Milestone Training School

Milestone Training School Life is what happens when you’re busy making other plans. - John Lennon

23/04/2026
18/04/2026

ပညာဒါန(၁၇)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 13)

💡perk /ပါ့ခ်/ ပုံမှန်ဝင်ငွေအပြင် အလုပ်ရှင်ကပေးသောအခွင့်အရေး၊ ရာထူးလုပ်ငန်းအရ ရရှိသောအကျိုး။

✅ She regards free stationery as one of the perks of the job.

Ⓜ️ သူက ရာထူးအရ အကျိုးခံစားမှုအနေဖြင့် စာရေးကိရိယာအသုံးပြုခွင့်ရရှိထားပါသည်။

💡 perk /ပါ့ခ်/ ပြန်လည်လန်းဆန်းရွှင်ပျလာသည်။

✅ She felt depressed but soon perked up when her friends arrived.

Ⓜ️ သူစိတ်ကျဝေဒနာခံစားခဲ့ရသော်လည်း သူ့သူငယ်ချင်းတွေရောက်ရှိလာပြီးမကြာခင်မှာပဲ ပြန်လည်ရွှင်ပျလာခဲ့သည်။

💡perk /ပါ့ခ်/ သက်ဝင်လှုပ်ရှားလာသည်။

✅ Share prices perked up a little towards the end of day trading.

Ⓜ️ ရှယ်ယာစျေးတွေက တနေ့တာကုန်သွယ်လုပ်ငန်းအပြီး အနည်းငယ် လှုပ်ရှားသက်ဝင်လာခဲ့သည်။

💡perk + somebody/something+ up - ပိုကြည့်ကောင်းလာစေသည်၊ လန်းဆန်းလာစေသည်။

✅ A cup of coffee will perk you up.

Ⓜ️ ကော်ဖီတခွက်က မင်းကိုလန်းဆန်းလာစေပါမယ်။

💡 pernicious /ပါနီးရှပ်စ်/ မသိမသာဖြင့် ဖျက်လိုဖျက်ဆီးလုပ်သည့်သဘော။

✅ A pernicious influence on society is very dangerous.

Ⓜ️ လူမှုအသိုင်းအဝိုင်းမှာ ဖျက်လိုဖျက်ဆီးသဘောလွှမ်းမိုးလာလျှင် အလွန်အန္တရာယ်များပါသည်။

💡persnickety /ပါစ်နစ်ခ်တီး/ ဇီဇာကြောင်လွန်းသော၊ ဇာချဲ့လွန်းသော။

✅ I think he is so persnickety.

Ⓜ️ သူအရမ်းဇာချဲ့လွန်းတယ်လို့ ကျွန်မထင်တယ်။

💡privacy /ပရိုင်ဗစီ/ လွတ်လပ်ခွင့်။

✅ Please respect my privacy!

Ⓜ️ လွတ်လပ်ခွင့်ကိုလေးစားပါ။

Tr. Phyo Mon Win
09-761401212

28/03/2026

ပညာဒါန(၁၆)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 12)

💡superiority /ဆူပီရီရော့ရတီး/ ကောင်းမွန်သာလွန်သော။
✅ She’s got an idea of superiority.
Ⓜ️ ကောင်းမွန်သာလွန်တဲ့အကြံအစည်အတွေးအခေါ်ကို သူရထားတယ်။

💡 superiority complex - ဘဝင်မြင့်စိတ်၊ အစွဲ။
✅ He has superiority complex.
Ⓜ️ သူ့မှာ ဘဝင်မြင့်စိတ်ရှိတယ်။

💡inferiority /အင်ဖီရီရော့ရတီး/ သိမ်ငယ်ခြင်း။
✅ You should avoid inferiority.
Ⓜ️ မင်း သိမ်ငယ်စိတ်ကို ဖယ်လိုက်သင့်တယ်။

💡 inferiority complex - သိမ်ငယ်စိတ်ထား။
✅ She’s got a real inferiority complex.
Ⓜ️ သူမမှာ တကယ့်ကို သိမ်ငယ်စိတ်ရှိနေတယ်။

💡 clue /ကလူး/ သဲလွန်စ။
✅ The detective is finding the clue concerning with the murder.
Ⓜ️ စုံထောက်က လူသတ်မှုနဲ့စပ်လျဉ်းတဲ့သဲလွန်စကိုရှာနေပါတယ်။

💡trace /ထရေ့စ်/ ခြေရာခံလိုက်သည်။
✅ No need to trace me.
Ⓜ️ ကျွန်မကိုခြေရာခံလိုက်စရာမလိုဘူး။

💡source /စို့စ်/ တစုံတခုစတင်ဖြစ်ပွါးရာနေရာ၊ အစ၊ ဇာတိ၊ ရင်းမြစ်၊ ပင်ရင်း၊ သံယံဇာတ။
✅ Where is the source of market?
Ⓜ️ စျေးကွက်အရင်းအမြစ်က ဘယ်မှာလဲ။

Tr. Phyo Mon Win
09-761401212

21/03/2026

ပညာဒါန(၁၅)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 11)

💡sharp /ရှာ့ပ်/ ချွန်ထက်သော၊ စူးကနဲဖြစ်သော။ တိကျသော၊ ထက်မြက်သော။
✅ What is your sharp dream?
Ⓜ️ မင်းရဲ့တိကျတဲ့ရည်ရွယ်ချက်ကဘာလဲ။
✅ He is sharp.
Ⓜ️ သူက ထက်ထက်မြက်မြက်ရှိသည်။

💡 humbly /ဟမ်ဘလီး/ နှိမ့်ချစွာ၊ ကျိုးနွံစွာ။
✅ May I humbly request you?
Ⓜ️ ကျွန်တော် ရိုသေစွာ တောင်းဆိုပါရစေ။

💡aloft /အလော့ဖ်တ်/ အထက်သို့။
✅ You should throw aloft it.
Ⓜ️ မင်း အဲ့ဒါကို အပေါ် ပစ်လိုက်သင့်တယ်။

💡 chain action, chain effect, domino effect - တခုပြီးတခုဆက်တိုက်ဖြစ်ခြင်း။
✅ We must take care of chain action.
Ⓜ️ ဆက်တိုက်ဖြစ်နေတာကို ကျွန်တော်တို့ဂရုစိုက်ရပါမယ်။

💡 don /ဒွန်/ ဝတ်ဆင်သည်။
✅ T-shirt is easy to don.
Ⓜ️ တီရှပ်က ဝတ်ရလွယ်ပါတယ်။

💡sticker /စတစ်ကာ/ တပူးတတွဲတွဲနေသူ။
✅ He is my sticker.
Ⓜ️ သူက ကျွန်တော်နဲ့တတွဲတွဲနေတတ်တဲ့သူပါ။

💡key /ကီး/ သော့။ အဓိကဖြစ်သော။
✅ She is a key person.
Ⓜ️ သူမက အဓိကလူပဲ။

Tr. Phyo Mon Win
09-761401212

19/03/2026

ပညာဒါန(၁၄)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 10)

💡initiative /အစ်နစ်ရှီရိတ်တစ်ဗ်/ ပဏာမခြေလှမ်း၊ကိုယ်စွမ်းကိုယ်စ။

✅ Our company negotiated with the clients as initiative.
Ⓜ️ ကျွန်တော်တို့ကုမ္ပဏီသည် ပဏာမခြေလှမ်းအနေဖြင့် ဖောက်သည်ကုမ္ပဏီများနှင့်ညှိနှိုင်းခဲ့ပါသည်။

✅ She did it on her own initiative.
Ⓜ️ သူမက သူ့အစွမ်းအစပေါ်မူတည်ပြီး ဤကိစ္စကိုလုပ်ဆောင်ခဲ့သည်။

💡 the initiative /သီး အစ်နစ်ရှီရိတ်တစ်ဗ်/ လက်ဦးမှု။

✅ Women football team got the score in the initiative.
Ⓜ️ အမျိုးသမီးဘောလုံးအသင်းက လက်ဦးမှုအနေဖြင့် ဂိုးရရှိခဲ့သည်။

💡initiate /အစ်နစ်ရှီရိတ်/ အစပျိုးသော၊လူသစ်။

✅ Do you have initiate plan?
Ⓜ️ မင်းမှာ အစပြုထားတဲ့အစီအစဉ်ရှိလား။

✅ She is an initiate.
Ⓜ️ သူမက လူသစ်တယောက်ဖြစ်သည်။

💡 novice /နော့ဗစ်/ သာမဏေ။ လူသစ်။

✅ He is a novice programmer.
Ⓜ️ သူက ပရိုဂရမ်မာအသစ်တယောက်ဖြစ်သည်။

💡born yesterday (idiom) သူငယ်နှပ်စား။

✅ She was born at yesterday.
Ⓜ️ သူမက သူငယ်နှပ်စားတယောက်ပဲ။

Tr. Phyo Mon Win
09-761401212

14/03/2026

ပညာဒါန(၁၃)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 9)

