ASW - HR Management

ASW - HR Management

Share

HR Management Knowledge Sharing

19/01/2022
22/08/2021

လူသားအရင်းအမြစ်စီမံခန့်ခွဲမှု(Human Resource Management) နဲ့ လူသားအရင်းအနှီး (Human Capital Management) တို့အကြား ဘာကွာခြားသလဲ ။

ဒီကနေ့တော့လူသားအရင်းအမြစ်(Human Resource)နဲ့ လူသားအရင်းအနှီး(Human Capital)တို့အကြား ဘယ်လိုကွာခြားလဲ-----

အဲဒီကမှ လူသားအရင်းအမြစ်စီမံခန့်ခွဲမှု(HRM)နဲ့ လူသားအရင်းအနှီးစီမံခန့်ခွဲမှု(HCM)တို့အကြား ဘယ်လို စီမံခန့်ခွဲမှုစနစ်တွေ ကွဲပြားသွားလဲ ပြောပြလိုပါတယ်------

တကယ်တော့ Human Resource ရော Human Capital ပါ အဖွဲ့အစည်းအတွင်းရှိ လူသားတွေနဲ့ သက်ဆိုင်နေတာပါပဲ။

ဒါဆို ဘာလို့ ခွဲခြားပြီး သုံးနှုန်းရေးသားပြောဆိုကြပါသလဲလို့ မေးခွန်းထုတ်ဖွယ်ရှိပါတယ်။

ဒီတော့ Resource နဲ့ Capital တို့ကြားမှာ ဘာကွာခြားသလဲဆိုတာ အရင်လေ့လာကြည့်ဖို့လိုပါတယ်။

Resource ဆိုတာက "အသုံးချစရာ ကိရိယာတန်ဆာလာ"အဖြစ် သဘောသက်ရောက်ပါတယ်။

Capital ဆိုတာကတော့ "ဖွံ့ဖြိုးတိုးတက်မှုနဲ့ သက်ဆိုင်ပြီး မိမိရဲ့ မတည်အရင်းအနှီးကို မြှင့်တင်ပေးဖို့ ရည်ရွယ်တဲ့ သဘော"ဆောင်ပါတယ်။

ဒီတော့ လုပ်သားတစ်ဦးအနေနဲ့ မိမိကိုယ်ကိုယ် ကိရိယာတန်ဆာပလာ ဆန်သူ ဖြစ်ချင်သလား၊ ဒါမှမဟုတ် တန်ဖိုးကြီးမားတဲ့ မတည်အရင်း အနှီးဖြစ်ချင်သလား ဆိုတာ မိမိကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်ပါလို့ ပြောချင်ပါတယ်။

ဘယ်သူမှ အထောက်အကူပြု ကိရိယာတန်ဆာလာဘ၀နဲ့ ရပ်တည်မနေလိုကြပါဘူး။

တန်ဖိုးရှိတဲ့ မတည်အရင်းအနှီး (Capital) သာ ဖြစ်လိုကြပါတယ်။

Human Resource နဲ့ Human Capital တို့အကြားမှာ အဓိက ခြားနားတာကတော့ MINDSET ပဲဖြစ်ပါတယ်။

လုပ်ခလစာစာရင်းပြုစုခြင်း၊ အခွန်အခတွက်ချက်ခြင်း၊ အလုပ်ချိန်နာရီသတ်မှတ်ခြင်း၊ အကျိုးခံစားခွင့်များသတ်မှတ်ပြဋ္ဌာန်းပေးခြင်း၊ လုပ်သားငှားရမ်းခန့်အပ်မှု ပဋိညာဉ်ရေးသားပြုစု လက်မှတ်ထိုးခြင်း၊ လုပ်သားများလေ့ကျင့်သင်ကြားမှုနေ့စဉ်တက်ရောက်ပုံစာရင်းပြုစုခြင်းနဲ့ အလုပ်ခန့်အပ်မှုဆိုင်ရာ ပြဋ္ဌာန်းဥပဒေများကို လေ့လာမှတ်သား အသုံးချခြင်းတို့ဟာ Human Resource Management နဲ့ သက်ဆိုင်တာတွေဖြစ်ပါတယ်။

ဒီလိုပုံစံမျိုးတွေကို စီမံခန့်ခွဲခြင်းဟာ Human Resource Management ဖြစ်ပါတယ်။

Human Capital Management နဲ့ မပတ်သက်ပါဘူး။

တကယ်တော့ လူသားအရင်းအမြစ် (Human Resource) ပြည့်စုံရုံနဲ့ ဘယ်အဖွဲ့အစည်းမှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

အကြောင်းကတော့ Human Resource Management ဆိုတာ #ကုန်ထုတ်စီးပွားရေးစနစ် (Production Economy) အတွက်သာဖြစ်ပြီး လုပ်သားတွေရဲ့ ခြေတွေ လက်တွေကို အသုံးချရုံထက် မပိုပါဘူး။

မျက်မှောက်ကာလမှာ ကျွန်တော်တို့ဟာ ကမ္ဘာလုံးခြုံသုတ ပညာစီးပွားရေးစနစ် (Global Knowledge Economy) ထဲကို ရောက်ရှိနေပါပြီ။

အဲဒီ စီးပွားရေးစနစ်ကို ဦးနှောက်စီးပွားရေးစနစ် (Brain Economy) လို့လည်း ခေါ်နိုင်ပါတယ်။

ခြေတွေ၊ လက်တွေလောက်နဲ့ မရတော့ဘဲ ဦးနှောက်ကို အသုံးချရမယ့် စီးပွားရေးစနစ်ဆီ ရောက်ရှိနေပါပြီ။

နောက်တချက်က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အရွယ်အစားမျိုးစုံရှိသော အဖွဲ့အစည်းတွေဟာ အသစ်အသစ်သော စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရခြင်းပဲဖြစ်ပါတယ်။

အဲဒီစိန်ခေါ်မှုတွေကတော့ …
(၁) ထူးချွန်ထက်မြက်တဲ့ ၀န်ထမ်းတွေကို အလုအယက်ယှဉ်ပြိုင် ခေါ်ယူခန့်ထားရခြင်း။

(၂) ၀န်ထမ်းရာထူးအဆင့်ဆင့်မှာ ရာထူးဆက်ခံရေးစီမံကိန်းများကို ရေးဆွဲချမှတ်နေရခြင်း။

(၃) ၀န်ထမ်းငှားရမ်းခန့်အပ်မှုဆိုင်ရာပြဿနာများ။

(၄) လှုံ့ဆော်မှုကျဆင်းခြင်းဆိုင်ရာ ပြဿနာများ။

(၅) ၀န်ထမ်းမြဲမြံရေးဆိုင်ရာပြဿနာများ။

(၆) ၀န်ထမ်းများအနေနဲ့ မိမိတို့အဖွဲ့အစည်းအပေါ် ယုံမှတ်သက်ဝင်မှု ကျဆင်းလာခြင်း။

(၇) ယဉ်ကျေးမှုစံနှုန်းဆိုင်ရာ ပြဿနာများ။

(၈) ၀န်ထမ်းများအကြား ယဉ်ကျေးမှုစံနှုန်းချင်း ကွဲလွဲမှုဆိုင်ရာ ပြဿနာများ။

(၉) ကုန်ထုတ်စွမ်းအားကျဆင်းလာခြင်း။

(၁၀) တီထွင်ဖန်တီးမှုကျဆင်းလာခြင်း။

(၁၁) အချိန်၊ ငွေကြေးနဲ့ အရင်းအမြစ်များ အလေအလွင့်များပြားခြင်းတို့ပဲဖြစ်ပါတယ်။

အထက်ဆိုခဲ့ပါ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် Human Capital Management ကို မရှိမဖြစ်လိုအပ်လာပါတယ်။

မတူကွဲပြားခြားနားတဲ့ ပြဿနာတွေကို မတူကွဲပြားတဲ့ အလွှာလိုက်၊ မတူကွဲပြားတဲ့ ရှုထောင့်အမြင်အလိုက် ဖြေရှင်းကြရမှာပါ။

ဒီနေရာမှာ အဓိကအားဖြင့် သိထားရမှာက Human Capital ဆိုတာ ကိုင်တွယ်ထိတွေ့လို့ မရနိုင်တဲ့ ဒြပ်မဲ့ဖြစ်သော်လည်း Human Capital Management ကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းအားဖြင့် ထင်သာမြင်သာရှိသော ရလဒ်ကောင်းတွေကို ရရှိနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

လူသားတို့ရဲ့ စိတ်ကိုပဲကြည့်ပါ။

လူ့စိတ်ကို ကိုင်တွယ်ထိတွေ့လို့ မရနိုင်ပေမဲ့ စကြ၀ဠာကြီးထဲမှာ သိမ်မွေ့နက်နဲ့ အရှုတ်ထွေးဆုံးဖြစ်တာကို သဘောပေါက်ပါလိမ့်မယ်။

လူ့စိတ်အလား ကိုင်တွယ်ထိတွေ့လို့ မရတဲ့ Human Capital ထဲမှာ
(၁) လူသားတွေရဲ့ တွေးခေါ်ဆင်ခြင်မှု၊

(၂) ခံစားချက်၊

(၃) မိမိကိုယ်ကိုယ်နဲ့ တခြားသူတွေအပေါ် ယုံကြည်မှုနဲ့ မှတ်ထင်ယူဆချက်၊

(၄) စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဥာဏ်ရည် (EQ)၊

(၅) တစ်ကိုယ်ရည်စိတ်ကူးထင်မြင်ချက်၊

(၆) တစ်ကိုယ်ရေနဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ထားရှိသော တန်ဖိုးစံနှုန်း၊

(၇) မြင့်မားသော ရည်ရွယ်ချက်များ၊

(၈) မတူကွဲပြားသော ယဉ်ကျေးမှုအလွှာများ၊

(၉) လူမှုရေးအမူအကျင့်နဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာအမူအကျင့်များ၊

(၁၀) ရလဒ်ကောင်းများထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်စွမ်း၊

(၁၁) သဘောထားအမြင်၊

(၁၂) တန်ဖိုးဆိုင်ရာဆုံးဖြတ်ပြဌာန်းပုံ၊

(၁၃) ဆုံးဖြတ်ချက်ချမှတ်မှုဟန်ပန်များနဲ့

(၁၄) အတူတကွလုပ်ကိုင်ဆောင်ရွက်ချက်တွေအပေါ် ရှုမြင်သုံးသပ်နိုင်စွမ်းတို့ ပေါင်းစည်းပါဝင်နေပါတယ်။

အဲဒါတွေအားလုံးဟာ ထုတ်ဖော်သတ်မှတ်နိုင်တာတွေဖြစ်သလို တိုင်းတာလို့လည်းရပါတယ်။

ပြီးတော့ အဲဒါတွေကို တိုးတက်ဖွံ့ဖြိုးလာအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။

လူသားအရင်းအနှီးစီမံခန့်ခွဲမှု (Human Capital Management) ကို လုပ်ဆောင်ခြင်းနဲ့ လူသားအရင်းအမြစ်မြှင့်တင်ရေးဌာန (Human Capital Optimization Department) ဖွဲ့စည်းခြင်းတို့ကို လုပ်ဆောင်လာကြရတာက မိမိတို့ အဖွဲ့အစည်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိစေရေးအတွက် မိမိတို့ အဖွဲ့အစည်းမှာရှိတဲ့ လူသားအရင်းအနှီး (Human Capital) ကို မိမိတို့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်များ ပြည့်ဝအောင်မြင်ရေးအတွက် လိုက်ဖက်ညီသဟဇာတဖြစ်အောင် ထိန်းညှိခြင်းနဲ့ မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်ရင်း အဖွဲ့အစည်းအတွင်းနဲ့ အဖွဲ့အစည်းပြင်ပရှိ လူသားတွေရဲ့ ဘ၀အရည်အသွေးကို မြင့်မားလာအောင် လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။

တကယ်တာ့ Human Capital Management / Human Capital MINDSET တို့ဆိုတာ တစ်ဒင်္ဂပေါ်ပင်လုပ်ငန်းဆောင်တာ မဟုတ်ပါဘူး။

မိမိတို့အဖွဲ့အစည်း စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးနေဖို့အတွက် စဉ်ဆက်မပြတ်လုပ်ကိုင်ရမယ့် လုပ်ငန်းဆောင်တာသာလျှင်ဖြစ်ပါတယ်။

Human Capital Management ဟာ လူသားကို ပထမဦးစားပေး ပဓာနပြုတဲ့အလျောက် ခေါင်းဆောင်မှု (Leadership) ဆိုင်ရာ အကြောင်းကိစ္စလည်းဖြစ်ပါတယ်။

Human Capital Management ဟာ ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့ ဘဏ္ဍာငွေကြေးထက် လူသားကို ပဓာနပြု အားထားလာရတဲ့ ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်အတွက် အဖြေတစ်ခုလည်း ဖြစ်ပါတယ်။

ဒါဆိုရင် Human Resource နဲ့ Human Capital တို့အနက် ဘယ်ဟာက ပိုအရေးကြီးသလဲလို့ မေးခွန်းထုတ်ဖွယ်ရှိပါတယ်။

တကယ်တော့ အဲဒီနှစ်ခုဟာ ဒင်္ဂါးပြားတစ်ခုရဲ့ မျက်နှာပြင်နှစ်ခုနဲ့ အလားသဏ္ဍာန်တူပါတယ်။

Human Resource နဲ့ Human Capital တို့အနက် ဘယ်ဟာက ပိုအရေးကြီးသလဲလို့ မေးခွန်းထုတ်ခြင်းဟာ Management နဲ့ Leadership တို့အကြားမှာ ဘယ်ဟာက ပိုအရေးကြီးသလဲလို့ မေးခွန်းထုတ်တာနဲ့ အတူတူပါပဲ။

စီမံခန့်ခွဲမှု (Management) မပါတဲ့ ခေါင်းဆောင်မှု (Leadership) ဟာ ရလဒ်ကောင်းထွက်ပေါ်လာမှာ မဟုတ်သလို

ခေါင်းဆောင်မှု (Leadership) မပါတဲ့ စီမံခန့်ခွဲမှု (Management) ဟာလည်း ဘာကို ရည်ရွယ်ပြီး အလုပ်လုပ်နေရမှန်းမသိတဲ့ ဦးတည်ရာမဲ့ လုပ်ရပ်သာဖြစ်ပါလိမ့်မယ်။

Human Capital Management မရှိတဲ့ Human Resource Management လုပ်ခြင်းဟာ အဓိပ္ပာယ်ကင်းမဲ့ပြီး လှုံ့ဆော်မှုမရှိသလို မိမိတို့ရဲ့ အဖွဲ့အစည်းဟာ ကာလရှည်ကြာ တည်တံ့မှာ မဟုတ်ပါဘူး။

တချို့က HR ပရော်ဖက်ရှင်နယ်ဖြစ်ခြင်းဟာ Human Captial Manager ဖြစ်ဖို့ အလားအလာကောင်းပါသလားလို့ မေးတတ်ကြပါသေးတယ်။

စဉ်းစားကြည့်ပါ။

လုပ်ခလစာစာရင်းပြုစုခြင်းနဲ့ လုပ်သားအင်အား စုဆောင်းခြင်း လုပ်ငန်းစဉ်တို့မှာ နှစ်လရှည်ကြာ ပါဝင်လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံ ရှိသူတွေဟာ အရောင်းမြှင့်တင်ခြင်း သို့မဟုတ် လူထုဆက်ဆံရေး (PR) လုပ်ကိုင်ခြင်းဆိုင်ရာ အတွေ့အကြုံရှိသူတွေထက် Human Capital Manager ဖြစ်ဖို့ တစ်ပန်းသာတယ်လို့ ယူဆရင်တော့ မှားပါလိမ့်မယ်။

လူသားအရင်းအနှီးစီမံခန့်ခွဲမှု (Human Capital Management) လုပ်ဆောင်သူတစ်ဦး ဖြစ်ဖို့ဆိုတာ နည်းနာနိဿယများ (Tools)၊ နည်းနာဗေဒများ (Methodologies) နဲ့ စီးပွားရေးအမြင်ထက်မြက်မှု (Business Acumen) တို့ ရှိဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ရိုးသားပွင့်လင်းမှု၊ သူတစ်ပါးကို ကူညီလိုတဲ့ အလိုဆန္ဒရှိမှုနဲ့ မိမိလုပ်ငန်းဆောင်တာတို့အပေါ်မှာ အလေးအနက်တွေးခေါ်မြော်မြင်တတ်မှုဆိုတဲ့ အင်္ဂါရပ်တွေနဲ့လည်း ပြည့်စုံရမှာဖြစ်ပါတယ်။

လူသားအရင်းအနှီးစီမံခန့်ခွဲမှု (Human Capital Management) လုပ်ဆောင်သူတစ်ဦးတစ်ဦးမှာ သူတစ်ပါးထက် သာလွန်မြင့်မားတဲ့ မျှဝေခံစားစာနာနိုင်စွမ်း၊ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ မဟာဗျူဟာမြောက် တွေးခေါ်ကြံဆနိုင်စွမ်းတို့လည်း ရှိဖို့ လိုအပ်ပါတယ်။

ဒီလောက်ဆိုရင် Human Resource Management နဲ့ Human Capital Management တို့ အကြားကွဲပြားပုံကို အကျဉ်းခြုံးနားလည်သဘောပေါက်လောက်ပါပြီ။

ဒါကြောင့်မို့အဖွဲ့အစည်းတစ်ခုမှာ Human Resource ရှိဖို့လိုအပ်သလို Human Capital နဲ့လည်း ပြည့်စုံပါမှသာ အဆိုပါအဖွဲ့အစည်းဟာ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးနေမှာ ဖြစ်ပါတယ်။

HR Professionalများလည်း HRMမှသည် HCMအဖြစ် တိုးတတ်အောင်မြင်ကြပါစေနော်-----
MYAT KHINE (SUCCESS WAY)
Myat Khine Success Way Management Team
Credit.Saya Win Thein Oo & ACME

22/08/2021

ဝန်ထမ်းတွေအတွက် စိတ်ဖိစီးမှုကင်းတဲ့ လုပ်ငန်းခွင်တစ်ခု ဘယ်လိုဖန်တီပေးကြမလဲ .. ⁉️

ဒီတစ်ခေါက်ကတော့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လက်အောက်က ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နိုင်ဖို့ စိတ်ဖိစီးမှု တတ်နိုင်သမျှ နည်းဖို့ ဘယ်လိုတွေ လုပ်ဆောင်ပေးသင့်လဲဆိုတာ ပြောပြပေးသွားချင်ပါတယ်-------

ဒီနေရာမှာ တချို့သောသူတွေက
"အလုပ်လုပ်ဖို့ လစာပေးထားတာပဲ သူတို့ကို အလုပ်မှာပျော်အောင် ထားဖို့ပါ လုပ်ပေးနေရမှာလား" ဆိုပြီး မေးခွန်းထုတ်လာတတ်ကြပါတယ်

ပြောရမယ်ဆိုရင် Stress-free company culture ဆိုတာ လုံးဝလုံးဝကို လိုအပ်ပါတယ်💡

လုပ်ငန်းခွင်မှာပျော်တဲ့ ဝန်ထမ်းတစ်ယောက်ဟာ တခြားမပျော်တဲ့ဝန်ထမ်းထက် အလုပ်12% ပိုပြီးတယ် ပိုပြီးလည်း ကြိုးစားကြတယ်ဆိုပြီး လေ့လာဆန်းစစ်ချက်တွေအရ တွေ့ရပါတယ်👈

လုပ်ငန်းခွင်မှာပျော်မှသာ ကိုယ့်လုပ်ငန်းမှာ ကြာကြာ တာဝန် ထမ်းဆောင်ဖို့ စဉ်းစားကြတာပါ

ဒါကြောင့်မို့ လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေဟာ ဒီလုပ်ငန်းအပေါ် မှာ စေတနာပါပါနဲ့ အလုပ်ကြိုးစားလာအောင် လုပ်ရည်ကိုင်ရည် ရှိတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ကိုယ့်လုပ်ငန်းမှာ ကြာကြာဆက်ရှိနေအောင် ထိန်းသိမ်းထားသင့်ပါတယ်💯

အပေါ်မှာပြောခဲ့သလိုပဲ ဝန်ထမ်းတွေအတွက် stress-free working environment ဟာ ဘာကြောင့်လိုအပ်လဲ သိပြီးပြီဆိုတော့ ဒီလို environment လေးကို ဘယ်လိုဖန်တီးပေးနိုင်လဲ ကြည့်လိုကိကြရအောင်ပါ💁

1) ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို အလေးထားပေးပါ

စစဖတ်ချင်းမှာတော့ နည်းနည်းထူးဆန်းသလို ဖြစ်နေပါလိမ့်မယ်
ဝန်ထမ်းတွေရဲ့ ကျန်းမာရေးထိ ဂရုစိုက်ဖို့လိုလား ဘာညာပေါ့🤷‍♀️

ဒီနေရာမှာ ကျန်းမာရေးဂရုစိုက်တာဆိုတာ သူတို့ကို ကိုယ်လက် လေ့ကျင့်ခန်းများများလုပ်ဖြစ်အောင် တိုက်တွန်းတဲ့သဘောမှာရှိပါတယ်.
တစ်ရုံးလုံးတူတူ work outလုပ်တာမျိုး အလျင်းသင့်ရင် သင့်သလို အားကစားပြိုင်ပွဲလုပ်ပေးတာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုနေထိုင်ရမယ် လမ်းညွှန်ပေးတာမျိုးပေါ့

ဒီလိုလုပ်ခြင်းဟာ ဝန်ထမ်းတွေရဲ့ stressကိုလည်း လျှော့ချနိုင်မယ် ဝန်ထမ်းတွေအချင်းချင်းကြားက ပေါင်းသင့်ဆက်ဆံရေးကလည်း ကျယ်ပြန့်ကောင်းမွန်လာမှာဖြစ်တဲ့အတွက် အကောင်အထည်ဖော် ပေးသင့်တဲ့ အရာတွေထဲကတစ်ခုပါ😉

2) ဝန်ထမ်းတွေနဲ့ ပြောဆိုဆက်သွယ်ပါ သူတို့ရဲ့ feedbackတွေကို အမြဲနားထောင်ပါ👂

ပျော်ဖို့ကောင်းတဲ့ Workplace တစ်ခုကို ဖန်တီးဖို့ ဝန်ထမ်းတွေရဲ့ feedback ကလည်း အရမ်းအရေးကြီးပါတယ်. ဝန်ထမ်းတွေမှာ ဘာတွေလိုအပ်ချက်ရှိလဲ အခက်အခဲရှိလဲဆိုတာတွေ ဂရုတစ်စိုက်နားထောင်ပေးတာ သူတို့ရဲ့ အကြံဉာဏ်တွေ လက်ခံပေးတာ ကုမ္ပဏီကလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးတာမျိုး တွေကလည်း လုပ်သင့်တဲ့အရာတွေထဲက တစ်ခုပါ👀

3) အလုပ်ချိန်တွေကို မဆင်ပြေအောင်ညှိပေးတာ🤝

တကယ့်အောင်မြင်တဲ့ကုမ္ပဏီကြီးတွေရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်က ဝန်ထမ်းတွေကို ကုမ္ပဏီအလုပ်မှာပဲ နစ်မြုပ်မနေစေဘဲ personal ကိစ္စတွေအတွက်ပါ အချိန်ပေးတတ်ကြတာပါတဲ့

ဥပမာ Flexible hourထားပေးသလိုမျိုးပေါ့.

တစ်နေ့ကို 8နာရီ အလုပ်လုပ်ရမယ်လို့ သတ်မှတ်ထားရင် ဝန်ထမ်းတွေအနေနဲ့ သူအဆင်ပြေတဲ့အချိန်ရုံးလာတာမျိုး. မနက်၈နာရီရုံးလာရင် ညနေ၄နာရီ ရုံးဆင်းနိုင်မယ်. မနက်၉နာရီရုံးလာရင် ညနေ ၅ နာရီ ရုံးဆင်းနိုင်မယ်ဆိုတာမျိုးလေး အချိန်ညှိပေးထားရင် ဝန်ထမ်းတွေအတွက်တော့ အရမ်းကို အဆင်ပြေမှာပါ 👌

4) ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုတာ ဆုချတာမျိုးလုပ်ပေးပါ 🏆

ဘယ်ဝန်ထမ်းမဆို ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို အထက်လူကြီးက အသိအမှတ်ပြုတဲ့အခါ ချီးကျူးတဲ့အခါ ပျော်ရွှင်ကြရတာချည်းပါပဲ.
ဒီလိုအသိအမှတ်ပြုခံရတဲ့ ပျော်ရွှင်မှုကိုသိလာတဲ့ ဝန်ထမ်းက နောက်ဆိုလည်း ဒီထက်ပိုကောင်းအောင်ကြိုးစားလာမယ်. တခြားဝန်ထမ်းတွေလည်း သူ့ကိုအားကျပြီး သူနဲ့အပြိုင်ကြိုးစားအားထုတ်လာကြမယ်👀

ဒါကြောင့် ကိုယ့်ရဲ့ဝန်ထမ်းလက်အောက်ငယ်သားကို သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက် အသိအမှတ်ပြုပေးဖို့ ဘယ်တော့မှမမေ့ပါနဲ့❗️

ဒီတစ်ခေါက်ကတော့ အပေါ်မှာပြောခဲ့သလိုမျိုး ပျော်စရာကောင်းတဲ့ လုပ်ငန်းခွင်အသိုက်အဝန်းလေးတစ်ခုသာ ဖန်တီးပေးနိုင်မယ် ဆိုရင်တော့ ဝန်ထမ်းအနေနဲ့လည်း စိတ်ချမ်းသာ ကိုယ့်လုပ်ငန်းလည်း တိုးတက် win-win situation ပါပဲနော်-----

စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်လို့🙆💗
MYAT KHINE(SUCCESS WAY)
Myat Khine Success Way Management Team
Credit Beatix
Reference
https://www.kinetic.ae/blog/5-ways-you-can-create-a-stress-free-company-culture

22/08/2021

Business Owner တွေ Payroll နဲ့ပတ်သက်ပြီးသိထားသင့်တဲ့ အချက်(၅) ချက်

ဝန်ထမ်းလစာ Payroll တွက်ချက်ခြင်းနဲ့ လစဉ်အချိန်မှန်လစာငွေပေးချေခြင်းဟာ HR Department ရဲ့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေထဲက တစ်ခုဖြစ်ပါတယ်။ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းလစာအတွက် Payroll တွက်ချက်တော့မယ်ဆိုရင် မသိမဖြစ်သိထားသင့်တဲ့ အချက်(၅) ချက်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

(၁) Payroll Calendar တစ်ခုပြုလုပ်ပါ။
လစာအချိန်မှန်ရရှိစေခြင်းဟာ ဝန်ထမ်းတွေရဲ့အလုပ်ခွင်စိတ်အားတက်ကြွမှုနဲ့ စွမ်းဆောင်ရည်အတွက် အဓိကသော့ချက်ဖြစ်တာကြောင့် ပထမဆုံးအချက်အနေနဲ့ ဝန်ထမ်းအားလုံးအတွက် လစာငွေကို အချိန်မှန်ရရှိစေဖို့ Payroll Calendar တစ်ခုပြုလုပ်ပြီးနောက် Payroll Cut Off Date နဲ့အညီ လစာငွေအချိန်မှန်လွှဲအပ်ခြင်းဟာ Payroll Process ကိုရှင်းလင်းလွယ်ကူစေပြီး အချိန်ကုန်သက်သာစေပါတယ်။

(၂) Data Entry ကိုအသေးစိတ်စစ်ဆေးပါ။
ဝန်ထမ်းလစာ Payroll တွက်ချက်ရာမှာ သက်ဆိုင်ရာဝန်ထမ်းတွေရဲ့ Employee ID နဲ့တကွ လစာငွေကိန်းဂဏန်းတွေ၊ ဘဏ်နံပါတ်တွေနဲ့ အခြားသော Confidential Data တွေမှားယွင်းတဲ့အခါ နောက်ဆက်တွဲကိစ္စရပ်တွေကိုအချိန်ပေးဖြေရှင်းရမှာဖြစ်လို့ ကိုယ့်ရဲ့ Payroll နဲ့ပတ်သက်တဲ့ Data Entry ပြုလုပ်ပြီးတိုင်း မှန်၊ မမှန်အမြဲ ချက်ချင်းစစ်ဆေးဖို့လိုအပ်ပါတယ်။

(၃) Payroll Budget သတ်မှတ်ပါ။
ဝန်ထမ်းတွေရဲ့ကျန်းမာရေးအကျိုးခံစားခွင့်တွေအတွက် အလုပ်ရှင်ကော ဝန်ထမ်းပါလစဉ်လူမှုဖူလုံရေးကြေး အချိုးကျထည့်ဝင်ပေးသွင်းရတာဖြစ်လို့ လုပ်ငန်းရှင်တစ်ယောက်ရဲ့လစဉ် Payroll Budget မှာ ဝန်ထမ်းလစာစုစုပေါင်းအပြင် သက်ဆိုင်ရာ အလုပ်ရှင်လူဖူလုံရေးကြေးစုစုပေါင်း ပေးသွင်းငွေကိုပါ မပျက်မကွက်ထည့်သွင်းတွက်ချက်ရမှာဖြစ်ပြီး ဝန်ထမ်းအင်အားများပြားလာတာနဲ့အမျှ အလုပ်ရှင်ရဲ့ပေးသွင်းငွေလည်းတိုးမြင့်လာမှာဖြစ်ပါတယ်။

(၄) Payroll Record ပြုလုပ်ထားပါ။
အလုပ်ရှင်ဖြစ်စေ၊ HR Manager ဖြစ်စေ လစဉ် Payroll Report ပြုလုပ်ထားပြီးနောက် သက်ဆိုင်ရာရက်စွဲအလိုက် Record ပြုလုပ်ထားရမှာဖြစ်ပါတယ်။ တစ်နှစ်စာ Payroll Budget ပြုလုပ်ရာမှာ လစဉ် Payroll Record တွေနဲ့ Quarter အလိုက် နှစ်စဉ် Payroll Record ပြုလုပ်ထားခြင်းအားဖြင့် နောက်နှစ်အတွက် Budget Plan ဆွဲတဲ့အခါမှာ များစွာအထောက်အကူဖြစ်စေသလို လူမှုဖူလုံရေး၊ ဝင်ငွေခွန်ကိစ္စရပ်များနဲ့ပတ်သက်ပြီးအငြင်းပွားစရာတွေဖြစ်လာတဲ့အခါမှာလည်း Payroll Record တွေနဲ့အတူ သက်ဆိုင်ရာငွေသွင်းပြေစာတွေနဲ့ စနစ်တကျပြန်လည်ရှင်းလင်းနိုင်ပါတယ်။

(၅) နည်းပညာဟာ အမှားအယွင်းရှိနိုင်ပါတယ်။
ကိုယ့်ရဲ့ဝန်ထမ်းလစာ Payroll တွက်ချက်မှုအတွက် Payroll Software အသုံးပြုတဲ့အခါ အချိန်တိုအတွင်း အလွယ်တကူအလုပ်ပြီးမြောက်နိုင်ပေမယ့် ရာနှုန်းပြည့်ယုံကြည်လို့မရတဲ့အတွက် သက်ဆိုင်ရာကိန်းဂဏန်းအချက်အလက်တွေနဲ့ Payroll Report ကို အထပ်ထပ်စစ်ဆေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် လူမှုဖူလုံရေးကြေး၊ အခွန်နဲ့အခြားလစာကနေ နုတ်ယူတွက်ချက်ရမယ့်အရာတွေနဲ့ပတ်သက်ပြီး အစိုးရကဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေပြုလုပ်တဲ့အခါမှာလည်း အချိန်မီ Update ပြုလုပ်နိုင်ဖို့မလွယ်ကူတာကြောင့် Payroll Outsourcing ပြုလုပ်ခြင်းဟာ ပိုပြီးယုံကြည်စိတ်ချရတဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

သင့်အနေနဲ့ Payroll Outsourcing Services အသုံးပြုတော့မယ်ဆိုရင် ကိုယ်ရွေးချယ်တဲ့ Payroll Service Provider ဟာ လူမှုဖူလုံရေး၊ အခွန်ပေးဆောင်မှုကိစ္စရပ်တွေကိုပါတစ်ပါတည်းတာဝန်ယူဆောင်ရွက်နိုင်ဖို့လိုအပ်တဲ့အပြင် ဥပဒေဆိုင်ရာပြုပြင်ပြောင်လဲမှုတွေကိုလည်း အချိန်နဲ့တပြေးညီ သိရှိဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။

ဒီအတွက် မြန်မာနိုင်ငံရဲ့ထိပ်တန်း Outsourcing Company တစ်ခုဖြစ်တဲ့ Myanmar Payroll & Outsourcing(MP&O) မှ လစဉ် ဝန်ထမ်းလစာ Payroll တွက်ချက်ခြင်း၊ လူမှုဖူလုံရေး SSB ပေးဆောင်ခြင်း၊ ဝန်ထမ်းများအားအချိန်မှန်လစာငွေပေးအပ်ခြင်း စတဲ့ကိစ္စရပ်တွေကို Outsourcing Services အနေနဲ့တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။

သင့်ရဲ့ဝန်ထမ်းတွေကို တိကျတဲ့လစာအချိန်နဲ့တပြေးညီရရှိစေဖို့ စိတ်ချယုံကြည်ရဲ့ Payroll Outsourcing Services အတွက် MP&O ကိုအခုပဲဆက်သွယ်လိုက်ပါ။

MP&O ရဲ့ Services တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို https://myanmar-payroll-and-outsourcing.com.mm/services/ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Myanmar Payroll & Outsourcing (MP&O)
Payroll Outsourcing Services
Contact: +959 777 002 284
Email: [email protected]

21/08/2021

HR Functions
-----------------------
HR တစ်ယောက်အတွက် HR function ဆိုတာ အသက်ပါပဲ
HR တစ်ယောက် လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေပေါ့
HR တစ်ယောက် ဖြစ်ချင်ပြီ HR ပညာကို စလေ့လာပြီဆိုရင် သိကို သိထားရမယ့် အရာဆိုလဲ မမှားပါဘူး 😮🙄🙄

အဲဒီတော့ ဘာတွေလဲ HR functions တွေက 🤔🤔🤔

HR functions ( 12 ) ခုရှိပါတယ်

အဲဒါတွေက 👇👇👇
1. Human resource planning
2. Recruitment and selection
3. Performance management
4. Learning and development
5. Career planning
6. Function evaluation
7. Rewards
8. Industrial relations
9. Employee participation and communication
10. Health and safety
11. Personal wellbeing
12. Administrative responsibilities

စတာတွေပဲ ဖြစ်ပါတယ်

တစ်ခုချင်းစီကို နောက်တစ်ပိုင်းမှာ ရှင်းပြပေးပါမယ် 😊😊😊


21/08/2021

မင်္ဂလာပါ 🙏🙏🙏
HR ပညာရပ်များကို မျှဝေပေးသွားချင်ပါတယ်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon