RBDR v.1

RBDR v.1

Share

Right Brain Education At Home

Photos from RBDR v.1's post 08/02/2022

နိုင်ငံပေါင်းစုံ Flashcard လေးတွေပါ။ early learner မိဘတွေအားလုံးမှာရှိပြီးသားဖြစ်မှာပါ။

ဒါကတော့ admin စိတ်ကြိုက်ပုံစံလေးလုပ်ထားတာပါ။ 18 countries ပါပါတယ်။ greeting words လေးတွေပါထည့်ပေးထားလို့နိုင်ငံနာမည်အပြင်နှုတ်ဆက်တဲ့စကားလေးတွေပါထည့်ပြောပြလို့ရပါတယ်။ ထုံးစံအတိုင်း pdf တွေကို page မှာမရှယ်ပါဘူး။ link group ‌လေးဖြစ်တဲ့ MPH မှာတင်ပေးပါတယ်။ join ချင်တယ်ဆိုရင် link လေးရှယ်ပေးထားပါတယ်။
https://www.facebook.com/groups/myanmarparenthub


Share if you care

Photos from RBDR v.1's post 06/02/2022

ကလေးလေးတွေဥာဏ်ကောင်းဖို့၊ပညာတတ်ကြီးဖြစ်ဖို့ထက်ပိုအရေးကြီးတဲ့ personal & behavioural development လေးတွေပါ။ print ထုတ်ပြီး card လေးတွေညှပ်ပါ၊ အောက်ပါမေးခွန်းလေးတွေနဲ့ရှင်းပြဆော့ကစားလို့ရပါတယ်။

How to Use the Cards _
Read through the value cards. Consider the following questions:
Which values do you choose to guide your behaviors?
Which values does your family put first?
Are your personal and family values similar, or do they differ?
Have your personal or family values changed over time? If so, why? Do you and your friends share values?

Admin ကတော့ကလေးတွေကိုညသိပ်ရင်းဒီထဲက topic တစ်ခုလောက်ကိုစိတ်ဝင်စားစရာကောင်းအောင်ပြောပြပေးတာမျိုးလေးလုပ်ပါတယ်။

pdf လေးရရင် MPH group လေးထဲမှာရှယ်ပေးပါမယ်။

18/11/2021

စိတ်သင်္ချာဆိုတာ calculation အမျိုးအစားအားလုံးအတွက် တွက်ချက်မှုအဆင့်တိုင်းကိုချရေးစရာမလိုဘဲအဖြေထုတ်နိုင်တဲ့စွမ်းရည်ကို ဆိုလိုပါတယ်။
=====================
စိတ်တွက်သင်္ချာရဲ့ဗျူဟာတွေကဘာတွေလဲ။
=====================
မူလတန်းအရွယ်စိတ်ပိုင်းဆိုင်ရာသင်္ချာစွမ်းရည်မှာ- ယေဘူယျအားဖြင့် ကလေးတစ်ဦးဟာဂဏန်းများကို ကိုယ်စားပြုတဲ့အရာတွေကိုဆုပ်ကိုင်ထားပြီးသော်လည်းကောင်း၊ pattern များကို အမှတ်အသားပြုခြင်းဖြင့်သော်လည်းကောင်း၊ ကိန်းဂနန်းများကိုအလွန်မြန်စွာပြန်လည်မှတ်မိနိုင်အောင်ဉီးစွာလေ့ကျင့်ပါတယ်။ ခေါင်းထဲမှာမှတ်သားထားတဲ့ shortcuts တွေ၊နံပါတ်တွေကိုကိုယ်စားပြုတဲ့ pattern တွေကိုသုံးပြီး math problem တွေကိုမြန်မြန်နဲ့မှန်မှန် solve လုပ်တာပါပဲ။

=======================
ဘာလို့စိတ်တွက်သင်္ချာဟာအရေးကြီးတာလဲ။
=======================
ဂဏန်းများကိုအသုံးပြုတဲ့မည်သည့် subject၊အကြောင်းအရာတွေမှာမဆိုစိတ်တွက်သင်္ချာဟာအခြေခံအုတ်မြစ်ဖြစ်ပါတယ်။ထိရောက်တဲ့ mental arithmetic ability မရှိရင် ကလေးတွေဟာမြန်မြန်ဆန်ဆန်တွက်ချက်အဖြေထုတ်ဖို့မကြာခဏရုန်းကန်ရတတ်ပါတယ်။စိတ်မရှည်လာတာမျိုး အတွက်အချက်ပိုင်းအားနည်းလာတာမျိုးဖြစ်တတ်ပါတယ်။ထိုမှတဆင့်ကျိုးကြောင်းဆက်စပ်အဖြေထုတ်တဲ့နေရာတွေမှာပါအားနည်းလာနိုင်ပါတယ်။ Mental math ကိုမသိရင် problem solving မကောင်းဖူးလို့တော့မဟုတ်ပါဘူး။ ကလေးတစ်ဉီးစီရဲ့ဉီးနှောက်ဖွံ့ဖြိုးမှုနဲ့ gene တွေနဲ့လဲဆိုင်ပါတယ်။ သို့သော် Mental math ကိုနားလည်ထားတဲ့ကလေးဟာကြီးလာတဲ့အခါ ယေဘုယျအားဖြင့်သာမာန်ကလေးထက် problem-solving abilities တွေပိုကောင်းနိုင်တယ်လို့ဆိုကြပါတယ်။ Computer coding ကိုစိတ်ဝင်စားတဲ့ကလေးအများစုကလဲ critical thinking & problem solving ကောင်းတတ်ကြပါတယ်။ ၆နှစ်အထက်ဖြစ်တယ် Math အားနည်းတဲ့ကလေးတွေအတွက်ခုနောက်ပိုင်း coding လေးတွေ၊ puzzling လေးတွေလုပ်ပေးလို့ရပါတယ်။ ကလေးအတွက်ပိုလဲ fun ဖြစ်ပြီးခောတ်နဲ့လဲညီပါတယ်။ better academic performance အတွက်ဆိုရင်တော့ Math က core subject လဲဖြစ်လို့ ပိုအလေးပေးသင်သင့်ပါတယ်။

နောက်ပြီး Mental Arithmetic မှာ true fluency
ဆိုတာ calculation problems တွေကိုတွက်ချက်ဖြေရှင်းဖို့အတွက်ကလေးကသူ့မှာရှိတဲ့ number relationship, number facts , number system in order တွေနဲ့ပက်သက်တဲ့ knowledge တွေကိုချက်ကျလက်ကျ အသုံးပြုပြီးစဉ်းစားအဖြေထုတ်နိုင်တာပါ။ စိတ်သင်္ချာမှာအလွတ်မှတ်ခြင်းဟာလဲအရေးပါပါတယ် သို့သော်အမြဲအလွတ်မှတ်ပြီး recall လုပ်တာမျိုးမဖြစ်ရပါဘူး။
Mental math ကိုသင်ကြားတဲ့အခါကလေးရဲ့အသက်ပေါ်မူတည်ပြီးအမျိုးမျိုးသော strategies တွေကိုသုံးနိုင်ပါတယ်။ abacus နဲ့သင်တာရှိသလိုအခြားနစ်စနစ်တွေလဲသုံးနိုင်ပါတယ်။ (အကျဉ်းချုပ် post လေးတင်ပါဉီးမယ်)ဉပမာ year 5/6 လောက်အတွက်ဆိုရင်ကလေးဟာ 34 x 5 ကိုတွက်မယ်ဆိုရင် distributive law အရ (30 x 5) + (4 x 5) လို့စိတ်ထဲကနေအပိုင်းလိုက်ခွဲတွက်တတ်ရပါမယ်။ SATs Paper 1: Arithmetic မှာဆိုရင် 80% လောက်မေးခွန်းတွေဟာစိတ်တွက်နိုင်မှအဆင်ပြေပါတယ်။ formal methods တွေနဲ့တွက်ချက်မယ်ဆိုရင်အချိန်မလောက်တာတွေ၊အမှာများတာတွေဖြစ်တတ်ပါတယ်။

Early year (

21/10/2021

Right brain development အတွက်အရေးကြီးတာတစ်ခုက Sensory Play ပါ။ဒါပေမဲ့များသောအားဖြင့်က sensory လို့ပြောလိုက်ရင် texture တွေကိုပဲမြင်ကြတာများပါတယ်။မတူတဲ့ material textures တွေဖြစ်တဲ့ hard, soft,etc..တွေကိုကလေးကိုကိုင်ကြည့်ခိုင်းတာမျိုးနဲ့လေ့ကျင့်ကြပါတယ်။ အဲ့အတွက်လဲသင်ထောက်ကူလေးတွေထွက်ပါတယ်။ right brain school တွေမှာလဲဒီလိုပဲပြုလုပ်ပေးလေ့ရှိပါတယ်။

တကယ်တမ်းက sensory development အနေနဲ့အောက်ပါအပိုင်းလေးပိုင်းလုံးကိုဟန်ချက်ညီညီလေ့ကျင့်ပေးနိုင်ရင်ပိုကောင်းပါတယ်။
1.Sight
2.Smell
3.Sound
4.Taste(၆လအထက် toddler လေးတွေကစပါ)
5.Touch
လေ့ကျင့်ပေးဖို့နာမူနာပုံလေးတွေကို joint group ဖြစ်တဲ့ Myanmar Parent Hub group ထဲမှာတင်ပေးပါမယ်။ တစ်ချို့ဟာတွေက page မှာ public share ဖို့အဆင်မပြေလို့ပါ။ (ကလေးကိုပုံတွေကိုပြခိုင်းတာမဟုတ်ပါဘူး၊နမူနာကြည့်ပြီး အပြင်မှာလက်တွေ့လုပ်ပေးပါ။)

22/09/2021

✡️𝐓𝐡𝐞 𝐏𝐮𝐫𝐩𝐨𝐬𝐞 𝐨𝐟 𝐅𝐥𝐚𝐬𝐡 𝐂𝐚𝐫𝐝𝐬 𝐒𝐩𝐞𝐞𝐝 𝐏𝐥𝐚𝐲 ✡️
သတိပြုရန်မှာ flash ကတ်များပြခြင်းသည်ကလေးများအား vocabulary ကိုနားလည်ဖို့မရည်ရွယ်ပါဘူး။ flash ကတ်များပြသခြင်းဆိုင်ရာအရေးကြီးသောအကြောင်းရင်းလေးချက်ရှိပါတယ်။
1. မြန်နှုန်းမြင့် flash card များသည်ညာဘက် ဦး နှောက်ကိုဖွင့်ဖြိုးစေခြင်း။
2. ၎င်းသည်ကလေး၏ photographic memory ဓာတ်ပုံရိုက်သကဲ့သို့မှတ်ဉာဏ်စွမ်းရည်ကိုဖွံ့ဖြိုးစေခြင်း။ (photographic memory နဲ့ပက်သက်လို့အသေးစိတ်ပို့စ်လေးရှိပါတယ်)
3. ကလေးတွေဟာများသောအားဖြင့်သူတို့ရဲ့ဘယ်ဘက် ဦး နှောက်ဆိုင်ရာမှတ်ဥာဏ်များဖြင့်သင်ယူကြပါတယ်။ ဒါပေမယ့်သူတို့သင်ယူတဲ့အချက်အလက်တွေ (input တွေ)ကိုအရှိန်မြင့်ပေးလိုက်ခြင်းဖြင့်ညာဘက် ဦး နှောက်မှတ်ဥာဏ်ကနိုးကြားဖွံ့ဖြိုးလာခြင်း။
4. ဒါ့အပြင် flash card ပြခြင်းဟာဘယ်နှင့်ညာ ဦး နှောက်အကြားဆက်သွယ်မှုဖွံ့ဖြိုးရန်ကူညီပေးပါတယ်။ flash card session တစ်ခုမှာစကားပြောရင်ပုံများကိုတ်ပြိုင်နက်ပြသခြင်းဖြင့် ကလေးရဲ့ညာဖက်ဉီးနှောက်ကရုပ်ပုံများကို process လုပ်စေပါတယ်။ ဘာသာစကားကိုတော့ဘယ်ဖက်ဦး နှောက်က process လုပ်ပါတယ်။ ဒီလိုနည်းနဲ့ဦး နှောက်နှစ်ခုအကြားဆက်သွယ်မှုရှိလာအောင်ကူညီပေးပါတယ်။ တစ်နည်းအားဖြင့်မှန်ကန်ထိရောက်စွာ Flash card ပြခြင်းသည်ဉီးနှောက်ရဲ့လုပ်ငန်းစဉ်နှစ်ခုလုံးကိုအားကောင်းစေခြင်း။ ======================
ဘယ်လိုပြကြမလဲ?
======================
Flash card အတွဲတိုင်းအတွက်ခေါင်းစဉ်တစ်ခုပေးပါ။ ကတ်များကိုမပြသမီ flash card တစ်ခုစီကိုမိတ်ဆက်ပေးပါ။ ဥပမာ “ ကားများ”၊ “ ကုန်တင်ကား”၊ “ လေယာဉ်” စသည့်ကတ်များကိုရှေ့မှနောက်သို့ ယူ၍ ၎င်းသည်ဘာလဲဆိုတာပြောပြပါ။ ကတ်များကိုကလေး၏မျက်စိထက်အနည်းငယ်ပိုမြင့်ထားပါ။ ======================
ဘယ်လောက်မြန်မြန်ပြမလဲ?
======================
နာမည်ကျော် Right Brain School များအနေဖြင့်ယေဘုယျသဘောတူညီချက်မှာတစ်စက္ကန့်လျှင် ၃ ကဒ်ပြရန်ဖြစ်ပါတယ်။ အထူးသဖြင့်အတွေ့အကြုံမရှိရင် flash card session တစ်ခုအောင်မြင်ဖို့ခက်နိုင်ပါတယ်။ အဲဒါကိုမှီဖို့ထက်ကဒ်တွေကိုဖြည်းဖြည်းချင်းမှန်မှန်ကန်ကန်ပြနိုင်အောင်အရင်လုပ်ပါ။ ကိုယ်တိုင်ဖန်တီးထားတဲ့ကဒ်တွေဆိုရင်စာလုံးပေါင်းမှန်ဖို့နဲ့ကဒ်အထူအပါးမှန်ဖို့သတိပြုပါ။ စမယ်ဆိုရင် ၁ကဒ် ၁ စက္ကန့်နှုန်းကစပါ။ ၁ စက္ကန့်ထက်ပိုနည်းအောင်ပြပေးနိုင်ရင်တော့ပိုကောင်းပါတယ်။ ကျင့်သားရလာတာနဲ့အဆင်ပြေလာပါလိမ့်မယ်။ ======================
ဘယ်နှစ်ကြိမ်ပြရမလဲ?
======================
တစ်နေ့တစ်ကြိမ်ကလုံလောက်ပါတယ် သို့သော်ကလေးကတစ်ကြိမ်ထဲအချိန်ကြာကြာအာရုံမစိုက်နိုင်ဘူးဆိုရင် ၂-၃ ကြိမ်ပြလို့ရပါတယ်။အာရုံစိုက်တယ်ဆိုတဲ့နေရာမှာလဲတစ်ကြိမ်အတွင်းအာရုံစိုက်တဲ့ကြိမ်နှုန်းကိုပြောတာပါ။ကလေးငယ်တစ်ယောက်ရဲ့အာရုံစိုက်နိုင်နှုန်းကိုလဲပိုစ့်တစ်ခုမှာဖော်ပြထားပါတယ်။ ပထမလမှာ ပျမ်းမျှကဒ် ၁၀၀ကနေစပါ။ ၃လအတွင်းမှာ ၂၅၀ သို့ တိုးသွားပါ။ ပြီးရင် ၁၀၀၀ အထိဖြည်းဖြည်းချင်းတိုးပါ။ အကြောင်းအရာများကိုတတ်နိုင်သမျှစုံအောင်ပြပါ။
======================
ဘယ်လောက် repeat လုပ်ရမလဲ? ======================
Right brain ကျောင်းများရဲ့ဆွေးနွေးထားတဲ့အချက်အလက်များကိုအခြေခံပြီးပြောရရင် ကဒ်တစ်ခုစီအတွက် ၄ ကြိမ် repeat လုပ်နိုင်ရင်ကောင်းပါတယ်။ ဒါကလဲကျောင်းတစ်ခုနဲ့တစ်ခုယူဆချက်ခြင်းမတူပြန်ပါဘူး။ တစ်ချို့ကလဲကလေးအထူးနှစ်သက်တဲ့ပစ္စည်းတွေကိုပိုပြီးများများပြတာပိုကောင်းတယ်ဆိုပါတယ်။ ကလေးရဲ့ attention ပိုရလို့လို့ထင်ပါတယ်။ RBDR အနေနဲ့ကတော့ 4 times per card ကိုပိုပြီးအားပေးပါတယ်။ ၂-၃ နှစ်အရွယ်ကလေးများသည်ယေဘုယျအားဖြင့်အခြားအသက်အပိုင်းအခြားများထက်ပိုမိုတက်ကြွလေ့ရှိပါတယ်။ သင့်ကလေးသည်ကတ်များအားလုံးကိုတစ်ထိုင်တည်း attention မပေးပါက same group ကို ၂ စု ခွဲ၍ ခဏနားပြီးနောက်ခွဲပြလို့ရပါတယ်။
======================
ဘယ်လိုအကြောင်းအရာတွေပြရမလဲ? ======================
Thematic topics တွေဖြစ်တဲ့ types of vehicles, types of animals တွေကိုလဲပြပါ။ အရေးကြီးတဲ့အခြေခံ concept တွေကိုလဲမကျန်ခဲ့စေဖို့သတိပြုပါ။
Basic Concepts a child should learn
• Colour • Shape • Size • Number • Volume • Space recognition • Order • Comparison • Time • Money ======================
flashcard ပြတာကိုဘယ်အရွယ်ထိလုပ်ရမလဲ? ======================
အသက် ၃ လမှ ၁၀ နှစ်လောက်ထိပြနိုင်ပါတယ်။သင့်ကလေးအသက်အရွယ်နှင့်တိုးတက်မှုအဆင့်အလိုက် materials များကိုပြောင်းလဲစီစဉ်ပါ။

05/08/2021

𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚’𝐬 𝟔𝟓 𝐃𝐚𝐲 𝐌𝐚𝐭𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာရက်အလိုက်အတိအကျပြောပြပါမယ်။ (၆)လလောက်ကစလို့ရပါတယ်။

Shichida’s 65 Day Program က Doman Method နည်းနဲ့ဆင်တူပါတယ်။ 65days ဆိုပေမဲ့တကယ်တမ်းလေ့ကျင့်မယ်ဆိုရင်ရက်ပေါင်း ၂၆၀ လောက်ကြာပါတယ်။
======================================
လေ့ကျင့်ပေးဖို့အတွက် 1-100 red dots card တွေလိုပါတယ်။ ကိုယ်က oversea မှာဆိုရင်တော့ amazon ကမှာလို့ရပါတယ်။ Japan ကလာတဲ့ original set မှာ CD , user guide နဲ့အပြီးအစီးလာပါတယ်။ ကျွန်မဆီမှာရှိတဲ့ red dots cards ppt file လိုချင်ရင်တော့ mph group ထဲက maria rbdr account ရဲ့ပို့စ်တစ်ခုခုအောက်မှာလာတောင်းပါ။ ***active member*** ဖြစ်ရပါမယ်။ group ထဲမှာကိုယ်တိုင်လဲတစ်ခြားအကြောင်းအရာတွေကို sharing လုပ်ပေးတဲ့သူတွေနဲ့သာ materials တွေကို share ပါတယ်။ silent member တွေနဲ့မ share ပါဘူး။ တစ်ခြား admin တွေရဲ့ post အောက်မှာသွားမတောင်းပါနဲ့။ သူတို့မှာမရှိပါ။
======================================
စရအောင်!!!
======================================

First Cycle
Day 1: Show red dot cards 1 to 10
Day 2: Show red dot cards 6 to 15.
Day 3: Show red dot cards 11 to 20.
Day 4: Show red dot cards 16 to 25.
Day 5: Show red dot cards 21 to 30.
Day 6: Show red dot cards 26 to 35.
Day 7: Show red dot cards 31 to 40.
Day 8: Show red dot cards 36 to 45.
Day 9: Show red dot cards 41 to 50.

======================================
Addition
======================================
Tell your child: “From today, we begin addition.”

Day 10: 1+1, 1+2, 1+3, 1+4, 1+5, 1+6, 1+7, 1+8, 1+9.
Say “one plus one” and flash two dots.
Say “one plus two” and flash three dots.
Say “one plus three” and flash four dots.
Say “one plus four” and flash five dots.
Say “one plus five” and flash six dots.
Say “one plus six” and flash seven dots.
Say “one plus seven” and flash eight dots.
Say “one plus eight” and flash nine dots.
Say “one plus nine” and flash ten dots.

one plus ပြတဲ့အတိုင်းအောက်မှာဆက်ပြပါမယ်။
Day 11: 2+2, 2+3, 2+4, 2+5, 2+6, 2+7, 2+8, 2+9.
Day 12: 3+2, 3+3, 3+4, 3+5, 3+6, 3+7, 3+8.
Day 13: 4+2, 4+3, 4+4, 4+5, 4+6, 4+7, 4+8.
Day 14: 5+2, 5+3, 5+4, 5+5, 5+6, 5+7, 5+8.
Day 15: 8+3, 5+3, 4+5, 2+3, 3+1, 6+1, 4+2, 1+2, 1+1
Day 16: 12+14, 7+31, 28+6, 14+17, 23+7, 24+3, 11+26, 9+4, 5+27, 21+4.
Day 17: 14+6, 7+8, 4+5, 11+8, 9+13, 12+6, 8+9, 17+22, 5+32, 18+23.
Day 18: 7+11, 13+12, 8+9, 21+18, 18+11, 5+26, 3+9, 7+31, 6+17, 17+23.
Day 19: 15+22, 3+17, 12+30, 11+11, 2+29, 24+17, 19+2, 8+26, 3+41, 7+16.

======================================
Subtraction
======================================
Tell your child: “From today, we begin subtraction.”

Day 20: 10-1, 10-2, 10-3, 10-4, 10-5, 10-6, 10-7, 10-8, 10-9.
Say “ten minus one” and flash nine dots.
Say “ten minus two” and flash eight dots.
Say “ten minus three” and flash seven dots.
Say “ten minus four” and flash six dots.
Say “ten minus five” and flash five dots.
Say “ten minus six” and flash four dots.
Say “ten minus seven” and flash three dots.
Say “ten minus eight” and flash two dots.
Say “ten minus nine” and flash one dot.
Ten minus ပြတဲ့အတိုင်းအောက်မှာဆက်ပြပါမယ်။

Day 21: 20-1, 20-4, 20-5, 20-7, 20-11, 20-12, 20-14, 20-18, 20-19.
Day 22: 30-1, 30-2, 30-3, 30-5, 30-7, 30-8, 30-11, 30-20, 30-22, 30-29
Day 23: 19-6, 20-5, 11-10, 31-9, 25-6, 45-13, 17-11, 12-8, 33-13, 22-6.
Day 24: 39-27, 12-6, 21-4, 16-9, 41-12, 50-6, 32-18, 28-5, 48-14, 16-7

======================================
Multiplication
======================================
Tell your child: “From today, we begin multiplication.”

Day 25: 2×2, 2×3, 2×4, 2×5, 2×6, 2×7, 2×8, 2×9.

Say “two times two” and flash four dots.
Say “two times three” and flash six dots.
Say “two times four” and flash eight dots.
Say “two times five” and flash ten dots.
Say “two times six” and flash twelve dots.
Say “two times seven” and flash fourteen dots.
Say “two times eight” and flash sixteen dots.
Say “two times nine” and flash eighteen dots.

Day 26: 3×2, 3×3, 3×4, 3×5, 3×6, 3×7, 3×8.
Day 27: 4×4, 4×5, 4×6, 4×7, 4×8, 4×9.
Day 28: 5×5, 5×6, 5×7, 5×8, 5×9.
Day 29: 6×4, 6×5, 6×6, 6×7, 6×8.
Day 30: 7×1, 7×2, 7×3, 7×4, 7×5, 7×6.
Day 31: 8×1, 8×2, 8×3, 8×4, 8×5, 8×6.
Day 32: 9×1, 9×2, 9×3, 9×4, 9×5.
Day 33: 10×1, 10×2, 10×3, 10×4, 10×5.
Day 34: 3×2, 4×3, 3×7, 10×4, 3×16, 3×6, 15×3, 5×6, 13×3, 5×4

======================================
Division
======================================
Tell your child: “From today, we begin division.”

Day 35: 6÷2, 10÷2, 14÷2, 18÷2, 20÷2, 24÷2, 26÷2, 46÷2, 50÷2, 34÷2, 4÷2, 16÷2.

Say “six divided by two” and flash three dots.
Say “ten divided by two” and flash five dots.
Say “fourteen divided by two” and flash seven dots.
And so on…
Day 36: 6÷3, 9÷3, 12÷3, 15÷3, 18÷3, 27÷3, 30÷3, 33÷3, 36÷3, 39÷3, 42÷3, 45÷3.
Day 37: 8÷4, 12÷4, 16÷4, 20÷4, 24÷4, 28÷4, 32÷4, 36÷4, 40÷4, 44÷4, 48÷4
Day 38: 10÷5, 15÷5, 20÷5, 30÷5, 35÷5, 40÷5, 45÷5, 50÷5.
Day 39: 12÷6, 18÷6, 24÷6, 30÷6, 36÷6, 42÷6, 48÷6.

======================================
Multitudinous Calculations
======================================

Day 40: 3+2-1, 23+12+1, 44-4+2, 31-31+16, 10-2+1, 7-2+10, 20-3+21, 15-5+15, 9+2-6, 7+3-2. Say each equation out aloud and flash the answer card.

Day 41: 18+4-8, 32-2+10, 6+8-7, 26-20+9, 40-12+8, 14+39-8, 29-9+5, 46-4-12, 34+8-20.
Day 42: 36-18+7, 25+23-19, 15+3-10, 30-9+13, 52-49+16, 8+9-6, 27+18-8, 34-15+8, 5+9+8, 4+8+11
Day 43: 1x2x3, 5x1x2, 2x5x5, 3x2x4, 3x3x5, 2x3x2, 4x2x5, 3x1x1, 1x2x2, 3x2x6.
Day 44: 2x2x3, 5x1x3, 3x3x3, 9x2x3, 17x2x1, 2x4x2, 2x8x3, 4x3x3, 11x2x2, 3x7x2.
Day 45: 6÷2÷3, 20÷5÷2, 80÷4÷4, 60÷2÷5, 64÷2÷8, 68÷2÷2, 54÷2÷3, 45÷3÷5, 90÷3÷2, 40÷2÷1.
Day 46: 48÷6÷2, 84÷2÷7, 32÷2÷2, 24÷4÷2, 64÷4÷8, 90÷6÷3, 50÷10÷5, 42÷1÷3, 72÷2÷3, 78÷2÷1.
Day 47: 2×2÷2, 3×2÷6, 4÷2×3, 6÷2×3, 5÷1×5, 5×2÷1, 7×3÷3, 1×4÷1, 6×1÷2.
Day 48: 6×2÷4, 9÷3×2, 50÷5×2, 2×10÷2, 9÷1×3, 6÷2×6, 7×5÷1, 4÷4×8, 3×5÷3, 8÷4×2.
Day 49: (2-1)x3, (4+5)x5, (3+1)x3, (5-1)x2, (14-3)x4, (4+3)x7, (1+3)x9, (26-20)x5, (7+3)x5, (40-37)x6.
Day 50: (6+10)÷2, (20-10)÷5, (42-2)÷4, (56-20)÷6, 2×3-3, 5×8+2, 16÷2-3, 18÷9+7, 14×3+4, 52÷26-1.
Day 51: (8_4)÷4, (9-3)x2, (50-5)÷5, (2+10)x3, (9-1)÷4, (62-8)÷9, 7×3+12, 18÷9-1, 32÷4+13, 81÷9-9.
Day 52: (18+3)x2, (11+21)÷8, (7-5)x6, (29-11)÷2, (5+15)÷10, (23+33)÷7, (43-36)x4, (11+8)x2, (40-24)x3, (16-7)x3.
Day 53: 45÷9×4, 8×5÷4, 9÷3×2, 8×4÷2, 50÷5×4, 3×10÷2, 14÷7×6, 4×8÷4, 8×3÷1, 7×7÷7.
Day 54: (75-50)x2-10, (18+4)÷11+5, (7+14)x3-17, (63-23)÷10+12, (52+12)÷2-30

