05/06/2023
IELTS စာမေးပွဲမှာ Band 7 (7နှင့်အထက်)တော့ရချင်တယ်။ ဒါပေမယ့် အချိန်သိပ်မပေးနိုင်ဘူး။ ကာလတို တစ်လပြတ်နဲ့ Band 7 ရနိုင်ဖို့ဖြစ်နိုင်လား?
ဖြစ်နိုင်ပါတယ်။ အဓိကကတော့ practice များများလုပ်ဖို့နဲ့ လေ့ကျင့်တဲ့အခါမပျင်းရိဖို့ပါပဲ။ အလုပ်တစ်ဖက်နဲ့ ကျောင်းတစ်ဖက်နဲ့ IELTS လေ့လာနေတဲ့သူတော်တော်များများ လအနည်းငယ်ပဲအချိန်ယူပြီး IELTS စာမေးပွဲကိုဖြေတတ်ကြပါတယ်။ ဒါပေမယ့် Band 7 (7နှင့်အထက်) ရမရကတော့ ကိုယ့်ရဲ့အင်္ဂလိပ်စာလေ့လာထားမှုနောက်ခံနဲ့ ကြိုးစားအားထုတ်မှုအတိုင်းအတာပေါ်မှာမူတည်တာပါ။
ညီမလေး Mhwe Kyan ကတော့ admin တို့ Dream Bird ရဲ့ဂုဏ်အယူရဆုံး High Score Achievers တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ IELTS စာမေးပွဲကို အချိန်တစ်လပဲပြင်ဆင်ချိန်ပေးပြီး ဖြေဆိုသွားသူလေးပါ။ အတန်းတက်နေတဲ့ကာလအတွင်းမှာလည်း Practice လုပ်ဖို့ကို မပျင်းမရိဘဲ တက်တက်ကြွကြွ အားတက်သရောလုပ်ခဲ့သူလေးပါ။ Speaking sessions တွေမှာဆိုရင်လည်း Interactive တအားဖြစ်ပြီး Conversations တိုင်းကိုလည်း အရင် initiate လုပ်တတ်လေ့ရှိပါတယ်။ ညီမလေး Mhwe Kyanရဲ့ Speakingနဲ့ပတ်သက်ပြီး အကောင်းဆုံးအချက်တစ်ခုကတော့ “Not being afraid of speaking up” ပါ။ မေးခွန်းဖြေဆိုတဲ့အခါမှာလည်း choice of words လှလှလေးတွေသုံးပြီး ပေးချင်တဲ့ message (idea) ကိုကွက်ကွက်ကွင်းကွင်းဖော်ပြနိုင်ပါတယ်။
အတန်းစစတက်တုန်းက listening နဲ့ reading ပိုင်းမှာအားနည်းမှုလေးတွေရှိပေမယ့်လည်း နောက်ပိုင်းမှာ mock test တွေများများဖြေရင်း အမှတ်ကောင်းလာတာကို တွေ့ရပါတယ်။ အတန်းချိန်မှာတင် မဟုတ်ပဲအိမ်မှာလည်း သတင်းနားထောင်တဲ့အခါမှာ အင်္ဂလိပ်လိုပဲ နားထောင်တတ်တယ်လို့ဆိုပါတယ်။
အချိန်သာနည်းနည်းပိုပေးနိုင်ရင် Band 7 အထက်ရဖို့သေချာတဲ့ ကျောင်းသူလေးပါ။ အဓိကကတော့ အချိန်သိပ်မပေးနိုင်တဲ့အတွက် Test Format ကျေအောင် Mock Test များများမဖြေလိုက်နိုင်တာပါ။ သို့သော်လည်း တစ်လပြတ်နဲ့ Band 7 ရအောင်ဖြေဆိုသွားနိုင်တဲ့ ညီမလေးကို Dream Bird ကအရမ်းဂုဏ်ယူပါတယ်။
အခုတော့ ညီမလေး Mhwe Kyan က ဂျပန်နိုင်ငံမှာ partial scholarship နဲ့ပညာတော်သင်သွားနေပါပြီ။
Congratulations on this great achievement, Mhwe Kyan! May you keep reaching more milestones in your life ahead.
-------------------------------------------------------------------------------------------------
သင်တန်းစုံစမ်းချင်သူများအတွက် Dream Bird Home Page မှာပေးထားတဲ့ ဖုန်းနံပါတ် (သို့) chatbox ကနေတစ်ဆင့်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
🏠လိပ်စာ
အမှတ် (၁၁၉)၊ ၃လွှာ၊ (၅၁) လမ်း၊ ပုစွန်တောင်မြို့နယ်၊ ရန်ကုန်။