Brighter Future Myanmar

Brighter Future Myanmar

Share

Language training : Consultation Agency : Travel Angency Brighter Future Myanmar is registered company based in Espoo, Finland.

We created Brighter Future for your education, Jobs and other various opportunities in Finland.

08/03/2026

Application deadline 20.03.2026

📢 အများစောင့်မျှော်နေကြသော Finnish Language Basic Course (A1 Level) ကို ဖွင့်လှစ်လိုက်ပါပြီ။
❗️မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင် နေထိုင်နေသော မြန်မာများအတွက် Online ဖြင့် သင်ကြားပေးမည်ဖြစ်ပါသည်။
❗️ဖင်လန်နိုင်ငံတွင် နေထိုင်နေသူများအတွက် သီးသန့်သင်တန်းကိုလည်း မကြာမီ ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။

📚 Finnish Language Basic Course (A1 Level)
ဤသင်တန်းတွင် Finnish language အခြေခံများကို စနစ်တကျ သင်ကြားပေးမည်ဖြစ်ပြီး Beginner များအတွက် အထူးသင့်တော်ပါသည်။
သင်တန်းအစီအစဉ်

📅 သင်တန်းကာလ
30.03.2026 – 29.06.2026 (၃ လ)

🕒 သင်တန်းအချိန်
တနင်္လာနေ့ – မြန်မာစံတော်ချိန် ည 7:00 – 9:00
ဗုဒ္ဓဟူးနေ့ – မြန်မာစံတော်ချိန် ည 7:00 – 9:00

📖 သင်ကြားပုံ
တစ်ပတ် ၂ ရက်
တစ်ရက် ၂ နာရီ

📚 သင်ကြားချိန်စုစုပေါင်း
တစ်လလျှင် ၁၆ နာရီ + အိမ်စာနှင့် လေ့ကျင့်ခန်းများ

💶 သင်တန်းကြေး
300€

Application Deadline: 20.03.2026
Payment deadline : 27.03.2026

🎓 ထူးခြားချက်
သင်တန်းပြီးဆုံးပြီးနောက် ဖင်လန်နိုင်ငံရှိ ကျောင်းများသို့ လျှောက်ထားလိုသူများအတွက် စျေးနှုန်းသက်သာပြီး အဆင်ပြေစေရန် လမ်းညွှန်ကူညီပေးသွားမည်ဖြစ်ပါသည်။

📝 စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့်

Registration Form ကို ဖြည့်သွင်းနိုင်ပါသည်။

👇👇👇👇👇👇👇👇👇👇👇

https://forms.gle/xftGi9wuwGLCAcD97



Photos from Brighter Future Myanmar's post 01/11/2025

💥 18 Finland resident permits. Approved. In one day! 🇫🇮

Finland immigration ရဲ့ တင်းကျပ်လာတဲ့ immigration policy တွေကြားထဲမှာမှ ဆက်တိုက်ကို ရရှိနေတဲ့ resident permits လေးတွေ 🥳

ဒီရက်ပိုင်းအတွင်း resident permit ရရှိသွားတဲ့ မင်မင်တို့ကျောင်းသားလေးတွေ အတွက် ဝမ်း‌သာပျော်ရွှင်ရပါတယ်ရှင့်။

နောက်ထပ်လဲ အများကြီး ရရှိကြပါစေရှင့်။

Even tougher rules, our students still soar in success. We don’t rely on luck - we rely on strategy, updated knowledge, and dedication.
If they can do it, so can you. ✨

24/06/2025

မင်မင်တို့ Brighter Future Way ရဲ့ official portfolio ကို NeuraOne ရဲ့ ဖန်တီးမှုနဲ့ အတူ မကြာတော့တဲ့ အချိန်အတွင်းမှာ တွေ့မြင်ရတော့မှာပါနော်။

လိုချင်တဲ့ ပုံစံ၊ design တွေအစက သေချာလေး စိတ်ရှည်ပြီး စိတ်တိုင်းကျတဲ့အထိ ပုံဖော်ပေးတဲ့ service အပြည့်နဲ့မို့ တစ်ခြားသော လိုအပ်တဲ့သူတွေ အတွက် recommend ပေးပါတယ်ရှင့်။

Brighter Future Way ရဲ့ fresh and modern portfolio အတွက် ready ပဲလား?

New Collaboration Alert:
NeuraOne x Brighter Future Myanmar

We’re building something new.
A website for Brighter Future Myanmar that brings fresh and modern Web design that reflects their collaborative energy.
At NeuraOne, we don’t just build websites — we empower brands to show up stronger, faster, and more confidently in the digital world.
Now accepting only 2 more clients at our special 999,000 MMK package.
DM us — let’s create something BIG together.



New Collaboration Alert: NeuraOne x Brighter Future Myanmar
ပထမဦးစွာ Brighter Future Way မှ ကျွန်တော်တို့ NeuraOne အား Company Portfolio Website တစ်ခု ဖန်တီးပေးဖို့ လာရောက်ဆက်သွယ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
အခုလိုမျိုး မြန်မာနိုင်ငံမှ ကျောင်းသားများအား ပိုမိုကောင်းမွန်သော opportunity များကို ဖန်တီးပေးနေသော Brighter Future Way နဲ့ လက်တွဲဆောင်ရွက်ရတဲ့ အတွက် NeuraOne မှ အထူးဂုဏ်ယူမိပါတယ်ခင်ဗျာ။

💥 Promo Alert:
Brighter Future Way လိုမျိုးပဲ သင်လည်း သင့်ရဲ့ Company အတွက် Portfolio Website တစ်ခုကို Promotion စျေးနှုန်း - 999,000 ကျပ်တည်းနဲ့(လူဦးရေအကန့်အသတ်)ဖြင့်သာ ရရှိနိုင်မှာဖြစ်ပါတယ်။

Finland to tighten rules for permanent residence permits 06/06/2025

"Permanent Residence in Finland"

ဖင်လန်နိုင်ငံခြား‌ရေး ဝန်ကြီးဌာနက မနေ့ကပဲ Permanent Residence နဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ထုတ်ပြန်လိုက်ပါတယ်။
အရင်နဲ့ မတူတော့ဘဲ ပြောင်းလဲတင်းကျပ်လိုက်တဲ့ အချက်လေးတွေကို ဒီ post လေးမှာ sharing လုပ်ပေးပါမယ်နော်။

8.1.2026 ကနေ စပြီး နိုင်ငံတွင်းမှာ 6 years နေပြီးမှပဲ permanent residence လျှောက်ခွင့် ရှိပါမယ်။ (အရင်လို four years မဟုတ်တော့ပါဘူး)
Citizensship ကတော့ 8 years နေပြီးမှပဲ လျှောက်လို့ရပါမယ်။

Permanent Residence ကို 4 years ပဲ နေပြီး လျှောက်ချင်တယ်ဆိုရင် အောက်က အချက်တွေထဲက အနည်းဆုံး တစ်ချက် ပြည့်စုံတယ်ဆို လျှောက်လို့ရပါတယ်။

👉 တစ်နှစ်ဝင်ငွေ အနည်းဆုံး 40,000 Euros ရှိရပါမယ်။ ဘာသာစကား အနည်းဆုံး pre intermediate level ရှိဖို့ လိုအပ်ပြီး နိုင်ငံတွင်း working experience 1 year ရှိရပါမယ်။

👉 ဖင်လန်နိုင်ငံက အသိအမှတ်ပြုတဲ့ master degree or postgraduate degree တစ်ခုခု ရှိထားပြီး နိုင်ငံတွင်း working experience 2 years ရှိရပါမယ်။ ဘာသာစကား အနည်းဆုံး pre intermediate level ရှိရပါမယ်။

👉 ဖင်လန်ဘာသာစကား or ဆွီဒင် ဘာသာစကားကို intermediate level လောက်ထိ တတ်ထားဖို့ လိုအပ်ပြီး နိုင်ငံတွင်း working experience 3 years ရှိရပါမယ်။

1. A minimum annual income of 40,000 euros

2. Hold a master's or postgraduate degree recognised in Finland and have worked in the country for two years

3. Have a "high proficiency" in Finnish or Swedish and three years of work experience

ဖင်လန်နိုင်ငံနဲ့ ပတ်သက်တဲ့ အရေးကြီးသတင်းတွေကို မင်မင်တို့ sharing လုပ်ပေးသွားပါမယ်။

Vocational programs တွေလဲ ပုံမှန် လက်ခံပေးနေတာမို့ အပ်ချင်တာပဲဖြစ်ဖြစ်၊ စုံစမ်းချင်တာပဲဖြစ်ဖြစ် chat box or ရုံးကို appointment ယူပြီး ကိုယ်တိုင် လာရောက် စုံစမ်းလို့ ရပါတယ်ရှင့်။

Office hours
Monday to Friday
9:00 am to 5:00 pm

Finland to tighten rules for permanent residence permits The government said that it expects that the law changes will enter into force on 8 January 2026.

Finland to enforce controversial three-month unemployment rule from June 2025 24/05/2025

ဖင်လန်နိုင်ငံရဲ့ စီးပွားရေးနဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ သတင်းက ဘယ်သူတွေကို အဓိက သက်ရောက်မှု ရှိမလဲ?

11.06.2025 ကစပြီး ဖင်လန်တွင် နေထိုင်ခွင့်ရရှိထားသည့် နိုင်ငံခြားသားများအနက် အလုပ်ဆုံးရှုံးသွားသောသူများသည် သုံးလ (သို့မဟုတ်) ခြောက်လ အတွင်း အလုပ်အသစ် ဒါမှမဟုတ် ဖင်လန်နိုင်ငံ အတွင်း နေထိုင်ရန် တစ်ခြား အ‌ကြောင်းအရင်း မရှိပါက resident permit ဖျက်သိမ်းခံရနိုင်ပါတယ်။

Work based Resident permit ကို နှစ်နှစ်အထက် ကိုင်ဆောင်ထားသူလို့ ပါရှိတာမို့ ကျောင်းသွားတက်မဲ့သူ or ကျောင်းလတ်တလောပြီးထားတဲ့ သူတွေအတွက်ကတော့ အလုပ်လျှောက် ကျောင်းရှာဖို့ အတွက် ပုံမှန်အတိုင်းပဲ နှစ်နှစ်ထပ်မံတိုးခွင့် ရရှိနိုင်ပါသေးတယ်။

သတင်းအပြည့်အစုံကို ဒီ link မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Finland to enforce controversial three-month unemployment rule from June 2025 Starting this summer, foreign residents in Finland could face deportation if they lose their jobs and fail to find new employment within three or six months, depending on their permit type.

For summer job seekers 07/05/2025

Finland ရဲ့ နွေရာသီ မှာ ဘယ်လို အလုပ်တွေ လုပ်လို့ရလဲ?

မကြာခင် နွေရာသီ ရောက်ရှိတော့ မှာဖြစ်သလို ကျောင်းတွေလဲ ပိတ်တော့မှာမို့ ကျောင်းပိတ်ရက်တွေမှာ အလုပ်လုပ်ချင်ကြတဲ့ကျောင်းသူကျောင်းသားတွေအတွက် Summer Jobs တွေ အကြောင်း ဒီနေ့ မင်မင်က ပြောပြပေးသွားမှာပါရှင်။

ဖင်လန်နွေရာသီ က June အစောပိုင်းကနေ August အထိ ကြာတတ်ပြီး မြောက်ဝင်ရိုးစွန်း နဲ့ နီးတဲ့အတွက် နေထွက်ချိန်ကလဲ ပုံမှန် ထက် နောက်ကျတတ်ပါတယ်။

Vocational ကျောင်းတွေ ရဲ့ နွေရာသီ အားလပ်ရက်ရှည်ကာလ ပိတ်ရက်က‌တော့ May နောက်ဆုံးအပတ်ကနေ စလို့ August အစ လောက်ထိ ရှိတတ်ပါတယ်။

နွေရာသီမှာအလုပ်လုပ်ဖို့ကိုလဲ Part time မဟုတ်ဘဲ unlimited ခွင့်ပြု ပေးထားတဲ့အတွက် အလုပ် experience ယူချင်တဲ့ သူတွေရော မုန့်ဖိုးရှာချင်တဲ့ သူတွေအတွက်ပါအလုပ်လုပ်ဖို့ အချိန်ကောင်းလေးဖြစ်ပါတယ်။

Summer Jobs ကို Secondary school, high school, vocational, university students တွေ အကုန်လုပ်လို့ရပါတယ်။ အချို့ အလုပ်တွေမှာ ၁၆နှစ်ကနေ စလုပ်လို့ရပြီး အများအားဖြင့် ၁၈နှစ်အထက် တွေကိုခွင့်ပြုတာများပါတယ်။

နွေရာသီအလုပ် အနေနဲ့

Customer service (cashier,waiter,waitress)

Cleaning / Housekeeping

Office assistant / Admin support

Library or museum assistant

Gardening / Park Maintenance

Factory or warehouse worker စတဲ့ အလုပ်တွေ လုပ်လို့ရပြီး ဇွန်လ ကနေ သြဂုတ်လအတွင်း တစ်ပတ်ကို နာရီ ၃၀-၄၀ ထိ လုပ်လို့ရပါတယ်။ အချို့အလုပ်တွေကတော့ part time လဲ ဖြစ်နိုင်ပါတယ်ရှင်။

👉 အလုပ် လျှောက်တဲ့နေရာမှာ အရေးကြီးဆုံးအချက်ကတော့ CV နဲ့ Motivation Letter ကောင်းကောင်း ပြင်ဆင်ထားဖို့လိုပါတယ်။ အလုပ် တွေကိုတော့
မြို့နယ်ဝန်ကြီးဌာန website များ (ဥပမာ-https://nuorten.hel.fi/en/studies-and-work/the-summer-job-voucher/for-summer-job-seekers/
https://www.hel.fi/en/open-jobs/summer-jobs)
Job platforms:TE-palvelut , Mol.fi ,Duunitori.fi တွေနဲ့ company website တွေ မှာ တိုက်ရိုက်လျှောက် ကြည့်လို့ရပါတယ်နော်။

Seasonal Job တစ်ခု ဖြစ်တဲ့ Berry Picking Job ကလဲ လူသိများတဲ့ Summer Job တစ်ခုပါ။ Finland မှာရှိတဲ့ လူတွေအပြင် အခြားနိုင်ငံသားတွေပါ Seasonal Work Visa နဲ့ အသီးခူးရာသီအတွင်းမှာလာလုပ်လို့ရတဲ့ အလုပ်လဲဖြစ်ပါတယ်။

Finland မှာက
1. Strawberries
2. Blueberries
3. Lingonberries
4. Cloudberries ဆိုပြီး အဓိက ဘယ်ရီ (၄)မျိုးရှိပြီး စီးပွားဖြစ်လဲစိုက်သလို သဘာဝအလျောက် ပေါက်ရောက်နေတာတွေလဲရှိပါတယ်။ Berry Picking Job မှာလဲ ကိုယ်တိုင် သဘာဝ သစ်တောထဲ ဝင်ပြီး ရှာဖွေ ခူးရတာနဲ့ အလုပ်ရှင်တွေခေါ် တဲ့ စိုက်ခင်းတွေမှာခူးတာဆိုပြီး (၂)မျိုးခွဲလို့ရပါတယ်။

ကိုယ်တိုင်သစ်တော ထဲ ဝင်ပြီးခူးတာမျိုးက အခက်အခဲ အနည်းငယ်ရှိနိုင်ပေမဲ့ လဲ ခူးလို့ရတဲ့ အသီးအလေးချိန်အလိုက် ဝင်ငွေရရှိမှာပါ။

စိုက်ခင်းတွေမှာကတော့ အသီးခူးဖို့ ၊ သန့်စင်ထုပ်ပိုးဖို့ နဲ့ လုပ်ငန်းသုံး စက်ယန္တရား မောင်းနှင်ဖို့ ‌အတွက်အလုပ်ခေါ် တာများပြီး ခူးလို့ရတဲ့ အသီးအလေးချိန်အလိုက်ဖြစ်စေ အလုပ်လုပ်တဲ့ နေ့အလိုက်ဖြစ်စေ လုပ်ခပေးတာဖြစ်ပါတယ်။

အသီးခူးတဲ့ အလုပ်ခေါ် စာတွေ ကိုလဲ အပေါ်မှာ ပြောပြခဲ့တဲ့ website တွေမှာ Keywords ;Marjanpoiminta , Marjanpoiminta työ လို့ရိုက်ပြီး ရှာကြည့်လို့ရပါတယ်နော်။

အားလပ်ရက်နွေရာသီမှာ အပန်းဖြေရင်း experience လဲ ရ မုန့်ဖိုးတွေ လဲ ရှာဖွေနိုင်ကြဖို့ ရည်ရွယ်ရင်း Summer Jobs အကြောင်းလေးတွေ ဝေမျှပေးလိုက်ရပါတယ်နော်။

Office opening hours 9:00AM to 5:00PM
(Monday to Friday)
Finland Head Office: Lintuvaarantie 1Lh4, 02650 Espoo, Finland.
☎️ +358 40 6793871
Thai Branch : 695 หมู่ 2 ตำบลพระธาตุผาแดง อำเภอแม่สอด จังหวัดตาก 63110. ☎️+66937870362
Myanmar Branch : No.72, Room 301, Eiksarthara Street, Thumingalar Ward, Thingangyun Tsp, Yangon, Myanmar.
☎️+959255587872
+959255587873 (Admin)


For summer job seekers The summer job voucher helps you find a summer job: last year, common job titles included those of a summer camp instructor, shelf stacker, restaurant helper, garden worker, childminder…

30/04/2025

Oppisopimus ရသွားတဲ့ မင်မင်တို့ ကျောင်းသားလေးတွေ အကြောင်းပြောပြပေးသွားပြီးပြီး ဆိုတော့ ဒီတစ်ခေါက်မှာတော့ Oppisopimus အကြောင်းလေး ရှင်းပြပေးသွားပါမယ်ရှင် 🥳

Oppisopimus (Apprenticeship training) ဆိုတာကတော့ ကျောင်းတက်ရင်းအလုပ်လုပ် လို့ရတဲ့ (အလုပ်သင်သဘောတူသင်ကြားမှု) လိုပုံစံမျိုးပါရှင်။ ကျောင်းမှာထက် အလုပ်ခွင်မှာပဲ လက်တွေ့ လေ့လာ သင်ကြားရတဲ့ အပြင် အလုပ်သင်လစာ ပါ ရရှိမှာမို့ ကျောင်းသားတွေ အတွက် အဆင်ပြေတဲ့ program တစ်ခုပါနော်။

အလုပ်ခွင်မှာသင်ယူခြင်းက အဓိက ဖြစ်တဲ့အတွက် ပညာရေးရဲ့ ၇၀% - ၈၀% က အလုပ်ခွင်မှာဘဲဖြစ်ပြီး Mentor တစ်ယောက် က လေ့ကျင့်အကဲဖြတ်ပေးမှာဘဲဖြစ်ပါတယ်။ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ သီအိုရီ သင်ခန်းစာတွေကိုတော့ တစ်ပတ်ကို တစ်ရက် ကျောင်းမှာဖြစ်စေ၊ online ကနေ ဖြစ်စေ လေ့လာသင်ကြားရမှာပါ။

သင်တန်းကြာချိန်ကတော့ နယ်ပယ်ပေါ်မူတည်ပြီး ၆ လ - ၃ နှစ် ကြာတတ်ပြီး Certificate (or) Diploma ရဖို့ အတွက် လုပ်ငန်းအတွေ့အကြုံနဲ့ သတ်မှတ်ထားတဲ့ အကဲဖြတ်အမှတ်တွေပြည့်မှသာရရှိမှာဖြစ်ပါတယ်။

‼️အချို့ သင်တန်း တွေမှာတော့ ဘာသာစကား ကျွမ်းကျင်မှု Level ကိုလဲ ကြည့်တဲ့အတွက် ဘာသာစကားလေ့လာတာကိုရပ်မထားကြဖို့လဲ အသိပေးချင်ပါတယ်ရှင်။

Oppisopimus က Health and Social Care နယ်ပယ် အပြင်

-Cleaning and Property Maintenance
-Catering and Hospitality
-Information and Communication Technology - ICT
-Construction and Technology
-Tourism and Travel စတဲ့ နယ်ပယ် တွေမှာပါ လျှောက်လို့ရတဲ့အတွက် Vocational ကျောင်းသားတိုင်း လျှောက်လို့ရတဲ့အခွင့်အရေး ရှိပါတယ်။

Oppisopimus လျှောက်ဖို့ အဓိက လိုအပ်တာကတော့ အလုပ်သင်အဖြစ်ထောက်ခံပေးမယ့် အလုပ်ရှင် နဲ့ ကျောင်းရဲ့ သဘောတူညီချက် ပါရှင်။

အလုပ်ရှင် ရှာဖို့အတွက် ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်း တွေ Company တွေကို တိုက်ရိုက်ဆက်သွယ်တာ၊ဖင်လန်ရဲ့ TE-palvelut (Public employment services)
website- https://tyomarkkinatori.fi/aluesivu ကို အသုံးပြုတာ၊ကိုယ်တက်ရောက် နေတဲ့ကျောင်းနဲ့ အနီးနားက ကျောင်းတွေကနေ ညွှန်ကြားမှု ရယူတာမျိုးတွေ လုပ်လို့ရပါတယ်။

🔰Oppisopimus program လေးက မင်မင်တို့ မှာမရှိပေမဲ့ လဲ Finland ရောက်ပြီး ကျောင်းသားလေးတွေ ကြိုးစားကြည့်လို့ရအောင် ပြောပြပေးတာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးနဲ့ ပတ်သက်လို့ ထပ်ပြီးအသေးစိတ်သိချင်တာဖြစ်စေ၊ သင်တန်းအကြောင်းလေးတွေ စုံစမ်းချင်တာ ဖြစ်စေ page messenger လေးကနေ ဆက်သွယ်လိုက်ပါနော်။

Office opening hours 9:00AM to 5:00PM
(Monday to Friday)
Finland Head Office: Lintuvaarantie 1Lh4, 02650 Espoo, Finland.
☎️ +358 40 6793871
Thai Branch : 695 หมู่ 2 ตำบลพระธาตุผาแดง อำเภอแม่สอด จังหวัดตาก 63110. ☎️+66937870362
Myanmar Branch : No.72, Room 301, Eiksarthara Street, Thumingalar Ward, Thingangyun Tsp, Yangon, Myanmar.
☎️+959255587872
+959255587873 (Admin)


09/04/2025

❗နှစ်သစ်ကူး ရုံးပိတ်ရက် ကြေငြာခြင်း

11/03/2025

လေထုညစ်ညမ်းမှုတွေ များပြားလာတဲ့ ကာလမှာ လေထုအရမ်းသန့်စင်တဲ့နိုင်ငံ ဖြစ်နေသေးတဲ့ Finland နိုင်ငံ 🇫🇮

သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာတာနဲ့ အမျှ လေထုညစ်ညမ်းမှုနှုန်းကလဲ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေပါတယ်။

လေထုသန့်စင်မှုဟာ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အတွက် အလွန်အရေးကြီးတဲ့ အချက် တစ်ခုဖြစ်ပါတယ်။ စစ်တမ်းတွေ အရ လေထုသန့်စင်ဆုံးသော နိုင်ငံများစာရင်းမှာ ဖင်လန်၊ အိုင်စလန်၊ အစ္စရေး၊ နယူးဇီလန်နှင့် ဆွီဒင်တို့က ထိပ်ဆုံးက ရပ်တည်နေကြပါတယ်။

Finland နိုင်ငံမှာဆိုရင် လေထုသန့်စင်မှုကို ထိန်းသိမ်းဖို့ အတွက် နိုင်ငံတွင်း စွမ်းအင်ထုတ်လုပ်မှုတွေမှာ

-လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်အသုံးပြုမှုများတွင် သန့်ရှင်းသော နည်းပညာများကို အသုံးပြုခြင်း၊
-သစ်တောများကို ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်စွာ လိုက်နာခြင်း၊
-စက်မှုလုပ်ငန်းများမှ ထွက်သော ညစ်ညမ်းမှု နည်းခြင်း၊
-မော်တော်ယာဉ်အသုံးပြုမှုကို လျှော့ချပြီးဘတ်စ်ကား၊ ရထား၊ နှင့် စက်ဘီး စသည့် ပို့ဆောင် ဆက်သွယ်‌ရေး စနစ်များ ကို အားထားခြင်းတို့ကြောင့် လေထုသန့်စင်မှု အဆင့်မြင့်မားနေခြင်းဖြစ်ပါတယ်။

🔰Finland ကိုသွားမယ်ဆိုရင်တော့ သန့်ရှင်းတဲ့လေထုနှင့် လှပတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိတွေ့ ခံစားရနိုင်မှာဘဲဖြစ်ပါတယ်။

လေထုထဲမှာရှိတဲ့ PM2.5 (ယာဥ် များ၊ စက်မှုဇုန်များမှ ထွက်သောအမှုန်များ) နဲ့ PM10 (ဖုန်မှုန် ၊သဲမှုန်များ) လို့ ခေါ်တဲ့ အမှုန် ပါဝင်မှုကိုတိုင်းတာပြီး လေထု အခြေအနေကို သတ်မှတ်တာဖြစ်ပြီး ပါဝင်မှု ပမာဏ များလေ လေထုညစ်ညမ်းလေ ဖြစ်ပါတယ်။

လေထုညစ်ညမ်းမှု ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေထဲက အရေးကြီးတဲ့ အချက်ကတော့ ကျန်းမာရေးကိုထိခိုက်စေတာဘဲဖြစ်ပါတယ်။

❗️နေ့စဥ်ရှုသွင်းနေတဲ့ လေက မသန့်စင်တော့တဲ့အခါ မှာ

🔹 အသက်ရှုလမ်းကြောင်း ပြဿနာများ – အသက်ရှုရခက်ခဲခြင်း၊ အဆုတ်ရောင်၊ ပန်းနာရင်ကြပ်၊အဆုတ်ကင်ဆာ
🔹 နှလုံးအဆုတ် ပျက်စီးမှု – သွေးတိုး၊ နှလုံးရောဂါ၊ သွေးကြောပိတ်ခြင်း
🔹 မျက်စိနှင့် အသားအရေ ပြဿနာများ – မျက်စိယားယံခြင်း၊ အသားယားယံခြင်း
🔹 ဦးနှောက်နှင့် အာရုံ‌ကြော ထိခိုက်မှု – မှတ်ဉာဏ်ချို့ယွင်းမှု၊ စိတ်ဖိစီးမှု
🔹 ကိုယ်ဝန်ဆောင်နှင့်ကလေးများအတွက် အန္တရာယ် – မွေးဖွားရခက်ခဲခြင်း ၊ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း
စတဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ပြဿနာ တွေဖြစ်လာနိုင်ပါသေးတယ်။

ကာကွယ်ဖို့အတွက်ကတော့ Mask (N95) အသုံးပြုတာ၊ လေထုညစ်ညမ်းမှု မြင့်မားတဲ့ နေ့ တွေမှာ အပြင်မထွက်ဘဲ အိမ်မှာဘဲ နေတာ၊ အိမ်တွင်းလေဝင်ထွက်ကောင်းအောင်ပြုလုပ်တာ နဲ့ Oxygen များများထုတ်ပေးတဲ့ အပင်တွေ စိုက်ပျိုးတာ တွေ ကို အတတ်နိုင်ဆုံး ပြုလုပ်လို့ရပါတယ်ရှင်။
✨

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


: No. 72, Room 301, Eiksarthara Street, Thumingalar Ward, Thingangyun Tsp
Yangon
11071