Perfect Teaching & Guide Service

Perfect Teaching & Guide Service We aim our students to get quality education.

G12 math အစအဆုံး telegram video class  ၁၃ နဲ့၁၄ နှစ်ရက် ၂၀%off ​ပေးပါမယ် ၄​သောင်းနဲ့ဆရာ/မများအတွက်အထူးရည်ရွယ်ပါတယ်G11မျာ...
13/07/2026

G12 math အစအဆုံး telegram video class
၁၃ နဲ့၁၄ နှစ်ရက် ၂၀%off ​ပေးပါမယ် ၄​သောင်းနဲ့
ဆရာ/မများအတွက်အထူးရည်ရွယ်ပါတယ်
G11များလဲ ကြို၀ယ်ထားလို့ရပါတယ်
ကိုယ့်​ဟာမို့​ပြောတာမဟုတ် အရမ်း​ကောင်းတာပါ ထိထိမိမိနားလည်လွယ်ပြီး...

📌၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ အမှတ်စာရင်းများကို ကနဦး ထုတ်ပေးပါမည်။ ကျရှုံးအမှတ်စာရင်းများ ထုတ်မပေး...
11/07/2026

📌၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ အမှတ်စာရင်းများကို ကနဦး ထုတ်ပေးပါမည်။ ကျရှုံးအမှတ်စာရင်းများ ထုတ်မပေးသေးပါ။ ကျရှုံးအမှတ်စာရင်းများထုတ်ပေးသည့်အချိန်တွင် Website ၌ ကျရှုံးခုံအမှတ်ထည့်၍ ရက်ချိန်ရယူနိုင်ပါလိမ့်မည်။
📌 https://osp.dme.gov.mm/ တွင် ကြိုတင်ရက်ချိန်းရယူပြီးမှသာ ရုံးသို့လာရောက်ရပါမည်။
📌 ကြိုတင်ရက်ချိန်းရယူချိန်တွင် အမှတ်စာရင်း (၃)စောင်ထိ လျှောက်ထားနိုင်ပါမည်။
📌 ကြိုတင်ရက်ချိန်းရယူထားခြင်း မရှိပါက ဆောင်ရွက်ပေးမည် မဟုတ်သဖြင့် မဖြစ်မနေ ရက်ချိန်းရယူရန် လိုအပ်ပါသည်။
📌 စနစ်က ထုတ်ပေးမည့် လုပ်ငန်းစဉ် QR နှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်/ယာဉ်မောင်းလိုင်စင် မူရင်းနှင့်အတူ လာရောက်ရပါမည်။ စနစ်တွင် ဖြည့်သွင်းထားသည်နှင့် ကွဲလွဲပါက ရက်ချိန်းရယူထားခြင်းကို ငြင်းပယ်ပြီး ပယ်ဖျက်ပါမည်။
📌 ရက်ချိန်းရယူစဉ်က ဖြည့်သွင်းခဲ့သည့် ခုံအမှတ်များအတိုင်းသာ အမှတ်စာရင်းထုတ်ပေးမည်ဖြစ်သောကြောင့် မှန်ကန်အောင် ဖြည့်သွင်းရပါမည်။

04/07/2026

G-12 အောင်မြင်ပြီးဆေးကျောင်းတက်ဖို့စိတ်ကူးရှိသူများအတွက်
🥰

ဆေးလိုင်းတက်ချင်နေတဲ့သူတွေအတွက်သိစရာလေးတွေဝေမျှရခြင်းပါ။

- ပထမဆုံးဆေးကျောင်းမှာဖောင်တင်ပြီးဝင်ခွင့်ရပြီဆို လူတွေ့ ( Viva text ကို Naypyitaw State Academy မှာ သွားဖြေရပါမယ်။ရခဲ့လျှင်( ဖြေတဲ့သူနီးပါးရကြပါတယ်)အမှတ်မမှီရင်တော့သွားဆေးတက်ရပါတယ်။

- ဆေးကျောင်းစတက်ရန်

** နိုင်ငံတော်စရိတ်နှင့်
** မိမိစရိတ်ဆိုပြီး
နှစ်မျိုးတက်ရောက်နိုင်ပါတယ်။( နိုင်ငံတော်စရိတ်နှင့်တက်သူများ bond ထိုးရပါမယ်)
Bond ထိုးရသည့်သူများသည်ဆေးကျောင်းပြီးဆရာဝန်ဖြစ်ပြီးနိုင်ငံတော်အစိုးရအား ၅နှစ်တာဝန်ထမ်းဆောင်ရပါမည် ။ ( မိဘနှင့် အာမခံသည့်လူပုဂ္ဂိုလ် ၂ဦး )
ချွင်းချက် ။ ။ မိမိစရိတ်နှင့်တက်ပါက bond မထိုးရပါ။

- စစတက်ချင်း year 1 မတက်ခင် Introductory course ကို ၃လနီးပါးတက်ရပါမယ်။

- Introductory course တွင် subjects ၆ခုသင်ကြားရပါမယ်။ Anatomy , Physiology, Biochemistry , Pathology , Microbiology and Pharmacology ကို ရက်သတ္တပတ် ၆ပတ်တိတိသင်ကြားရပါမယ်။

Anatomy ဆိုတာ body ရဲ့ဖွဲ့စည်းပုံအကြောင်း (အရိုး ၊ အသား ၊ အဆစ် တွေအကြောင်း နဲ့ ခန္ဓာကိုယ်ရဲ့အထဲရှိအင်္ဂါ တွေဘယ်လိုဖွဲစည်းထားကြောင်း ၊ နေရာသတ်မှတ်ပုံကအစ)သင်ကြားရပါမယ်။

Physiology ဆိုတာကခန္ဓာကိုယ်ကဘယ်လိုအလုပ်လုပ်ကြောင်း၊ ဟော်မုန်းတွေနည်းရင် / များရင်ဘယ်လိုအလုပ်လုပ်ကြောင်း ၊ သွေးလည်ပတ်မှု့အကြောင်း ( ခန္ဓာကိုယ်ရဲ့ပုံမှန်ဖြစ်စဉ်ကိုသင်ကြားပေးတာပါ)

Biochemistry က G -12 မှာသင်ရတဲ့ DNA 🧬 ၊ ကာဗွန်ဟိုက်ထရိတ်၊ မိုင်နို အက်ဆစ် ၊ ( ခန္ဓာကိုယ်ရဲ့ဇီဝဓာတုဖြစ်စဉ်အကြောင်း စသဖြင့်)သင်ကြားရပါမယ်။

Pathology ဆိုတာရောဂါဖြစ်ရတဲ့အကြောင်းရင်းကဘာလဲ၊ ဖြစ်ပီဆိုခန္ဓာကိုယ်မှာဘယ်လိုတွေဖြစ်လာသလဲ၊ ခန္ဓာကိုယ်ရဲအင်္ဂါအစိတ်အပိုင်းတွေကဘယ်လိုဖြစ်လာမလဲ ၊ ဆိုတာသင်ရပါမယ်။

Microbiology ဆိုတာပိုးမွှားနဲ့ပက်သက်တဲ့အကြောင်းသင်ရပါမယ်။

ထိုကဲ့သို့ရောဂါတွေဖြစ်လာပြီ ၊ ချို့ယွင်းလာပြီဆိုရင်ကုသမဲ့ဆေးတွေအကြောင်းသင်ရမှာက Pharmacology ပါ။
ထို ၆ ဘာသာလုံးသည် Basic sciences များဖြစ်ပါတယ်။ဒါ့အပြင်မြန်မာစာနဲ့ English ပါသင်ကြားရပါတယ်။

- သင်ကြားရာတွင်စာအပြင်Anatomy မှာအရိုးပုံတွေကြည့်ရမယ်၊ ကိုင်တွယ်ရမယ်။ biochemistry တွက် lab တွေဝင်ရမယ်။
Pathology တွင်အဏုကြည့်မှန်ပြောင်းနဲ့ organs တွေကြည့်ရမယ်။ Microbiology တွင်လဲအဏုကြည့်မှန်ပြောင်းနဲ့ကြည့်ရမယ်။စသော Activity တွေရှိပါတယ်။Foundation က assessment နဲ့ပြီးသွားတာပါ။

- Year 1 တွင် modules ၅ ခု ကိုအထက်ကဖော်ပြခဲ့သော ဘာသာရပ်များအခြေခံပြီးသင်ကြားရပါတယ် ။ MSS module , Genetic module , CVS module , Respiratory module and Gl , Liver , Nutrition module များဖြစ်ပါတယ်။

- ဆေးကျောင်းတွင် foundation ( introductory course ) ၊ Year 1, Year 2 , Year 3 , Year 4 , Year 5 နှင့် House surgeon တစ်နှစ်ဆိုပြီး ၆နှစ်နဲ့ ၃လ စုစုပေါင်းသင်ကြားရပါမယ်။

****အထူးပြောချင်တာကတော့မိမိကိုယ်တိုင်ဆရာဝန်ဖြစ်ချင်မှတက်ကြပါ။ Life long leaning ပါ ။ ဆရာဝန်တစ်ယောက်ဖြစ်ရုံနဲ့စာကျက်ရတာမပြီးပါဘူး။ ဆက်ပြီးအထူးပြုဘာသာယူဖို့ ၊ နိုင်ငံခြားဘွဲ့တွေထပ်ယူဖို့ ၊ ရောဂါအသစ်တွေ ၊ ဆေးနည်းအသစ်တွေတိုးလာသရွေ့စာကိုထပ်ဖတ်နေရတာပါ။ပညာရပ်ကြီးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်တစ်သက်လုံးစာဖတ်နေရမှာပါ။****
Credit original Writer

ကျွန်မ မနှစ်ကG12 နှစ်​ယောက်ပဲသင်လို့ ၂​ယောက်​အောင်စာရင်းပဲတင်တာပါမိဘတို့အတွက်👇​Grade 12 (စနစ်သစ်) မှာ ကလေးတွေ ဘာလို့ သင်...
29/06/2026

ကျွန်မ မနှစ်ကG12 နှစ်​ယောက်ပဲသင်လို့ ၂​ယောက်​အောင်စာရင်းပဲတင်တာပါ

မိဘတို့အတွက်👇
​Grade 12 (စနစ်သစ်) မှာ ကလေးတွေ ဘာလို့ သင်္ချာထိလဲ?
​"ကျွန်မတို့ကလေးက ငယ်ငယ်က သင်္ချာဆို အမြဲ 'A' ရတာ၊ အခုမှ ဘာလို့ ဒီလိုဖြစ်သွားတာလဲ..."
​ဒီလို ညည်းတွားနေတဲ့ မိဘတွေကို Grade 12 ရလဒ်တွေထွက်လာတဲ့အခါ "ကလေးတွေ စာမလုပ်လို့၊ ညံ့လို့" ဆိုပြီး အပြစ်တင်ဖို့ပဲ အရင်မစဉ်းစားကြပါနဲ့ဦး။ တကယ်တော့ ကလေးတွေမှာ အပြစ်မရှိပါဘူး။ သူတို့လည်း ဒီအချိန်မှာ အောင်မြင်ချင်ကြတာ သူတို့ကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ အရင်းအမြစ်ကို သေချာဆန်းစစ်ကြည့်ရင်...
​၁။ အင်္ဂလိပ်စာသင်တန်းတွေကြားထဲမှာ ပျောက်ဆုံးသွားတဲ့ သင်္ချာအခြေခံ
​ခေတ်မိဘအများစုက ကလေးတွေကို ငယ်ငယ်ကတည်းက အင်္ဂလိပ်စာသင်တန်းမျိုးစုံ ပတ်ထားကြပါတယ်။ online၊ offline ၊ ကျောင်းနားရက်၊ အပြင်သင်တန်း... အင်္ဂလိပ်စာကိုတော့ နည်းမျိုးစုံနဲ့ ထားပေးကြပေမယ့် သင်္ချာသင်တန်း ကျတော့ အတန်းငယ်တုန်းက လျှော့တွက်ပြီး မထားကြပါဘူး။ ရလဒ်ကတော့ ကလေးတွေမှာ သင်္ချာရဲ့ အခြေခံ (Basic Concepts) တွေနဲ့ ပြဿနာဖြေရှင်းနည်း (Problem Solving) တွေ လုံးဝမရှိခဲ့တာပါပဲ။
​၂။ အလယ်တန်းနဲ့ အထက်တန်း အကူးအပြောင်း
​အခြေခံကို ကောင်းကောင်းမသိဘဲ အတန်းတွေတက်လာရင်း ကလေးတွေ အသက် ၁၀ ကျော်အရွယ် (အလယ်တန်း၊ အထက်တန်း) ရောက်လာတဲ့အခါမှာ သင်ခန်းစာတွေက ပိုခက်လာပါတယ်။ ကလေးတွေကလည်း သူတို့အရွယ်အလိုက် တခြားစိတ်ဝင်စားစရာတွေ ရှိလာတဲ့အခါ မိဘတွေအနေနဲ့ မနိုင်မနင်း ဖြစ်လာတတ်ပါတယ်။ ဒီလိုနဲ့ Grade 10, Grade 11 အထိ မိဘအများစုက ကလေးရဲ့ ပညာရေးအခြေအနေ အစစ်အမှန်ကို ဂရုမစိုက်မိဘဲ လွှတ်ထားမိတတ်ကြပါတယ်။
​၃။ မီးစင်ကြည့်ကရတဲ့ Grade 12 ဆရာ၊ ဆရာမများ
​ဆယ်တန်း (Grade 12) စာမေးပွဲကြီး ဖြေခါနီးမှ "အလန့်တကြား" နဲ့ ဂရုစိုက်ပြီး ဆရာကောင်းတွေနဲ့ ကပ်ပေးကြပါတယ်။ ဒါပေမဲ့ အောက်ခြေအတန်းတွေမှာ သင်္ချာအခြေခံ လုံးဝပါမလာတဲ့ကလေးကို Grade 12 ရောက်မှ ဆရာတွေက နတ်ဆေးတစ်ခွက်နဲ့ ပြုပြင်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဆရာတွေက ရာမင်းစင်တင်ပေးချင်ရင်တောင် ကလေးက ကုန်းပေါ်တက်မလာနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတတ်ပါတယ်။
​မိဘများသို့ အကြံပြုချက် (နောင်တမရရအောင် အခုပဲ ဆန်းစစ်ပါ)
​အနည်းဆုံး Grade 8, Grade 9 ကတည်းက ကြိုတင်ပြင်ဆင်ပါ: ကလေးရဲ့ သင်္ချာအခြေအနေကို Grade 12 ရောက်မှ မဟုတ်ဘဲ အလယ်တန်း၊ အထက်တန်းအကူးကတည်းက သေချာသိအောင် လုပ်ထားပါ။
​'A' ရတိုင်း သင်္ချာတတ်တယ်လို့ မထင်ပါနဲ့: အတန်းငယ်တုန်းက 'A' ရနေတာဟာ အလွတ်ကျက်လို့ ရနေတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးမှာ သင်္ချာရဲ့ Concept (သဘောတရား) တွေကို တကယ်နားလည်ရဲ့လားဆိုတာ သေချာဆန်းစစ်ပါ။
​ပုစ္ဆာအသစ်တွေကို တွက်နိုင်ပါစေ: အတန်းတိုင်းမှာ ပုစ္ဆာအသစ်တွေက အမြဲလာမှာပါ။ ကလေးက ပုစ္ဆာကို အလွတ်မှတ်တာထက် နည်းစနစ်ကို နားလည်ပြီး အသုံးချနိုင်ဖို့က အဓိကကျပါတယ်။
​အတန်းငယ်တွေမှာ သင်္ချာ 'A' ရဖို့ထက် 'အခြေခံသဘောတရား' ကို ပိုင်ပိုင်နိုင်နိုင် နားလည်ထားဖို့က ပိုအရေးကြီးပါတယ် မိဘတို့ရှင်။

အောင်စာရင်း​အောင်တဲ့က​လေး​ရော ဂုဏ်ထူးပါတဲ့က​လေးအတွက်ပါ အထူးဂုဏ်ယူ၀မ်း​မြောက်ပါတယ် congratulations ပါ👏🎊
28/06/2026

အောင်စာရင်း
​အောင်တဲ့က​လေး​ရော ဂုဏ်ထူးပါတဲ့က​လေးအတွက်ပါ အထူးဂုဏ်ယူ၀မ်း​မြောက်ပါတယ် congratulations ပါ👏🎊

22/06/2026

-​အောင်စာရင်း မကြား​သေးပါ
- Timetable ပြည့်ပါပြီ
လူ​ရွေး​လက်ခံလို့ ​ကြေးများ​နေလို့အခုမှပြည့်တာပါ😅 online ​တော့ ရချင်ရပါမယ်
ကျွန်မနဲ့​တွေ့ရင် နတ် သိကြားနဲ့​တွေ့ပီသာမှတ်ပါ😂
စာသင်​ကောင်းပါတယ် အလွန်လွယ်ကူ​အောင်ထိထိမိမိရှင်းနိုင်တဲ့အပြင် conceptပါ အကုန်ပါ​အောင်​ပြောနိုင်လ်ို့ပါ
-tr စာသင်မ​ကောင်းရင် ​မေ​မေတို့ဖြုတ်မယ်မလား ထိုနည်းတူကျွန်မ သင်တာ လိုက်မလုပ် မကြိုးစား မပြီးစီးတဲ့ က​လေး​တွေကို ကျွန်မစာသင် ရပ်ပါတယ်

-ဖုန်းနံပါတ်​ပြောင်းထားပါတယ်ရှင်(အရင်နံပါတ်က မိတ်အ​ဟောင်း​တွေရှိလို့ အ၀င်call သာလက်ခံပါ​​တော့မယ်
ဒီအသစ်​လေးမှတ်ထားလို့ရပါတယ်ရှင်)
09689 224 249

Kpay နံပါတ်ကိုလဲ ဒီနံပါတ်​ပြောင်းထားပါတယ်

-ကျွန်မနဲ့ပက်သက်​သော မိဘတိုင်း စိတ်ချမ်းသာ​စေရမည် တစ်ခါဆက်ဆံ ရာသက်ပန် ဖြစ်​စေရမည်
ထိုက်သင့်တဲ့feesသာ ယူပါတယ် အထက်တန်း ဘာသာစုံမှ ၃သိန်း​ကျော်တို့ဘာတို့..

​တော်ရုံပါရမီနဲ့​တော့ ကျွန်မနဲ့မ​တွေ့ပါ

တိကျ​သေချာစွာတတ်​​မြောက်မှုရှိချင်မှဆက်သွယ်ပါ

-​အောင်စာရင်း ရက်မသိရ​သေး-စာပြင်တာ​တွေက ​နောက်နှစ်မှ-online တစ်ဦးချင်းသီးသန့်  G 6 to 12 အပ်နှံနိုင်ပြီ(G12 ကိုလွန်ခဲ့​...
17/06/2026

-​အောင်စာရင်း ရက်မသိရ​သေး
-စာပြင်တာ​တွေက ​နောက်နှစ်မှ
-online တစ်ဦးချင်းသီးသန့် G 6 to 12 အပ်နှံနိုင်ပြီ
(G12 ကိုလွန်ခဲ့​ေသာ၂နှစ်က fees အတိုင်းယူသည်
မ​ပြောင်း​သေးပါ)
-အတန်းငယ်များ ကို သင်ရတာအတန်းကြီးများထက် ပိုပင်ပန်းပါတယ် text​လောက်သာသင်လို့မရဘဲ g12အထိပါလိုအပ်တဲ့အ​ခြေခံများပါဖြည့်သင်ရပါတယ် မိဘများကိုextra သင်ဖို့လိုအပ်တဲ့စာအုပ်များလဲမ၀ယ်ခိုင်းဘဲTrက ကိုယ့်ဟာကိုယ်စီစဥ်ပီး တာ၀န်ယူ​လေ့ကျင့်​ပေးပါတယ်
​ငွေကုန်ရမှာချင်းတူတူဆိုရင် ပို​သေချာတဲ့တာ၀န်ယူမှုရှိတဲ့​အ​ခြေခံခိုင်မှာ​သေချာတဲ့နေရာ​ရွေးချယ်ပါ(ငယ်ငယ်ထဲကလိုအပ်တဲ့extraမသင်ထားရင် g12​ရောက်မှသိန်း၁​ထောင်အကုန်ခံသင်လဲမရ​တော့ပါ အ​မျှော်အမြင်ရှိဖို့တိုက်တွန်းပါတယ်)
-private sch ထားလဲ အ​နောက်ကလိုက်သင်ရပါတယ် အများကြားထဲ နားလည်တာရှိမယ် မလည်တာရှိမယ် private​လောက်ပဲထားထားပြီး​နောက်ကထပ်လိုက်မသင်ရင် အ​ခြေခံမပါ​တော့တာ စာစိတ်မ၀င်စား​​တော့တာ ဖြစ်လာနိုင်ပါတယ် ထူးပြီး​ကောင်း​နေတဲ့school လို့မရှိ အားလုံးတူတူပါပဲ ကိုယ်ကြိုးစားမှကိုယ်ရတာပါ ကျွန်မrecommendမှ လိုချင်ရင်​တော့ ​ကောင်းစုံကို ညွှန်ပါတယ်
စိတ်ချမ်းသာချင်မှ စာလွယ်လွယ်ကူကူရချင်မှအပ်နှံပါ
09689 224 249
(စိတ်​ပျော့ပြီး မကြိုးစား​သော က​လေးများအတွက်​နေရာမရှိပါ)

G12 math textbook ပြင်ဆင်ချက်
01/06/2026

G12 math textbook ပြင်ဆင်ချက်

G11 နန်ယန်က သမီးတစ်​ယောက်ဟာပါတစ်ခန်းပြီးတိုင်း ၁မှတ်တန်​တွေသင်ပါတယ် တစ်ခန်းပြီးတိုင်း စာ​မေးပွဲ ​ဖြေရပါတယ် ​မေးခွန်းhint...
22/05/2026

G11 နန်ယန်က သမီးတစ်​ယောက်ဟာပါ
တစ်ခန်းပြီးတိုင်း ၁မှတ်တန်​တွေသင်ပါတယ် တစ်ခန်းပြီးတိုင်း စာ​မေးပွဲ ​ဖြေရပါတယ် ​မေးခွန်းhint မ​ပေးပါ
လက်တန်းမေး လက်တန်း​ဖြေရပါတယ် chapter 2 ပြီး​ရင် cha 1+2 နှစ်ခန်း​ပေါင်းစစ်ပါတယ်
Cha 3 ပြီးရင် ၃ခန်း​ပေါင်း​ စာ​မေးပွဲ​ဖြေရပါတယ်
၁မှတ်တန်သင်​ပေးလား
​မေးစရာမလို​အောင်
တကယ့်ဆရာအစစ်​က အပင်ပန်းခံပီး ​ထောင့်​​စေ့​အောင် လုပ်​ပေးပီးသား ဆိုတာ​ပြောပြတာပါ(လာ​မေး​နေလို့)
ဒီ သမီးဆိုရင် ၄ဘာသာကိုမှ ၃ရက်ပဲ ​ပေးထားပါတယ်
courseပြတ်​အောင် တတ်​အောင်သင်နိုင်တဲ့အရည်အ​သွေးကျွန်မမှာ ရှိလို့ရယ်၊ လိုက်နိုင်တဲ့အရည်အချင်း ကျွန်မ သမီးဆီမှာရှိလို့ရယ်၊ ၂ချက်​ကြောင့် တပတ် ၃ရက်နဲ့ ၂ဦး၂ဖက်အဆင်​ပြေ​အောင်စီစဥ်​ပေးပါတယ်(G11 ​ပေါက်​စျေး ၈သိန်းပါ)
​ပြောချင်တာ ကျွန်မထက်fees သက်သာတာ မရှိပါ(လုပ်သက်နု အ​တွေ့အကြုံလိုချင်သူများမှလွဲ၍)

အခု​ခေတ်က လဲ ခက်ပါတယ် "အလုပ်မရှိစာသင်"ဆိုတဲ့အတိုင်း တကယ်မသင်နိုင်ပါဘဲ စာသင်​လောကထဲ ​ငွေမျက်နှာနဲ့ ၀င်လာကြတယ် နစ်နာသူအစမ်းသပ်ခံက က​လေး​တွေ​ပေါ့

မိဘမဟုတ်ဘဲ fees​လာစုံစမ်းကြတယ် မအားတဲ့ကြားက​ အရမ်းပင်ပန်းတဲ့ကြားက ဖြေ​ပေး​နေရတာ ခွင့်မလွှတ်ပါဘူးရှင် မ​ကြောက်ရင်လုပ်ပါ
မိဘအစစ်များ ကြိုက်သ​လောက်စုံစမ်းပါ welcomeပါ
မိဘ​တွေက ​​ငွေသက်သာတာ​/မဖြစ်နိုင်တဲ့fees​တွေဟာ မျိုးကို ခေါ်ချင်ကြတယ်ဆရာအတုပဲရမယ် ​နောက်ပိုင်းအ​ခြေခံမပါလာ​​တော့တဲ့ riskကိုဘယ်လိုကိုင်တွယ်မယ်မသိ
ထားပါ​ေတာ့ လူ​ကောင်းနဲ့​တွေ့​တွေ့ မ​ကောင်းတဲ့လူနဲ့​တွေ့​တွေ့ မိမိပြုခဲ့တဲ့ကံ​ပေါ့

-feesသက်သာစွာနဲ့
တကယ့်၀ါရင့်tr ၊ အရမ်းbrightဖြစ်တဲ့tr တစ်​ယောက်နဲ့သင်ရမှာမို့ fees ဆစ်ခွင့်မရှိပါရှင် feesဆစ်တာလက်မခံပါရှင်

ကျွန်မ​တောင်းသ​လောက်​ပေးလိုက်
ကုန်ရတာ တန်​စေရမယ် ကျွန်မအမြဲ​ပြောတယ် တန်​အောင်လုပ်​ပေးမယ် မတန်ဘဲ ကျွန်မ ​မေ​မေ​တို့ငွေ မစားဘူး
​တစ်ခါထဲ​​ရောဂါဖိစီးပြီး အ​တောင့်လိုက်ထွက်သွားမယ်

ဒီထက်ပို မ​ပြောတတ်​​တော့ဘူး
ယုံမှ ကြည်ပါတယ်
ဆရာတစ်​ယောက်ကို ယုံကြည်မှ မိမိက​လေး ထူးချွန်မယ် တိုးတက်မယ်ဆိုတာ ​သတိချပ်ပါ
ဒီနှစ်ကစ G11 အကျရှိပါမယ်

Address

Yangon

Alerts

Be the first to know and let us send you an email when Perfect Teaching & Guide Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category