======================================
Numbers
======================================

Day 55: Introduce numbers 1 to 15. Show 1 dot equals “1”, 2 dots equals “2”, 3 dots equals “3”, 4 dots equals “4”, 5 dots equals “5”, etc.

Day 56: Introduce numbers 16 to 30.
Day 57: Introduce numbers 31 to 40.
Day 58: Introduce numbers 41 to 50.

======================================
Image Calculation
======================================

Day 59: 1 to 10 နံပါတ်ကနေ image dots တွေပြောင်းခိုင်းပါ။

Day 60: image dots တွေကနေ 1-10 number ကိုပြောင်းခိုင်းပါ။
“There are going to be eight dots in your image – did they appear?”
“Now they are going to change into the number 8 – did they change?”
Day 61: numerical calculations တွေကို dots တွေနဲ့ပြခိုင်းပါ။

Day 62: Play “Which one?” game with dot cards. For example, Show the child dot cards 42 and 43 and ask “which one is 42?” ဒါသည် ကလေးကို dots ကနေ number ကိုပြောင်းဖို့လေ့ကျင့်ပေးတာပါ။

Day 63: Play “Which one?” game with dot cards making numerical calculation (formula). Eg., ask “which one is 58-23?”
Day 64: Show your child numerical calculation and get her to convert the calculation into dots.
Day 65: Show the child numerical calculation and have her write the answers.

Second Cycle
Day 1: Show red dot cards 51 to 60.
Day 2: Show red dot cards 56 to 65.
Day 3: Show red dot cards 61 to 70.
Day 4: Show red dot cards 66 to 75.
Day 5: Show red dot cards 71 to 80.
Day 6: Show red dot cards 76 to 85.
Day 7: Show red dot cards 81 to 90.
Day 8: Show red dot cards 86 to 95.
Day 9: Show red dot cards 91 to 100.

Repeat Days 10 to 54 from the First Cycle

Day 55: Introduce numbers 51 to 65. Show 51 dots equals “51”, 52 dots equals “52”, 53 dots equals “53”, 54 dots equals “54”, 55 dots equals “55”, etc.
Day 56: Introduce numbers 66 to 80.
Day 57: Introduce numbers 81 to 90.
Day 58: Introduce numbers 91 to 100.

Repeat Days 59 to 65 from the First Cycle

Cycle 3 – repeat the first cycle.
Cycle 4 – repeat the second cycle.

အခုမလေ့ကျင့်နိုင်သေးရင် share ပြီးမှတ်ထားပါ။ Doman method ကိုလဲတင်ပေးထားတာရှိပါတယ်။ ကိုယ်အဆင်ပြေတဲ့နည်းနဲ့လေ့ကျင့်ပါ။အဓိက consistent ဖြစ်ရပါမယ်။လုပ်လိုက်၊မလုပ်လိုက်မရပါဘူး။

Photos from RBDR v.1's post 02/08/2021

𝐘𝐞𝐚𝐫 𝟐 ကလေးတွေအတွက် 𝐅𝐫𝐚𝐜𝐭𝐢𝐨𝐧 လေ့ကျင့်ပေးနိုင်ပါတယ်။ right brain အတွက်သီးသန့်မဟုတ်ပေမဲ့ admin ကတော့ ဒုတိယပုံထဲကအချိုး 12ခုကို circle လေးတွေလုပ်၊ ကိုယ်တိုင်ပြင်ဆင်ပြီး ၄နှစ်သားလောက်မှာ flash card အနေနဲ့ပြပါတယ်။ က‌လေးကြည့်ချင်အောင်စက်ဝိုင်းမှာဆံပင်လေးတွေလက်လေးတွေထည့်ပြီး တတ်သလောက်ပုံလှလှလေးဆွဲလိုက်တယ်။ ပြီးရင်အရောင်လေးတွေခြယ်ပါတယ်။ portion ပြတဲ့အရောင်ကိုတော့ same color ပဲသုံးပါတယ်။

paper plate လေးတွေသုံးရင်လဲအဆင်ပြေပါတယ်။

decimal နဲ့ fraction ကိုတစ်ပတ်တစ်လှည့်စီပြောပြီးပြပါတယ်။ ၆လဝန်းကျင်ကြာတဲ့အခါ အပိုင်းတွေဆွဲထားတဲ့ blank circle ထဲမှာနံပါတ်ကိုပြောလိုက်တာနဲ့ အရောင်မှန်အောင်ခြယ်နိုင်လာတယ်။ portion တွေရဲ့သဘောတရားကိုနားလည်လာပါတယ်။ Baby, share your one thrid လို့ပြောလိုက်ရင် သူစားနေတဲ့မုန့်ရဲ့ဘယ်လောက်ကို share ခိုင်းတယ်ဆိုတာသိလာတာမျိုးပါ။ ကလေးငယ်တွေဆိုရင် Flashcard အနေနဲ့ပြပါ ကလေးကြီးတွေဆိုရင်တော့ စာသင်သလိုသင်ပေးလို့ရပါတယ်။

MPH group ထဲက maria rbdr ရဲ့ပို့စ်တစ်ခုခုအောက်မှာ pdf လိုချင်ရင်တောင်းလို့ရပါတယ်။ messenger မသုံးပါဘူး။

Photos from RBDR v.1's post 31/07/2021

ကလေးကြီးတွေအတွက် calculation တွေသင်ဖို့ဒီလို emoji block လေးတွေကိုအသုံးပြုနိုင်ပါတယ်။ fun ဖြစ်ပြီးကလေးအတွက်လဲပိုစိတ်ဝင်စားစရာကောင်းပါတယ်။ မေမေနဲ့အတူတူတစ်ယောက်တစ်လှည့်ကစားတဲ့ပုံမျိုးနဲ့သင်ပေးပါ။ (၅)နှစ်အထက်ပါ။

pdf လိုချင်တဲ့သူတွေက MPH Group ထဲမှာလာတောင်းယူနိုင်ပါတယ်။ တစ်ချို့ resources တွေက page မှာ share လို့အဆင်မပြေလို့ group ထဲမှာ share ပေးတာပါ။

17/07/2021

အသက်အရွယ်အလိုက်လုပ်ပေးသင့်တဲ့ Right Brain Exercises တွေဖြစ်ပါတယ်။
======================================
ပုံသေမှတ်လို့တော့မရပါဘူး။ ကလေးလက်ခံနိုင်တဲ့ပေါ်မူတည်ပြီးလေ့ကျင့်ပေးတာပိုကောင်းပါတယ်။

ဘာလုပ်ပေးရမှန်းမသိဘူးဆိုရင်တော့ ဒီဇယားလေးအတိုင်းလုပ်ပေးလို့ရပါတယ်။

======================================
List ထဲမှာပါတဲ့ Exercises မျိုးစုံကိုအချိန်ရရင်ရသလိုတင်ပေးသွားပါမယ်။

******Right Brain Exercises တွေသည် ကလေးငယ်လေးတွေကိုပဲ လေ့ကျင့်ပေးလို့ရတာမဟုတ်ပါဘူးဆိုတာလဲသိထားရပါမယ်*******

13/07/2021

မွေးကင်းစမှ(၁၀)ကျော်သက်ထိနားထောင်နိုင်တဲ့ Child Positive Affirmation Sound နမူနာလေးဖြစ်ပါတယ်။

Right brain education မှာ alpha music (different post တင်ပြီး) ၊ positive affirmation sounds ၊ imaginary music တွေဟာအလွန်ပဲအရေးပါလှပါတယ်။

ဒီလို sound track လေးတွေကို အိပ်ခါနီး(သို့) Right brain လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့အခါ၊ ကလေးကြီးတွေဆိုရင် တစ်ခုခု challenging ဖြစ်တဲ့အခါတိုင်းနားထောင်ခိုင်းလို့ရပါတယ်။ နားမလည်လဲမကြာခဏဖွင့်ပေးပါ။ ကြားရပါများတဲ့အခါ ကလေးကို feel loved, safe and strong ဖြစ်စေပါတယ်။ ကလေးကမေးတတ်တဲ့အရွယ်လဲဖြစ်တယ် ဘာပြောတာလဲနားမလည်ဘူးဆိုရင် မေမေကရှင်းပြပေးလို့ရပါတယ် ။

Script လေးပါထည့်ပေးထားပါတယ်။👇👇

My baby, close your little EYES and listen

Mommy and daddy love you

You are so kind and lovely.

You are important.

You are precious.

You have great ideas.

We are proud of you.

Mommy believes in you!

You make daddy and mommy happy.

We are grateful for you.

You did that all by yourself? Amazing!

You are so brave!

You are so strong!

You have such a big heart!

You are shining like a star.

Mommy loves spending time with you.

You make us smile!

You get better every single day.

You make the world a better place.

My baby

Mommy and daddy love you so much.

13/07/2021

𝐌𝐞𝐧𝐭𝐚𝐥 𝐌𝐚𝐭𝐡𝐬 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 စိတ်တွက်သချႅာနည်းတွေဖြစ်ပါတယ်။ စုစုပေါင်း (၁၁) နည်းရှိပါတယ်။ နားလည်လွယ်ပါတယ်။ ပေါင်းနှုတ်မြှောက်စားရတဲ့ဘယ်အရွယ်မဆိုကို poster လေးတွေကြည့်ပြီးသင်ပေးလို့ရပါတယ်။

Addition & subtracting လောက်ပဲရသေးတယ်ဆိုလဲ အပေါင်းအနှုတ်နဲ့ဆိုင်တဲ့ method တွေကိုအရင်သင်ထားလို့ရပါတယ်။

Counting On
Counting Back
Near Doubles
Near Halves
Using Pairs to Ten
Part, Part, Whole
Make Ten and Then Some
Front-end Adding
Compensation for 8 or 9
Use Multiples of 25
Common Zeros

Poster ၁၁ ခုကို pdf လိုချင်တယ်ဆိုရင် ( Page မှာ share ဖို့အဆင်မပြေလို့ ) Myanmar Parent Hub (MPH) group ထဲမှာလာယူပါ။ "maria rbdr" account ရဲ့ပိုစ့်တစ်ခုခုအောက်မှာ တောင်းယူလို့ရပါတယ်။

