27/01/2024
"စာမေးပွဲမှာ ဘယ်အပိုင်းကအခက်ဆုံးလဲ" ( for N5/4 self study )
မိနစံ ခွန်နိချိဝ။ ဒီတစ်ခေါက်ကတော့ စာမေးပွဲတွေမှာ ဘယ်အပိုင်းက အခက်ဆုံးဖြစ်မလဲဆိုတာနဲ့ပက်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဒီမှာတော့ JLPT, NAT-TEST စာမေးပွဲတွေအတွက် ရည်ရွယ်ပါတယ်။ စာမေးပွဲရဲ့ သဘောသဘာဝ၊ ဘယ်လိုကြည့်ရမလဲ၊ ဘယ်လိုဖြေရမလဲဆိုတာက N5 ကနေစပြီး self study လုပ်ကြသူတွေမှာ အားနည်းတတ်ပါတယ်။ ဒါ သဘာဝပါ။ self study မှမဟုတ်ဘူး၊ သင်တန်းတက်တဲ့သူတွေလည်း ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတာ နောက်ပို့စ်မှာ ပြောပြပေးပါမယ်။ ဒါကြောင့် အခု ဝတရှိက စာမေးပွဲမှာ ဘယ်အရာက ကျော်လွှားဖို့ အခက်ဆုံးဖြစ်မလဲ ပြောပြပေးပါမယ်။
JLPT , NAT-TEST မေးခွန်းမှာ-
၁။ Moji,Goi (vocabulary knowledge)
၂။ Grammar
၃။ Reading
၄။ Listening ဆိုပြီးရှိပါတယ်။ (အမှတ်ပေးတာကို ပြောမှာမဟုတ်လို့ အပိုင်းလေးပိုင်းခွဲပြောလိုက်ပါတယ်နော်)
ဒီအပိုင်းတွေထဲမှာ ခက်တဲ့အပိုင်းပြောပါဆိုရင် အကုန်ခက်ပါတယ်။ ခက်တာဆို အောင်ပါ့မလား အမှတ်ကောင်းပါ့မလားဆိုရင် exam practice ကို များများလုပ်ရင် အဆင်ပြေပါတယ်။ အရေးကြီးဆုံးပါ။ မမေ့နဲ့နော် exam practice ။
⭕၁။ vocabulary knowledge အတွက် ဖြေနိုင်ဖို့ဆိုရင် သက်ဆိုင်ရာ level ရဲ့ မီးနင်းတွေရရပါမယ်။ မီးနင်းလို့ပြောရင် ခန်းဂျီးပါပါတယ်။ မီးနင်းတွေကို ဘယ်လိုနေရာမှာသုံးတယ်ဆိုတာ အဓိကမေးတာမို့လို့ မေးခွန်းဟောင်းများနဲ့ ဝေါဟာရမေးခွန်းတွေလေ့ကျင့်ပေးတဲ့ စာအုပ်တွေကို လေ့ကျင့်ရပါမယ်။
⭕၂။ grammar အတွက်က သက်ဆိုင်ရာ လယ်ဗယ်ရဲ့ grammar သင်ခန်းစာတွေကို နားလည်ပြီး မှတ်မိအောင် ကျက်ရပါမယ်။
⭕၃။ reading မှာဆိုရင် စာပိုဒ်တွေပေးထားပြီး မေးခွန်းမေးပါမယ်။ အဲ့မေးခွန်းရဲ့ အဖြေကို စာပိုဒ်မှာရှာပြီး ပေးထားတဲ့အဖြေလေးခုထဲက ရွေးချယ်ပေးရပါမယ်။ မှန်ရမယ်၊ မြန်ရပါမယ်။ ဒီအတွက် ပို့စ်သက်သက် ရေးပေးပါ့မယ်။
⭕၄။ listening မှာဆိုရင် ဖွင့်ပြတဲ့ အသံကိုနားထောင်ပြီး အဖြေရွေးရပါမယ်။ listening အမှတ်ကောင်းချင်ရင် မေးခွန်းဟောင်းများများလေ့ကျင့်ရပါမယ်။ နောက်တစ်ချက်က စာမေးပွဲနီးမှ လေ့ကျင့်တာမဟုတ်ပဲ ခပ်လှမ်းလှမ်း အချိန်တည်းက လေ့ကျင့်ပေးထားရပါမယ်။
ဒီနေရာမှာ တစ်ချို့က vocabulary က ခက်တယ်။ reading က ခက်တယ်။ listening က ခက်တယ်။ အဲ့ဒီတော့ သက်ဆိုင်ရာအပိုင်းတွေကို သေချာလေ့ကျင့်ထားရင် မခက်ခဲပါဘူး။💯‼️ ခက်တယ်ဆိုတဲ့ စကားကို မသုံးပဲ လေ့ကျင့်ဖို့အတွက် challenge ဖြစ်တယ်လို့ ပြောရမယ်ဆိုရင် N5,N4 level မှာ listening လို့ ထင်ကြတာများပေမယ့် N3 ကနေ level အမြင့်မှာဆိုရင် reading က challenge ဖြစ်မယ်လို့ ထင်ပါတယ်။ ‼️
လူတိုင်းမှာ အားနည်းရာ၊ အားသာရာ ကိုယ်စီရှိပါတယ်။ အားသာတာကို လက်ကိုင်ထားပြီး အားနည်းတာကို အားသာလာအောင် လေ့ကျင့်ပေးမယ်ဆိုရင် ဘယ်အရာမဆို အောင်မြင်မှာပါနော်။ အရေးအကြီးဆုံးကတော့ လက်မလျှော့တဲ့ ဇွဲလုံ့လဖြစ်ပါတယ်။ Practice make perfect ပါနော်။🔥💪
မိနစံတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ရင်း ....
またね😘💗