💡castle /ခါစယ်လ်/ ရဲတိုက်။
✅ The castle is set on a steep hill.
Ⓜ️ ရဲတိုက်ကို မတ်စောက်သောတောင်ကုန်းတခုမှာ ဆောက်ထားသည်။

💡whistle /ဝှစ်စယ်လ်/ လေချွန်သည်။
✅ You should never whistle at night.
Ⓜ️ မင်း ညဘက်လေမချွန်သင့်ဘူး။

💡nestle /နက်စယ်လ်/ နွေးအောင်ကွေးသည်။
✅ They nestled in front of the fire.
Ⓜ️ မီးပုံရှေ့မှာ သူတို့နွေးနွေးထွေးထွေးသွားနေခဲ့ကြသည်။

💡nestling /နက်စလင်း/ မပျံနိုင်သေးသောငှက်ပေါက်စ။
✅ Just you’re an only nestling.
Ⓜ️ မင်းက အရွယ်မရောက်သေးသည့်ကလေးလေးပါပဲ။

💡cuddle /ခပ်ဒယ်လ်/ ပွေ့ချီသည်၊ ပွေ့ဖက်သည်၊ ပိုက်ဖက်သည်။
✅ They are cuddling each other.
Ⓜ️ သူတို့တယောက်နှင့်တယောက်ပွေ့ဖက်ထားကြသည်။

💡 embrace /အင်မ်ဘရေ့စ်/ ပွေ့ဖက်သည်။
✅ She leaned over to embrace the child
Ⓜ️ ကလေးကိုဖက်ဖို့ သူမ ကိုယ်ကိုကွေးညွှတ်ခဲ့သည်။

💡embarrass /အင်မ်ဘာရက်စ်/ ကသိကအောက်ဖြစ်စေသည်၊ စိတ်အနှောင့်အယှက်ဖြစ်စေသည်၊ ရှက်ကိုးရှက်ကန်းဖြစ်သည်။
✅ Are you trying to embarrass me?
Ⓜ️ မင်း ငါ့ကို စိတ်ကသိကအောက်ဖြစ်အောင် လုပ်နေတာလား။

Tr. Phyo Mon Win
09-761401212

11/03/2026

ပညာဒါန(၁၂)📌Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part8)
💡 accustomed /အခပ်စတမ်ဒ်/ နေသားကျသည်။ ကျင့်သားရသည်။
✅ He is not accustomed yet.
Ⓜ️ သူ ခုထက်ထိ နေသားမကျသေးဘူး။
💡accumulate /အခရူးမြူလေ့တ်/ တိုးပွါးလာသည်၊ တိုးပွါးအောင်လုပ်သည်။ များပြားလာသည်။
✅ How can I accumulate my money?
Ⓜ️ ကျွန်တော့ပိုက်ဆံကို ဘယ်လိုတိုးပွါးအောင်လုပ်လို့ရမလဲ။
💡 fiend /ဖီးအင့်ဒ်/ မကောင်းဆိုးဝါးမိစ္ဆာ၊ ရက်စက်ကြမ်းကြုတ်သူ။ တစုံတရာကိုအရူးအမူးစွဲလမ်းသူ။
✅ I’m getting a fiend on you.
Ⓜ️ ကျွန်တော် မင်းကို အရူးအမူးစွဲလမ်းသူဖြစ်နေပြီ။
💡fiendish /ဖင်းဒစ်ရှ်/ ဆိုးဝါးရက်စက်ကြမ်းကြုတ်သော။ ခက်ခဲရှုပ်ထွေးသော။
✅ Don’t ask me the fiendish questions.
Ⓜ️ ကျွန်မကို ခက်ခဲရှုပ်ထွေးတဲ့မေးခွန်းတွေ မမေးပါနဲ့။
Tr. Phyo Mon Win
09-761401212

09/03/2026

ပညာဒါန(၁၁)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 7)

💡 indeed /အင်န်ဒီးဒ်/ တကယ်တော့။ အစစ်အမှန်။
✅ A man in need is a friend indeed.
Ⓜ️ လိုအပ်တဲ့အချိန်မှာကူညီတဲ့သူက သူငယ်ချင်းအစစ်အမှန်ဖြစ်ပါတယ်။

💡cuticle /ခရူးတစ်ကယ်လ်/ လက်သည်းပန်းကုံး။
✅ Once you are done with cleaning and polishing your nails, you should rub in cuticle oil at the edges of the nail.
Ⓜ️ မင်းရဲ့လက်သည်းတွေကို သန့်ရှင်းတိုက်ချွတ်ပြီးတာနဲ့ လက်သည်းရဲ့အစွန်းပိုင်းတွေကို လက်သည်းပန်းကုံးရေဓာတ်ဖြည့်အဆီနဲ့ပွတ်ပေးသင့်ပါတယ်။

💡cute /ခရူးတ်/ ချစ်စရာကောင်းသော။ ပါးနပ်သော၊ လည်သော။ (US)
✅ Don’t be so cute.
Ⓜ️ သိပ်ပြီးမလည်ပါနဲ့။

💡 good /ဂွတ်ဒ်/ လူနပ်။
✅ He’s a good.
Ⓜ️ သူက လူနပ်တယောက်ဖြစ်တယ်။

💡footless /ဖွတ်လပ်စ်/ အခြေအမြစ်မရှိသော။
✅ Don’t say your footless words.
Ⓜ️အခြေအမြစ်မရှိတဲ့စကားတွေမပြောပါနှင့်။

💡 footling /ဖွတ်တလင်း/ အရေးမပါသော၊ အသေးအဖွဲဖြစ်သော။
✅ She is wasting her time with footling matters.
Ⓜ️အရေးမပါတဲ့ကိစ္စတွေနဲ့သူမရဲ့အချိန်ကိုဖြုန်းတီးနေတယ်။

💡 footloose /ဖွတ်တလုစ်/ သံယောဇဉ်ခြေချုပ်မရှိ လူလွတ်ဖြစ်သော။
✅ She decided her life to live as a footloose person.
Ⓜ️သူမဘဝကို လူလွတ်အဖြစ်နဲ့နေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတဃ်။

Tr. Phyo Mon Win
09-761401212

07/03/2026

ပညာဒါန(၁၀)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 6)
💡 superstition /စူပါစတေးရှင်း/ အယူသီးခြင်း၊ အစွဲအလန်းကြီးခြင်း။
✅ There’s an old superstition that killing a spider brings you bad luck.
Ⓜ️ ပင့်ကူကို သတ်လျှင် မင်းအတွက်ကံမကောင်းဘူးဆိုတာက ဟောင်းနွမ်းနေတဲ့အယူသီးမှုတခုပဲ။
💡 supervene /စူပါဗီးန်/ ကျော်လွန်လွှမ်းမိုးသည်။
✅ She was working well until illness supervened.
Ⓜ️ သူမက ဖျားနာလွန်းနေခဲ့သည့်တိုင် အလုပ်ကောင်းကောင်းလုပ်နေခဲ့သည်။
💡devotion /ဒစ်ဗိုးရှင်း/ ဝတ်တက်ခြင်း၊ ယုံကြည်သက်ဝင်ခြင်း၊ မြှုပ်နှံခြင်း။
✅ He has night devotion.
Ⓜ️ သူ့အနေနဲ့ ညဘက်ဘုရားဝတ်ပြုခြင်းရှိသည်။
💡 devour /ဒစ်ဗားရ်/ အငမ်းမရဝါးမျိုသည်။
✅ He devoured the entire plate of spaghetti.
Ⓜ️ စပါဂတီတပန်းကန်လုံးကို သူအငမ်းမရစားခဲ့သည်။
Tr. Phyo Mon Win
09-761401212

06/03/2026

ပညာဒါန(၉)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 5)

💡mug /မက်ဂ်/ လူစည်ကားသည့်နေရာတွင်ထိုးကြိတ်လုယက်သည်။ လူနုံလူအ၊မတ်ခွက်၊မျက်နှာ။

✅ An old lady was mugged by a gangster.
Ⓜ️ အမျိုးသမီးကြီးတယောက်ကို လူမိုက်အဖွဲ့က လုယက်သွားသည်။

💡 mug up (on) something - ဖုတ်ပူမီးတိုက်အလွတ်ကျက်မှတ်သည်။

✅ She mugged up (on) the Highway Codes before her driving test.
Ⓜ️ သူမကားစမ်းသပ်မမောင်းခင်မှာ အဝေးပြေးလမ်းမကြီးရဲ့သ​င်္ကေတတွေကိုကမန်းကတန်းကျက်ခဲ့သည်။

💡 muggy /မက်ဂီ/ အိုက်စပ်စပ်ဖြစ်သော။

✅What a muggy day?

