Energy Power USA Branded Medicine

Energy Power USA Branded Medicine

Share

Your healthy is my happy!!!

11/12/2022

Coq10 USA 🇺🇸 Supplements

Nature Made 200 mg

Coenzyme Q10 ကို CoQ10 လို့ အတိုကောက်ခေါ်ပါတယ်ရှင်

ကိုယ်ခန္ဓာက CoQ10 ကို သဘာဝအလျောက် ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အသက်အရွယ်ကြီးလာတာနဲ့အမျှ CoQ10 ထုတ်လုပ်မှု လျော့နည်းသွားနိုင်ပါတယ်ရှင်
နှလုံးရောဂါ၊ ဆီးချို၊ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ကင်ဆာ စတဲ့ ကျန်းမာရေးပြဿနာတွေဟာ CoQ10 နည်းပါးခြင်းနဲ့ ဆက်စပ်နေပါတယ်ရှင်

CoQ10 ဆိုတာဘာလဲ

CoQ10 ဟာ ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေထဲမှာ စွမ်းအင်ထုတ်လုပ်ပေးတဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ်။ ဆဲလ်တွေရဲ့ စွမ်းအင်ရုံလို့ တင်စားရမယ့် (Mitochondria) ထဲမှာ သိုလှောင်ထားပါတယ်။ CoQ10 ကို ကိုယ်ခန္ဓာထဲမှာ ဓာတ်တိုးဖိစီးခြင်းကို လျော့ပါးစေပါတယ်။ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များကြောင့် ဆဲလ်များထိခိုက်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

CoQ10 က ကိုယ်ခန္ဓာ ဆဲလ်တိုင်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့် စွမ်းအင်လိုအပ်ချက်များတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံး၊ ကျောက်ကပ်၊ အဆုတ်၊ အသည်း စတာတွေမှာ ပါဝင်မှု ပိုမိုများပြားပါတယ်။

အောက်ပါအချက်တွေကတော့ COQ10 ရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

နှလုံးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း

နှလုံးသွေးကြောရောဂါများနဲ့ သွေးတိုးခြင်းကြောင့် နှလုံးပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ သုတေသနအချို့အရ CoQ10 ကို နှစ်နဲ့ချီပြီး စွဲမြဲစွာသောက်သုံးသူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးစေတယ်လို့ သိရပါတယ်။ နှလုံးရောဂါရှိသူတွေမှာလည်း CoQ10 သုံးစွဲပြီးနောက်ပိုင်း နှလုံးဖောက်ခြင်းကြောင့် ဆေးရုံတက်ရနိုင်ခြေ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

CoQ10 က စွမ်းအင်မြှင့်တင်ပေးခြင်း၊ ဓာတ်တိုးပျက်စီးခြင်းကို လျှော့ချပေးခြင်း၊ နှလုံးလုပ်ငန်းတာဝန်များကို တိုးတက်ကောင်းမွန်စေခြင်း စတဲ့အာနိသင်တွေ ရှိပါတယ်။

အသားအရေကို နုပျိုစေခြင်း

အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အရာတွေဟာ ပြင်ပမှာ (ဥပမာ ခရမ်းလွန်ရောင်ခြည်) ရှိသလို ကိုယ်ခန္ဓာအတွင်းပိုင်းမှာလည်း (ဥပမာ ဆဲလ်များ ပျက်စီးခြင်း၊ ဟော်မုန်းမမျှတခြင်း) ရှိတတ်ပါတယ်။ CoQ10 ပါတဲ့အဆီကို အရေပြားပေါ်မှာ တိုက်ရိုက်လိမ်းပေးရင် အရေပြားဆဲလ်တွေကို စွမ်းအင်ပေးပြီး ဓာတ်တိုးထိခိုက်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ အရေပြားကို ပြင်ပကရော အတွင်းပိုင်းကပါ ဒုက္ခပေးနိုင်တဲ့ အရာတွေကို ကာကွယ်နိုင်ပါတယ်။

ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း

CoQ10 ဟာ ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။ ဦးနှောက်အာရုံကြောဆဲလ်တွေ စွမ်းအင်လျော့နည်းတဲ့အခါ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ CoQ10 ဟာ ဦးနှောက်ဆဲလ်တွေကနေ ဖရီးရယ်ဒီကယ်ထွက်ခြင်းကို လျှော့ချပေးပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ တိုးမြှင့်ပြီး ဒီပြဿနာကို ကာကွယ်ပေးပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းများအတွက် အထောက်အကူပြုခြင်း

ကိုယ်ခန္ဓာဆဲလ်တွေမှာ Mitochondria ဆိုတဲ့ စွမ်းအင်အဆောက်အဦတွေ ပါဝင်ပါတယ်။ အဆိုပါ Mitochondria များ ပုံမှန်အလုပ်မလုပ်တဲ့အခါ ကြွက်သားများ စွမ်းအင်လျော့နည်းပြီး အင်ပြည့်အားပြည့် မလှုပ်ရှားနိုင် ဖြစ်တတ်ပါတယ်။ CoQ10 ဟာ ဓာတ်တိုးဖိစီးခြင်းကို လျော့နည်းစေတာမို့ ကြွက်သားများရဲ့ စွမ်းဆောင်ရည်ကိုတက်စေပါတယ်။

ဆီးချိုသမားများအတွက် အထောက်အကူပြုခြင်း

CoQ10 ဟာ အင်ဆူလင်အာရုံခံနိုင်စွမ်းကို တိုးတက်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ သုတေသနတခုမှာ ဆီးချိုရောဂါသည်တွေကို COQ10 ပေးရာမှာ သွေးတွင်းသကြားဓာတ်နဲ့ A1C ဟီမိုဂလိုဘင်လျော့နည်းကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် အဆီများကို ချေဖျက်ပေးခြင်းကြောင့် အဝလွန်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။

CoQ10 ကို ဘယ်လိုရနိုင်သလဲ

CoQ10 ကို အားဖြည့်ဆေးများအနေနဲ့ ရနိုင်သလို အစားအသောက်များကနေလည်း ရရှိနိုင်ပါတယ်။ CoQ10 ရရှိနိုင်တဲ့ အစားအစာများကတော့

– ကလီစာများ။ နှလုံး၊ အသည်း၊ ကျောက်ကပ်

– အသားများ။ ဝက်၊ ကြက်၊ အမဲသား

– အဆီများသောငါးများ။ ငါးကွမ်းရှပ်၊ ဆာဒင်း၊ ဆယ်လ်မွန်၊ တူနာ

– ဟင်းသီးဟင်းရွက်များ။ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ပန်းပွင့်စိမ်း

– အသီးများ။ လိမ္မော်သီး၊ စတော်ဘယ်ရီသီး

– အဆီ။ ပဲပိစပ်ဆီ၊ ကနိုလာဆီ

– ပဲအမျိုးမျိုး စတာတွေ ဖြစ်ပါတယ်ရှင်

Dr. Thant Zin မှ ရေးသားပြီး Hello Doctor မှ ကောက်နုတ်တင်ပြပါတယ်ရှင်

🌟 USA ပစ္စည်းဖြစ်ကြောင်း 💯% အာမခံပါတယ်ရှင်

🌟 Exp Date ကောင်းရမည်ဖြစ်ကြောင်း အထူးအာမခံဖြင့်ရောင်းပေးပါတယ်ရှင်

ချစ်ရပါသော မိတ်ဆွေများမှ ကျေးဇူးပြု၍ 🎤09978643366, page messages တို့မှဆက်သွယ် စုံစမ်း ဝယ်ယူအားပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်🙏

10/12/2022

Collagen ခဏခဏလာမေးတဲ့ Customers လေးတွေအတွက် Youtheory Collagen လေးလာပါပြီရှင် 🌼🌼🌼

🔸Youtheory Collagen က သောက်ပြီး 1ပတ်အတွင်းမှာ ကောင်းမွန်သိသာတဲ့ results တွေကြောင့် နာမည်ကြီးပါတယ်။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ collagen တွေကို ဖြည့်တင်းပေးတာကြောင့် အသားရေကိုကြည်ကြည်လေးဖြစ်စေပြီး နုပျိုလာတာကို လက်တွေ့ခံစားရမှာဖြစ်ပါတယ်။

🔸Collagen က အသက်ရွယ် 25 ကျော်ရင် ပြန်လည်ဖြည့်တင်းဖို့ supplements အနေနဲ့ သောက်သုံးခြင်းအားဖြင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်ရှင်။

🔸အသားအရည်အပြင်၊ အရိုးအဆစ်၊ဆံသားနဲ့ ခြေသည်းလက်သည်းလေးတွေကိုပါ အထောက်အပံ့ပေးပါတယ်။ အရိုး၊ အရိုးနု၊ အရွတ်၊ ကြွက်သားတွေမှာ collagen ပါဝင်တည်ရှိတာကြောင့် အရိုးအဆစ် နာကျင်သူတွေ၊ဒူးနာ ခါးနာ ကျီးပေါင်းတက်သူတွေ လမ်းလျှောက်တိုင်း ဒူးခေါင်းထဲက အသံမြည်သူတွေ အရိုးအဆစ်ကိုက်တတ်သူတွေအတွက် collagen ကိုပြန်လည်ဖြည့်တင်းပေးရင် သိသိသာသာသက်သာလာကြပါတယ်ရှင်။

👱‍♂️👩‍🦳အမျိုးသားရော အမျိုးသမီးပါ သောက်သုံးနိုင်တဲ့collagen လေးဖြစ်ပါတယ်။ တစ်လုံးချင်းစီတိုင်းမှာ collagen ပမာဏ 6000mgပါဝင်ပြီး ရေများများနဲ့သောက်ပေးမယ်ဆိုရင်ရလဒ်က ပိုပြီးကောင်းပါတယ်နော်🧡
နောက်ပြီးတော့ Collagen ကို အစာမရှိချိန်သောက်တာဟာ အကောင်းဆုံး အထိရောက်ဆုံးပါရှင်။

Youtheory Collagen
390 tablets

Collagen အကြောင်းလေး ပိုသိချင်ရင် ဒီမှာဖတ်ပါနော်🤎
https://www.facebook.com/920893127970344/posts/3582928365100127/

😊 မှာယူမယ်ဆိုရင် Messenger Chatbox (သို့) ဖုန်းဖြင့်ဆက်သွယ်မှာယူလို့ရပါတယ် ရှင် 😊

📞 09978643366

🙏 ကျေးဇူးတင်ပါတယ် ရှင့် 🙏

09/12/2022

Kirkland Mature Multi
Adult 50+
💊(အလုံး 400 ပါ)
☝️Exp:2024
👌Price:. 65000/-

✅အသက်၅၀ကျော် ကျား/မ မရွေးသောက်သုံးနိုင် ပါတယ်
✅ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin နဲ့ Minerals များစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးပါတယ်ရှင့်
✅Vitamin B ဓါတ်မျိုးစုံပါဝင်တာကြောင့် အားအင်ပြည့်ဖြိုးလန်းဆန်းစေပါတယ်
✅Calcium & Vitamin D ပါဝင်တာကြောင့် အရိုးများကိုသန်မာစေပါတယ် သွားနဲ့သွားဖုံးများကိုလည်း ခိုင်ခံလာစေပါတယ်။
✅Vitamin B and zinc ဓါတ်ကဦးနှောက်နှင့်မှတ်ဉာဏ်ကိုအထောက်အကူဖြစ်​စေပါတယ်
✅Vitamin,C, E တို့ပါဝင်လို့ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးပါတယ်
💊အစာနှင့်တွဲဖက်၍ တနေ့ ၁လုံးသောက်သုံးနိုင်ပါသည်

Import from USA 🇺🇸!!!

😊 မှာယူမယ်ဆိုရင် Messenger Chatbox (သို့) ဖုန်းဖြင့်ဆက်သွယ်မှာယူလို့ရပါတယ် ရှင် 😊

📞 09978643366

🙏 ကျေးဇူးတင်ပါတယ် ရှင့် 🙏

07/12/2022

👵 သက်ရှည် ကျန်းမာအောင် ငါးကြီးဆီကိုဆောင် 👴

Omega 3 Fish Oil တစ်မျိုးတည်းနဲ့ 🧠ဦးနှောက် ၊ 👀မျက်လုံး ၊ 🫀နှလုံး ကျန်မာရေးနဲ့ 🫁အထွေထွေကျန်းမာရေးပါကောင်းစေပါတယ်

အသက်ကြီးတဲ့ ဖေဖေ၊မေမေ၊ဖိုးဖိုး၊ဖွားဖွား တို့ကိုကျန်း
မာရွှင်လန်းစေဖို့ Fish Oil ကို နေ့စဉ်မှီဝဲကြပါနော်

✅Sotfgel တစ်လုံးမှာFish oil 1000mg ပါဝင်ပြီး Omega-3 fatty acids 300mg ပမာဏ ရရှိမှာ ဖြစ်ပါတယ်။

💊နေ့စဉ် မနက်တစ်လုံး ညတစ်လုံး ရေတစ်ဖန်ခွက်အပြည့်နဲ့သောက်ပေးပါ ၊ အစာစားပြီးတဲ့အချိန် သောက်ရင် ပိုကောင်းပါတယ်

🐳Kirkland Fish Oil 1000 mg
🐳Price 65000ks (400 Softgels)
100% 🇺🇸 USA Authentic ✅✅

😊 မှာယူမယ်ဆိုရင် Messenger Chatbox (သို့) ဖုန်းဖြင့်ဆက်သွယ်မှာယူလို့ရပါတယ် ရှင် 😊

📞 09978643366

🙏 ကျေးဇူးတင်ပါတယ် ရှင့် 🙏

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Lanmadaw
Yangon
11131

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00