Thanlyin Educational Civil Disobedience Supporting Society

Thanlyin Educational Civil Disobedience Supporting Society

Share

Education news ပညာရေးသတင်းအချက်အလက်များပေးပို့နိူင်ပါသည်

Photos from Thanlyin Educational Civil Disobedience Supporting Society's post 17/07/2022

ကြားကာလပညာရေးချိတ်ဆက်မှုကွန်ရက် (BEGSC) ၏

“ ပြည်သူ့ပညာရေးယန္တရားကို ဖြိုချဖျက်ဆီးရန် ကြိုးပမ်းနေသည့် တရားမဝင် ဖက်ဆစ် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူ့ပညာရေးကျောင်းများ၏ ပူးတွဲသဘောထားထုတ်ပြန်ချက် ”

ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်

၁။ တရားမဝင်ဖက်ဆစ်စစ်အုပ်စုသည် K4U ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ (၂) ဦးတို့အား မတရားဖမ်းဆီး၍ လူမှုရေး/ ငွေရေးကြေးရေးတို့ဖြင့် လုပ်ကြံစွပ်စွဲသိက္ခာချကာ ပြည်သူ့ပညာရေးယန္တရားတစ်ခုလုံးကို ဖြိုချဖျက်ဆီးရန် ကြိုးပမ်းလျက်ရှိသည့်အပြင် ပြည်သူလူထုအထင်မြင်လွဲမှားစေရန် လုပ်ကြံဖန်တီးလျက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများကိုလည်း မတရားဖမ်းဆီးလျက်ရှိနေပါသည်။ ထိုသို့ မတရားဖမ်းဆီးခံထားရသည့် ဆရာ၊ ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို ကျွန်ုပ်တို့အနေဖြင့် အထူး စိုးရိမ်လျက် ရှိပါသည်။

၂။ Right to Education အရ လွတ်လပ်စွာပညာသင်ကြားခွင့်ကို ဥပဒေမဲ့ ပိတ်ပင်ဟန့်တား၍ မတရားဖိနှိပ်နေ သည်မှာ ယုတ်မာလှသည့် အကြမ်းဖက်စစ်အုပ်စုပင်ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ထိုသို့ လွတ်လပ်စွာ ပညာ သင်ကြားခွင့်ကို လျစ်လျူရှု၍ မတရားအနိုင်ကျင့် ယုတ်မာနေမှုများအား ကျွန်ုပ်တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ ပါသည်။

၃။ ပြည်သူ့ပညာရေးယန္တရားသည် ပြည်သူလူထုမှဦးဆောင်၍ CDM ဆရာ၊ ဆရာမများ ၊ အခြားအစုအဖွဲ့များရှိ ကလေးများ၏ ပညာရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြည်သူလူထု၏ ထောက်ခံအသိအမှတ်ပြုမှု အပြည့်အဝရရှိထားပြီး တော်လှန်ရေးအစိုးရဖြစ်သော ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ နိုင်ငံတော်အာဏာကို မတရားရယူ၍ ပြည်သူလူထုနှင့် ဆန့်ကျင် နေသော အကြမ်းဖက် ဖက်ဆစ် စစ်မိစ္ဆာတို့ ဖွင့်လှစ်သင်ကြားနေသည့် ကျောင်းများသည်သာ တရားမဝင်ကျောင်း ဖြစ်ပြီး ကျွန်ုပ်တို့ ပြည်သူ့ပညာရေးကျောင်းများသည် ပြည်သူလူထု၏ အသိအမှတ်ပြုထောက်ခံချက် အပြည့်အဝဖြင့် တရားဝင်ဆောင်ရွက်နေသည့် ပညာရေးကျောင်းများဖြစ်ကြောင်း အကြမ်းဖက် ဖက်ဆစ်စစ်တပ်အား သိစေလိုက် ပါသည်။

၄။ ပြည်သူလူထု၊ကျောင်းသားမိဘများ ၊ ကျောင်းသား/သူများကို သိရှိစေလိုသည်မှာ ကျွန်ုပ်တို့ပြည်သူ့ ပညာရေး ယန္တရားသည် Online တွင်သာမက မြေပြင်တွင်ပါ ဆောင်ရွက်နေခြင်းဖြစ်ပြီး ရှေ့ဆက်၍လည်း ဆက်လက်ချီတက် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။ လက်ရှိတွင်လည်း ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်ဆောင်ရွက်နေပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးစဥ်ဆက်မပြတ်စေရန် ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ ကျောင်းများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နေပြီး ပြည်သူ့ပညာရေးယန္တရားကို အစွမ်းကုန် ဖော်ဆောင်သွားကြမည်ဖြစ်သည်။ ကျွန်ုပ်တို့ ပြည်သူ့ပညာရေးကျောင်းများသည် တစ်စုံတစ်ဦး ၊ တစ်စုတစ်ဖွဲ့ တည်းပေါ်တွင် တည်မှီနေခြင်းမဟုတ်၊ ပြည်သူလူထု အပေါ်တွင်သာ တည်မှီနေခြင်းဖြစ်ပါသည်။ ပြည်သူသာလျှင် အဓိကဖြစ်ပါသည်။ ပြည်သူ့အင်အားဖြင့်သာ ပြည်သူ့ ပညာရေးယန္တရားကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ လက်ရှိတွင် လုံခြုံရေးကို အထူးဂရုပြု၍ ကျွန်ုပ်တို့သည်သာ ကျွန်ုပ်တို့အင်အားကို တည်ဆောက် ကြိုးပမ်းကြရမည်ဖြစ်သဖြင့် ပြည်သူ/ကျောင်းသား/မိဘ/ဆရာ လက်တွဲညီညီဖြင့် ပြည်သူ့ပညာရေးယန္တရားကို အစွမ်းကုန် ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်း မြေပြင်နှင့် Online ကျောင်းပေါင်း (၃၇) ကျောင်းက ထုတ်ပြန်ကြေငြာလိုက်သည်။

“ ပြည်သူ့ပညာရေးစွမ်းအား ပြည်သူနဲ့တစ်သားတည်းဖြစ်တည်မည် ‘’


ကြားကာလပညာရေးချိတ်ဆက်မှုကွန်ရက် (BEGSC)

Photos from Thanlyin Educational Civil Disobedience Supporting Society's post 17/07/2022

အကြမ်းဖက်တရားမဝင်စစ်ကောင်စီက
ပြည်သူ့ပညာရေးကျောင်းများနှင့် CDM ဆရာ/မများကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် မဟုတ်မမှန် လုပ်ကြံကြေညာခြင်းနှင့် ပညာသင်ကြားနေသူများကို ဖမ်းဆီးခြိမ်းခြောက်နေခြင်းများအပေါ် သဘောထားထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်

၁။ Kaung For You ပုဂ္ဂလိက Online ကျောင်းမှ CDM ဆရာများ ဖြစ်ကြသော ဦးကောင်းသိုက်စိုး၊ ဦးသန့်စင်ထိုက်နှင့် ဦးဝင်းဗိုလ်တို့ကို အကြမ်းဖက်စစ်ကောင်စီ မီဒီယာများမှတဆင့် မဟုတ်မမှန် သတင်းထုတ်ပြန်ခဲ့ခြင်းသည် မိဘပြည်သူများ၊ ကျောင်းသား/သူများအနေဖြင့် CDM ဆရာ၊ ဆရာမများအပေါ် အထင်အမြင်လွဲမှားစေရန်၊ CDM ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ ထိခိုက် ညှိုးနွမ်းစေရန်၊ CDM ကျောင်းသား/သူများ၏ ၎င်းတို့ လွတ်လပ်စွာ စိတ်တိုင်းကျ ရွေးချယ် ထားသော သင်ယူမှုအခွင့်အလမ်းများ ရပ်တန့်သွားစေရန်၊ မိဘပြည်သူများ၏ အသိအမှတ်ပြုမှုဖြင့် ထိထိရောက်ရောက် အောင်မြင်စွာ လည်ပတ်နေသော ပြည်သူ့ပညာရေးယန္တရားကို ဖျက်ဆီးရန် စစ်ကောင်စီက ၎င်းတို့၏ ပြုမူ လုပ်ဆောင်နေကျအတိုင်း အကြောက်တရားဖြင့် ဖိနှိပ်ချုပ်ချယ်၍ စည်းလုံးမှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးခဲ့ခြင်း ဖြစ်သည်။
၂။ ထိုကဲ့သို့ ပြည်သူ့ပညာရေးယန္တရားတွင် အကောင်အထည်ဖော်နေသော CDM ဆရာ/မများကို မဟုတ်မမှန် လုပ်ကြံ၍ ကြေညာခြင်းသည် CDM ဆရာ/မအားလုံးနှင့် ပြည်သူ့ပညာရေး အင်အားစုများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် လုပ်ဆောင်သည့်လုပ်ရပ် ဖြစ်သည့် အတွက် ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချသည်။
၃။ ပြည်သူ့ပညာရေးစနစ်သည်သာ နိုင်ငံတော်အာဏာ၏မူလပိုင်ရှင်ဖြစ်သော ပြည်သူများ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်နေသော တရားဝင်ပညာရေးစနစ် ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ပညာရေးစနစ်ကို လုံခြုံရေးအဆင့်ပိုမိုမြှင့်တင်၍ ပြည်သူလူထုအင်အားစု၊ CDM ဆရာ/မများအင်အားစု၊ CDM ကျောင်းသား/သူများအင်အားစုတို့က လက်တွဲညီညီ အခိုင် အမာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည် ဖြစ်သည်။
၄။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့ပညာရေးအတွက် ဆောင်ရွက်နေသူများကို အငြိုးတကြီး လိုက်လံဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပညာသင်ယူခွင့်ကို ချိုးဖောက်သည့် အပြင် ပြည်သူလူထုတစ်ရပ်လုံးအား ခြိမ်းခြောက်မှုလည်း ဖြစ်သောကြောင့် ပြည်သူ့ပညာရေး ကျောင်းများတွင် ငြိမ်းချမ်းစွာကူညီဆောင်ရွက်ပေးနေကြသည့် ဆရာ၊ ဆရာမများ၏ ကိုယ်စိတ် နှစ်ပါးလုံခြုံရေး၊ အကြောက်တရားများမှ လျော့ပါးကင်းဝေးစေရေး၊ ကျောင်းသား/သူများ၏ ပညာသင်ကြားမှုအခွင့်အလမ်းများ စဉ်ဆက်မပြတ်စေရေးအတွက် မိဘပြည်သူများမှ ဝိုင်းဝန်း ကူညီဖေးမပေးကြပါရန် တိုက်တွန်းမေတ္တာရပ်ခံ အပ်ပါသည်။
၅။ မိဘပြည်သူများ၊ CDM ဆရာ/မများ၊ ကျောင်းသား/သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးစနစ်ကို ပြတ်ပြတ်သားသား ဆက်လက်ဆန့်ကျင်ကာ တော်လှန်ရေးအင်အားစု များအားလုံးသည်လည်း ကျောချင်းကပ်လက်ချင်းတွဲ၍ စည်းလုံးညီညွတ်စွာ တရားဝင်ပြည်သူ့ပညာရေးစနစ် ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန် ကြေညာ လိုက်သည်။

ကြားကာလအခြေခံပညာရေးလုပ်ငန်းဆောင်ရွက်မှုကော်မတီ
(Interim Basic Education Working Committee, IBEWC)

Photos from Thanlyin Educational Civil Disobedience Supporting Society's post 04/06/2022

မေလ အလှူရှင်များ🎉🎉🎉🎉
၁။CRPH Support Team(San Francisco Bay Area) (11)ကြိမ်မြောက် _၁၅သိန်း(၃၀ဦး)
၂။ကျောင်းသားကျောင်းသူဟောင်းများ(၁၂ ကြိမ်မြောက်) -၅သိန်း(၁၀ဦး)

စုစုပေါင်း (၄၀)ဦးအားနည်းအမျိုးမျိုးဖြင့်ဂုဏ်ပြုချီးမြှင့်ငွေပေးပို့ထားပြီးဖြစ်ပါသည်။

သန်လျင်မြို့နယ်၏အဆုံးထိCDMလှုပ်ရှားမှုတွင်
ပါဝင်ပေးနေကြသော CDMဆရာ၊ဆရာမများကိုယ်စားအထက်ဖော်ပြပါအလှူရှင်များအား
လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
🙏🙏🙏🥳🥳🥳
အရေးတော်ပုံအောင်ရမည်
ပုံ
T.E.C.D.S.S

Photos from Thanlyin Educational Civil Disobedience Supporting Society's post 01/06/2022

CDM ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားခွင့်ရရှိစေရန် ဆောင်ရွက်ပေးနေပါသော Thanlyin Board of education အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားအပ်ပါသည်။

အားလုံးပဲ မင်္ဂလာရှိတဲ့ Juneလ 1ရက်နေ့လေး ဖြစ်ကြပါစေလို့ Thanlyin Board of Education မှ ဆုတောင်းရင်း သတင်းကောင်းလေး ယူလာပါပြီ။

CDM ကျောင်းသားတိုင်း ပညာရေးပူပန်မှုတွေလျော့ကျနိုင်ရေး၊ မိမိနေအိမ်တွင်သာ ဘေးအန္တရာယ်ကင်းကင်း ပညာသင်ယူခွင့် ရရှိနိုင်ရေး၊မိဘ ဆရာ ကျောင်းသား ပူးပေါင်းပြီး ကောင်းမွန်ပြည့်၀ မှန်ကန်တဲ့ ပညာရေး တည်ဆောက်နိုင်ရေးတို့အတွက် ကျောင်းအပ် လက်ခံပြီဖြစ်ကြောင်း ကြေငြာပေးလိုက်ပါတယ်။

သတိပြုရန်မှာ
*အချက်အလက်များကို သေချာ မှန်ကန်စွာဖြည့်ပေးပါ။

*Zoom Application နှင့် Telegram Accများ ဖွင့်ထားပေးပါ။

*အရှုံးမပေးကြေး အားတင်းထားပေးပါ😊

အထက်တန်း အပ်မည့်သူများအတွက် Google form 👇
https://docs.google.com/forms/d/e/1FAIpQLSeNChvTfk6oCNXEDaK6R9kyhAK8XA9_5YbEAipv5RFcqjkwaQ/viewform?vc=0&c=0&w=1&flr=0

အလယ်တန်းအပ်မည့်သူများအတွက် google form👇https://docs.google.com/forms/d/e/1FAIpQLSeONoXZ6U726T0XgRSDsaLeVGc25IcUo2tH1m-bOpntsgBRpA/viewform?vc=0&c=0&w=1&flr=0

မူလတန်း အပ်မည့်သူများအတွက် google form 👇
https://docs.google.com/forms/d/e/1FAIpQLSeq08v7HQ5yZGZaMEPCvGpb68GhHm7ol8lmSHRFTVkt2cLWkw/viewform?vc=0&c=0&w=1&flr=0

30/05/2022

၀မ်းမြောက်စွာ ကြိုဆိုထောက်ခံပါသည် 👏🏻👏🏻👏🏻

`` Yangon Federal School တည်ထောင်ကြောင်း ထုတ်ပြန်ကြေညာချက် ´´

တိုင်းပြည်၏ အနာဂတ်ရင်သွေးငယ်များသည် ကိုဗစ်ကပ်ရောဂါကြောင့်လည်းကောင်း ၊ စစ်အာဏာ ရှင်၏ ဆိုးယုတ်မှုများကြောင့်လည်းကောင်း ၊ စစ်ကျွန်ပညာရေး သပိတ်မှောက်ဆန့်ကျင်မှုများ ကြောင့်လည်းကောင်း ပညာသင်ယူနိုင်မှုအခွင့်အလမ်းများနည်းပါးခဲ့ရသည်။ စစ်ကောင်စီ၏ စစ်ကျွန်ပညာရေး သပိတ်မှောက်ခြင်းသည် ပညာသင်ယူမှုများကိုရပ်တန့်ပစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ကလေးများ၏ ပညာရေးဟူသည် ရပ်တန့်ကောင်းသည့်အရာလည်း မဟုတ်ပေ။ ထို့ကြောင့် ကလေးများ၏ပညာရေး စဉ်ဆက်မပြတ်စေရန်အတွက် ကြားကာလပညာရေးကို မြို့နယ်ပညာရေးဘုတ်အဖွဲ့များက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းရှိ စစ်ကျွန်ပညာရေးကို သပိတ်မှောက်တော်လှန်နေသော ကျောင်းသားကျောင်းသူ များအတွက် ပညာသင်ယူနိုင်မှုအခွင့်အလမ်းများ စဉ်ဆက်မပြတ်စေရန်အတွက်လည်းကောင်း ၊ ကြားကာလ ပညာရေးကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက်လည်းကောင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များ စုပေါင်း၍ “ Yangon Federal School ကျောင်းဖြစ်မြောက် ရေးကော်မတီ ” ကို ၂၀၂၂ ခုနှစ် ၊ မေလ (၂၇)ရက် နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

ကျောင်းဖြစ်မြောက်ရေးကော်မတီသည် ခရိုင်အလိုက်ကိုယ်စားလှယ်များဖြင့် ကျောင်းတာဝန်ခံ နှင့် ကျောင်း၏ Board of Director အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။ ကျောင်းတာဝန်ခံ နှင့် ကျောင်း၏ Board of Director အဖွဲ့သည် Yangon Federal School ကျောင်း၏ စီမံခန့်ခွဲမှုများကို စနစ်တကျ စီမံဆောင်ရွက်သွားမည် ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကြားကာလပညာရေးအစီအမံများဖြင့် ပြည်သူ့ပညာရေးယန္တရားကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) ၊ ရန်ကုန်တိုင်း အတွင်းရှိ ပညာရေးအစုအဖွဲ့များ ၊ ကျောင်းသားသမဂ္ဂများ ၊ တော်လှန်အစုအဖွဲ့များ နှင့် ချိတ်ဆက်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် ၂၀၂၂ခုနှစ် ၊ မေလ (၃၀)ရက်နေ့ ရက်စွဲဖြင့် Yangon Federal School ကို ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများကိုအခြေခံသည့် ပြည်သူ့ပညာရေးကျောင်းအဖြစ် စတင်တည်ထောင်ဖွင့်လှစ် ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ကျောင်းတာဝန်ခံ Yangon Federal School


ဆက်သွယ်ရန် - [email protected]

Photos from Thanlyin Educational Civil Disobedience Supporting Society's post 14/05/2022

ဧပြီလ အလှူရှင်များ🎉
၁။CRPH Support Team(San Francisco Bay Area) ဒဿမအကြိမ်မြောက် -၁၅သိန်း(၃၀ဦး)
၂။အမည်မဖော်လိုသူအလှူရှင်တစ်ဦး(သတ္တမအကြိမ်မြောက်)-၂၅သိန်း(၅၀ဦး)

၄။ကျောင်းသားကျောင်းသူဟောင်းများ(ဧကဒဿမအကြိမ်မြောက်)-၅သိန်း(၁၀ဦး)

စုစုပေါင်း (၉၀)ဦးအားနည်းအမျိုးမျိုးဖြင့်ဂုဏ်ပြုချီးမြှင့်ငွေပေးပို့ထားပြီးဖြစ်ပါသည်။

သန်လျင်မြို့နယ်၏အဆုံးထိCDMလှုပ်ရှားမှုတွင်
ပါဝင်ပေးနေကြသော CDMဆရာ၊ဆရာမများကိုယ်စားအထက်ဖော်ပြပါအလှူရှင်များအား
လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
🙏🙏🙏🥳🥳🥳
အရေးတော်ပုံအောင်ရမည်
ပုံ
T.E.C.D.S.S

Photos from Thanlyin Educational Civil Disobedience Supporting Society's post 01/04/2022

မတ်လ အလှူရှင်များ🎉
၁။CRPH Support Team(San Francisco Bay Area) နဝမအကြိမ်မြောက် -၁၅သိန်း(၃၀ဦး)
၂။USA ရောက်မြန်မာပြည်သူပြည်သားများ ( သတ္တမ အကြိမ်မြောက်)-ကျန်းမာရေးစောင့်ရှောက်မှုအပါ ၅သိန်း၃သောင်း (၈ဦး)
၃။ပြည်တွင်းအလှူရှင်များ(တတိယအကြိမ်မြောက်)-၇သိန်း၅သောင်း(၈ဦး)
၄။ကျောင်းသားကျောင်းသူဟောင်းများ(ဒသမအကြိမ်မြောက်)-၅သိန်း(၉ဦး)

စုစုပေါင်း (၅၅)ဦးအားနည်းအမျိုးမျိုးဖြင့်ဂုဏ်ပြုချီးမြှင့်ငွေပေးပို့ထားပြီးဖြစ်ပါသည်။

သန်လျင်မြို့နယ်၏အဆုံးထိCDMလှုပ်ရှားမှုတွင်
ပါဝင်ပေးနေကြသော CDMဆရာ၊ဆရာမများကိုယ်စားအထက်ဖော်ပြပါအလှူရှင်များအား
လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
🙏🙏🙏🥳🥳🥳
အရေးတော်ပုံအောင်ရမည်
ပုံ
T.E.C.D.S.S

Photos from Thanlyin Educational Civil Disobedience Supporting Society's post 02/03/2022

ဖေဖော်ဝါရီလ အလှူရှင်များ🎉
၁။CRPH Support Team(San Francisco Bay Area) အဌမအကြိမ်မြောက် -၁၅သိန်း(၃၀ဦး)
၂။ပြည်တွင်းပြည်ပရောက်အလှူရှင်များ(ဒသမအကြိမ်မြောက်)-၂သိန်း (၄ဦး)
၃။အမည်မဖော်လိုသူအလှူရှင်တစ်ဦး(ဆဌမအကြိမ်မြောက်)-၂၅သိန်း(၅၀ဦး)
၄။ကျောင်းသားကျောင်းသူဟောင်းများ(အဌမနှင့်နဝမအကြိမ်မြောက်)-၁၀သိန်း(၂၀ဦး)

စုစုပေါင်း (၁၀၄)ဦးအားနည်းအမျိုးမျိုးဖြင့်ဂုဏ်ပြုချီးမြှင့်ငွေပေးပို့ထားပြီးဖြစ်ပါသည်။

သန်လျင်မြို့နယ်၏အဆုံးထိCDMလှုပ်ရှားမှုတွင်
ပါဝင်ပေးနေကြသော CDMဆရာ၊ဆရာမများကိုယ်စားအထက်ဖော်ပြပါအလှူရှင်များအား
လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
🙏🙏🙏🥳🥳🥳
အရေးတော်ပုံအောင်ရမည်
ပုံ
T.E.C.D.S.S

Photos from Thanlyin Educational Civil Disobedience Supporting Society's post 12/02/2022

ဇန်နဝါရီလ အလှူရှင်များ🎉
၁။CRPH Support Team(San Francisco Bay Area) သတ္တမအကြိမ်မြောက် -၁၅သိန်း(၃၀ဦး)
၂။ပြည်တွင်းပြည်ပရောက်အလှူရှင်များ(နဝမအကြိမ်မြောက်)-၅သိန်း၅‌သောင်း (၇ဦး)
(ကျန်းမာရေးချို့တဲ့နေသူများအတွက် ကျန်းမာရေးထောက်ပံ့မှုစရိတ်ပါဝင်)
၃။အမည်မဖော်လိုသူအလှူရှင်တစ်ဦး(ပဉ္စမအကြိမ်မြောက်)-၂၅သိန်း(၅၀ဦး)
၄။ကျောင်းသားကျောင်းသူဟောင်းများ(သတ္တမအကြိမ်မြောက်)-၅သိန်း(၁၀ဦး)

စုစုပေါင်း (၉၇)ဦးအားနည်းအမျိုးမျိုးဖြင့်ဂုဏ်ပြုချီးမြှင့်ငွေပေးပို့ထားပြီးဖြစ်ပါသည်။

သန်လျင်မြို့နယ်၏အဆုံးထိCDMလှုပ်ရှားမှုတွင်
ပါဝင်ပေးနေကြသော CDMဆရာ၊ဆရာမများကိုယ်စားအထက်ဖော်ပြပါအလှူရှင်များအား
လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
🙏🙏🙏🥳🥳🥳
အရေးတော်ပုံအောင်ရမည်
ပုံ
T.E.C.D.S.S

31/12/2021

Happyမဖြစ်နေကြ ပေမယ့် အားလုံးလိုချင်နေတဲ့ Federal Democracyနဲ့ နီးကပ်လာပြီလို့တွေ့ပြီး အားတင်းထားကြရအောင်နော်💪💪

Photos from Thanlyin Educational Civil Disobedience Supporting Society's post 30/12/2021

ဒီဇင်ဘာလ အလှူရှင်များ🎉
၁။CRPH Support Team(San Francisco Bay Area) သတ္တမအကြိမ်မြောက် -၁၅သိန်း(၃၀ဦး)
၂။ပြည်တွင်းပြည်ပရောက်အလှူရှင်များ(အဌမအကြိမ်မြောက်)-၁၀သိန်း(၂၀ဦး)
၃။အမည်မဖော်လိုသူအလှူရှင်တစ်ဦး(စတုတ္ထအကြိမ်မြောက်)-၂၈သိန်း(၅၆ဦး)
၄။USAရောက်မြန်မာပြည်သူပြည်သားများ(ဆဌမအကြိမ်မြောက်)-၅သိန်း(၁၀ဦး)
၅။ကျောင်းသားကျောင်းသူဟောင်းများ(ဆဌမအကြိမ်မြောက်)-၅သိန်း(၁၀ဦး)

စုစုပေါင်း (၁၂၆)ဦးအားနည်းအမျိုးမျိုးဖြင့်ဂုဏ်ပြုချီးမြှင့်ငွေပေးပို့ထားပြီးဖြစ်ပါသည်။

သန်လျင်မြို့နယ်၏အဆုံးထိCDMလှုပ်ရှားမှုတွင်
ပါဝင်ပေးနေကြသော CDMဆရာ၊ဆရာမများကိုယ်စားအထက်ဖော်ပြပါအလှူရှင်များအား
လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
🙏🙏🙏🥳🥳🥳
အရေးတော်ပုံအောင်ရမည်
ပုံ
T.E.C.D.S.S

Photos from Thanlyin Educational Civil Disobedience Supporting Society's post 28/11/2021

နိုဝင်ဘာလ အလှူရှင်များ🎉
၁။CRPH Support Team(San Francisco Bay Area) ဆဌမအကြိမ်မြောက် -၁၅သိန်း(၃၀ဦး)
၂။ပြည်တွင်းပြည်ပရောက်အလှူရှင်များ(သတ္တမအကြိမ်မြောက်)-၁၇သိန်း(၃၄ဦး)
၃။အမည်မဖော်လိုသူအလှူရှင်တစ်ဦး(တတိယအကြိမ်မြောက်)-၂၇သိန်း၅သောင်း(၅၅ဦး)
၄။USAရောက်မြန်မာပြည်သူပြည်သားများ(ပဉ္စမအကြိမ်မြောက်)-၇သိန်း(၁၄ဦး)
၅။ပြည်တွင်းအလှူရှင်များ(ဒုတိယအကြိမ်မြောက်)-၂သိန်း(၄ဦး)
၆။NUGနွေဦးထီအမြတ်ငွေမှThanlyin CDMပညာရေးဆရာ၊ဆရာမများအားဂုဏ်ပြုချီးမြှင့်ငွေ(ပထမအကြိမ်မြောက်)-၄၇၉၀၀၀(၁၀ဦး)(%ဖျက်ပြီးသား)

စုစုပေါင်း (၁၄၇)ဦးအားနည်းအမျိုးမျိုးဖြင့်ဂုဏ်ပြုချီးမြှင့်ငွေပေးပို့ထားပြီးဖြစ်ပါသည်။

သန်လျင်မြို့နယ်၏အဆုံးထိCDMလှုပ်ရှားမှုတွင်
ပါဝင်ပေးနေကြသော CDMဆရာ၊ဆရာမများကိုယ်စားအထက်ဖော်ပြပါအလှူရှင်များအား
လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
🙏🙏🙏🥳🥳🥳
အရေးတော်ပုံအောင်ရမည်
ပုံ
T.E.C.D.S.S

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon