Focusing on CDM Students

Focusing on CDM Students This is the school for focusing on the Education of CDM Students.

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်းအကဲဖြတ်စစ်ဆေးခြင်းအတွက် ရူပဗေဒဘာသာရပ်လမ်းညွှန်န...
22/09/2022

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်းအကဲဖြတ်စစ်ဆေးခြင်းအတွက် ရူပဗေဒဘာသာရပ်လမ်းညွှန်နှင့် မေးခွန်းပုံစံနမူနာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်းအကဲဖြတ်စစ်ဆေးခြင်းအတွက် ဓာတုဗေဒဘာသာရပ်လမ်းညွှန်...
22/09/2022

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်းအကဲဖြတ်စစ်ဆေးခြင်းအတွက် ဓာတုဗေဒဘာသာရပ်လမ်းညွှန်နှင့် မေးခွန်းပုံစံနမူနာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်းအကဲဖြတ်စစ်ဆေးခြင်းအတွက် သင်္ချာဘာသာရပ်လမ်းညွှန်...
22/09/2022

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်းအကဲဖြတ်စစ်ဆေးခြင်းအတွက် သင်္ချာဘာသာရပ်လမ်းညွှန်နှင့် မေးခွန်းပုံစံနမူနာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်းအကဲဖြတ်စစ်ဆေးခြင်းအတွက် အင်္ဂလိပ်စာဘာသာရပ်လမ်းည...
11/09/2022

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်းအကဲဖြတ်စစ်ဆေးခြင်းအတွက် အင်္ဂလိပ်စာဘာသာရပ်လမ်းညွှန်နှင့် မေးခွန်းပုံစံနမူနာ

11/09/2022

FoCS High School ၏
တက္ကသိုလ်ဝင်တန်းကို မနက်ဖြန် (၁၂.၉.၂၀၂၂ တနင်္လာနေ့)တွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

“အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များနှင့် နမူနာမေးခွန်းလွှာပုံစံများ အသိပေးထုတ်ပြန်ကြေညာခ...
09/09/2022

“အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များနှင့် နမူနာမေးခွန်းလွှာပုံစံများ အသိပေးထုတ်ပြန်ကြေညာခြင်း”

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ၊ သင်ကြားပေးမည့် ဆရာ/ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် မေးခွန်းလွှာဆိုင်ရာ အချက်အလက်များနှင့် နမူနာ မေးခွန်းလွှာပုံစံများကို ကြိုတင်လေ့လာနိုင်ရန်အတွက် (၉-၉-၂၀၂၂) ရက်နေ့မှစတင်၍ ဘာသာရပ် အလိုက် နေ့စဉ်ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါသည်။

မကြာမီကာလအတွင်း Online System (သို့မဟုတ်) အင်တာနက်မရသောဒေသများတွင်ပါ Offline ဖြေဆိုနိုင်ကြရန်အတွက် ဖြေဆိုရမည့်နည်းလမ်းများကိုလည်း သရုပ်ပြဗီဒီယိုများဖြင့် ထပ်မံ အသိပေး ကြေညာပေးသွားမည် ဖြစ်ပါသည်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ Website ၊ တရားဝင်လူမှုကွန်ယက် စာမျက်နှာများ၊ Channels များ၊ သတင်းမီဒီယာများအပြင် ကြားကာလအခြေခံပညာရေးအဖွဲ့ အစည်းများထံသို့ အချိန်မီ စဉ်ဆက်မပြတ်ပေးပို့ အသိပေးကြေညာပေးသွားမည် ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

09/09/2022

FoCS High Schoolမှ ဖွင့်လှစ်မည့် တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း) သင်တန်း တက်ရောက်ခွင့်ရရှိကြောင်း အကြောင်းကြားလွှာပေးပို့ပြီးဖြစ်ကြောင်း အသိပေးခြင်း
--------------------------------------------------------------------------
FoCS High Schoolမှ ဖွင့်လှစ်မည့် တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း)သင်တန်း တက်ရောက်ခွင့်ရရှိကြောင်းကို အီးမေးလ်မှတဆင့် အကြောင်းကြားပြီးဖြစ်ပါသည်။ အချို့ရွေးချယ်ခံထားရသော ကျောင်းသား/သူများသည် အီးမေးလ်လိပ်စာမှားယွင်းခြင်းနှင့် Telegramအကောင့်ရှာမတွေ့ခြင်းတို့ကြောင့် အကြောင်းကြားစာပေးပို့နိုင်ခြင်းမရှိပါ။ အဆိုပါ အီးမေးလ်လက်ခံရရှိခြင်းမရှိသော ကျောင်းလျှောက်လွှာတင်ထားသည့် ကျောင်းသား/သူများအနေဖြင့် မိမိရွေးချယ်ထားရခြင်းရှိ/မရှိ Page Messengerမှတဆင့် ယနေ့ ည၁၁:၅၉ နာရီထိ နောက်ဆုံးထားဆက်သွယ်အကြောင်းကြားပေးရန်လိုအပ်ပါသည်။

အီးမေးလ်ရရှိသူများအနေဖြင့် မိမိစာရင်းသွင်းထားသောအမည်ဖြင့်သာ Zoomကို အချိန်မှန် joinပေးပါရန် အမည်မတူပါက လက်ခံပေးသွားမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

သတိပြုရန်။ အီးမေးလ်ကို screenshot ရိုက်တင်ခြင်း၊ တစ်ဦးနှင့်တစ်ဦးမျှဝေခြင်း မပြုလုပ်ရန်။

အသေးစိတ်သိရှိလိုပါက Page Messengerကတဆင့် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

ကျောင်းသားဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်းကာလ ထပ်မံတိုးမြှင့်-------------------------------------------------------------...
02/09/2022

ကျောင်းသားဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်းကာလ ထပ်မံတိုးမြှင့်
---------------------------------------------------------------------------------
FoCSမှ ဖွင့်လှစ်သင်ကြားမည့် စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းအတွက် ကျောင်းသားခေါ်ယူခြင်းကာလကို ၅ရက်တိတိထပ်မံတိုးမြှင့်လိုက်ပါသည်။

ကျောင်းအပ်နှံရန် အသေးစိတ်ဖတ်ရှုလိုပါက-

https://m.facebook.com/story.php?story_fbid=102719222575621&id=101628629351347

ကျောင်းဝင်ခွင့်လျှောက်လွှာကို ဖော်ပြပါ Link https://forms.gle/sB3CLPhBuhb6Vwoj7 မှတဆင့်ဖြည့်သွင်းနိုင်ပါသည်။

တိုးမြှင့်လိုက်သော လျှောက်လွှာပိတ်ချိန်မှာ စက်တင်ဘာလ ၇ ရက်၊ ၂၀၂၂ခုနှစ် (ဗုဒ္ဓဟူးနေ့)ည ၁၁:၅၉ ဖြစ်ပါသည်။

မှတ်ချက်။ FoCS၏ တရားဝင် Facebook စာမျက်နှာတွင်တင်ထားသော လျှောက်လွှာသည်သာ အစစ်အမှန်ဖြစ်ကြောင်းနှင့် လုံခြုံရေးအရ နေရပ်လိပ်စာအပြည့်အစုံနှင့် မှတ်ပုံတင်နံပါတ်တို့ကို မည်သည့်အကြောင်းပြချက်နှင့်မျှ မေးမြန်းထားခြင်းမရှိကြောင်း တစ်ပါတည်း အသိပေးအပ်ပါသည်။


ဒီနေ့မှာတော့ ကျွန်တော်တို့ FoCS ပညာရေးအဖွဲ့အစည်းအကြောင်းကို မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အကြောင်းအရာအသေးစိတ်ကို ပုံတစ်ပ...
30/08/2022

ဒီနေ့မှာတော့ ကျွန်တော်တို့ FoCS ပညာရေးအဖွဲ့အစည်းအကြောင်းကို မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အကြောင်းအရာအသေးစိတ်ကို ပုံတစ်ပုံချင်းစီရဲ့အောက်မှာဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ကျောင်းသားဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်းမြန်မာနိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားချိန်မှစ၍ ပညာရေးရပ်နားခဲ့ရပြီး ၂၀၂၁ စစ်အာဏာသ...
27/08/2022

ကျောင်းသားဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

မြန်မာနိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားချိန်မှစ၍ ပညာရေးရပ်နားခဲ့ရပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း CDM ပြုလုပ်ထားသော အခြေခံပညာကျောင်းသားများအတွက် ကျောင်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။

လျှောက်ထားနိုင်မည့်သူများ
(၁) ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade 11 (သင်ရိုးဟောင်း)တက်ရောက်နေသော ကျောင်းသား/သူများ
(၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလနှင့် သြဂုတ်လတို့တွင် စစ်ဆေးမည့် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ဖြေဆိုမည့်ကျောင်းသား/သူများ

သတိပြုရန်။ CDM ပြုလုပ်ထားသော အခြေခံပညာကျောင်းသားဖြစ်ရမည်။

ကျောင်းဝင်ခွင့်လျှောက်လွှာကို ဖော်ပြပါ Link https://forms.gle/sB3CLPhBuhb6Vwoj7 မှတဆင့်ဖြည့်သွင်းနိုင်ပါသည်။

လျှောက်လွှာပိတ်ရက်မှာ စက်တင်ဘာလ ၂ ရက်၊ ၂၀၂၂ခုနှစ် (သောကြာနေ့) ဖြစ်ပါသည်။

မှတ်ချက်။ FoCS၏ တရားဝင် Facebook စာမျက်နှာတွင်တင်ထားသော လျှောက်လွှာသည်သာ အစစ်အမှန်ဖြစ်ကြောင်းနှင့် လုံခြုံရေးအရ နေရပ်လိပ်စာအပြည့်အစုံနှင့် မှတ်ပုံတင်နံပါတ်တို့ကို မည်သည့်အကြောင်းပြချက်နှင့်မျှ မေးမြန်းထားခြင်းမရှိကြောင်း တစ်ပါတည်း အသိပေးအပ်ပါသည်။


FoCS - Focusing on CDM Studentsကြေညာချက်(၂/၂၀၂၂)“FoCS High School (အထက်တန်းကျောင်း)‌ဖွဲ့စည်းတည်ထောင်ခြင်း” မြန်မာနိုင်ငံ...
27/08/2022

FoCS - Focusing on CDM Students
ကြေညာချက်(၂/၂၀၂၂)
“FoCS High School (အထက်တန်းကျောင်း)‌ဖွဲ့စည်းတည်ထောင်ခြင်း”

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြောင့် ပညာသင်ကြား/သင်ယူရေးလုပ်ငန်းစဉ်များမှာ ရပ်တန့်သွားခဲ့ရပြီး ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် လွတ်လပ်စွာပညာသင်ယူရေး လုပ်ငန်းစဉ် များမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ အကွက်ကျကျ စစ်ကျွန် ပညာရေးစနစ်ကို အဆုံးတိုင်တိုက်ဖျက်ရန်၊ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်သစ် အုတ်မြစ်ချ တည်ဆောက်နိုင်ရန်နှင့် တော်လှန်ရေးကာလအတွင်း အခြေခံပညာအထက်တန်းကျောင်းသားများ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်စေရန် ယနေ့မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်း လဆန်း ၂ ရက် (ခရစ်သက္ကရာဇ် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၇ရက်)တွင် FoCS High Schoolကို ဖွဲ့စည်းတည်ထောင်လိုက်သည်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့
FoCS - Focusing on CDM Students

FoCS - Focusing on CDM Studentsကြေညာချက်(၁/၂၀၂၂)“ပညာရေးအဖွဲ့အစည်းဖွဲ့စည်းတည်ထောင်ခြင်း” မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ...
27/08/2022

FoCS - Focusing on CDM Students
ကြေညာချက်(၁/၂၀၂၂)
“ပညာရေးအဖွဲ့အစည်းဖွဲ့စည်းတည်ထောင်ခြင်း”

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြောင့် ပညာသင်ကြား/သင်ယူရေးလုပ်ငန်းစဉ်များမှာ ရပ်တန့်သွားခဲ့ရပြီး ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် လွတ်လပ်စွာပညာသင်ယူရေး လုပ်ငန်းစဉ် များမှာ ပိုမိုဆိုးရွားလာခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပညာရေးစနစ်ကို အကွက်ကျကျ ဖျက်ဆီးနေသည်မှာ အရည်အသွေးမမီ ရက်သတ္တပတ် ၆ ပတ် ပညာသင်နှစ်ဝက်က သက်သေပြ လျက်ရှိပါသည်။
ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ အကွက်ကျကျစစ်ကျွန်ပညာရေးစနစ်ကို အဆုံးတိုင် တိုက်ဖျက်ရန်၊ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်သစ်အုတ်မြစ်ချတည်ဆောက်နိုင်ရန်၊ ပညာ သင်ကြား/ သင်ယူရေးလုပ်ငန်းစဉ်များ အဆက်မပြတ်သွားစေရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကြားကာလပညာသင်ကြားရေးလုပ်ငန်းစဉ်များကို အထောက်အကူပြု စေရန် ယနေ့မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် (ခရစ်သက္ကရာဇ် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၇ရက်)နေ့တွင် FoCS - Focusing on CDM Students အမည်ရှိ ပညာရေးအဖွဲ့အစည်း ကို ဖွဲ့စည်းတည်ထောင်ပြီးကြောင်း ကြေညာလိုက်သည်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့
FoCS - Focusing on CDM Students

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Focusing on CDM Students posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Focusing on CDM Students:

Shortcuts

Share

Category