02/07/2021

𝐄𝐧𝐭𝐞𝐫𝐢𝐧𝐠 𝐀𝐥𝐩𝐡𝐚 𝐒𝐭𝐚𝐭𝐞
Electroencephalograph သုံးပြီး ဦးနှောက်လှိုင်း (brain wave) ပုံစံလေးမျိုးသတ်မှတ်နိုင်ပါတယ်။

1. Beta – 20 to 14 cycles per second
2. Alpha – 14 to 7 cycles per second
3. Theta – 7 to 5 cycles per second
4. Delta – 5 to 1 cycles per second

Beta state ကအရမ်းနိုးကြားတက်ကြွနေတဲ့အခြေအနေဖြစ်ပြီး delta state ကတော့ deep sleep ရနေတဲ့အနေအထားပါ။

Alpha state ကိုတော့ twilight level (state of relaxation)လို့လဲခေါ်ပြီးဦးနှောက်ရဲ့ creative အဖြစ်နိုင်ဆုံးအခြေအနေတစ်ခုပါ။ Thomas Edison ဟာခက်ခဲ့တဲ့ problem တွေကိုဖြေရှင်းတဲ့အခါသူ့ကိုယ်သူ alpha state ရောက်တဲ့အထိလုပ်ယူပြီးမှဖြေရှင်းလေ့ရှိတယ်လို့လဲဆိုကြပါတယ်။
ဉပမာဆက်စပ်ကြည့်မယ်ဆိုရင် အိပ်ရာထဲရောက်မှ၊ရေချိုးနေရင်းကမှရုတ်တရက်အကြံတွေ solutions တွေပေါ်လာတာမျိုးပါ။ ဉီးနှောက်ဟာသဘာဝအတိုင်းrelaxဖြစ်သွားပြီး alpha state ကိုဝင်သွားတယ်လို့ပြောနိုင်ပါတယ်။

ဒါကြောင့် Right Brain Training တွေလုပ်တဲ့အခါကလေးဟာ Alpha State ကိုအနီးဆုံးရောက်နေမယ်ဆိုရင်အကောင်းဆုံးဖြစ်ပါတယ်။
right brain school တွေမှာဆိုရင် အတန်းထဲမှာကလေးကိုဒီအဆင့်ရောက်အောင်နည်းလမ်းအမျိုးမျိုးနဲ့ဆွဲဆောင်ယူကြပေမဲ့ admin အနေနဲ့ကတော့အတန်းထဲမှာ entering the alpha state ကမလွယ်ကူဘူးလို့ထင်ပါတယ်။

ဒါဆို alpha state ကိုဘယ်လိုဝင်အောင်လုပ်ရမလဲ?? scienctific method တစ်ခုကတော့ mindfulness based stress reduction (MBSR) ဆိုပြီးရှိပါတယ်။ Dr. Jon Kabat-Zinn ကတီထွင်ခဲ့ပြီးတရားထိုင်တာမျိုးနဲ့ဆင်တူပါတယ်။(ဆင်တူတာပါ။လုံးဝကွဲပြားပါတယ်)ကလေးတွေအတွက်ဒီနည်းကမလွယ်လို့တခြား affirmation and alpha music တွေနဲ့လုပ်ယူကြည့်ရအောင်။ (MBSR) ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ online မှာရှာဖတ်ပါ။ ဒါကတော့ youtube link ပါ။ https://youtu.be/puzAe4G6uDw
========================================
စရအောင်
========================================
- Youtube မှာ child affirmation, child alpha music ဆိုရှာပြီး download ဆွဲထားပါ။
- ကလေးကိုသန့်ရှင်းရေးလုပ်ထားပေးပါ။ငိုပြီးခါစအချိန်၊ ဖျားနာနေမကောင်းဖြစ်နေတဲ့အချိန်မှာမလုပ်ရပါဘူး။
- သန့်ရှင်းငြိမ်သက်တဲ့နေရာတစ်ခုကိုရွေးပါ။ မီးအရောင်၊အခန်းအပူချိန်ကစ calmn and cozy ဖြစ်အောင်အတတ်နိုင်ဆုံးဖန်တီးထားပါ။
- ကလေးငယ်ဆိုရင်လဲသူတို့ကြိုက်တဲ့လှုပ်တုပ်ခုံလိုမျိူးပေါ်ထိုင်ခိုင်းထားလို့လဲရပါတယ်။ မေမေရဲ့ပေါင်ပေါ်မှာလဲလျောင်းခိုင်းလို့လဲရပါတယ်။
- လုံခြုံတဲ့ခံစားချက်ရစေဖို့ကလေးကိုဖွဖွလေးခနဖက်ထားပေးလိုက်ပါ။ နားလည်နိုင်တဲ့အရွယ်ဆိုရင်မျက်လုံးလေးမှိတ်ထားခိုင်းပါ။
- download ဆွဲထားတဲ့ music track လေးကိုတိုးတိုးလေးဖွင့်ပြီးနားထောင်စေပါ။ အရမ်းမကြာပါစေနဲ့၊ဇွတ်မလုပ်ပါနဲ့။ ၅မိနစ်လောက်သာအများဆုံးကြာပါစေ။ english လိုမို့နားမလည်မှာမပူပါနဲ့။ သံစဉ်တွေ၊ နွေးထွေးတဲ့ voice sound တွေကိုနားထောင်တာပါ။

ပြီးပြီဆိုမှတခြား training တွေကိုဆက်လုပ်မယ်ဆိုရင်ပိုကောင်းတဲ့ result ကိုရမှာပါ။


share if you care

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon