31/01/2021
မင်္ဂလာပါရှင်။
Relative Clause မှာသုံးတဲ့ Relative Pronoun တွေအကြောင်းပြောချင်ပါတယ်ရှင်။
🥕Subject of verb မှာ who,that (လူအတွက်)
that,which (ပစ္စည်းအတွက်)
🥕Object of verb မှာ who,whom,that (လူအတွက်) ၊ that,which (ပစ္စည်းအတွက်)
🥕Possession of people,animal and thing မှာ whose(လူ၊တိရစ္ဆာန်၊ပစ္စည်းရဲ့ပိုင်ဆိုင်မှုအတွက်) ကိုသုံးပါတယ်။
ဒီ who,that,which,whom,whose အားလုံးက Relative Pronoun တွေပဲဖြစ်ပါတယ်။အဲ့ဒီ Relative pronoun တွေကိုမြုပ်လို့/ဖြုတ်လို့ရမရ အောက်ကဥပမာလေးတွေနဲ့ဆက်ကြည့်ရအောင်ပါ၊၊
❤စာတွေကြည့်ရတာမျက်စိနောက်မျက်စိရှုပ်ပါက👉စာကြောင်းများကျော်ဖတ်လို့ရပါတယ်ရှင့်။
🍀Subject of verb in defining/restrictive relative clause( ,မပါသော relative clause)
😀He carried two goblets.They were full to the top with wine.(two goblets ရဲ့နာမ်စား they က were full ရဲ့ subject ပါ။)
👉သူဝိုင်ခွက်နှစ်ခွက်ယူလာတယ်။ဝိုင်ခွက်တွေဟာနှုတ်ခမ်းဝအထိဝိုင်တွေအပြည့်ပဲ။
😊He carried two goblets that/which were full to the top with wine. (Relative pronoun တွေဖြစ်တဲ့ that/which ကိုဖြုတ်လို့မရပါ။)
👉သူနှုတ်ခမ်းဝအထိဝိုင်တွေအပြည့်ဖြစ်နေတဲ့ဝိုင်ခွက်နှစ်ခွက်ယူလာတယ်။
😀God saves people.They help themselves.(people ရဲ့နာမ်စား they က help ရဲ့ subject ပါ။)
👉ဘုရားသခင်ကလူတွေကိုကယ်တင်ပေးပါတယ်။လူတွေကကိုယ့်အားကိုယ်ကိုးကြတယ်။
😊God saves people who/that help themselves. (Relative pronoun တွေဖြစ်တဲ့ who/that ကိုဖြုတ်လို့မရပါ။)
👉ကိုယ့်အားကိုယ်ကိုးသူကိုဘုရားသခင်ကကယ်တင်ပေးပါတယ်။
🍀Object of verb in defining/restrictive relative clause( ,မပါသောrelative clause)
😀He showed me a woollen scarf.He bought it from Taunggyi.(a woollen scarf ရဲ့နာမ်စား it က bought ရဲ့ object ပါ။)
👉သူသိုးမွေးလည်စည်းပဝါတစ်ထည်ကျွန်မကိုပြပါတယ်။သူဒါကိုတောင်ကြီးကဝယ်ခဲ့တယ်။
😊He showed me a woollen scarf that/which he bought from Taunggyi.(Relative pronoun တွေဖြစ်တဲ့ that/which ကိုဖြုတ်လို့ရပါတယ်။)
👉သူတောင်ကြီးကဝယ်ခဲ့သောသိုးမွေးလည်စည်းပဝါတစ်ထည်ကျွန်မကိုပြပါတယ်။
😛He showed me a woollen scarf he bought from Taunggyi.
👉သူတောင်ကြီးကဝယ်ခဲ့သောသိုးမွေးလည်စည်းပဝါတစ်ထည်ကျွန်မကိုပြပါတယ်။
😀Our teacher retired last year.We all loved her very much.(Our teacher ရဲ့နာမ်စား her က loved ရဲ့ object ပါ။)
👉ကျွန်မတို့ဆရာမမနှစ်ကပင်စင်ယူသွားပြီ။ကျွန်မတို့အားလုံးသူမကိုအလွန်ချစ်ကြပါတယ်။
😊Our teacher whom/who/that we all loved very much retired last year.(Relative pronoun တွေဖြစ်တဲ့ whom/who/that ကိုဖြုတ်လို့ရပါတယ်။)
👉ကျွန်မတို့အားလုံးအလွန်ချစ်ကြသောကျွန်မတို့ဆရာမမနှစ်ကပင်စင်ယူသွားပြီ။
😛Our teacher we all loved very much retired last year.
👉ကျွန်မတို့အားလုံးအလွန်ချစ်ကြသောကျွန်မတို့ဆရာမမနှစ်ကပင်စင်ယူသွားပြီ။
🍀Subject of verb in non-defining/non-restrictive relative clause( ,ပါသောrelative clause)
😀The students usually gather in canteen.It is a meeting place for them. (canteen ရဲ့နာမ်စား it က is ရဲ့ subject ပါ။)
👉ကျောင်းသားတွေဟာစားသောက်ဆိုင်မှာစုနေကြတာများတယ်။စားသောက်ဆိုင်ကသူတို့ရဲ့အစည်းအဝေးကျင်းပတဲ့နေရာပဲလေ။
😊The students usually gather in canteen, which is a meeting place for them.(non-defining/non-restrictive relative clause မှာ that ကိုမသုံးပါ။Relative pronoun ဖြစ်တဲ့ which ကိုဖြုတ်လို့မရပါ။)
👉ကျောင်းသားတွေဟာသူတို့ရဲ့အစည်းအဝေးကျင်းပရာနေရာစားသောက်ဆိုင်မှာစုနေကြတာများတယ်။
😀 Frank Lampard was officially sacked last Monday.He was Chelsea F.C. manager.( Frank Lampard ရဲ့နာမ်စား he က was ရဲ့ subject ပါ။)
👉Frank Lampard ကိုတနင်္လာနေ့ကအလုပ်ကနေတရားဝင်ထုတ်လိုက်ပါတယ်။သူက Chelsea ဘောလုံးအသင်းမန်နေဂျာပါ။
😊Frank Lampard,who was Chelsea F.C. manager,was officially sacked last Monday. (non-defining/non-restrictive relative clause မှာ that ကိုမသုံးပါ။Relative pronoun ဖြစ်တဲ့ who ကိုဖြုတ်လို့မရပါ။)
👉Chelsea ဘောလုံးအသင်းမန်နေဂျာဖြစ်တဲ့ Frank Lampard ကိုတနင်္လာနေ့ကအလုပ်ကနေတရားဝင်ထုတ်လိုက်ပါတယ်။
🍀Object of verb in non-defining/non-restrictive relative clause( ,ပါသောrelative clause)
😀Kit Kit watches Robin Hood.She likes it very much. (Robin Hood ရဲ့နာမ်စား it က likes ရဲ့ object ပါ။)
👉ကစ်ကစ်က Robin Hood ကားကြည့်နေတယ်။သူမဒီကားကိုအတော်ကြိုက်ပါတယ်။
😊Kit Kit watches Robin Hood, which she likes very much. (non-defining/non-restrictive relative clause မှာ that ကိုမသုံးပါ။Relative pronoun ဖြစ်တဲ့ which ကိုဖြုတ်လို့မရပါ။)
👉ကစ်ကစ်ကသူမအတော်ကြိုက်သော Robin Hood ကားကြည့်နေတယ်။
😀The boy is gazing at Shwe Yi in her red dress.He often teases her. (Shwe Yi ရဲ့နာမ်စား her က teaes ရဲ့ object ပါ။)
👉ကောင်လေးကအနီရောင်ဂါဝန်နဲ့ရွှေရည်ကိုငေးကြည့်နေတယ်။သူကသူမကိုခဏခဏစလေ့ရှိတယ်။
😊The boy is gazing at Shwe Yi, whom/who he often teases, in her red dress. (non-defining/non-restrictive relative clause မှာ that ကိုမသုံးပါ။Relative pronoun ဖြစ်တဲ့ whom/who ကိုဖြုတ်လို့မရပါ။)
👉ကောင်လေးကသူခဏခဏစလေ့ရှိတဲ့အနီရောင်ဂါဝန်နဲ့ရွှေရည်ကိုငေးကြည့်နေတယ်။
❤Defining/Restrictive Relative Clause မှာ Relative Pronoun က Subject of Verb ဖြစ်နေရင်မြုပ်လို့/ဖြုတ်လို့မရပါ။Object of Verb ဖြစ်ရင်မြုပ်လို့/ဖြုတ်လို့ရပါတယ်။
❤Non-defining/Non-restrictive Relative Clause မှာ Relative Pronoun က Subject of Verb ဖြစ်ဖြစ်၊Object of Verb ဖြစ်ဖြစ် မြုပ်လို့/ဖြုတ်လို့မရပါ။
😌whose ကိုနောက်သင်ခန်းစာမှာဆက်ပြောပေးပါမယ်ရှင့်။အ၀တ်အစားအသုံးအဆောင်နဲ့ပတ်သက်တဲ့vocabulary အတွက်ပြန်စီရမယ့်စကားလုံးလေးတွေထည့်ပေးထားပါတယ်။
🥰အားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေဗျာ။