09/03/2026
Skill ထက် Networking က ပိုအရေးကြီးတယ်ပြောရင် လက်ခံနိုင်မလား။
တစ်ခါတလေမှာ Networking က ကိုယ့်ရဲ့ Coding Skill တွေ၊ Technical Knowledge တွေထက်တောင် ပိုပြီး အရေးပါသွားတတ်ပါတယ်။ ဒါဟာ Skill မလိုဘူးလို့ ပြောတာမဟုတ်ဘဲ၊ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို မှန်ကန်တဲ့နေရာဆီ ရောက်အောင် ပို့ဆောင်ပေးမယ့် အဓိက ရေသောက်မြစ်က Networking ဖြစ်နေလို့ပါ။
အလုပ်အကိုင်ဈေးကွက်ကြီးကို ရေခဲတောင်ကြီးတစ်ခုလို မြင်ကြည့်မယ်ဆိုရင် LinkedIn ဒါမှမဟုတ် Job Board တွေမှာ မြင်နေရတဲ့ အလုပ်ခေါ်စာတွေက ရေပေါ်မှာ ပေါ်နေတဲ့ အပိုင်းအစလေးပါ။ ရေအောက်မှာ မြုပ်နေတဲ့ "Hidden Job Market" ဆိုတာက ပိုကြီးမားပါတယ်။
ကုမ္ပဏီ တော်တော်များများဟာ အလုပ်ခေါ်စာကို Public မတင်ခင်မှာပဲ သူတို့ ယုံကြည်ရတဲ့ Network ထဲကနေတစ်ဆင့် လူရှာတတ်ကြပါတယ်။ ဒီလို အခွင့်အလမ်းတွေကို လက်လှမ်းမှီဖို့ဆိုရင် ကိုယ်က Community ထဲမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ကို ဘယ်သူကမှ မသိဘူးဆိုရင် ကိုယ် ဘယ်လောက်တော်တော် ဒီလို အခွင့်အလမ်းတွေ ရမှာ မဟုတ်ပါဘူး။
နောက်ထပ် အားသာချက်တစ်ခုကတော့ Referrals ပါပဲ။ Resume အစောင်ပေါင်း ထောင်ချီကြားထဲမှာ ကိုယ့်ရဲ့ CV လေး အပေါ်ဆုံးရောက်သွားဖို့ဆိုတာ Referral ရဖူးသူတွေအတွက်တော့ သိပ်မခက်ခဲပါဘူး။ "ကိုယ်က ဘာတွေလုပ်နိုင်လဲ" ဆိုတာကို တစ်ဖက်က ယုံကြည်ရတဲ့သူတစ်ယောက်က ထောက်ခံပေးလိုက်တဲ့အခါ HR တွေရဲ့ အမြင်မှာ ကိုယ်က Stranger တစ်ယောက် မဟုတ်တော့ပါဘူး။
ဒါဟာ မျက်နှာသာပေးတာထက် ယုံကြည်မှုကို အချိန်တိုအတွင်း တည်ဆောက်လိုက်တာပါ။ ဒါကြောင့် Networking ကောင်းတဲ့သူတွေဟာ အင်တာဗျူး Stage ကို ရောက်ဖို့ တခြားသူတွေထက် လမ်းကြောင်း ပိုတိုသွားလေ့ရှိပါတယ်။
ဒါဆိုရင် Networking ကို ဘယ်လိုစမလဲ ❓
အကောင်းဆုံးကတော့ Tech Community တွေထဲမှာ တက်တက်ကြွကြွ ပါဝင်တာပါပဲ။ Facebook Group တွေ၊ Telegram Channel တွေအပြင် အပြင်မှာလုပ်တဲ့ Tech Meetups တွေ၊ Hackathons တွေက Networking လုပ်ဖို့ အကောင်းဆုံး နေရာတွေပါ။
ဒီနေရာတွေမှာ အလုပ်အကြောင်းတွေချည်း ပြောဖို့ထက် Knowledge Sharing လုပ်တာ၊ တခြားသူတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးတာမျိုးကနေတစ်ဆင့် ရေရှည်ခိုင်မြဲတဲ့ Connection တွေကို တည်ဆောက်နိုင်ပါတယ်။
ကိုယ့်ရဲ့ Portfolio ကိုပဲ ပြနေမယ့်အစား ကိုယ်ဟာ တခြားသူတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်တတ်လဲ၊ ဘယ်လို ပြဿနာတွေကို ဖြေရှင်းပေးနိုင်လဲဆိုတဲ့ Professional Identity ကို Community ထဲမှာ ချပြပါ။
ကိုယ့်ရဲ့ Coding လေ့ကျင့်ချိန်ထဲက ၁၀ ရာခိုင်နှုန်းလောက်ကို လူသစ်တွေနဲ့ မိတ်ဖွဲ့ဖို့၊ စီနီယာတွေဆီက သင်ယူဖို့နဲ့ Community ထဲမှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ အချိန်ပေးကြည့်ပါ။ နောက်ထပ် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေက ကိုယ်မထင်ထားတဲ့ Network တစ်ခုခုဆီကနေ ရောက်လာပါလိမ့်မယ်။
နယ်ပယ်အသစ်တွေ လေ့လာဖို့နဲ့ အလုပ်တွေလျှောက်ဖို့အတွက် Coursera နဲ့ LinkedIn လိုအပ်တယ်ဆိုရင် Page မှာ လာယူလို့ရပါပြီ။ အသေးစိတ်ကိုတော့ Page ရဲ့ pin post နှစ်ခုမှာ ဖတ်လို့ရပါတယ်။
Disclaimer: This post is shared for educational and informational purposes about LinkedIn features and career development. It does not promote fraud, deceptive services, or unauthorized access to any platform.