06/02/2023
MBA 5th Batch စတင်ပါပြီ။
စုံစမ်းထားသူတွေ Enroll လုပ်နိုင်ပါပြီ။ 😍
MBA 5th Batch တက်ရောက်ဖို့ Enroll လုပ်ထားတဲ့
MBA candidate များအတွက်
New Next University နဲ့ YEC Learning Center နဲ့ တူတူပဲလား?
မှန်ပါတယ်။ YEC Learning Center ကို 1st June 2015 မှာစတင်ခဲ့ပြီး 1 Jan 2023 မှာ New Next University အနေဖြင့် upgrade ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
New Next University က LUC MBA Program နဲ့ တခြား LUC MBA Program တွေနဲ့ဘာကွာလဲ?
ကွာခြားချက်အများကြီးထဲက အချက် သုံးချက်သုံးချက်ကို အဓိကဖော်ပြသွားပါမယ်။
၁။ Learning Hours ကွာပါတယ်။ ကျွန်တော်တို့ ယုံကြည်ထားတာကတော့ MBA လို professional master ဘွဲ့ကို တစ်ပတ်တစ်ရက်နဲ့ တစ်နှစ်သင်တယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူးလို့ယုံကြည်ထားပါတယ်။ ဒါကြောင့် New Next University (previously YEC Learning Center) ရဲ့ MBA Program တွေကို Sat (1-4 PM), Sunday (9AM -12 PM), Sunday (1:00 PM - 4:00 PM) သုံးချိန်စီစဥ်ထားတဲ့အတွက် သင်ကြားချိန်အပြင် discussion time ပိုရပါတယ်။
၂။ လာတက်တဲ့ကျောင်းသားတွေရဲ့ အရည်အသွေးဖြစ်ပါတယ်။ New Next University (previously YEC Learning Center) ရဲ့ MBA candidate တွေအနေနဲ့ မတူညီတဲ့ industry မှာ middle level or top level management မှာလုပ်ကိုင်နေတဲ့သူတွေများတဲ့အတွက် Automobile, Hospital, Hospitality, Education, Pharmaceutical, Construction နှင့် Tourism အစရှိတဲ့နယ်ပယ်ပေါင်းစုံကဖြစ်တဲ့အတွက် MBA ရဲ့ အနှစ်သာရဖြစ်တဲ့ networking ကို ရရှိစေမှာဖြစ်ပါတယ်။
၃။ Completion Rate အကောင်းဆုံးလို့ပြောရင်လဲမမှားပါဘူး။ MBA student ပေါင်း ၇၃ ယောက်ထိ တက်ရောက်ထားပြီး Final Thesis ပြီးမြောက်မှုမှာ အကောင်းဆုံးကျောင်းဖြစ်တယ်လို့သိရတဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ နောက်ပြီး MBA ပြီးသွားတဲ့အခါ career progression အပိုင်းမှာ အချင်းချင်းကူညီပေးနိုင်အောင်လဲ MBA Alumni ကို စီစဥ်ထားပေးပါတယ်။
New Next University (previously YEC Learning Center) ကို ဒီအချက်တွေကြောင့်လဲ ကျောင်းသားတွေ တက်ရောက်ကြပါတယ်။
၄။ လက်တွေ့ဘဝမှာ အသုံးချလို့ရတဲ့ case တွေကို အဓိကသင်ကြားပေးတယ်။
၅။ 100% Online အပြင် Offline မှာ စုံတွေ့နိုင်တဲ့ campus ကို သေချာစီစဥ်ပေးထားတယ်။
၆။ Industry ထဲမှာတကယ်အလုပ်လုပ်နေတဲ့ practitioner တွေနဲ့ talk တွေစီစဥ်ပေးတယ်။
၇။ ဦးဆောင်တဲ့သူတွေအနေနဲ့လဲ Education industry ထဲမှာ instructional design နဲ့ ပတ်သက်တဲ့အပိုင်း သင်ကြားရေးအပိုင်းမှာ ပြန်လည်မျှဝေပေးတဲ့ Master Trainer တွေဖြစ်တယ်။
၈။ MBA video lessons များကို website မှာ ပြန်လည်လေ့လာလို့ရအောင်စီစဥ်ထားသည့် content library ရှိခြင်း။
နောက် Batch 5 ကို ဘယ်အချိန်စတင်မလဲ?
Feb 18 (Sat 1 - 4 PM) မှာစတင်မှာဖြစ်ပါတယ်။
Application form ဘယ်နေ့ပိတ်မှာလဲ?
Feb 16 (6:00 PM) မှာ application form ပိတ်မှာဖြစ်ပါတယ်။
ဘာလို့ Campus မှာလာတက်လို့မရတာလဲ?
အဓိကတော့ professional master ဖြစ်တဲ့ MBA လို ပညာရပ်များကို လူများများနဲ့ discussion ကောင်းကောင်းလုပ်စေချင်တဲ့အတွက် Campus ရှိပေမယ့် online အနေနဲ့ စီစဥ်ပေးရခြင်းဖြစ်ပါတယ်။
MBA တက်ဖို့အတွက် ဘာအရည်အချင်းတွေ လိုမလဲ?
ပထမ Bachelor ဘွဲ့ရထားဖို့လိုပါတယ်။
လုပ်ငန်း အတွေ့အကြုံနှစ်နှစ်အနည်းဆုံးရှိထားဖို့လိုတယ်။
English စာအရည်အချင်း intermediate level ရှိဖို့လိုအပ်ပါတယ်။
သင်တန်းကြေး ဘယ်လောက်လဲ?
$3500 x ဗဟိုဘဏ်ပေါက်စျေး စီစဥ်ထားပေးပါတယ်။
$1000 + ($245 x 11 months)
$1200 x 3 installments
Online Class ပဲလား?
မှန်ပါတယ်။ Working Professional တွေအနေနဲ့ အလွယ်တကူလေ့လာနိုင်အောင် 100% Online Class ကို စီစဥ်ထားပေးပါတယ်။
Offline မှာ ကျောင်းသူ၊ ကျောင်းသားအချင်းချင်း networking event ကောရှိလား?
ဒီအတွက်လဲ စိတ်မပူပါနဲ့။ New Next University (previously YEC Learning Center) အနေနဲ့ networking အရေးကြီးတာ ယုံကြည်ထားပါတယ်။ ဒါကြောင့် Online မှာ လေ့လာလို့ရသလို Campus မှာ လစဥ် meetup session လေးကို တက်ရောက်နိုင်သူတွေ join နိုင်အောင် စီစဥ်ထားပေးပါတယ်။
သင်တန်းကာလ ဘယ်လောက်ကြာမှာလဲ?
စာသင်ကြားမှုကာလကတော့ တစ်နှစ်ဖြစ်ပါတယ်။ ဘွဲ့လွန်စာတမ်းတင်ရပါတယ်။ ဒီအတွက် အချိန်တစ်နှစ်ထပ်ရပါတယ်။ ခုနောက်ပိုင်း MBA candidate များစုက ကျောင်းပြီးပြီး ၆ လအတွင်း Thesis ပြီး ဘွဲ့ရကြပါတယ်။
MBA 5th batch ကို Enroll လုပ်မယ်။
www.m.me/newnextuniversity ကို MBA လို့ပို့ထားပေးပါ။ Join လို့ရမည့် group link လေးပို့ပေးထားပါမယ်။
New Next University
Fast Track To A Degree