蓮花 Lotus Mandarin Chinese Learning

蓮花  Lotus Mandarin Chinese Learning

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 蓮花 Lotus Mandarin Chinese Learning, Education, Yangon.

31/12/2021

2022 新年
愿你们新年吉祥,心愿统统实现了!
Happy New Year 2022
Your wishes come true!

21/10/2021

成语 (一)
IDIOMS (1)

1. 听天由命
tīng tiān yóu mìng
ကံစီမံရာအတိုင်းပါပဲ။

2. 命中注定
mìng zhōng zhù dìng
ကံတရားကသတ်မှတ်ထားပြီးသား။

3. 小题大做
xiǎo tí dà zuò
တစိတ်ကိုတစ်အိတ်လုပ်
( ပြသနာသေးသေးကိုပုံကြီးချဲ့နေ)။

4. 火上加油
huǒ shàng jiā yóu
မီးလောင်ရာ​လေပင့် (မီးပေါ်ကိုဆီထပ်လောင်း)
(အမှတ်စဉ်၃ အတိုင်း - ပြသနာသေးတာကိုမကြီးကြီးအောင်လုပ်ခြင်း)။

5. 无法无天
wú fǎ wú tiān
တရားမရှိ ဥပဒေမရှိ လုပ်ချင်တိုင်းလုပ်နေ။

17/10/2021

🎓 ဘာသာစကားများတွင် တရုတ်ဘာသာစကားသည် အင်္ဂလိပ်စာ ပြီးလျှင် အသုံးအများဆုံး ဘာသာစကားဖြစ်ပါတယ်။

🎓 မိမိတို့​၏ ကလေးများကို တရုတ်စာဘာသာစကားအား အတန်းစာအုပ်နှင့် စနစ်တကျသင်ယူစေချင်ပါက
Lotus Mandarin Chinese Learning သင်တန်းတွင် သင်ယူနိုင်ရန် စုံစမ်းမေးမြန်း နိုင်ပါသည်။

🎓vocabulary များကိုရှင်းပြရာတွင် မြန်မာလိုသာမက အင်္ဂလိပ် ဝေါဟာရကိုပါ တွဲရှင်းပြပေးပါသဖြင့် ဘာသာစကား ၂မျိုးလုံးကိုလေ့လာပြီး ဖြစ်သွားပါတယ်။

🎓 အတန်းအသစ်အနေနဲ့

汉语 1 သင်တန်း(တရုတ်စာသင်ရိုးညွှန်းတန်းဖတ်စာအုပ် အမှတ် ၁ ) အတန်းသစ် ကို လာမည့် နိုဝင်ဘာလ ၇ရက် တနင်္ဂနွေနေ့မှာ စတင်ဖွင့်လှစ်ပါမည်။

🎓 တက်ရောက်နိုင်သူများမှာ

Pinyin (拼音)အခြေခံတရုတ်စာဖတ်နည်း နှင့်
ရေးနည်း Basic level တတ်မြောက်ပြီးသူ
အသက်၅နှစ်မှ ၁၅နှစ် အရွယ်များ
တက်ရောက်နိုင်မှာ ဖြစ်ပါသည်။

🎓 သင်ကြားမည့် အစီအစဉ်များကအောက်ပါအတိုင်းဖြစ်ပါတယ်။

အချိန် : ညနေ၅:၀၀ မှ ၆:၃၀ ထိ

သင်တန်းကာလ : ၂လ ခန့်

သင်တန်းကြေး : ၂၀,၀၀၀ကျပ်

🎓 သင်တန်းသားများအတွက် Text book နှင့်လေ့ကျင့်ခန်း စာအုပ်များ pdf file ပို့ပေးမှာဖြစ်ပါတယ်။

တစ်ပတ်ကို ၂ရက်
စနေ တနင်္ဂနွေ နေ့ များမှာ online မှသင်ကြား ပေးသွားမှာဖြစ်ပါတယ် ။

🎓 သင်ကြားမှုပုံစံမှာ ယခင်သင်တန်းများကဲ့သို့
zoom application ကနေ သင်ကြားမှာဖြစ်ပြီး
အိမ်စာလေ့ကျင့်ခန်းများ ၊ စာမေးပွဲ စစ်ဆေးခြင်း တို့ပါဝင်မှာဖြစ်ပါတယ်။

စိတ်ဝင်စားပါက 📱09767927463 (သို့) CB တွင်စုံစမ်းမေးမြန်းနိုင်ပါတယ်။

20/09/2021

汉语 1 သင်တန်း(တရုတ်စာသင်ရိုးညွှန်းတန်းဖတ်စာအုပ် အမှတ် ၁ ) နောက်တစ်တန်းကို လာမည့် အောက်တိုဘာလ ဒုတိယပတ်မှာ စတင်ဖွင့်လှစ်ပါမည်။

တက်ရောက်နိုင်သူများမှာ

Pinyin (拼音)အခြေခံတရုတ်စာဖတ်နည်း နှင့်
ရေးနည်း Basic level တတ်မြောက်ပြီးသူ
အသက် ၅နှစ်မှ ၁၅နှစ် အရွယ်များ တက်ရောက်နိုင်မှာ ဖြစ်ပါသည်။

သင်ကြားမည့် အစီအစဉ်များကအောက်ပါအတိုင်းဖြစ်ပါတယ်။

အချိန် : ညနေ၅:၀၀ မှ ၆:၃၀ ထိ

သင်တန်းကာလ : ၂လ ခန့်

သင်တန်းကြေး : ၂၀,၀၀၀ကျပ်

သင်တန်းသားများအတွက် Text book နှင့်လေ့ကျင့်ခန်း စာအုပ်များ pdf file ပို့ပေးမှာဖြစ်ပါတယ်။

တစ်ပတ်ကို ၂ရက်
စနေ တနင်္ဂနွေ နေ့ များမှာ online မှသင်ကြား ပေးသွားမှာဖြစ်ပါတယ် ။
သင်ကြားမှုပုံစံမှာ ယခင်သင်တန်းများကဲ့သို့
zoom application ကနေ သင်ကြားမှာဖြစ်ပြီး
အိမ်စာလေ့ကျင့်ခန်းများ ၊ စာမေးပွဲ စစ်ဆေးခြင်း တို့ပါဝင်မှာဖြစ်ပါတယ်။

စိတ်ဝင်စားပါက 📱09767927463 (သို့) CB တွင်စုံစမ်းမေးမြန်းနိုင်ပါတယ်။

19/09/2021

စာမတင်တာကြာပြီဖြစ်လို့ ဒီတခါ COVID 19 နဲ့ပက်သက်တဲ့ ဝေါဟာရလေးတွေတင်ပေးလိုက်ပါတယ်။

留意症状
liú yì zhèng zhuàng
Be careful the symptom
သတိပြုစရာရောဂါလက္ခဏာ

出现下列这些症状的人可能感染了COVID-19:
chū xiàn xià liè zhè xiē zhèng zhuàng de rén kě néng gǎn rǎn le
အောက်ပါရောဂါလက္ခဏာ ရှိသူသည် Covid 19 ရောဂါကူးစက်ခံရနိုင်ခြေရှိပါသည်။

* 发烧或寒战
fā shāo huò hán zhàn
ဖျားခြင်း သို့ ခိုက်ခိုက်တုန်အောင်ချမ်းခြင်း

* 咳嗽
ké sòu
ချောင်းဆိုးခြင်း

* 气短或呼吸困难
qì duǎn huò hū xī kùn nán
အသက်ရှူကြပ်ခြင်း သို့ အသက်ရှူရခက်ခြင်း

* 疲劳
pí láo
မောပန်းခြင်း

* 肌肉或身体酸痛
jī ròu huò shēn tǐ suān tòng
ကြွက်သား သို့ ကိုယ် လက်ကိုက်ခဲခြင်း

* 头疼
tóu téng
ခေါင်းကိုက်ခြင်း

* 近期丧失味觉或嗅觉
jìn qī sàng shī wèi jué huò xiù jué
မကြာသေးမီက အရသာ သို့ အနံ့ပျောက်ခြင်း

* 喉咙痛
hóu lóng tòng
လည်ချောင်းနာခြင်း

* 鼻塞或流鼻涕
bí sāi huò liú bí tì
နှာပိတ်ခြင်း သို့ နှာရည်ယိုခြင်း

* 恶心或呕吐
è xīn huò ǒu tǔ
ပျို့ခြင်း သို့ အော့အန်ခြင်း

* 腹泻
fù xiè
ဝမ်းလျှောခြင်း

20/04/2021

မြန်မာနှစ်သစ်ကူး အချိန်ခါသမယမှာ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားများ ကျန်းမာချမ်းသာ ကြပြီး လိုရာအားလုံး အမြန်ဆုံးပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ။

သင်တန်းများကို တစ်လကျော်ခန့် ရပ်နားထားရာမှ အခုပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ် ။

汉语 1 သင်တန်း(တရုတ်စာသင်ရိုးညွှန်းတန်းဖတ်စာအုပ် အမှတ် ၁ ) ကိုလာမည့် မေလ ကုန် ခန့်တွင် စတင်ဖွင့်လှစ်ပါမည်။

တက်ရောက်နိုင်သူများမှာ

Pinyin (拼音)အခြေခံတရုတ်စာဖတ်နည်း နှင့်
ရေးနည်း တတ်မြောက်ပြီးသူများ
သင်တန်းမှပို့ချသော Chinese for Children (Basic level )သင်တန်း တက်ရောက်ပြီးသူများ ဖြစ်ပါသည်။

သင်ကြားမည့် အစီအစဉ်များကအောက်ပါအတိုင်းဖြစ်ပါတယ်။

အချိန် : ညနေ၅:၀၀ မှ ၆:၃၀ ထိ

သင်တန်းကာလ : ၂လ ခန့်

သင်တန်းကြေး : ၂၀,၀၀၀ကျပ်

တစ်ပတ်ကို ၂ရက်
စနေ တနင်္ဂနွေ နေ့ များမှာ online မှသင်ကြား ပေးသွားမှာဖြစ်ပါတယ် ။

စိတ်ဝင်စားပါက 📱09767927463 (သို့) CB တွင်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Online သင်တန်းဖြစ်ပါသဖြင့် သင်တန်းကြေး ကို ဘဏ် သို့ K pay account သို့ လွှဲနိုင်ပါသည်။

15/02/2021

လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကြောင့် စာသင်ကြားခြင်းကို ပြီးခဲ့တဲ့အပတ်ကပိတ်ထားခဲ့သော်လည်း ကျောင်းသူ ကျောင်းသားများရဲ့ သင်ယူမှု မနှောင့်နှေး ရအောင် ဒီတပတ်ပြန်ဖွင့်ပါမယ် ။ တချို့အတန်းသစ်များဒီလဖွင့်ရန်စီစဉ်ထားသော်လည်း ယာယီ ရွှေဆိုင်းထားပါသည်။

အတန်းသစ်ဖွင့်လျှင် page မှာပြန်လည်ကြေငြာပေးပါမည်။

အားလုံး ဘေးရန်ကင်းကွာ ပြီး လိုရာပန်းတိုင်ရောက်နိုင်ကြပါစေ။

25/01/2021

Post မတင်ဖြစ်တာကြာပြီမို့
ဒီတခါ တော့ အားပေးစကားလေးတွေ ကို ဘာသာပြန်ပြီးတင်ပေးလိုက်ပါတယ်ရှင်။

14/01/2021

ဇန်နဝါရီလ၄ရက်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Chinese for Children အတန်း က လူပြည့်သွားခဲ့ပါပြီ။

အိမ်စာကို အချိန်မှန်မှန်ထပ်ပြီး စာမေးရင်လည်း ဖြေပေးကြတဲ့ ချစ်တပည့်လေးတွေကို 老师 က ကျေးဇူးပါလို့ 😍🥰။

10/01/2021

ဒီတခါတင်ပေးချင်တဲ့အကြောင်းအရာကတော့ ကမ္ဘာ့တိုက်ကြီး( ၇ )တိုက် ရဲ့ခေါ်ဝေါ်ပုံကိုပဲဖြစ်ပါတယ်။

02/01/2021

ကလေးများအတွက် တရုတ်စာ Chinese for Children (Basic level) သင်တန်းကိုလာမယ့်၄ရက်နေ့ လွတ်လပ်ရေးနေ့မှာ စတင်ဖွင့်လှစ်ပါတော့မယ်။

ပါဝင်မယ့်အကြောင်းအရာများကတော့

pinyin 拼音 (တရုတ်စာအသံထွက်) နည်း၊

အခြေခံတရုတ်စာရေးနည်း၊

ပုံပြင်စာအုပ်ဖတ်ခြင်း၊

အခြေခံတရုတ်စကားပြောခြင်း တို့ပါဝင်ပါတယ်ရှင်။

နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ အထူးနှုန်းနဲ့ စီစဉ်ထား ပြီး

အသက် ၆ နှစ်မှ ၁၃ နှစ်အထိ ကလေးများတက်ရောက်နိုင်ပါသည်။

သင်ကြားမည့် အစီအစဉ်များကအောက်ပါအတိုင်းဖြစ်ပါတယ်။

အချိန် : ညနေ၅:၀၀ မှ ၆:၃၀ ထိ

သင်တန်းကာလ : ၂လ

သင်တန်းကြေး : ၁၀,၀၀၀ကျပ်

တပတ်ကို ၂ရက် သင်ကြားပေးမှာဖြစ်ပြီး

တနင်္လာ ၊အင်္ဂါနေ့များမှာ online face to face သင်ကြားပေး မှာဖြစ်ပြီး အတန်းတတန်းကို ၁၀ ဦးသာ လက်ခံ သင်ကြားပေးသွားမှာဖြစ်ပါတယ် ။

စိတ်ဝင်စားပါက 📱09250057688 သို့ CB တွင်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Online သင်တန်းဖြစ်ပါသဖြင့် သင်တန်းကြေး ကို ဘဏ် သို့ K pay account သို့ လွှဲနိုင်ပါသည်။



--

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon