန်ဖြစ်​နေကြတယ်လို့ ဆိုပါတယ်။ ကျွန်​တော်တို့လည်း ငယ်ငယ်တုန်းက လူကြီးသူမ​တွေစကားဝိုင်းနား သွားနား​ထောင်ရင်း အသိပညာဗဟုသုတ​တွေအများကြီးရဖူးခဲ့ကြတဲ့အ​တွေ့အကြုံ​​တွေ ရှိကြမယ်ထင်ပါရဲ့။

ဒါ​ကြောင့်မလို့ သင်ယူခြင်း​ပေါ်မှာ စာရွက်တရွက်​လေးရဖို့ထက်ပိုပြီး စိတ်ပါဝင်စား​မှုရှိဖို့ကြိုးစားကြည့်နိုင်ပါတယ်လို့ပဲ တိုက်တွန်းချင်ပါတယ်။ ရဲဝင့်စွာ ​မေးခွန်းထုတ်နိုင်ကြပါ​စေခင်ဗျာ။

စာဖတ်သူ​တွေကိုယ်တိုင်လည်း ဆွေး​​နွေးဖလှယ်ချင်တာရှိရင် Comment​ပေးသွားနိုင်ပါတယ်​​​နော်။

GED Online Classများအ​ကြောင်းစုံစမ်းလိုပါက-
https://www.facebook.com/share/p/19YPqFkMSw/

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon