I.B.B Japanese Language Training Center

I.B.B Japanese Language Training Center အနာဂတ်အိမ်မက်သစ်ကိုအကောင်ထည်ဖော်ရန် I.B.B

🇯🇵 ဂျပန်နိုင်ငံမှာ ပညာသင်ချင်လား? အလုပ်လုပ်ချင်လား?အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဂျပန်စာက ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။I.B.B...
14/07/2026

🇯🇵 ဂျပန်နိုင်ငံမှာ ပညာသင်ချင်လား? အလုပ်လုပ်ချင်လား?
အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဂျပန်စာက ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။

I.B.B JLTC မှာတော့ အခြေခံမရှိတဲ့သူကနေ စတင်ပြီး JLPT N5 + N4 Level အထိ နားလည်လွယ်အောင် သင်ကြားပေးနေပါတယ်💯

📚 သင်ကြားပေးမယ့်ပုံစံ
✅ အခြေခံ Hiragana / Katakana ကစပြီး စနစ်တကျသင်ကြားပေးခြင်း
✅ Kanji, Vocabulary, Grammar များကို လွယ်ကူနားလည်အောင် ဥပမာများဖြင့် ရှင်းပြပေးခြင်း
✅ Listening, Speaking, Reading, Writing ကို မျှတစွာ လေ့ကျင့်ပေးခြင်း
✅ အတန်းတိုင်း Quiz နှင့် Revision များပြုလုပ်ပေးခြင်း
✅ JLPT မေးခွန်းပုံစံများဖြင့် လေ့ကျင့်ပေးခြင်း
✅ စာမရမှာကြောက်စရာမလိုဘဲ မေးမြန်းနိုင်တဲ့ သင်ကြားရေးပုံစံ

💯 အလုပ်နဲ့ပဲသွားမလား၊ကျောင်းနဲ့ပဲသွားမလား ဂျပန်နိုင်ငံသို့သွားချင်သူများအတွက် ကိုယ်ပိုင်အေဂျင်စီဖြင့် ချိတ်ဆက်ပေးခြင်း💯

‼️ဂျပန်အလုပ်ခေါ်စာများဆက်တိုက်ဝင်ရောက်‌လျက်ရှိပါသောကြောင့် ဂျပန်စာလည်းရ၊ အလုပ်လည်းရနိုင်မည့် အခွင့်ရေးလည်းဖြစ်ပါတယ်‼️

🎌N5 + N4 Package🎌
💰 သင်တန်းကြေး - 450,000 Ks
📆 စတင်မည့်ရက် - 11.8.2026 (Tuesday)
🗓️ သင်တန်းရက် - Tue, Wed, Fri, Sat, Sun
🕒 သင်တန်းချိန် - 2:45 PM ~ 4:45 PM
⏳ သင်တန်းကာလ - 6 Months
📚 ဖတ်စာအုပ် - အခမဲ့

🎌Tokutei Kaigo🎌
ဂျပန်နိုင်ငံမှာ Kaigo အလုပ်လုပ်ဖို့ ရည်ရွယ်ထားသူများအတွက် အထူးဖွင့်လှစ်ထားတဲ့ သင်တန်းလေးဖြစ်ပါတယ်

✨ သင်ကြားပေးမည့်အကြောင်းအရာများ
✅ Kaigo Vocabulary
✅ Kaigo အသုံးအနှုန်းများ
✅ အလုပ်ခွင်စကားပြောပုံစံ
✅ Kaigo စာမေးပွဲအတွက် လေ့ကျင့်ပေးခြင်း
✅ အတွေ့အကြုံရှိ ဆရာ/ဆရာမများမှ သေချာလေ့ကျင့်ပေးခြင်း

✨ Tokutei kaigo ✨
🗓️ သင်တန်းစမည့်နေ့ – 17.7.2026 (Friday)
📆 သင်တန်းရက် – Tue, Wed, Fri, Sat, Sun
🕑 အချိန် – 2:45 PM – 4:45 PM
⏳ သင်တန်းကာလ – 1 Month
💰 သင်တန်းကြေး – 80,000 Ks

📞 အသေးစိတ်စုံစမ်းရန်
☎️ 09777007941 ဆက်သွယ်နိုင်ပါသည်။
🏡Address
No.(444), Room (G), Corner of Bo Mhu Ba Htoo & Bo Min Young Road,
North Dagon Township, Yangon.

🚏 ကျောင်းကွေ့မှတ်တိုင်၊ မြောက်ဒဂုံ
2, 28, 10, 15, 27, 108, 13 ကားများ ရောက်ရှိပါသည်။

ရုံးပိတ်ရက် - တနင်္လာနေ့တစ်ဝက်နှင့် ကြာသပတေးနေ့
📍 လူဦးရေကန့်သတ်ထားသောကြောင့်
အမြန်ဆုံး Register လုပ်ထားဖို့ အကြံပြုပါတယ် 📚🇯🇵

#ဂျပန်စကားလေ့လာကြမယ်

ဒီနေ့စဖွင့်တဲ့ N3 အတန်းမှ ဗီတာ‌မင်လေးများ❤️
14/07/2026

ဒီနေ့စဖွင့်တဲ့ N3 အတန်းမှ ဗီတာ‌မင်လေးများ❤️

14/07/2026

🎌story လေးတစ်ပုဒ်နဲ့ဂျပန်စာကို အတူတူလေ့လာကြမယ်❤️

🎌 ဒီနေ့တော့ kaiwa လေးတိုးတက်အောင် Grammar လေးတစ်ခုနဲ့ စာကြောင်းလေးတွေကို‌ဂျပန်လိုပြောကြည့်ကြမယ်💪✨
12/07/2026

🎌 ဒီနေ့တော့ kaiwa လေးတိုးတက်အောင် Grammar လေးတစ်ခုနဲ့
စာကြောင်းလေးတွေကို‌ဂျပန်လိုပြောကြည့်ကြမယ်💪✨

11/07/2026

先生 အသည်းကွဲနေချိန်လာမေးသောအခါ...🥹

စာရနေရင်တော့လွယ်ပါတယ်နော်...

📚 Kanji လေ့လာမယ်ဆိုရင် Radical ကိုသိထားဖို့ အရေးကြီးပါတယ်‼️ဒီနေ့တော့ 口 (くち) Radical ပါတဲ့  N5 • N4 • N3 Kanji လေးတွေကို ...
10/07/2026

📚 Kanji လေ့လာမယ်ဆိုရင် Radical ကိုသိထားဖို့ အရေးကြီးပါတယ်‼️

ဒီနေ့တော့ 口 (くち) Radical ပါတဲ့ N5 • N4 • N3 Kanji လေးတွေကို လေ့လာကြရအောင် 📖

07/07/2026

ゆっくり はなしてください。

#ဂျပန်စကားလေ့လာကြမယ်

🇯🇵 ဂျပန်အင်တာဗျူးမှာ အောင်မြင်ချင်ရင် ဒီအချက် (၇) ချက်ကို မဖြစ်မနေ သိထားပါ!ဂျပန်အင်တာဗျူးမှာ ဂျပန်စာတော်ရုံတင် မလုံလောက်...
07/07/2026

🇯🇵 ဂျပန်အင်တာဗျူးမှာ အောင်မြင်ချင်ရင် ဒီအချက် (၇) ချက်ကို မဖြစ်မနေ သိထားပါ!

ဂျပန်အင်တာဗျူးမှာ ဂျပန်စာတော်ရုံတင် မလုံလောက်ပါဘူး။ Interviewer တွေက သင့်ရဲ့ ယဉ်ကျေးမှု၊ အချိန်လေးစားမှု၊ စကားပြောပုံ၊ ကိုယ်ဟန်အနေအထားနဲ့ စိတ်နေစိတ်ထား ကိုပါ အကဲဖြတ်ကြပါတယ်။

① အချိန်လေးစားမှု (時間厳守)
⏰ ဂျပန်နိုင်ငံမှာ အချိန်တိကျမှုက ယုံကြည်စိတ်ချရမှုကို ဖော်ပြတဲ့ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါ။
✅ အင်တာဗျူးမစခင် ၁၀–၁၅ မိနစ် ကြိုရောက်ပါ။
✅ နောက်ကျနိုင်ရင် ချက်ချင်း အကြောင်းကြားပါ။
❌ အကြောင်းမကြားဘဲ နောက်ကျတာက တာဝန်မယူတတ်တဲ့သူလို့ မြင်နိုင်ပါတယ်။

② ဝတ်စားဆင်ယင်မှု
👔 ပထမဆုံးအမြင်က အရမ်းအရေးကြီးပါတယ်။
✅ သန့်ရှင်းပြီး ရိုးရိုးရှင်းရှင်း ဝတ်ဆင်ပါ။
✅ ဆံပင်ကို သပ်သပ်ရပ်ရပ်ထားပါ။
✅ ဖိနပ်ကို သန့်ရှင်းစွာ စီးပါ။
❌ Accessories များတာ၊ အမွှေးနံ့ပြင်းတာ၊ လက်သည်းရှည်တာတွေကို ရှောင်ပါ။

③ အခန်းထဲဝင်တဲ့ ယဉ်ကျေးမှု
🚪 အခန်းထဲဝင်တဲ့အချိန်ကစပြီး အမှတ်ပေးနေပြီဆိုတာ မမေ့ပါနဲ့။
✅ တံခါးကို ၃ ချက်ခေါက်ပါ။
✅ 失礼します。လို့ ပြောပြီး ဝင်ပါ။
✅ ထိုင်ခိုင်းမှ ထိုင်ပါ။
✅ ထိုင်တဲ့အခါ ကိုယ်ကို ဖြောင့်ဖြောင့်ထားပြီး ယဉ်ကျေးစွာ ထိုင်ပါ။

④ 自己紹介 (ကိုယ့်ကိုယ်ကို မိတ်ဆက်ခြင်း)
🗣️ Interview မှာ အရေးကြီးဆုံးအပိုင်းတစ်ခုပါ။
အောက်ပါအချက်တွေကို ၁ မိနစ်အတွင်း ရှင်းရှင်းလင်းလင်း ပြောနိုင်အောင် လေ့ကျင့်ထားပါ။
✔️ နာမည်
✔️ အသက်
✔️ ပညာအရည်အချင်း
✔️ ဂျပန်စာအဆင့်
✔️ ဂျပန်သွားလိုတဲ့ ရည်ရွယ်ချက်

⑤ မေးလေ့ရှိတဲ့ မေးခွန်းများ
・なぜ日本へ行きたいですか。
(ဘာကြောင့် ဂျပန်ကို သွားချင်တာလဲ။)
・日本で何を勉強したいですか。
(ဂျပန်မှာ ဘာကို သင်ချင်တာလဲ။)
・あなたの長所は何ですか。
(သင့်ရဲ့ အားသာချက်က ဘာလဲ။)
・将来の夢は何ですか。
(အနာဂတ် ရည်မှန်းချက်က ဘာလဲ။)
💡 အလွတ်ကျက်ပြီး ဖြေတာထက် ကိုယ့်အတွေ့အကြုံနဲ့ ကိုက်ညီအောင် သဘာဝကျကျ ဖြေတာက ပိုကောင်းပါတယ်။

⑥ စကားပြောတဲ့ပုံစံ
✅ အသံရှင်းရှင်းနဲ့ ယုံကြည်မှုရှိရှိ ပြောပါ။
✅ မျက်လုံးချင်းဆုံပြီး ပြောပါ။
✅ အပြုံးလေးနဲ့ ယဉ်ကျေးစွာ ဖြေပါ။
✅ မေးခွန်းကို အဆုံးထိ နားထောင်ပြီးမှ ဖြေပါ။
✅ မသိတာကို မသေချာဘဲ မဖြေပါနဲ့။

⑦ အင်တာဗျူးပြီးတဲ့အခါ
🙇‍♂️ အဆုံးသတ်ကလည်း အရေးကြီးပါတယ်။
本日はありがとうございました。
(ဒီနေ့ အင်တာဗျူးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။)
လို့ ပြောပြီး ဦးညွှတ်ကာ ယဉ်ကျေးစွာ နှုတ်ဆက်ပါ။

🌸 နောက်ဆုံးအကြံပြုချက်
ဂျပန်အင်တာဗျူးမှာ သူတို့လိုချင်တာက ဂျပန်စာတော်တဲ့သူတစ်ယောက်တည်း မဟုတ်ပါဘူး။
✅ အချိန်လေးစားတဲ့သူ
✅ သင်ယူလိုစိတ်ရှိတဲ့သူ
✅ ယဉ်ကျေးတဲ့သူ
✅ တာဝန်ယူစိတ်ရှိတဲ့သူ
✅ ရိုးသားတဲ့သူ

ဒီအချက်တွေကို ပြသနိုင်မယ်ဆိုရင် ဂျပန်အင်တာဗျူးတွေမှာ အောင်မြင်နိုင်တဲ့ အခွင့်အရေးက ပိုပြီး မြင့်မားလာမှာပါ။ 🇯🇵✨

#ဂျပန်စကားလေ့လာကြမယ်

06/07/2026

April 2027 အတွက် ဂျပန်မှာကျောင်းတက်ချင်သူတွေ လျှောက်လို့ရပီနော်

Class (1) ကျောင်း COE 100 % စိတ်ချရတဲ့
✅Tokyo
✅Osaka
✅Himeji
✅Fukuoka

ကျောင်းတွေ ကိုလျှောက်ပေးနေပါပီ

📍CoE မရရင် အေဂျင်စီ ကြေး လုံးဝ မပေးရပါဘူး

☎09777007954

 #အစိုးရအထက်တန်းG12  ပညာရေးလမ်းကြောင်းနဲ့အနာဂတ်အိမ်မက်✅2025-2026 ပညာသင်နှစ်တွင်​ဖြေဆိုထားပီးအောင်မြင်ထားတဲ့ သားသားမီးမီး...
05/07/2026

#အစိုးရအထက်တန်းG12


ပညာရေးလမ်းကြောင်းနဲ့အနာဂတ်အိမ်မက်

✅2025-2026 ပညာသင်နှစ်တွင်​ဖြေဆိုထားပီးအောင်မြင်ထားတဲ့ သားသားမီးမီးတွေနှင့် အောင်လက်မှတ်မရရှိသေးသောသားသားမီးမီးများအတွက် ဒီနေ့ Knowledge sharing လေး လုပ်ပေးပါ့မယ်
📌အဆုံးထိသေချာလေးဖတ်ပေးနော်📌

📍G12 အောင်ပြီးနိုင်ငံခြားမှာ ကျောင်းဆက်တက်ချင်သူများ အတွက်ကတော့ အသက် 18 နှစ်ပြည့်တယ်ဆိုရင် G12 အောင်လက်မှတ်နဲ့ Foundation Courseလို့ ခေါ်တဲ့ ( Language School ) တက်လို့ရပါတယ်။
Language School မှာ နှစ်မျိုးရှိပါတယ်
G12 အောင်လက်မှတ် ရှိပီး Foundation Course တန်းတက်မယ်
G12 လက်မှတ်မရှိရင် GED နဲ့ Foundation Course တက်တယ်
ဒါက Japan စာ လမ်းကြောင်းနဲ့ တက္ကသိုလ်ကော့လိပ် ကို တိုက်ရိုက်ဂျိုင်းတဲ့ Way ဖြစ်ပါတယ်။
or JulyIntake or OctoberIntake တွေကို တက်ရောက်လို့ရပါတယ်။
Foundation Course တက်ပြီး မိမိဆက်သွားချင်တဲ့ ကော့လိပ် / တက္ကသိုလ်စတာတွေဆက်ပီးတက်ရောက်လို့ရပါတယ်။
ကျောင်းပီးရင်လဲ သက်ဆိုင်ရာ လုပ်ငန်းခွင်ကိုဆက်လက်လုပ်ကိုင်လို့ရပါတယ်။

#ဂျပန်မှာကျောင်းပြီးလို့ အလုပ်မရပဲ ပြည်တော်ပြန်တဲ့သူတော်တော်ကိုရှားပါတယ်။

🔷International School IGCSE O level သားသားမီးမီးများအတွက် A level လဲ မဖြေချင်ဘူး
ဂျပန်မှာလဲ ကျောင်းဆက်တက်ချင်တယ်ဆိုရင် ရပါလား⁉⁉⁉⁉⁉
👉ဟုတ်ကဲ့ ရပါတယ်​နော်

O level နဲ့ လက်ခံပေးတဲ့ကျောင်းတွေရှိပါတယ်
📍University Preparation Course ဆိုပီး ရှိပါတယ်။
တချို့ Language School ကျောင်းတွေမှာလဲ တခါတည်းတွဲပီးရှိပါတယ်။

ဆိုပီး ဂျပန်တက္ကသိုလ် ဝင်ခွင့်ဆိုပီး ဂျပန်စာ+ မိမိနှစ်သစ်ရာ ဘာသာရပ်တွေဖြေဆိုလို့ရပါတယ်။
တချို့တက္ကသိုလ်တွေမှာလဲရှိပါတယ်။
9 လတက်ရတာရှိပါတယ် / တနှစ်တက်ရတာရှိပါတယ်။
သတ်မှတ်ချက်မတူပါဘူး။
O level နဲ့ လက်ခံပေးပီးတက်ရမဲ့တက္ကသိုလ်ကတော့ နည်းပါတယ်။

ပြီးရင်တော့ ဂျပန်နိုင်ငံရဲ့ Public/ Priavte University ကိုကြိုက်နှစ်သစ်ရာရွေးချယ်လို့ရပါတယ်
English track နဲ့ ဘာသာရပ်တွေရွေးချယ်သင်ယူလို့ရပါတယ်။

📣📣📣EJU က ဂျပန် လမ်းကြောင်း နှင့် တက္ကသိုလ်ဆက်တက်တာပါ။
ဘာသာရပ်က ဂျပန်လိုပဲတက်ရမှာပါ။

📣📣📣IGCSE Olevel + Alevel က အဂ်လိပ်စာ လမ်းကြောင်းနဲ့ တက်လို့ရပါတယ်။

🔷ဒါပေမဲ့ ဂျပန်မှာနေရင် ဂျပန်စာက မဖြစ်မနေလို ကို လိုအပ်ပါတယ်။
N5-N1 အထိ ရှိပါတယ်။
အနည်းဆူံး EJU ဆိုရင် N2 လောက်ရှိမှ အဆင်ပြေပါ့မယ်။

အသေးစိတ်တိုင်ပင်ဆွေးနွေးချင်ရင်တော့ 09777007954 ကို ဖုန်းဆက်နိုင်ပါတယ်။
( အခမဲ့ဆွေးနွေးပါတယ်)


Address

No(444/G) , Bo Hmu Ba Htoo Road, (48) Ward, North Dagon Township
Yangon

Telephone

+959777007941

Website

Alerts

Be the first to know and let us send you an email when I.B.B Japanese Language Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category