Phoenix Training Center

Phoenix Training Center Education For All! For our tomorrow, We take action today!

18/08/2026

The Little Rabbit Picks Mushrooms 🐰🍄 | Easy English Story for Kids

Join a little rabbit on a sunny mushroom-picking adventure! When a helpful bird warns about a poisonous mushroom, the rabbit learns to be careful and listen to good advice. Enjoy this cute story told in slow, easy English for kids and beginners.




မင်္ဂလာနံနက်ခင်းပါရှင်🙏ကိုယ်၊စိတ်နှစ်ပါး အေးချမ်းသာယာရှိကြပါစေ။ကောင်းသောအတွေး ကောင်းသောအကြံဉာဏ်များနှင့်လဲ ပြည့်စုံကြပါစ...
18/08/2026

မင်္ဂလာနံနက်ခင်းပါရှင်🙏

ကိုယ်၊စိတ်နှစ်ပါး အေးချမ်းသာယာရှိကြပါစေ။
ကောင်းသောအတွေး ကောင်းသောအကြံဉာဏ်များနှင့်လဲ ပြည့်စုံကြပါစေ။

14/08/2026

Disclaimer: No copyright infringement intended. I Do Not Own This Audio and Video Content. All the contents are credited to rightful owners.I upload it educational purpose only.
credittotherightfulowner

Crd.photo

14/08/2026

Little Elephant Says No 🐘 | A Brave English Story for Kids

Follow Little Elephant and his friends into a dark cave in this easy story for children and English beginners. Learn through slowly spoken English and discover an important lesson: saying no to danger is real bravery! 🌟




14/08/2026

I got over 100 reactions on my posts last week! Thanks everyone for your support! 🎉

သူ့နာမည်က လူချော။သူလေးက စစ်ဘေးရှောင်မိသားစုက ကလေးတစ်ယောက်ပါ။သူက ပန်းချီဆွဲရတာ ဝါသနာပါတယ်။သူနဲ့ကျွန်မတို့ခင်မင်ရင်းနီးတာ ...
13/08/2026

သူ့နာမည်က လူချော။
သူလေးက စစ်ဘေးရှောင်မိသားစုက ကလေးတစ်ယောက်ပါ။
သူက ပန်းချီဆွဲရတာ ဝါသနာပါတယ်။

သူနဲ့ကျွန်မတို့ခင်မင်ရင်းနီးတာ (3)နှစ်လောက်ရှိပြီ။
ကလေးဆိုပေမယ့် စကားပြောရင် သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်။
မပြည့်စုံတဲ့မိသားစုကဆိုပေမယ့် သူမကြိုက်တာကို ရဲရဲဝံ့ဝံ့ထုတ်ပြောရဲတဲ့ သတ္တိရှိသူမို့
သူ့စိတ်ဓာတ်ကို ကြိုက်တယ်။ လူအများစုက ကလေးဘဲ လူကြီးပြောတာ အကုန်နားထောင်ရမယ်
ဆိုပေမယ့် ကျွန်မတို့ကတော့ ပြောခွင့်ပေးတယ်။ မှားရင်ပြင်ပေးတယ်။

ကမ္ဘာကြီးကိုပြောင်းလဲဖို့ မကြိုးစားပါဘူး။
ကိုယ့်အနားက ကလေးလေးတွေတော့ အနည်းဆုံးပံပိုးပေးဖို့တော့ တတ်နိုင်ပါသေးတယ်။
သူရဲ့အမေက ကွမ်းယာရောင်းရသူမို့ ကလေးက တနေကုန်လမ်းပေါ်မှာ ကြီးပြင်းရသူမို့
အသနားပိုမိပါတယ်။ သူ့ပတ်ဝန်းကျင်ကလူကြီးများနဲ့ဘဲ အချိန်ကုန်ရသည်မို့ တစ်ခါတစ်ခါ
လူကြီးလေးလိုဘဲ မျက်နှာရိပ်မျက်နှာကဲခတ်တတ်ပါတယ်။

