KBTC - School of Information Technology

KBTC - School of Information Technology An institution offering various paths for learners of all age to progress to dynamic community with complete expertise.

ကြိုတင်ကာကွယ် ပြင်းထန် ဝမ်းပျက်၊ဝမ်းလျှောရောဂါ အန္တရာယ်🥰✨ဒီနေ့မှာတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရေ...
14/08/2026

ကြိုတင်ကာကွယ် ပြင်းထန် ဝမ်းပျက်၊ဝမ်းလျှောရောဂါ အန္တရာယ်🥰✨

ဒီနေ့မှာတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်လို့ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။

မိုးရာသီကို ရောက်ရှိလာပြီဖြစ်တာကြောင့် ရာသီတုပ်ကွေးရောဂါအပြင် လတ်တလော မှာဆိုရင် ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ပြင်းထန်စွာ ဖြစ်ပွါးလျက်ရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွါးနိုင်တဲ့ ဒီ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အစားအသောက်များမှ တစ်ဆင့်လည်း ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာကြောင့် သန့်ရှင်းမှုအားနည်းသော အစားအသောက်များနှင့် ရေများကို တတ်နိုင်စွာ မစားသောက်မိစေဖို့ သတိပြုရှောင်ရှားရမှာပဲ ဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျောရောဂါဟာ ရာသီမရွေးဖြစ်ပွာတတ်တဲ့ ‌ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် မိုးဦးကာလနှင့် မိုးအကုန်ဆောင်းအကူးကာလများတွင်ဖြစ်ပွားတတ်ပါတယ်။ ၏

ရောဂါပိုးပါဝင်သည့် ဝမ်းအညစ်အကြေးများရှိနေသော ရောဂါပိုးမွှားများက ယင်ကောင်များမှ တစ်ဆင့်လည်းကောင်း၊ မသန့်ရှင်းသော လက်များမှတစ်ဆင့်လည်းကောင်း ၊ မိလ္လာ‌ေပါက်ခြင်း၊ အညစ်အကြေးမြေသြဇာအသုံးပြုခြင်းတို့မှ တစ်ဆင့် အစားအစာ ‌သောက်သုံးရေများထဲသို့ တိုက်ရိုက်ရောက်ရှိကာ စားသုံးသူများကို ကူးဆက်စေပြီး ထိုမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ရောဂါကို ဆက်လက်ကူးစက်စေပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျောရဲ့ ရောဂါလက္ခဏာများမှာ
🔰အရည်ဝမ်းများသွားခြင်း၊
🔰ငါးညှီနံ့နံသော ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊
🔰အော့အန်ခြင်း၊
🔰နှလုံးခုန်နှုန်းမြန်ခြင်း၊
🔰အ‌ရေပြားကြုံ့နိုင်ဆန့်နိုင်အား လျော့နည်းလာြခင်း၊
🔰မျက်တွင်းချိုင့်ဝင်ခြင်း၊
🔰ခံတွင်း၊လျှာနှင့် နှုတ်ခမ်းများခြောက်သွေ့ခြင်း၊
🔰ကြွက်တက်ခြင်းနှင့် သတိလစ်ခြင်းတို့ပဲဖြစ်ပါတယ်။

အထူးသဖြင့် ဝမ်းလျှောတာများလာတဲ့အခါ ခန္ဓာကိုယ်က ရေနဲ့ ဆားဓာတ်တွေ အလွန်အကျွံဆုံးရှုံးနိုင်ပြီး ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်
🔹အစာမစားမီနှင့် အစားအစာမပြင်ဆင်မီအချိန်၊ အညစ်အကြေးနှင့် အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန်နှင့် အိမ်သာမှ ဆင်းပြီးချိန်များတွင် လက်ကိုဆပ်ပြာနှင့် သေချာဆေးကြောပါ။
🔹တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုစိုက်ပါ။
🔹ယင်လုံအိမ်သာကို ရာနှုန်းပြည့်သုံးစွဲပါ။
🔹ရေကို ကြိုချက်သောက်သုံးပါ။
🔹အစားအစာများကို ကျက်သည်အထိ သေချာချက်ပြုတ်စားသုံးပါ။
🔹ယင်နားစာများ စားသုံးခြင်းကို ရှောင်ကြဥ်ပြီး
🔹မိမိပတ်ဝန်းကျင်တွင် ခြင်၊ယင်မပေါက်ပွားစေရန် ပတ်ဝန်းကျင်ကို အထူးသေချာ သန့်ရှင်းအောင် ဂရုပြုဖို့ လိုအပ်ပါသည်။

ဝမ်းပျက်၊ဝမ်းလျောရောဂါဆိုတာ ပေါ့ဆသင့်တဲ့ ရောဂါမဟုတ်တဲ့အတွက် သံသယရှိပါက အချိန်မီ ကုသမှုခံယူနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ကုသသင့်ပါတယ်။




𝐇𝐞𝐥𝐥𝐨 𝐀𝐮𝐠𝐮𝐬𝐭 🤗🤍𝐀𝐮𝐠𝐮𝐬𝐭 လရဲ့ ပထမဆုံးသောရက်လေးမှစ၍ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ရည်ရွ...
31/07/2026

𝐇𝐞𝐥𝐥𝐨 𝐀𝐮𝐠𝐮𝐬𝐭 🤗🤍

𝐀𝐮𝐠𝐮𝐬𝐭 လရဲ့ ပထမဆုံးသောရက်လေးမှစ၍ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ရည်ရွယ်ထားသော အိပ်မက်များကို အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻



ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏🏻ယနေ့ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားရှင်ကိုယ်တော်...
28/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏🏻

ယနေ့ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်မှ တရားဦးဓမ္မစကြာကို ဟောကြားတော်မူသော ဝါဆိုလပြည့်နေ့ ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မြန်မာလူမျိုးတို့ဟာ သံဃာတော်များကို ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီး ကုသိုလ်ယူကြတဲ့ ဝါတွင်းသုံးလကို စတင်ရာရက်လည်း ဖြစ်ပါတယ်။

မြန်မာပြက္ခဒိန်၏ စတုတ္ထမြောက် လတစ်လဖြစ်တဲ့ ဝါဆိုလရဲ့ လပြည့်နေ့မှစပြီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻


#ဝါဆိုလပြည့်
#ဓမ္မစကြာနေ့

အာဇာနည်နေ့ တို့မမေ့ 🤩ယနေ့ (၁၉.၇.၂၀၂၆) တွင်ကျရောက်သော ၇၉ကြိမ်မြောက်အာဇာနည်နေ့ အား လွမ်းဆွတ်တမ်းတစွာဖြင့် 𝐊𝐁𝐓𝐂 မှရိုသေလေးစ...
18/07/2026

အာဇာနည်နေ့ တို့မမေ့ 🤩

ယနေ့ (၁၉.၇.၂၀၂၆) တွင်ကျရောက်သော ၇၉ကြိမ်မြောက်အာဇာနည်နေ့ အား လွမ်းဆွတ်တမ်းတစွာဖြင့် 𝐊𝐁𝐓𝐂 မှရိုသေလေးစားစွာ ဂါရဝပြုလိုက်ရပါတယ် 🥰



#အာဇာနည်နေ့

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 👨🏻 ယနေ့ ကျရောက်တဲ့ အဖေများနေ့မှစ၍ မိသားစုတာဝန်များကို ထမ်းပိုးပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖခင်များအားလု...
21/06/2026

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 👨🏻

ယနေ့ ကျရောက်တဲ့ အဖေများနေ့မှစ၍ မိသားစုတာဝန်များကို ထမ်းပိုးပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖခင်များအားလုံး သက်ရှည်ကျန်းမာကြပါစေလို့ 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 👨🏻❤



#2026

အနာဂတ်အတွက် အကောင်းဆုံးရွေးချယ်မှုတွေနဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐥𝐚𝐳𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 မှာ 𝐊𝐁𝐓𝐂 ရှိနေပြီနော် 🤗ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ 𝐌𝐲...
06/06/2026

အနာဂတ်အတွက် အကောင်းဆုံးရွေးချယ်မှုတွေနဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐥𝐚𝐳𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 မှာ 𝐊𝐁𝐓𝐂 ရှိနေပြီနော် 🤗

ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐥𝐚𝐳𝐚 မှာ ကျင်းပလျက်ရှိတဲ့ 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 ပွဲကြီးမှာဆိုရင် ကျောင်းသား၊ ကျောင်းသူတို့ရဲ့ အနာဂတ်ပညာရေးအတွက် အရွေးချယ်သင့်ဆုံး 𝐊𝐁𝐓𝐂 လည်း ရှိနေပြီပဲ ဖြစ်ပါတယ် 🤗

ဒီနေ့မှာ စတင်ကျင်းပနေပြီဖြစ်တဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐥𝐚𝐳𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 ပွဲကြီးမှာဆိုရင် 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬, 𝐎𝐒𝐒𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် 𝐌𝐁𝐀 𝐏𝐫𝐨𝐠𝐫𝐚𝐦 များမှအပ ကျန် 𝐏𝐫𝐨𝐠𝐫𝐚𝐦 အားလုံးကို 𝐅𝐮𝐥𝐥𝐲 𝐏𝐚𝐢𝐝 ပေးသွင်းအပ်နှံရုံဖြင့် 𝐔𝐩 𝐭𝐨 𝟏𝟓% အထိ 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭𝐬 ကို ခံစားခွင့်ရရှိနိုင်မှာပဲ ဖြစ်ပါတယ် ☺

နှစ်ရက်တိုင်တိုင်ကျင်းပပေးသွားမယ့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐥𝐚𝐳𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 ပွဲကြီးကို အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မလာရောက်ဖြစ်ခဲ့ကြသူများအတွက်လည်း မနက်ဖြန်တစ်ရက် ကျင်းပဖို့ ကျန်သေးကြောင်း သတင်းကောင်းပါးအပ်ရင်း ပထမရက်ရဲ့ အမှတ်တရပုံရိပ်လေးများကို တင်ဆက်ပေးလိုက်ရပါတယ် 🥰



𝐇𝐚𝐩𝐩𝐲 𝐄𝐢𝐝 𝐌𝐮𝐛𝐚𝐫𝐚𝐤 🥰                                                ယနေ့ ကျရောက်တဲ့ အိဒ်ပွဲတော်နေ့လေးမှာ မိတ်ဆွေများ မိသာ...
27/05/2026

𝐇𝐚𝐩𝐩𝐲 𝐄𝐢𝐝 𝐌𝐮𝐛𝐚𝐫𝐚𝐤 🥰

ယနေ့ ကျရောက်တဲ့ အိဒ်ပွဲတော်နေ့လေးမှာ မိတ်ဆွေများ မိသားစုများ အားလုံးအတွက် ငြိမ်းချမ်းခြင်း ၊ ပျော်ရွှင်ခြင်း နှင့် အောင်မြင်ခြင်းများ ကို ယူဆောင်လာပေးသော နေ့ထူးနေ့မြတ်ချိန်ခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ “𝐊𝐁𝐓𝐂” မိသားစုမှ ဆန္ဒပြု ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 🥰❤



-adha

အမေများနေ့ ဆုမွန်ကောင်း 🙏🏻မနက်ဖြန်မှာ မေလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာလုံးဆိုင်ရာ အမေများနေ့မှစ၍ ကမ္ဘာပေါ်ရှိမိခင်များ...
09/05/2026

အမေများနေ့ ဆုမွန်ကောင်း 🙏🏻

မနက်ဖြန်မှာ မေလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာလုံးဆိုင်ရာ အမေများနေ့မှစ၍ ကမ္ဘာပေါ်ရှိမိခင်များအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻🤍



#2026

𝐇𝐞𝐥𝐥𝐨 𝐌𝐚𝐲 🤩မေလ (၁) ရက်နေ့မှစ၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံ...
30/04/2026

𝐇𝐞𝐥𝐥𝐨 𝐌𝐚𝐲 🤩

မေလ (၁) ရက်နေ့မှစ၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻



အလုပ်သမားနေ့ 🎉ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့အား 𝐊𝐁𝐓𝐂 မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ☺
30/04/2026

အလုပ်သမားနေ့ 🎉

ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့အား 𝐊𝐁𝐓𝐂 မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ☺



Address

No. 114, Sayarsan Ward, Kabaraye Pagoda Road
Yangon

Alerts

Be the first to know and let us send you an email when KBTC - School of Information Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to KBTC - School of Information Technology:

Shortcuts

Share