Ⓜ️အိုက်စပ်တဲ့နေ့ပဲ။

💡braid /ဘရိတ်ဒ်/ ကျစ်ဆံမြီးကျစ်သည်။ ကျစ်ဆံမြီး။

✅ She likes wearing her hair in braids.
Ⓜ️ သူမဆံပင်ကျစ်ဆံမြီးကျစ်ရတာကိုကြိုက်သည်။

💡 glutton /ဂလက်တန်/ ဇူဇကာပုဏ္ဏားကဲ့သို့ အစားပုတ်သူ။

✅ You’ve eaten the whole pie, you glutton!
Ⓜ️ ပိုင်မုန့်တခုလုံးစားလိုက်တာကိုး၊ မင်းကအစားပုတ်ပဲ။

💡 glutton for something (work/education) - လောဘကြီးသောသူ။ အလွန်ဒဏ်ခံနိုင်သောသူ။

✅ He is uncertainly a glutton for work.
Ⓜ️ သူက အလုပ်နဲ့ပတ်သက်လျှင် ဒဏ်ခံနိုင်သောသူ မဟုတ်ပါဘူး။

Tr. Phyo Mon Win
09-761401212

05/03/2026

ပညာဒါန(၈)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 4)
💡attain /အတိန်း/ ရယူသည်။ ရရှိသည်။
✅ How can I attain my goals?
Ⓜ️ ကျွန်မရဲ့ရည်ရွယ်ရာပန်းတိုင်တွေဆီ ရောက်ရှိအောင် ဘယ်လိုလုပ်လို့ရနိုင်မလဲ။

💡 attainment /အတိန်းမန့်တ်/ အောင်မြင်ရယူခြင်း။
✅ The attainment of her ambitions was still a dream.
Ⓜ️ သူမရဲ့ရည်မှန်းချက်များအောင်မြင်ဖို့ရန်မှာ အိပ်မက်တခုအဖြစ်သာ ရှိနေခဲ့တုန်းပဲဖြစ်တယ်။

💡 achieve /အချီးဗ်/ လုပ်ဆောင်မှုကြောင့်ရရှိသည်။ အထမြောက်သည်။ ပြီးပြည့်စုံသည်။
✅You should achieve your idea.
Ⓜ️ မင်းတွေးထားတဲ့အတိုင်း ရရှိသင့်တယ်။

💡achievement /အချီးဗ်မန့်/ အောင်မြင်မှု၊ ဖြစ်ထွန်းမှု။
✅ Warmest congratulations on your achievement.
Ⓜ️ မင်းရဲ့အောင်မြင်မှုအတွက် လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါတယ်။

💡 procure /ပရခရူးရား/ ကြိုးပမ်းမှုဖြင့်ရရှိသည်။ ဝါယမစိုက်ထုတ်မှုဖြင့်ရယူသည်။
✅ Can you procure a copy of original?
Ⓜ️ မူရင်းမိတ္တူကို မင်းရအောင်လုပ်ပေးနိုင်မလား။
✅ He was responsible for procuring spare parts.
Ⓜ️ အပိုပစ္စည်းတွေရအောင်ကြိုးပမ်းဖို့သူ့တာဝန်ဖြစ်ခဲ့တယ်။
💡accomplish /အကွန်းပလစ်ရှ်/ ပြုလုပ်သည်။ အောင်မြင်စွာပြီးဆုံးသည်။
✅ Don’t you want to accomplish your task?
Ⓜ️ မင်းလုပ်ငန်းကို အောင်အောင်မြင်မြင်နဲ့မပြီးဆုံးချင်ဘူးလား။
✅ I’d like to accomplish my duty.
Ⓜ️ ကျွန်တော့တာဝန်ပြီးမြောက်စေချင်ပါတယ်။
💡fulfil /ဖွတ်ဖေးလ်/ ပြီးမြောက်သည်။ လုပ်ဆောင်သည်။ ပြည့်မှီစေသည်။
✅ Did the course fulfil all your expectations?
Ⓜ️ ဒီသင်တန်းက မင်းမျှော်မှန်းထာားတာတွေကိုပြည့်မှီစေခဲ့ရဲ့လား။
Tr. Phyo Mon Win
09-761401212

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Milestone Training School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category