သူ့ကို သူနဲ့ရွယ်တူကလေးတွေနဲ့အတူ ကြီးပြင်းဖို့ဆိုရင် စာသင်ကျောင်းဘဲရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က သူကျောင်းစတက်မှာဆိုတော့ ကျွန်မနဲ့အမျိုးသားက သူ့ကို ကျောပိုးအိတ်၊မိုးကာ၊
ကွန်ပါဗူးနဲ့လိုအပ်တာလေးတွေပံ့ပိုးပေးသလို သူ့အမေရဲ့ဆိုင်နီးချင်းလဲဖြစ် ကျွန်မတို့နဲ့တိုင်ပင်ထားတဲ့
အစ်ကိုက ကျောင်းဝတ်စုံဝယ်ပေးနဲ့ သူ့အတွက် ပြီးပြည့်စုံတဲ့ မူကြိုကျောင်းသားကြီးပေါ့။

မှတ်မှတ်ရရပြောရမယ်ဆိုရင် သူမူကြိုစတက်တဲ့နေ့မှာဘဲ သူ့အမေရဲ့နောက်ကိုယ်ဝန်က
ကလေးမွေးမယ့်နေ့ဖြစ်လို့ သူ့အဖေကဘဲ ကျောင်းပို့ဖို့ဖြစ်လာတော့ သူ့မိဘတွေ
စိတ်လှုပ်ရှားလားတော့မသိပေမယ့် ကျွန်မကတော့ သူ အဆင်ပြေပါ့မလားဆိုပြီး
လိုက်ကြည့်ချင်တဲ့စိတ်ကို ထိန်းမရတော့ ကျောင်းဆင်းချိန်မှာ သူ့အဖေနဲ့အတူ ပဲနို့၊ပါမုန့်နဲ့
အခြားမုန့်အချို့သူ့အတွက်ဝယ်ပြီး သွားတွေ့တော့ သူလေးက စားပွဲခုံပေါ်မှာ မျက်နှာတင်ပြီးအိပ်နေတာ
အခြားကလေးတွေကတော့ ဆော့ကောင်းနေကြတာ။ ကြည့်ပြီး စိတ်မကောင်းဖြစ်နေတာ။
သူ့အတွက်တော့ ဝန်းကျင်သစ်မှာ ချက်ခြင်းအကျွမ်းတဝင်မရှိတော့ ခက်ခဲလောက်မှာပေါ့။

အခုဆိုရင် Grade -1ကျောင်းသားဖြစ်နေပါပြီ။ ဒီနှစ်တော့ တစ်ခါတစ်ခါမုန့်စားဆင်းချိန်စားဖို့
မုန့်လေးတွေ တစ်ပတ်စာဝယ်ပေးဖြစ်တယ်။ မိဘများက မပြေလည်သူတွေမို့ ကလေးပညာရေးကို
အားတက်သရော လုပ်တာမတွေ့ရတော့ သူ့အတွက် ရင်လေးမိတယ်။ ဒါကြောင့်မကြာမကြာ
ကျောင်းပုံမှန်သွားရဲ့လား? စာကောလိုက်နိုင်ရဲ့လား? မေးနေဆဲပါဘဲ။ တစ်ခါတစ်ရံကျွန်မတို့အိမ်ဘက်
လာလည်ရင်တော့ အရောင်လေးတွေ နေ့လေးတွေ အင်္ဂလိပ်လို သင်ပေးဖြစ်တယ်။

ကလေးများအားလုံး ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း......

