05/06/2024
Duolingo English Test က (Speaking နဲ့ Writing) Production ပိုင်းမှာ အမှတ်ဘယ်လိုပေးလဲ (Part-2)
အားလုံးပဲမင်္ဂလာပါရှင်။ 😄
ပြီးခဲ့တဲ့ တစ်ပတ်တုန်းက duolingo writing နဲ့ speaking အမှတ်ပေးစည်းမျဉ်းရဲ့
🔸 content
🔸discourse coherence
🔸lexis (vocabulary)
🔸grammar 4ပိုင်းကို ပြောပြပေးပြီးသွားပြီဆိုတော့ ဒီတစ်ပတ်မှာ ကျန်တဲ့
🔸fluency
🔸pronunciation ကိုဆက်ပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။
Part 1 ကိုမဖတ်လိုက်ရသေးရင်တော့ ဒီ link မှာပြန်ဖတ်ကြည့်လို့ရပါတယ်နော်။
https://www.facebook.com/share/p/GPDvvHm8xPAa9jhN/?mibextid=WC7FNe
🔸Fluency
Duolingo English Test ရဲ့ အမှတ်ပေးစည်းမျဉ်းထဲမှာ fluency ကလည်း ပါဝင်နေပါတယ်။
➡️ fluency ပိုင်းမှာဆိုရင်တော့ ပထမဆုံးအနေနဲ့ speed ကိုကြည့်ပါတယ်။ ဒီမှာ သတိထားရမှာက speed ဆိုတာမြန်မြန်ပြောလေ အမှတ်တက်လေကို ပြောတာမဟုတ်ပါဘူး။ speed ဆိုတာက ကိုယ်ပြောလိုက်တဲ့ နှုန်းက နားထောင်မယ့်သူ သေချာ နားလည်ပြီး ရှင်းလင်းနေတဲ့ speed မျိုးနဲ့ပြောဖို့ကို ရည်ညွှန်းတာပါ။
➡️နောက်တစ်ခုကတော့ chunking ပါ။ chunking ဆိုတာက စာကြောင်းပြောတဲ့အခါ ကြားထဲမှာ pause လေးတွေထည့်ပြီးပြောတာမျိုးကိုရည်ညွှန်းတာပါ။ နောက်တစ်မျိူး natural pauses လို့လည်းပြောနိုင်ပါတယ်။ ရုတ်တရက် idea ပျောက်သွားလို့ ရပ်သွားတာမျိုးမဟုတ်ဘဲ ကိုယ်ပြောလိုက်တဲ့စကား ပိုရှင်းစေဖို့၊ highlight လုပ်ချင်တဲ့အပိုင်းလေးတွေ ပိုထင်းစေဖို့ ကိုယ်စကားပြောနေတာကို ဖြတ်ဖြတ်ပြီး ပြောတာမျိုးပဲဖြစ်ပါတယ်။
➡️ နောက်ဆုံးတစ်ခုကတော့ breakdowns and repairs ကိုလည်းကြည့်ပါသေးတယ်။ ကိုယ်စကားပြောရင်းထစ်သွားတာ ၊ ပြောစရာကုန်သွားတာမျိုးဖြစ်တဲ့အချိန်တွေမှာ umm တို့ uh တို့ like တို့ကိုသုံးလေ့ရှိပါတယ်။ တစ်ခါတစ်လေ ပြောတာမျိုးက အမှတ်အပေါ် သက်ရောက်မှု အများကြီးမရှိပေမယ့် ဒါတွေပဲ ခဏခဏ ထပ်ပြောတာမျိုးက အမှတ်လျော့နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်သုံးမယ့် filler words တွေကို မထပ်အောင်လည်းကြိုပြီးပြင်ဆင်ထားသင့်ပါတယ်။
ဥပမာ - I can't say for sure , as far as I can tell အစရှိတာမျိုးတွေပဲဖြစ်ပါတယ်။
🔸pronunciation
Pronunciation အပိုင်းကဆိုရင်တော့speaking မေးခွန်းတွေမှာ ထည့်ပြီး ကြည့်တဲ့အပိုင်းတစ်ခုပါ။
➡️ ပထမဆုံးတစ်ခုကတော့ intelligibility ပါ။ အလွယ်ပြောရရင်တော့ ဖြေဆိုတဲ့သူ ပြောလိုက်တဲ့စကားကို သေချာနားလည်သဘောပေါက်နိုင်လား ဆိုတာကိုရည်ညွှန်းတာပါ။
➡️နောက်တစ်ပိုင်းကတော့ individual sounds ပါ။ စကားလုံးထဲမှာပါတဲ့ vowel, consonant တွေရဲ့ အသံထွက်ကို သေချာထွက်လားဆိုတာကိုကြည့်ပါတယ်။
➡️ဒီ့အပြင် word stress တွေကိုလည်းကြည့်ပါသေးတယ်။ စကားလုံးတွေရဲ့ အသံ ဖိတဲ့ဖော့တဲ့ နေရာတွေကို မှန်၊ မမှန်စစ်ဆေးတာပါ။ ဥပမာ - water ဆိုတဲ့စကားလုံးကိုပြောတဲ့အခါ stress က "wa" ဆိုတဲ့နားမှာ ထည့်ပြီးပြောရတာမျိုးပါ။
➡️ words stress အပြင် sentence stress ကလည်းအရေးကြီးပါတယ်။ သဘောတရားကတော့ အပေါ်က word နဲ့တူတူပါပဲ။ ဘယ်နားမှာ stress ထည့်ပြီး ဖိပြောလဲဆိုတာကိုကြည့်တာပါ။ ဒါပေမယ့် ဒီအပိုင်းကတော့ စာလုံးတစ်လုံးချင်းကိုကြည့်တာမဟုတ်ဘဲ စာကြောင်းတစ်ကြောင်းလုံးကိုကြည့်တာပါ။
➡️နောက်ဆုံးတစ်ခုကတော့ intonation ပါ။ ကိုယ်စကားပြောတဲ့အခါ အသံအနိမ့် အမြင့်နဲ့ပြောရဲ့လားဆိုတာကိုကြည့်ပါတယ်။ ဥပမာ- statement တွေဆိုရင် စာကြောင်းအဆုံးမှာ အသံချလိုက်တာမျိုး၊ yes/no question တွေဆို အသံတက်သွားတာမျိုးကိုပြောတာပဲဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ duolingo ရဲ့ အမှတ်ပေးစည်းမျဉ်းတွေကိုသေချာသိသွားကြပြီလို့ထင်ပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်တဲ့အခါ အမှတ်ပေးစည်းမျဉ်းနဲ့တိုက်ပြီးလေ့ကျင့်တာက ပို အမှတ်တက်စေတာဖြစ်လို့ အမှတ်ပိုတက်ချင်တယ်ဆိုရင်တော့ ကိုယ်လေ့ကျင့်ပြီးတဲ့အခါ ဒီ အမှတ်ပေးစည်းမျဉ်းနဲ့ ပြန်ပြီး analyze လုပ်ပြီး လိုချင်တဲ့ target score တွေရကြပါစေလို့ Apricus ကဆုတောင်းပေးလိုက်ပါတယ်❤️