Kaung Kaung fashion

Kaung Kaung fashion

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Kaung fashion, Personal coach, Yangon.

23/11/2024

🌿 မအားတာတော့ မအားဘူးပေါ့။
ဒါပေမယ့် မအားတဲ့ကြားကပဲ
ထားသွား ရတာ မဟုတ်လား။

🌿 မရှိတာတော့ မရှိဘူးပေါ့။
ဒါပေမယ့် မရှိတဲ့ကြားကပဲ
ရှိအောင်လှူသွားရမှာ မဟုတ်လား။

🌿 မကြိုက်တာတော့ မကြိုက်ဘူးပေါ့။
ဒါပေမယ့် မကြိုက်တဲ့ကြားကပဲ
မခိုက်အောင်ကြိုးစားရမှာ မဟုတ်လား။

🌿 မမြဲတာတော့ မမြဲဘူးပေါ့။
ဒါပေမယ့် မမြဲတဲ့ကြားကပဲ
အလွဲမများအောင်နေထိုင်ရမှာ မဟုတ်လား။

🌿 ဒုက္ခတော့ ဒုက္ခပေါ့။
ဒါပေမယ့် ဒုက္ခကြားကပဲ
သုခတရားကိုရအောင်ရှာရမှာ မဟုတ်လား။

🌿 အနတ္တတော့ အနတ္တပေါ့။
ဒါပေမယ့် အနတ္တတွေကြားကပဲ
အတ္တတွေမများအောင်လျှော့ချရမှာ မဟုတ်လား။

🌿 ဘဝဆိုတာ ဒါပါပဲ။

🌿 အဆင်မပြေတာတွေကြားကပဲ
ပြေသလို ကြိုးစားကြရမှာပဲလေ။

🌿 စိတ်တိုင်းမကျတာတွေကြားကပဲ
စိတ်ရိုင်းလေးတွေချနိုင်အာင်
လေ့ကျင့်ရမှာပဲလေ။

🌿 အမှားတွေကြားကပဲ တရားတွေ မရှားဖို့
သတိပြုရမှာပဲလေ။

🌿 အဓိကကတော့...
အမှားလေးတွေကနေ
အမှားကြီးတွေ မဖြစ်အောင်၊

🌿 အပြစ်လေးတွေကနေ
အပြစ်ကြီးတွေမဖြစ်အောင်၊

🌿 ကိုယ့်ဘဝကိုယ် တဖြည်းဖြည်းချင်း
ပုံဖော်ထုဆစ်ပြီး ဘဝအနှစ်မမဲ့အောင်
ဓမ္မအသိဆောင်ကြဖို့ပဲ မဟုတ်လား။

မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

ဓမ္မဒါန ပြန်လည်မျှဝေပါသည်။

🙏🙏🙏🙏🙏

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Telephone

Website

Address


Yangon