ချစ်တဲ့❤
Tr.Khine

ပုံလေးကတော့ အိမ်မှာပန်းချီလာဆွဲတုန်းကရိုက်ထားတာ။

မင်္ဂလာနံနက်ခင်းမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။🙏
13/08/2026

မင်္ဂလာနံနက်ခင်းမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။🙏

စာသင်ကြားရေးအလုပ်ကို ခြေမချချင်ကတည်းက ကျွန်မရဲ့ငယ်ငယ်ကတည်းက ရည်မှန်းချက်၊ ပန်းတိုင်ကိုပြောပါဆိုရင် ကျောင်းဆရာမတစ်ယောက်ဖြ...
12/08/2026

စာသင်ကြားရေးအလုပ်ကို ခြေမချချင်ကတည်းက ကျွန်မရဲ့ငယ်ငယ်ကတည်းက
ရည်မှန်းချက်၊ ပန်းတိုင်ကိုပြောပါဆိုရင် ကျောင်းဆရာမတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။

သို့ပေမယ့် အကြောင်းအမျိုးမျိုးတွေကြောင့် ဖြတ်သန်းရင်း အသက်(20)ကျော်မှ
အဝေးသင်တက္ကသိုလ်တက်ရင်း စက်ရုံအလုပ်သမားဘဝကို ဖြတ်သန်းခဲ့ပါသေးတယ်။
စက်ရုံအလုပ်ဆိုတာ လူပေါင်းစုံဖြစ်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး
ဘဝပေးအသိပညာတွေ ရခဲ့ပါတယ်။

ကျောင်းကလဲပြီး ဒီတိုင်းအလုပ်သမားဘဝကို ဆက်မလျှောက်ချင်တာကြောင့်
အဖေ့ရဲ့မိတ်ဆွေများအကူအညီနဲ့ ကွန်ပျူတာသင်ခွင့်ရသလို အင်္ဂလိပ်စာသင်တန်း၊
တခြားရုံးပိုင်းဆိုင်ရာသင်တန်းများစွာကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

ကျွန်မတို့ဒါရိုက်တာရဲ့ လမ်းညွန်မှုနဲ့အခက်အခဲများကိုလဲ ကောင်းစွာဖြေရှင်းနိုင်ခဲ့တယ်။
လူအမျိုးမျိုး စိတ်အထွေထွေမို့ ကိုယ့်ကိုနားလည်လက်ခံသူတွေရှိသလို ကိုယ့်ကို
အသားလွတ်မုန်းနေသူများလဲ တွေ့ဖူးခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကျွန်မရဲ့ စိတ်ပိုင်းဖြတ်မှု
​အားထုတ်မှုတို့ကြောင့် နေရာဒေသပေါင်းစုံမှ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ဆုံစည်းမှုဟာ
တန်ဖိုးဖြတ်လို့မရတဲ့ချစ်ခြင်းမေတ္တာတွေ ပေးနိုင်ခဲ့တယ်ဆိုရင်လဲ မမှားပါဘူး။

တစ်ခုလိုချင်ရင် တစ်ခုစွန့်လွတ်ရစမြဲမို့ ငွေကြေးတော့မရပေမယ့်
လုပ်ငန်းအတွေ့အကြုံများစွာကို ရရှိခဲ့ပါတယ်။
သို့ပေမယ့် (3)နှစ်ကြာပြီးတဲ့နောက်မှာ လစာခံစားခွင့်လဲ ရရှိခဲ့ပါတယ်။

ဒါ့အ​ပြင်စေတနာ့ဝန်ထမ်းအလုပ်ဆိုတာ တကယ်မွန်မြတ်တယ်ဆိုတာ သိခွင့်ရခဲ့ပါတယ်။
အလုပ်အားတဲ့အခါတိုင်း မိဘမဲ့ဂေဟာမှာကလေးတွေဆီအလည်သွားရင်း စိတ်ပိုင်းဆိုင်ရာ
ခွန်အားပေးနိုင်သလို ကျောင်းနေအရွယ်ကလေးများကိုလဲ မြန်မာစာစာလုံးပေါင်း သတ်ပုံ
အပြောလေးတွေသင်ပေးခဲ့ရပါသေးတယ်။ လုပ်ငန်းခွင်ရောက်နေတဲ့ဆယ်ကျော်သက်
Englishစာ သင်ချင်သူများကိုလဲ အခမဲ့သင်ပေးခဲ့တယ်။ ကျောင်းတက်ဖို့အခက်အခဲဖြစ်နေတဲ့
အမွှာကလေးနှစ်ယောက်ကိုလဲ ကျောင်းထားပေးဖြစ်ခဲ့ပါတယ်။

ဘယ်နေရာဘဲရောက်ရောက် ကိုယ်ကျင့်တဲ့တရားဟာ ကိုယ့်ဘဝနဲ့ကိုယ်ချင်းစာပြီး
ကောင်းမွန်တဲ့ဆက်ဆံရေးတွေ တည်ဆောက်နိုင်ခဲ့လို့ တွေးမိတိုင်း ပီတိဖြစ်ရပါတယ်။

ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်ကြပါစေ။

တော်သေးပြီ။

ချစ်တဲ့❤
Tr.Khine

လူ့successတွေမှာဒါတွေအပြည့်ရှိ...အောင်မြင်မှုဆိုတာ ဒီအချက် (၆) ချက်ပဲ လိုပါတယ်။  1 အလုပ်ကြိုးစားမူ ( Hard Working) ကံတရာ...
12/08/2026

လူ့successတွေမှာဒါတွေအပြည့်ရှိ...
အောင်မြင်မှုဆိုတာ ဒီအချက် (၆) ချက်ပဲ လိုပါတယ်။

1 အလုပ်ကြိုးစားမူ ( Hard Working)

ကံတရားကို မယုံပါနဲ့၊ ကြိုးစားမှုကို ယုံကြည်ပါ။
လုပ်ငန်းစဉ်ကို အလျင်စလိုကြိုးစားခြင်း သို့မဟုတ် ဖြတ်လမ်းတစ်ခုရှာဖွေခြင်းတို့ကို ရပ်လိုက်ပါ။ ဖြတ်လမ်းနည်းက ရေရှည်မခံဘူး။

2. စိတ်ရှည်မူ ( Patience)

စိတ်ရှည်သည်းခံမှု ဆုံးရှုံးရင် တိုက်ပွဲရှုံးမယ်။
ပထမတော့ ဘာမှမဖြစ်ဘူး၊ နောက်တော့ တဖြည်းဖြည်းနဲ့ ရုတ်တရက် ချက်ချင်းဆိုသလို ဆုံးရှုံးရတတ်တယ်။

လူအများစုက အဆင့် ၁ မှာ အရှုံးပေးကြတယ်။

3 အနစ်နာခံမူ ( Sacrified)

ကိုယ်လိုချင်တာကို မစွန့်လွှတ်ရင် ကိုယ်လိုချင်တဲ့အရာကို စွန့်လွတ်ရလိမ့်မယ်။
အရာရာတိုင်းမှာ သူ့စျေးနှုန်းရှိတယ်။ မေးချင်တာက မင်းလိုချင်တဲ့ဘဝအတွက် ပေးဆပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

4. တစ်သမတ်တည်းရှိမူ (Consistency)

တစ်သမတ်တည်းရှိခြင်းသည် ထူးချွန်မှုအဖြစ်သို့ ပြောင်းလဲပေးသည်။ Consistency မရှိပဲ သင်သည် ကြီးမားတဲ့ အောင်မြင်မှုကို ဘယ်တော့မှ ရရှိမှာမဟုတ်ဘူး။

5. စည်းကမ်း ရှိမူ ( Discipline)

Motivation က သင့်ကို တက်ကြွစေတယ်၊ ဒါပေမယ့် စည်းကမ်းက သင့်ကို ကြီးထွားစေတယ်။
မင်းဘာမှ မလုပ်ချင်သလို မခံစားရတဲ့နေ့တွေ ရှိလိမ့်မယ်။ သင်ဘယ်လိုခံစားရပါစေ အဲဒီနေ့ရက်တွေကို ဖြတ်ကျော်ရပါမယ်။

6. မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း။(Confidence)

မိမိကိုယ်ကို ယုံကြည်မူရှိခြင်းဆိုသည်မှာ သူတို့ မကြိုက်ရင်လည်း ငါအဆင်ပြေတယ်။

Crd: orginal uploader

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Phoenix Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Phoenix Training Center:

Shortcuts

Share

Category