English with Shin Thant

English with Shin Thant Sharing Knowledge for your English

🤍 March intake လေးလာပါပြီနော်
10/02/2025

🤍 March intake လေးလာပါပြီနော်

English 4 Skills (online class)
(March intake) လာပါပြီ😍😍😍

ကယ်…. လိုရင်းတိုရှင်းပဲပြောပါမယ် 😁✋🏻

📌English 4 skills (Online)

Level 1 ~ (6-7)yrs (Starters)
Level 2 ~ (8-9)yrs (Movers A)
Level 3 ~ (9-10)yrs (Movers B )
Level 4 ~ (11-12)yrs (Flyers)
Level 5 ~ (12-13)yrs (KET)

📌Duration

- 3 hours per week
(Timetable တွင်အသေးစိတ်ကြည့်နိုင်ပါသည်)
(1st term) March, April, May, June
(2nd term) July, August, September, October

(1st term+ 2nd term ပြီးမြောက်မှသာ level တစ်ခုပြီးမှာဖြစ်ပါတယ်)

📌Fee
(level 1 to 4)
Books - 30000/-
Monthly- 40000/-

(Level 5)
Books - 30000/-
Monthly- 45000/-

📌Class size - 10 Students Max per class
📌Platform- Zoom Online Class

📌starting date
- 10.3.2025 (Level 1)
- 12.3.2025 (Level 3)
- 15.3.2024 (Level 2,4,5)

ဘယ် Level ထားရမလဲ စဉ်းစားရခက်နေရင်လည်း မပူပါနဲ့နော် messenger မှာ Hello လိုက်ပါ

http://m.me/emsacademyeffectivementoringforsuccess
တိုင်ပင်ပေးဖို့အသင့်ပါပဲနော်

09256890424
09795240060
ကိုလည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်

သားသားမီးမီးတို့ရဲ့
လျှောက်လမ်းရမယ့်ဘဝခရီးလမ်းမှာ
အောင်မြင်မှုရရှိနိုင်ဖို့အတွက်
ထိရောက်သော လမ်းညွှန်မှုနဲ့ သင်ကြားပို့ချပေးနေတဲ့

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

Yes I did!This winter it’s kinda cold ,so Look! what i’ve got🌚Executive Diploma in Educational Management 📌IDC x ETVA x ...
17/12/2024

Yes I did!
This winter it’s kinda cold ,so Look! what i’ve got🌚

Executive Diploma in Educational Management

📌IDC x ETVA x Lincoln University

Core module

1. Effective Teaching Strategies
2. Child Development & Psychology
3. Curriculum Design & Development
4. Educational Leadership & Management

Another milestone in 2024 ✨

Zoom နဲ့ စာသင်ပြီဆို ဘာလို့ Camera ဖွင့်ခိုင်းရတာလဲပိတ်ထားရင် Teacher တွေ ခမျာ လမိုက်ည တိမ်တွေထူထဲနေတဲ့ သန်းခေါင်ယံအချိန...
17/11/2024

Zoom နဲ့ စာသင်ပြီဆို ဘာလို့ Camera ဖွင့်ခိုင်းရတာလဲ

ပိတ်ထားရင် Teacher တွေ ခမျာ
လမိုက်ည တိမ်တွေထူထဲနေတဲ့ သန်းခေါင်ယံအချိန်မှာ၊
ရေနံချေးပုံးထဲ ပြုတ်ကျထားတဲ့
ကျွဲနက်ကြီးကို အသံလာရာလိုက်ရှာနေရသလိုပါပဲ 🥹🌚
ဟီးဟီး စတာပါ

လိုတိုရှင်းပြောရမယ်ဆိုရင်တော့ ဆရာဆရာမတွေက telepathist, mind reader တွေလည်းမဟုတ်ပါဘူးနော်၊ 🥲

ဒါပေမဲ့ Psychology- Child Psychology နဲ့ပတ်သတ်တဲ့ knowledge တွေရှိတဲ့အတွက်ကြောင့် (Psychology ဆိုတာကလည်း အပြုအမူ၊ ပြောပုံဆိုပုံ၊ မျက်နှာအနေအထား၊ behavior ကနေတစ်ဆင့်သာ လေ့လာသိရှိနိုင်တာ) ကလေးတစ်ယောက်က
စာပေါ်စိတ်ဝင်စားရဲ့လား၊
Motivatedဖြစ်နေလား
Demotivated ဖြစ်နေလား
Unmotivated ဖြစ်နေလား
Attention ကဘယ်ရောက်နေလဲ
ဘာတွေလိုအပ်နေလဲ ဘယ်အကြောင်းအရာကိုပြောရင်တော့ ပြုံးသွားတယ် သဘောကျတယ်
ဘယ်သင်ခန်းစာပိုင်းမှာတော့ သိပ်မရွှင်လန်းနေဘူးဆိုတာတွေသုံးသပ်ပြီး

စာသင်နေတဲ့ အချိန်တွင်းမှာ

Educational psychology ဖက်ကနေ
ဘယ်လို Scaffolding လုပ်မလဲ
Engagement တိုးအောင်လုပ်ဖို့လိုနေတာလား
Explain ထပ်လုပ်ပေးဖို့လိုနေတာလား
စဉ်းစားရတာမျိုးပါ။

အဲ့တော့ ကင်မရာကြီးတွေပိတ်ထားရင်
Teacher တွေ ခမျာ လမိုက်ည၊
တိမ်တွေထူထဲနေတဲ့ သန်းခေါင်ယံအချိန်မှာ၊
ရေနံချေးပုံးထဲ ပြုတ်ကျထားတဲ့
ကျွဲနက်ကြီးကို အသံလာရာလိုက်ရှာနေရသလိုပါပဲ 🥹🌚

(အကြောင်းအမျိုးမျိုးကြောင့် ကင်မရာဖွင့်လို့မရတာကို နားလည်ပေမဲ့ ကင်မရာလေးဖွင့်ပြီးသင်ရင်တော့ ကလေးအတွက်ရော Teacher တွေအတွက်ပါ ပိုထိရောက်တဲ့ Teaching- learning ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်)

အပြန်အလှန်အနေနဲ့ Tr တွေကလည်း ကင်မရာဖွင့်ထားခြင်းအားဖြင့် ကလေးတွေက ဆရာ/ဆရာမ ရုပ်ကိုမြင်နေရတဲ့အတွက် မသိစိတ်ကနေ Teacher က ကိုယ့်ကိုကြည့်နေတာပါလားဆိုတဲ့ သက်ရောက်မှုမျိုးရှိပြီး သင်ခန်းစာအပေါ် အနည်းနဲ့အများတော့ ပိုစိတ်ဝင်စားမှုရှိပါတယ်။

Tr အနေနဲ့လည်း in class မှာလိုမဟုတ်တဲ့အတွက်
screen ပေါ်ကနေတစ်ဆင့်
ကိုယ့်ရဲ့ မျက်နှာ၊
လက်ဟန်ကိုယ်ဟန်အနေအထားကို အကောင်းဆုံး အသုံးချပြီး သင်ကြားပြသရာမှာလည်း အတိုင်းအတာတစ်ခုထိ ထိရောက်မှုရှိလှပါတယ်


Piccrd

📌UDL ဆိုတာဘာလဲUDL ဆိုတာကတော့ Universal Design for Learning ဖြစ်ပါတယ်။ သင်ယူမှုမှာအကောင်းဆုံးဖြစ်ဖို့ရာ အထိရောက်ဆုံးဖြစ်ဖ...
17/11/2024

📌UDL ဆိုတာဘာလဲ

UDL ဆိုတာကတော့ Universal Design for Learning ဖြစ်ပါတယ်။

သင်ယူမှုမှာအကောင်းဆုံးဖြစ်ဖို့ရာ အထိရောက်ဆုံးဖြစ်ဖို့ရာအတွက် ကလေးအားလုံးအတွက် (Diversity မတူကွဲပြားသူအားလုံး able/disable ရော၊ genderအားလုံး၊ အားလုံးအကြုံးဝင်တဲ့ inclusive education ဖြစ်အောင်) ရေးဆွဲနည်း/ သင်ကြားမှုပုံစံပဲဖြစ်ပါတယ်။

📌ဘာကြောင့် UDLက အရေးကြီးတာလဲ

အပေါ်ကပြောခဲ့သလိုပါပဲ ကလေးတွေ/ သင်ယူသူတွေကို သင်ယူမှုမှာ အားပေးဖို့ရာ၊
motivate လုပ်ဖို့ရာ၊
စိတ်ပါဝင်စားအောင်လုပ်ဖို့
ကလေးတွေရဲ့ လက်တွေ့ဘဝနဲ့ ဆက်စပ်ကြောင်းပြောပြဖို့ရာ အတွက်ဖြစ်ပါတယ်။

📌7 UDL Strategies for Classroom

ဒါဆိုရင် စာသင်ခန်းအတွင်းမှာ ကျင့်သုံးလို့ရတဲ့ strategies ၇ ခုက ဘာတွေဖြစ်မလဲ

1. Know your students’ strengths and barriers
2. Use digital materials when possible
3. Share content in a variety of ways
4. Offer choices for how students demonstrate their knowledge
5. Take advantage of software support
6. Low and NO Tech options do eXist
7. Learn from others

တစ်ချက်ချင်းစီကို နောက်ရက်ကျရင် အသေးစိတ်ရှင်းပြပေးပါမယ်နော်



Photocrd

Formal Assessment ဆိုတာကတော့ အမှတ်တွေ၊ အဆင့်တွေ သတ်မှတ်ချက်များနဲ့ စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါတယ်။ Informal Assessment Info...
14/11/2024

Formal Assessment ဆိုတာကတော့ အမှတ်တွေ၊ အဆင့်တွေ သတ်မှတ်ချက်များနဲ့ စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါတယ်။

Informal Assessment

Informal Assessment ဆိုတာကတော့ အမှတ်ပေးစနစ်မျိုးနဲ့မဟုတ်ပဲ ကလေးတွေရဲ့ သင်ယူခြင်း တိုးတက်ပြောင်းလဲမှု (Learning progress)ကိုပဲ စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါတယ်။

Classroom-level Assessment

Classroom-level Assessment ဟာဆိုရင် သင်ကြားစဉ်ကာလတစ်လျှောက်လုံး ကလေးတွေရဲ့ လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ဖို့ရာအတွက် စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါတယ်။ group work, presentation, discussion, observation, project, self/peer assessment စတာတွေ ဖြစ်ပါတယ်။

School-based Assessment

School-based Assessment ဆိုတာကတော့ လစဉ်စာမေးပွဲစစ်ဆေးတာ၊ နှစ်ဝက်စာမေးပွဲစစ်တာ၊ စတဲ့ စစ်ဆေးအကဲဖြတ်တာတွေအပြင် Team workတို့လို communication skills တို့လို skills တွေကိုလည်း စစ်ဆေးအကဲဖြတ်တာဖြစ်နိုင်ပါတယ်

School-completion Assessment

School-completion Assessment ဆိုတာကတော့ နှစ်ဆုံးစာမေးပွဲစစ်တာမျိုးဖြစ်ပါတယ်။ Project လုပ်တာ၊ Presentation လုပ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

(*စစ်ဆေးအကဲဖြတ်တဲ့ နည်းစနစ်တွေကတော့ Assessment အမျိုးအစားပေါ်မူတည်ပြီး ရည်ရွယ်ချက်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲအသုံးပြုနိုင်ပါတယ်)

ဘယ် Assessment မျိုးပဲဖြစ်ဖြစ် အရည်အသွေးပြည့်ဝတဲ့ စစ်ဆေးအကဲဖြတ်မှုမျိုးဖြစ်ဖို့ဆိုရင် လိုက်နာကျင့်သုံးသင့်တဲ့ အချက် ၇ ချ...
12/11/2024

ဘယ် Assessment မျိုးပဲဖြစ်ဖြစ် အရည်အသွေးပြည့်ဝတဲ့ စစ်ဆေးအကဲဖြတ်မှုမျိုးဖြစ်ဖို့ဆိုရင် လိုက်နာကျင့်သုံးသင့်တဲ့ အချက် ၇ ချက်ရှိပါတယ်

ဒါကိုအတိုကောက်အနေနဲ့ TEAR VII
Tear ဆိုတာကတော့ မျက်ရည်
VII ဆိုတာကတော့ ရောမ ကဏန်းအနေနဲ့ဆို ၇

စာမေးပွဲတွေဖြေရင် မျက်ရည်ကျ ငိုရတာကင်းဝေးအောင်နဲ့ အထိရောက်ဆုံးဖြစ်စေမဲ့ စစ်ဆေးအကဲဖြတ်ရာမှာထည့်သွင်းစဉ်းစားရမဲ့အချက် ၇ချက်ကို အလွယ်မှတ်ဖို့ ကျွန်တော် ထွင်လိုက်တာပါ🥹😁 (အချက် ၇ချက်ကို ထွင်တာမဟုတ်ပါဘူးနော်၊ လေ့လာခဲ့ရတဲ့ သင်တန်းတွေကနေ သတ်မှတ်ထားပြီးသားအချက်တွေပါ)

1️⃣Transparent- ပွင့်လင်းမြင်သာမှုရှိရပါတယ်။
တိုင်းတာတဲ့ စံသတ်မှတ်ချက်နဲ့ စစ်ဆေးအကဲဖြတ်မဲ့ပုံစံဟာ
ရှင်းလင်းမှုရှိရပါတယ်။ ကလေးတွေလည်း နားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။

2️⃣Efficient-လုံလောက်မှုရှိရပါမယ်။ ကလေးတွေအတွက် ဘယ်ချိန်ဖြေဆိုရမယ်ဆိုတဲ့ လုံလောက်တဲ့ အချိန်ကာလပေးမှုတွေ၊ ဖြေဆိုနိုင်လောက်တဲ့ ပမာဏတွေရှိရမှာဖြစ်သလို ဆရာဆရာမတွေအတွက်လည်း ကလေးတွေကိုသင်ကြားရာမှာ လုံလောက်တဲ့အချိိန်နဲ့ သင်ကြားပေးလို့ဖြစ်နိုင်တဲ့ ပမာဏဖြစ်ရပါမယ်။

3️⃣Authentic- တကယ့်လက်တွေ့ဘဝမှာ အသုံးချလို့ရမဲ့ သင်ခန်းစာတွေကို ထည့်သွင်းပြီး စစ်ဆေးအကဲဖြတ်ခြင်းမျိုးဖြစ်ရပါမယ်။

4️⃣Reliable- မျှတမှုရှိရပါတယ်။ အောင်မြင်နိုင််မဲ့ စစ်ဆေးအကဲဖြတ်မှုမျိုးဖြစ်ဖို့လိုပါတယ်။

5️⃣Valid- learning outcomes နဲ့ဆိုင်တဲ့၊ သင်ခန်းစာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများကိုသာ ထည့်သွင်းပြီး စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ရပါမယ်။

6️⃣Integral - သင်ယူမှုပြီးဆုံးသွားမှမဟုတ်၊ နှစ်ကုန်သွားမှမဟုတ်ပဲ၊ သင်ယူစဉ်ကာလတစ်လျှောက်လုံးမှာ စစ်ဆေးအကဲဖြတ်ခြင်းကို သင်ယူမှုလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းထားရပါမယ်။

7️⃣Inclusive- အားလုံးအကြုံးဝင်ပါဝင်ပြီး ဖြေဆိုနိုင်တဲ့ စစ်ဆေးအကဲဖြတ်ခြင်းမျိုးဖြစ်ရပါမယ်။


Crdpic

Pic

Assessment ကဘာလို့အရေးကြီးတာလဲ။ ဘာလို့လုပ်သင့်တာလဲ။  Assessment for Learning Assessment of Learning Assessment as Learni...
07/11/2024

Assessment ကဘာလို့အရေးကြီးတာလဲ။
ဘာလို့လုပ်သင့်တာလဲ။

Assessment for Learning
Assessment of Learning
Assessment as Learning

ဘာများကွာခြားတာလဲ

📌Assessment for Learning (AfL)

မသင်ယူခင် (before learning) နဲ့ သင်ယူလေ့လာနေတဲ့ကာလအတွင်း (during learning)မှာ စစ်ဆေးအကဲဖြတ်
ခြင်းပါ။ Formative Assessment လို့လည်း ခေါ်ဆိုလို့ရပါတယ်။ ကလေးရဲ့ မူလ knowledgeတွေ skills တွေဘယ်လောက်ရှိလဲဆိုတာ သိရှိနိုင်ဖို့ရယ်၊ သင်ယူလေ့လာနေစဉ်အတွင်းအမှာ ဘယ်လောက်ထိသိသွာရပြီလဲ လိုအပ်သလဲဆိုတာ တိုင်းတာဖို့ရာ အထောက်အကူပြုပါတယ်။

📌Assessment of Learning (AoL)

သင်ခန်းစာတစ်ခုပြီးဆုံးသွားချိန်၊ စာသင်နှစ်အပြီး (after learning) ကလေးရဲ့ တတ်မြောက်အမှုကို စစ်ဆေးအကဲဖြစ်ခြင်းဖြစ်ပါတယ်။ Summative Assessment လို့လည်း ခေါ်ဆိုပါတယ်။

📌Assessment as Learning (AaL)

စစ်ဆေးမှုအပြီးမှာ ကိုယ်ကိုယ်တိုင် သုံးသပ်ခြင်း (self-reflection)၊ ကိုယ့်ကိုယ်ကို စစ်ဆေးအကဲဖြတ်ခြင်း (self-assessment) ၊ အပြန်အလှန် စစ်ဆေးအကဲဖြတ်ခြင်း (peer-assessment) ပြုလုပ်ခြင်းမျိုးဖြစ်ပါတယ်။

ဘယ် Assessment က အရေးကြီးလဲဆိုရင် အားလုံးဟာ သူ့နေရာနဲ့သူ အရေးပါပြီးတော့ ကိုယ်ရဲ့သင်ခန်းစာ၊ သင်ရိုးညွှန်းတမ်း၊ ကလေးရဲ့ skills, level၊ စတာတွေနဲ့ချိန်ညှိပြီး ထည့်သွင်းအသုံးပြုမယ်ဆိုရင် ထိရောက်တဲ့ သင်ကြားသင်ယူမှုတစ်ခုကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်



Photocrd

The influence of Religion on Education ဘာသာတရားဟာဆိုရင် ပညာရေးမှာ သက်ရောက်မှုများစွာရှိပါတယ်၊ သက်ရောက်မှုများစွာရှိတယ်ဆိ...
31/10/2024

The influence of Religion on Education

ဘာသာတရားဟာဆိုရင် ပညာရေးမှာ သက်ရောက်မှုများစွာရှိပါတယ်၊ သက်ရောက်မှုများစွာရှိတယ်ဆိုတဲ့ အနေအထားမှာ မြန်မာနိုင်ငံမှာဆိုရင် ဗုဒ္ဓဘာသာဟာဘာသာကြီးတစ်ခုဖြစ်ပြီး (ကိုးကွယ်တဲ့ ရာခိုင်နှုန်းအရ များနေတာ) ကျောင်းသင်ရိုးညွှန်းတမ်းတွေထဲမှာလည်း ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ အကြောင်းအရာတွေဟာ များစွာရှိနေပါတယ်၊

📌📌ဥပမာ ဇာတ်နိပတ်တော်တွေ၊ ပွဲတော်တွေဟာဆိုရင်လည်း ဘာသာတရားအပေါ်အခြေတည်ပြီး ရေးသားထားတာတွေဖြစ်ပါတယ်၊ ဒီဘာသာတရားနဲ့ ဆက်စပ်တဲ့ သင်ခန်းစာတွေဟာ ကလေးတွေအပေါ် သက်ရောက်မှုများစွာရှိပါတယ်။

သက်ရောက်မှုများစွာရှိတယ်ဆိုတာကတော့ ဥပမာအနေနဲ့ ကျောင်းခန်းထဲမှာ သတင်းကျွတ်မီးထွန်းပွဲတော်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး စာစီစာကုံးတစ်ပုဒ်ရေးခိုင်းတယ်ဆိုကြပါစို့၊ ဗုဒ္ဓဘာသာဝင်အတွက် ဒီပွဲတော်ဟာ စိမ်းတဲ့အရာမဟုတ်ပေမဲ့ အခြားသောဘာသာဝင်များအတွက်တော့ ရေးသားဖို့ရာ အခက်အခဲရှိနိုင်ပါတယ်။ ဒါဆိုရင် ဒီပွဲတော်အကြောင်းထည့်သွင်းထားတာ မှားနေတာလားဆိုတဲ့ မေးခွန်းမေးစရာရှိလာပါတယ်၊

(Personal view & opinion အရပြောရရင် မှားနေတာတော့ မဟုတ်ပေမဲ့ အရမ်းကြီးလည်း မှန်မနေပါဘူး၊ ဘာလို့လဲဆိုတော့ အခြားသောဘာသာဝင်များလည်း စာသင်ခန်းတစ်ခုအတွင်းမှာ ရှိနိုင်တဲ့အတွက် သူတို့အတွက်ပါထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ ဒီလို သင်ခန်းစာမျိုးတွေ ထည့်သွင်းဖို့ မထည့်သွင်းဖို့ဆိုတာ edu system၊ curriculum၊ political situation၊ policy စတာတွေနဲ့ အများကြီးဆက်စပ်နေတဲ့အတွက် ကျွန်တော်တို့လို့ ဆရာ၊ဆရာမတွေအတွက် ဝေးလှပါသေးတယ်၊ ဒါဆို ဘာမှလုပ်လို့မရဘူးလားဆိုတော့ လုပ်လို့ရပါသေးတယ်။
ကျွန်တော်တို့လို့ ဆရာဆရာမတွေ ကိုယ်တိုင်က Inclusive education ကို နားလည်သဘောပေါက်ထားမယ်ဆိုရင် အခုလို ပွဲတော်စာစီစာကုံးရေးတာနဲ့ပတ်သတ်လို့ အခြားသော ဘာသာဝင်များကိုလည်း သက်ဆိုင်ရာ မီးထွန်းပွဲတော်တွေအကြောင်း ရေးခွင့်ပေးတာမျိုး sharing လုပ်ခွင့်ပေးတာမျိုးလုပ်သင့်ပါတယ်)

ဒီလို ဘာသာတစ်ခုတည်းကိုပဲ ထည့်သွင်းသင်ကြားနေတာက အချိန်ကြာလာတာနဲ့အမျှ ဒီဘာသာတစ်ခုရဲ့ အယူအဆတွေကသာ အမှန်၊ ကျန်တာတွေက မလေ့လာသင့်၊ မမှန်ကန်ဘူးဆိုတဲ့ အခြေအနေတွေကိုပါ ရောက်ကောင်းရောက်လာနိုင်ပါတယ်။

အခြားဘာသာတွေရဲ့ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ၊ ယူဆချက်တွေကို လေ့လာခွင့်ရဖို့လည်း လိုအပ်ပါတယ်။ ဘာသာတိုင်းမှာလည်း လက်တွေ့လိုက်နာကျင့်သုံးလို့ရတဲ့ အကြောင်းအရာတွေရှိနေပါတယ်။

🚫ကိုယ်က Majority လို့ခေါ်တဲ့ အုပ်စုကြီး (လူများစု) ထဲမှာ ပါနေတဲ့အခါမှာ Minority လို့ခေါ်တဲ့ အုပ်စုငယ် (လူနည်းစု) တွေအတွက် ထည့်သွင်းစဉ်းစားပေးဖို့ မေ့လျော့သွားတတ်ကြပါတယ်။

ဥပမာ- ကိုယ်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုရင် ကျောင်းမှာ ၁ပတ် ၅ရက်နဲ့ မနက်တိုင်း ကျောင်းတက်ချိန်တိုင်း ဘုရားရှိခိုးတာက ထူးခြားတဲ့အရာမဟုတ်ပေမဲ့ အခြားသော ဘာသာဝင်များအတွက် ဘယ်လိုများ ခံစားရမလဲ?

⁉️ကျွန်တော်တို့အနေနဲ့ ဒီလိုခံစားချက်ဆိုတာလည်း ကိုယ်က Majority မှာပါနေသ၍တော့ မသိပေမဲ့ Minority ဖြစ်သွားတဲ့အချိန်မှာဆိုရင် မသက်မသာခံစားရမှာတော့အမှန်ပါ၊ အကယ်၍ကိုယ်က အတန်းမစမှီမှာ ခရစ်ယာန်ဘာသာဝင်ကြား သူတို့ရဲ့ ဘာသာအရဝတ်ပြုဆုတောင်းရတဲ့ အတန်းထဲမှာ ရောက်သွားမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။

‼️‼️‼️နောက်တစ်ချက်အနေနဲ့ကတော့ ဘာသာရေးဆိုတာကလည်း အင်မတန်ကို ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာ ကိစ္စရပ်တစ်ခုဖြစ်တဲ့အတွက် ဆရာဆရာမတွေကိုယ်တိုင်တောင်မှ ကိုင်တွယ်ပြောဆိုဖြေရှင်းဖို့ရာ ခက်ခဲပါတယ်။

ဒါကြောင့်မို့ ဘာသာရေးဟာလည်း ပညာရေးအပေါ် လွမ်းမိုးမှုတွေများစွာရှိနေပြီးတော့ system တစ်ခုလုံးကို ပြုပြင်ဖို့ရာမှာလည်း ခက်ခဲလွန်းနေသေးပေမဲ့ တတ်နိုင်တဲ့ဘက်ကနေပြီး ဆရာဆရာမများအနေနဲ့ inclusive education အားလုံးအကြုံးဝင်တဲ့ ပညာရေးဖြစ်အောင် ဖော်ဆောင်မလဲဆိုတာ လေ့လာဖို့လိုအပ်ပါတယ်။

ပြန်လည်ဆွေးနွေးလိုတဲ့ အကြောင်းအရာများရှိရင်လည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း လေ့လာဆဲမို့ သင်ယူဆဲဖြစ်တာကြောင့် သိသလောက်မျှဝေထားခြင်းဖြစ်ပါတယ်။ *Any discussion or advice with professional language and respectable comments



are so welcome.

✅Sensory, Physical, Health Impairment (အာရုံခံစားမှု၊ လှုပ်ရှားမှု ကျန်းမာရေးဆိုင်ရာ ချို့ယွင်းခြင်း)Sensory Impairment ...
20/10/2024

✅Sensory, Physical, Health Impairment (အာရုံခံစားမှု၊ လှုပ်ရှားမှု ကျန်းမာရေးဆိုင်ရာ ချို့ယွင်းခြင်း)

Sensory Impairment ဆိုတာကတော့ အာရုံခံစားမှုနဲ့ပတ်သတ်ပြီး ချို့ယွင်းချက်ရှိတာပါ။ အထူးသဖြင့် အမြင်အာရုံနဲ့ အကြားအာရုံ ချို့ယွင်းတာပါ။

📌Visual Disabilities (အမြင်အာရုံ မသန်စွမ်း)
သာမန် အဝေးမှုန်/အနီးမှုန် အားနည်းတာကတော့ မျက်မှန်တပ်တာမျိုးနဲ့ အဆင်ပြေနိုင်ပါတယ်။ Vision loss ဆိုရင်တော့ လုံးဝကို မမြင်ရတာမျိုးပါ။ ကလေး ၁၀၀၀ မှာ ၁ယောက်တော့ဖြစ်တတ်ပါတယ်။

ကလေးအနေနဲ့ မျက်စိအားနည်းတယ်ဆိုတာကို အောက်ကအချက်တွေကြည့်ပြီးသိနိုင်ပါတယ်။

1. ခေါင်းစောင်းကြည့်တာ
2. မျက်လုံးခနခနပွတ်နေတာ
3. မျက်လုံးနီနေတာ၊ မျက်ရည်ထွက်တတ်တာ
4. စာလုံးသေးတာကို မဖတ်နိုင်တာ၊ မခွဲခြားနိုင်တာ
5. စာဖတ်ပြီးရင် ခေါင်းကိုက်တာ၊ ခေါင်းမူးတယ်ပြောတတ်တာ

အခြေအနေအရမ်းမဆိုးခင် စောစောသိနိုင်မယ်ဆိုရင်တော့
အကောင်းဆုံးဖြစ်ပါတယ်

📌Deaf/ Hearing Disabilities (အကြားအာရုံမသန်စွမ်း)

သာမှန် အကြားအာရုံချို့ယွင်းတာ/အားနည်းတာဆိုရင် အကြားအာရုံအထောက်အကူပြုတဲ့ ကိရိယာနဲ့ဆိုရင် အဆင်ပြေနိုင်ပါတယ်။

1. အတန်းရှေ့မှာခေါ်ထိုင်တာမျိုးလည်းလုပ်လို့ရပါတယ်။ ရှေ့မှာခေါ်ထိုင်တဲ့အတွက် teacher ရဲ့ နှုတ်ခမ်းလုပ်တာကိုကြည့်ပြီး ဘာပြောလဲဆိုတာကို အထောက်အကူပြုနိုင်ပါတယ်။
2. အရမ်းပြင်းထန်လာပြီဆိုရင်တော့ sign language ကိုအသုံးပြုဖို့လိုပါလိမ့်မယ်
3. အတတ်နိုင်ဆုံး ကလေးရဲ့ eye levelနဲ့အကိုက်ဆုံးဖြစ်တဲ့အနေအထားမှာ စကားပြောသင့်ပါတယ်
4. ကလေးဖက်ကို မျက်နှာမူနေချိန်မှာပဲ အရေးကြီးတဲ့အချက်၊ instructionsတွေပေးသင့်ပါတယ်။
5. ပါးစပ်/နှုတ်ခမ်းကို အလွန်အကျွံလှုပ်ရှားပြီး စကားပြောတာမျိုး မလုပ်သင့်ပါဘူး
6. ကလေးတွေကို ဘယ်လိုကူညီထောက်ပံ့ရမလဲဆိုတာပါ လေ့လာသင့်ပါတယ်

✅Physical Impairment ဆိုတာကတော့ မမွေးမီနဲ့ မွေးကင်းစအရွယ်မှာ ဦးနှောက်ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါမလှုပ်ရှားနိုင်တာ၊ မွေးရာပါ ကြောရိုးနဲ့ဆက်နွယ်တဲ့ ချို့ယွင်းနေတာ၊ ကြောရိုးမကြီး ထိခိုက်တာ၊ မျိုးရိုးလိုက်ကြွက်သားမသန်တာတွေဖြစ်ပါတယ်။

✅Health Impairment ဆိုတာကတော့
AIDS (Acquired Immune Deficiency Syndrome၊ Seizure (အတက်ရောဂါ)
Diabetes (ဆီးချိုရောဂါ)
Custic fibrosis အသက်ရှုလမ်းကြောင်းမှာပိုးဝင်တဲ့ မျိုးရိုးဗီဇရောဂါ၊ သွေးအားနည်းရောဂါ၊ chemical ထိတွေ့မှုကြောင့် ခန္ဓာကိုယ်ထိခိုက်တာ၊ child abuse၊ su***de လုပ်ခဲ့ဖူးတာမျိုးတွေဖြစ်ပါတယ်။

Piccrd

✅✅Emotional & Behavioral Disorder (စိတ်ခံစားချက်နှင့် အပြုအမူ မူမမှန်ခြင်း)ကျောင်းသူကျောင်းသားများဟာ အနည်းနဲ့အများတော့ က...
15/10/2024

✅✅Emotional & Behavioral Disorder (စိတ်ခံစားချက်နှင့် အပြုအမူ မူမမှန်ခြင်း)

ကျောင်းသူကျောင်းသားများဟာ အနည်းနဲ့အများတော့ ကျောင်းတက်တဲ့ ကာလတစ်လျှောက်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိတတ်ကြပေမဲ့ 1% လောက်တော့ ပြင်းထန်ပြီး ကြာရှည်တဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်တာမျိုးတွေဖြစ်ကြပါတယ်။
📌ယောကျ်ာလေးတွေက အဖြစ်များပြီး မိန်းကလေးဦးရေနဲ့ယှဉ်ရင် 3:1 ကျော်ကျော်ရှိပါတယ်။ မိန်းကလေး ၁ယောက်ဆိုရင် ယောက်ျားလေး ၃ယောက်လောက်က ဖြစ်တာများပါတယ်။

✅လက္ခဏာများအနေနဲ့က
1. သင်ယူနိုင်စွမ်းမရှိတာ
2. အပေါင်းအသင်း/ teacher များနဲ့ ဆက်ဆံရေးမတည်ဆောက်နိုင်တာ
3. သာမှန်အခြေအနေမှာကို မသင့်လျော်တဲ့ အပြုအမူမျိုး ခံစားချက်မျိုးတွေ ဖြစ်တာ
4. မပျော်ရွှင်တာ၊ စိတ်ဖိစီးမှုတွေ အမြဲဖြစ်နေတာ
5. Personal problemတွေ ကျောင်းက problem တွေနဲ့ပါတ်သတ်လို့ ကြောက်လန့်နေတာ၊ ရုပ်ပိုင်းဆိုင်ရာအရာကော နာကျင်ခံစားရတာ
စတာတွေကိုတွေ့ရပါတယ်

✅ဘာကြောင့်ဖြစ်ရတာလဲဆိုတော့

အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်ကြောင့်၊ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်ကြောင့်၊
အိမ်မှာ abused လုပ်ခံရတာမျိုး (စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ)၊
အနိင်ကျင့်ခံရတာ၊ cyber bullying လုပ်ခံရတာ၊
မိသားစုရဲ့ ဆက်ဆံပုံမမှန်ကန်တာ၊ မိသားစုတွင်းမှာပြောင်းလဲမှုတွေဖြစ်သွားတာ - အိမ်ထောင်ကွဲသွားတာ၊
နေရာအသစ်ကိုရွှေ့ပြောင်းရာတာ၊
မိဘက အလုပ်လက်မဲ့ဖြစ်သွားတာ၊
ညီလေး၊ညီမလေး၊မောင်လေး ထပ်တိုးလာတာ- အကြီးက အငယ်လေးရောက်လာတော့ သူ့ကိုမချစ်တော့မှာကြောက်စိတ်/ သဝန်တိုစိတ်တွေဝင်တာ၊
မိဘကနောက်အိမ်ထောင်ပြုလိုက်တာ၊
မိဘတွေကွယ်လွန်သွားတာ၊
မိသားစုဝင်တစ်ယောက်ယောက်က အပြင်းအထန်နေမကောင်းဖြစ်တာ၊

ဒီလိုအကြောင်းအရာတွေကြောင့် ကလေးတွေအနေနဲ့စိတ်ဖိစီးတာ၊ ဒေါသဖြစ်တာ၊ လုံခြုံမှုမရှိဘူးလို့ ခံစားရတာ၊ ခုခံကာကွယ်ဖို့ကြိုးစားနေတာ၊ အထီးကျန်တာ အပြင် ခက်ထန်ကြမ်းတမ်းလာတာ၊ အရမ်းတက်ကြွလွန်းတာ၊ အရှုံးပေးလွယ်တာ၊ သူငယ်ချင်းမဖွဲ့နိုင်တာ၊ စိတ်လှုပ်ရှားလွယ်တာ၊ ကြောက်စိတ်တွေဖြစ်တာတွေရှိလာပါတယ်။

တစ်ချိန်တည်းမှာပဲကျောင်းစာမှာလည်း မလိုက်နိုင်တော့တာ၊ ပေါင်းသင်းဆက်ဆံရေးမကောင်းတာ၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတာလျော့ကျတာအပြင် learning disabilities/ intellectual disabilities တွေပါဖြစ်လာပါတယ်

📌📌📌📌အဲ့လိုစိတ်အခြေအနေတွေကနေတစ်ဆင့် သူတို့ရဲ့စိတ်အခြေအနေကိုဖုံးကွယ်ဖို့နဲ့ ဟန့်တားဖို့ မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ အပြုအမူတွေ ခက်ထန်ကြမ်းတမ်းတဲ့အပြုအမူမျိုးပါလုပ်လာတတ်ကြပါတယ်။ မကြာခန ရန်ဖြစ်တာ၊ ခိုးတာ၊ ပစ္စည်းတွေကို ဖျက်စီးတာ၊ ဆရာဆရာမ/မိဘ စကားနားမထောင်တာအပြင် အပြစ်ပေးမှာတွေကိုလည်း
တုံ့ပြန်မှုမရှိတာမျိုး၊ ကိုယ့်ကိုယ်ကိုအန္တရာယ်ဖြစ်စေတာမျိုအထိပါလုပ်လာတတ်ကြပါတယ်

ဒါကြောင့်မို့ ဒီလိုကလေးတွေကို မဖြစ်ခင်ကတည်းက ကာကွယ်ထားသင့်ပါတယ်။ Prevention is better than cureပါ။ ပျော်ရွှင်အောင်ဖန်တီးပေးမယ်၊ ကလေးအနေနဲ့ သူ့ကိုနွေးနွေးထွေးထွေးကြိုဆိုတယ်လို့ ခံစားရစေမဲ့ စာသင်ခန်းဖြစ်အောင် စိတ်ပိုင်းဆိုင်ရာအရ အထောက်ပံ့ပေးနိုင်အောင်လုပ်ပေးရပါမယ်။ လိုအပ်ပြီးဆိုရင် ပညာရှင်များနဲ့ mentoring ပါလုပ်ပေးဖို့လိုပါမယ်။

✅✅Withdrawn & Immature Behavior (လက်လျှော့လွယ်ခြင်း(ရင်မဆိုင်ရဲခြင်း)နှင့် ရင့်ကျက်မှုမရှိခြင်း)

ဒီလိုကလေးမျိုးတွေကျတော့ သူငယ်ချင်းနည်းမယ်၊ သူ့ထက်ငယ်တဲ့သူတွေနဲ့ ကစားမယ်ပေါင်းသင်းတတ်ကြပါတယ်။ စိတ်ကူးယဉ်ဆန်ကြပြီး သူတို့ရဲ့ကျန်းမာရေးနဲ့ပတ်သတ်လို့လည်း အရမ်းပူပန်တတ်ကြသလို stress ရတာနဲ့ နေမကောင်းဖြစ်တတ်ကြပါတယ်။ ကျောင်းတက်ရမှာကြောက်သလို ကျောင်းလည်းပြေးကြပါတယ်။ social ပိုင်းမှာ ကြောင်တောင်တောင်အခြေအနေလေးတွေဖြစ်တတ်ပြီး Asperger Syndrome လိုပဲ လူမှုဆက်ဆံရေးပိုင်းမှာ အားနည်းတတ်ပါတယ်။

📌📌📌Asperger Syndrome အကြောင်းလည်းရေးထားဖူးပါတယ်နော်။ pin post မှာရှာဖတ်လို့ရပါတယ်



Piccrd

✅Gifted, Talented (ပါရမီရှိခြင်း)📌ပါရမီရှိခြင်းဆိုတာ IQ level ဟာ 130 ကျော်ရှိနေတဲ့အနေအထားမျိုးကိုလည်းသတ်မှတ်လေ့ရှိပါတယ်။...
09/10/2024

✅Gifted, Talented (ပါရမီရှိခြင်း)

📌ပါရမီရှိခြင်းဆိုတာ IQ level ဟာ 130 ကျော်ရှိနေတဲ့အနေအထားမျိုးကိုလည်းသတ်မှတ်လေ့ရှိပါတယ်။
သာမှန်ပုံမှန်လူတစ်ယောက်ဟာ IQ level 70 နဲ့ 100 ကြားရှိတာမျိုးပါ။

📌3% to 5% လောက်သော ကလေးတွေက gifted/ Talented ပါရမီရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

ဒီလိုကလေးတွေအနေနဲ့က motivation အရမ်းကို မြင့်နေတတ်ကြပါတယ်။ ပညာရေးပိုင်းမှာ အင်မတန်ကို ထူးချွန်ပြီး အရွယ်မတိုင်ခင်မှာသင် စာဖတ်နိုင်စွမ်းနဲ့သင်ယူလိုစိတ်မြင့်တတ်ကြပါတယ်။ သူတို့လေးတွေရဲ့ ဉာဏ်ပညာကြွယ်ဝမှုရဲ့ ရလာဒ်တွေ၊ ဖန်တီးနိုင်စွမ်းတွေက တိုင်းတာဖို့ ခက်ခဲပါတယ်။ သာမာန်ကလေးတွေထက်ကို ပိုပြီး ရင့်ကျက်၊ အသိဉာဏ်ပိုမြင့်၊ ပိုပြီးသန်မာကြပါတယ်။ အရွယ်ရောက်ပြီးသားသူ (adults) ထက်ကို စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်စွမ်းတွေရှိတတ်ကြပါတယ်။

ဒီလိုကလေးမျိုးကို သင်ကြားပေးရာမှာ အသက်အားဖြင့်ငယ်ပေမဲ့ အတန်းကျော်ပေးတာမျိုး၊ college အဆင့်ထိကို ပို့ပေးတာမျိုးတွေရှိတတ်ပါတယ်။ အချို့တွေကတော့ အတန်းကို အမြန်မကျော်ပဲ သူတို့လေးတွေစိတ်ဝင်စားမဲ့ creative လည်းဖြစ်တဲ့ problem solving activities တွေသုံးပြီး Program တွေအနေနဲ့
Acceleration program နဲ့ Enrichment program ဆိုပြီး သင်ကြားပေးလေ့ရှိပါတယ်။

✅Acceleration program ကတော့ Advanced Mathematics မျိုးကို သင်ပေးတာဖြစ်ပြီး

✅Enrichment program ကတော့ Activities ၃ မျိုးခွဲပြီးလေ့ကျင့်ပေးလေ့ရှိပါတယ်။

1. General Exploratory Activities ကတော့ ကိုယ်တိုင်ရှာဖွေလေ့လာရတဲ့ project တွေနဲ့ သင်ကြားပေးခြင်းပါ

2. Group Training Activities ကတော့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ problem solving skill ကောင်းဖို့အတွက် gamesတွေကစားရင်း နဲ့လေ့ကျင့်ပေးတာပါ

3. Individual and small group Investigations of Real Problems ကတော့ သမိုင်းကြောင်းတွေ တကယ့်အဖြစ်အပျက်တွေကို interview ပုံစံမျိုး၊ စာအုပ်တွေ၊ newspaper တွေမှာထည့်သွင်းရေးသားသလို ပြုလုပ်ခြင်းမျိုးတွေနဲ့ လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။
ဒီလို activity တွေကလည်း သာမာန်ကလေးတွေလည်းပါဝင်နိုင်တာကြောင့် gifted တွေအတွက်သီးသန့်မဟုတ်ပဲအတူတကွလုပ်ဆောင်လို့ ရပါတယ်။

📌📌📌📌📌Gifted ဆိုတဲ့ Movie ကိုလည်း Educational Perspective ကနေပြီး review ရေးထားတာရှိပါတယ်နော်
စိတ်ဝင်စားရင်ဖတ်ကြည့်လို့ရပါတယ်။


Piccrd

Address

192, Kaba Aye Pagoda Road, Bahan Township
Yangon
11201

Website

Alerts

Be the first to know and let us send you an email when English with Shin Thant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to English with Shin Thant:

Shortcuts

Share

Category