Japanese Language For You

Japanese Language For You

Share

Education

22/04/2024

皆さん 久しぶり👋💕
Pageကို အကြာကြီးပစ်ထားပြီး မင်မင်နှစ်ယောက် ဂျပန်ရောက်နေလို့ အလုပ်ရှုပ်နေလို့ပါ
မင်မင်တစ်ယောက်ကတော့ 介護福祉士 ဖြေတာ အောင်သွားပြီမလို့
Japanစာတစ်ခုထဲမဟုတ်ပဲ
Kaigo knowledge တွေလည်း
ရှေ့လျှောက်ပြန်လည်မျှဝေပေးနိုင်ဖို့ ကြိုးစားသွားပါမည်
ကြိုးစားမှုမှတ်တိုင်သေးသေးလေးတစ်ခု 📝

01/03/2023

အားလုံးကို Dနေ့ ဝေမျှပေးချင်တာက ကိန်းဂဏန်းလေးတွေနဲ့ ဂျပန်လို unformal အတိုကောက် အဓိပ္ပါယ်လေးတွေဖြစ်ပါတယ် ။
39 = サンキュー=Thank you (ありがとう)
3150 = 最高 (さいこう)= အရမ်းမိုက်တယ် အရမ်းကောင်းတယ်
4649 = よろしくလို့ အဓိပ္ပါယ်ရပြီး တစ်ခုခုကို textနဲ့ request လုပ်တဲ့နေရာမှာ သုံးလို့ရပါတယ်
1110 = いいひと လူမွန်လူကောင်း
2525 = ニコニコ ပြုံးစေ့စေ့ 😁

ကဲ အခြားသိတဲ့စကားလုံးတွေရှိရင် မန့်ကြမယ်

05/10/2021

皆さん 今晩は❗

Dနေ့ 言葉တစ်လုံးတည်းကိုပဲ မျှ ​ေ၀ချင်ပါတယ်
လုပ်ငန်းခွင်မှာ သိရမယ့်စာလုံးလေးပါ။

訂正(ていせい) correction
意味 ― 誤りを正しく直すこと
いみ ー あやまりを ただしく なおすこと
အမှားကို အမှန်ဖြစ်အောင်ပြင်ခြင်း။

例えば
1. 間違っていたら 訂正して ください.
まちがっていたら ていせいしてください。
မှားနေခဲ့လျှင် မှန်အောင်ပြင်ပါ။

2.御訂正いただければ 幸いです。
ごていせいいただければ さいわいです。
သင့်ဆီက အမှားပြင်ပေးတာလက်ခံရရှိမယ်ဆို my pleasure
My happiness ပါ။

24/09/2021

(ミャンマー語の後に日本語が続きます)
၂၂ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ ၂၀၂၁
 
၂၂ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ( ၁၃) ရက် တွင် အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။ Covid-19 ရောဂါကူးစက်မှုဆက်လက် ဖြစ်ပွားနေချိန်ဖြစ်ပါသောကြောင့်၊ ပြိုင်ပွဲကျင်းပခြင်းနှင့် ပဏာမရွေးချယ်ခြင်းများကို အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပသွားပါမည်။ ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းမှတစ်ဆင့် ZOOM Application အား အသုံးပြု၍ မည်သည့်နေရာမှမဆို လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

၁။ ကျင်းပမည့် နေ့ရက်

ပြိုင်ပွဲကျင်းပမည့်နေ့။ ။၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၃) ရက် (စနေနေ့)
ပြိုင်ပွဲကျင်းမည့်နေရာ။ ။ ZOOM Meeting (အွန်လိုင်း)
(※ပဏာမအဆင့်ကိုအောင်ခဲ့သူများသာ)

၂။ လျှောက်လွှာလျှောက်ထားနိုင်သူ
(၁) အသက် ၁၆ နှစ် မှ ၃၀ နှစ် အတွင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း နေထိုင်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။
(၂) ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမ မဖြစ်ရ။ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများ မပါပါ)
(၃) ယခင်ကျင်းပခဲ့ဖူးသော ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဆုရရှိဖူးထားသူမဖြစ်ရ။
 
၃။ လျှောက်လွှာလက်ခံခြင်း
လျှောက်လွှာများကို အောက်ဖော်ပြပါ Google Form Link တွင် ဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာလက်ခံမည့်ကာလ ။ ။ ၂၀၂၁ခုနှစ် စက်တင်ဘာလ (၂၇)ရက် (တနင်္လာနေ့) မနက် ၉ နာရီ မှ အောက်တိုဘာလ (၁၁)ရက် (တနင်္လာနေ့) ညနေ ၄ နာရီခွဲ အထိ ပေးပို့လျှောက်ထားနိုင်ပါသည်။
(※စက်တင်ဘာလ (၂၇) ရက်မှသာ အောက်ဖော်ပြပါ link ကိုအသုံးပြုနိုင်မည် ဖြစ်သည်။
Application Form for the Japanese Speech Contest 2021
https://docs.google.com/forms/d/e/1FAIpQLSe8QhlBqjHb6cFpqpjRhnH4VT4Wv61S2wGWpyExPf7dK330bg/viewform?usp=sf_link

Application ဖောင်ဖြည့်ရန်အတွက် အောက်ပါတို့ကို ပြင်ဆင်ထားရန်လိုအပ်ပါသည်။
(၁) G-mail account ဖြင့် ဖောင်ဖြည့်ရမည်ဖြစ်သောကြောင့် ကိုယ်ပိုင် G-mail အကောင့်ဖွင့်ထားရမည်။
(၂) ဓာတ်ပုံ (3x4 cm) (File name: မိမိအမည်-1) နှင့် မှတ်ပုံတင်အရှေ့အနောက်ပုံ (File name: မိမိအမည်-2) တို့ကို JPG file ဖြင့် ဖြစ်အောင်ကြိုပြင်ထားရမည်။ ဖိုင်တစ်ခုလျှင် Size 3MB အောက် ဖြင့် ပြင်ဆင်ပေးပါ။
(၃) Speech ၏ အကြောင်းအရာ ကို ဂျပန်ဘာသာ စာလုံးရေ ၁၀၀၀ ခန့် ဖြင့် (Word File) ပြင်ထားရမည်။
(File name: မိမိအမည်-3)
(၄) မိမိယှဥ်ပြိုင်မည့် Speech သည် (3) မိနစ်ထက်မနည်း (4) မိနစ်ထက်မပိုသော အသံဖိုင် (File name: မိမိအမည်-4) ကို (Mp3) ဖြင့် သွင်းထားရမည်။ File size 10MB ဝန်းကျင်ခန့် ပြင်ဆင်ပေးပါ။

၄။ ပဏာမရွေးချယ်ခြင်း
ပဏာမရွေးချယ်မှုတွင် ပြိုင်ပွဲဝင်ပြောကြားမည့် အကြောင်းအရာကို ပြိုင်ပွဲအတိုင်းပြောကြားရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာဖြင့် အမေးအဖြေများ ပြုလုပ်၍ အကဲဖြတ်ရွေးချယ်သွားမည် ဖြစ်ပါသည်။
(※လျှောက်ထားသူများ၏ လျှောက်လွှာ၊ Speech (Word file နှင့် အသံဖိုင်) ကို စီစစ်ပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားသူများသည် ပဏာမရွေးချယ်မှုတွင် ယှဉ်ပြိုင်ခွင့်ရရှိပါမည်။)

ပဏာမရွေးချယ်မည့်နေ့။ ။၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၃) ရက် (စနေနေ့) နှင့် အောက်တိုဘာလ (၂၄) ရက် (တနင်္ဂနွေနေ့)

၅။ ဂျပန်ဘာသာစကားပြောပြိုင်ပွဲ
ပဏာမအဆင့်ရွေးချယ်မှုရလဒ်များကို ပြိုင်ပွဲဝင်များထံသို့ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး သက်ဆိုင်ရာ ပွဲစီစဉ်ကျင်းပသည့်အဖွဲ့အစည်းများ၏ Facebook စာမျက်နှာတွင် ကြေညာသွားပါမည်။ ပဏာမအဆင့် အောင်မြင်သူများသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့ ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။
※ အသေးစိတ်ကို ပါဝင်ယှဉ်ပြိုင်ရမည့်သူများအား တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပါမည်။

၆။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း 09-428612151, 09-262602121

※လက်ရှိဖြစ်ပေါ်နေသောအခြေအနေအပေါ်မူတည်၍ ပွဲရက်ရွှေ့ဆိုင်းခြင်းစသည့် အစီအစဉ်ပြောင်းလဲခြင်းများ၊ ပွဲရပ်နားခြင်းများရှိနိုင်ပါသည်။
 
第22回 日本語スピーチコンテスト2021
第22回日本語スピーチコンテストを2021年11月13日にオンラインで開催します。コロナ感染状況が続いているため本選・予選ともにオンラインで開催します。ご興味がある方はパソコンもしくはケイタイでズームアプリを使ってどこからでも自由に参加できます。

1.本選
本選開催日時:2021年11月13日(土) 9:00~12:00
形式 : オンライン(Zoom 形式) 
(※予選通過者のみ)

2. 参加条件
(1) 16歳~30歳までのミャンマー国籍を有する者でミャンマー在住の者
(2) 日本語教師ではない者(パートタイムやボランティアは除く)
(3) 過去に日本語スピーチコンテスト入賞経験の無いもの

3. 参加申込方法
下記のGoogle Form URLに必要事項を記入して申し込んでください。
申し込み受付日時 : 2021年9月27日(月)の9時~10月11日(月)の16時半まで
(※下記のURLは9月27日からアクセスできます)
Application Form for the Japanese Speech Contest 2021
https://docs.google.com/forms/d/e/1FAIpQLSe8QhlBqjHb6cFpqpjRhnH4VT4Wv61S2wGWpyExPf7dK330bg/viewform?usp=sf_link

申し込むときは以下の準備をしておく必要があります。
(1)Gmailアカウントで申し込むことになりますのでGmailアカウントを作成しておいてください。
(2)3 cm x 4 cmの顔写真(ファイル名: 氏名-1)とNRCの表と裏写真(ファイル名: 氏名-2)をJPEG形式にして送ってください。1つのファイルのサイズは3 MB以下にしてください
(3)スピーチ内容は日本語で約1000字(Word file)で準備してください。(ファイル名: 氏名-3)
(4)3分以上4分以内のスピーチ音声ファイル(ファイル名: 氏名-4)をMP3形式で録音して送ってください。音声ファイルのサイズは約10 MBにしてください。

4. 一次審査方法
本番と同じスピーチを、実際にしてもらい、その後の質疑応答と合わせて審査を行います。
(※申込内容、スピーチ原稿と音声ファイルを審査し、条件を満たした者は予選に出場できます)
予選開催日時 : 2021年10月23日(土)、24日(日)

5. 本選
一次予選の結果は、参加者へ連絡します。また合わせて主催各団体のFacebookでも発表します。予選通過した方は2021年11月13日(土)に開催する本選に出場できます。
※詳細は本選出場者に個別に連絡します。

6. お問い合わせ
ミャンマー元日本留学生協会(MAJA)
Tel: 09-428612151, 09-262602121
※諸般の事情により、計画変更(実施日変更等)や中止の可能性があります。

Photos from Myanmar Association of Japan Alumni (MAJA)'s post 26/08/2021
13/08/2021

FYI !!!

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) အတွက် ကြေညာခြင်း။
----------------------------------------------------------------------------------------------------------------
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့(တနင်္ဂနွေနေ့) တွင် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) အား အောက်ဖော်ပြပါအတိုင်း ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပမည်ဖြစ်ပါသည်။

※ Covid-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်ဖြစ်ပါသောကြောင့် ဖြေဆိုသူဦးရေ အနည်းငယ်ဖြင့် N3 နှင့် N4 ကိုသာ ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ပြီး၊ လူအချင်းချင်းထိတွေ့မှု မရှိစေရန် အွန်လိုင်းမှသာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ကြောင်းဦးစွာ အသိပေးအပ်ပါသည်။ အခက်အခဲများအကြားတွင် ကျင်းပပြုလုပ်ရန် စီစဉ်ရသည် ဖြစ်ပါသောကြောင့် အပြောင်းအလဲများအပေါ် နားလည်သဘောပေါက် လက်ခံပေးပါရန်နှင့် အလုပ်အကိုင်အတွက်စသည့် စာမေးပွဲအောင်မြင်ရန် လိုအပ်ချက် ရှိသူများသာ လျှောက်ထားကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

စာမေးပွဲဝင်ရောက် ဖြေဆိုမည့်သူများမှာ အောက်ပါ အချက်အလက်များကိုလေ့လာပြီး လျှောက်ထား နိုင်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်နေ့ရက်
ဒီဇင်ဘာလ ၅ရက်နေ့ (တနင်္ဂနွေနေ့)

၂။ ကျင်းပမည့် စာမေးပွဲအဆင့်၊ နေရာနှင့် အရေအတွက်
ကျင်းပမည့် စာမေးပွဲအဆင့် - N4 နှင့် N3
ရန်ကုန်မြို့ - N4 ၁၅၀၀ ဦး၊ N3 ၅၀၀ ဦး
မန္တလေးမြို့- N4 ၆၀၀ ဦး၊ N3 ၁၀၀ ဦး

၃။ စာမေးပွဲကြေး
စာမေးပွဲကြေး (N4, N3) - ၄၀,၀၀၀ကျပ်
လျှောက်လွှာကြေး - ၄,၀၀၀ကျပ်
စုစုပေါင်း - ၄၄,၀၀၀ကျပ်

Covid-19 ရောဂါကူးစက်မှု ကာကွယ်ရေးအစီအစဉ်များနှင့် အညီကျင်းပရသည် ဖြစ်ပါသောကြောင့် စာမေးပွဲကြေးများကို ပြောင်းလဲသတ်မှတ်ရသည် ကို နားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ Covid-19 ရောဂါကူးစက်မှုအခြေအနေနှင့် အခြားသော အကြောင်းအရင်းများကြောင့် စာမေးပွဲပြုလုပ်ကျင်းပနိုင်ခြင်း မရှိပါက စာမေးပွဲကြေးအား ပြန်လည် ပေးအပ်သွားမည် ဖြစ်သော်လည်း၊ လျှောက်လွှာကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ လျှောက်လွှာကြေးသည် လျှောက်လွှာလက်ခံစီစဉ်ဆောင်ရွက်ခြင်းအတွက် ကုန်ကျသောစရိတ် ဖြစ်ပါသည်။

၄။ စာမေးပွဲဖြေဆိုခွင့် လျှောက်ထားနည်း

Online မှ တဆင့် လျှောက်ထားရမည် ဖြစ်ပြီး၊ စတင်လျှောက်ထားနိုင်သည့် သြဂုတ်လ (၂၀) ရက်နေ့ တွင် URL Address နှင့် လျှောက်ထားခြင်းလမ်းညွှန်ကို ကြေငြာသွားမည် ဖြစ်ပါသည်။ လျှောက်လွှာများ တပြိုင်နက်တည်း ပေးပို့ခြင်းကြောင့် System Error ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် ကြိုတင်ကြေငြာပေးနိုင်ခြင်း မရှိမှုအား နားလည်သဘောပေါက် ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

လျှောက်လွှာတင်ရန် အောက်ဖော်ပြပါ စာမေးပွဲလမ်းညွှန်အား ဖတ်ရှုပြီး၊ Application Form အတွက် လိုအပ်သည့် အချက်အလက်များကို ပြင်ဆင်ထားရန်နှင့် လျှောက်လွှာပြင်ဆင်ရာတွင် ကွန်ပျူတာအသုံးပြုရန် လိုအပ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

● ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲလမ်းညွှန်
https://ascoja-maja.org.mm/upload/pdf/JLPT_Test_Guide_2021B.pdf
“How to Fill in the Application Form” (အထက်ပါ စာမေးပွဲလမ်းညွှန် Page 21-30)

၅။ လျှောက်လွှာလက်ခံမည့်ကာလ
သြဂုတ်လ (၂၀) ရက် မှ စက်တင်ဘာလ (၃) ရက်အတွင်း
※ သတ်မှတ်အရေအတွက် ပြည့်သည်နှင့် လျှောက်လွှာလက်ခံခြင်းကို ရပ်ဆိုင်းမည် ဖြစ်ပါသည်။

၆။ စာမေးပွဲကြေး ပေးသွင်းခြင်း
Online မှ တဆင့် လျှောက်ထားသည့် လျှောက်လွှာများအား စိစစ်ပြီး၊ အချက်အလက်ပြည့်စုံသည့် လျှောက်ထားသူများအား ငွေသွင်းရန် “Invoice Number” အား ပေးပို့သွားပါမည်။ KBZ Quick Pay (K Pay, KBZ iBanking, KBZ Bank, Agent) မှ ပေးသွင်းရမည် ဖြစ်ပြီး၊ Invoice Number နှင့် အတူ ငွေပေးသွင်းခြင်းလမ်းညွှန်အား ပေးပို့ပေးသွားပါမည်။ ငွေပေးသွင်းပြီးသည့် လျှောက်ထားသူများအား Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကို Viber မှ ပေးပို့ပေးသွားပါမည်။ (စာမေးပွဲဖြေဆိုသည့် နေ့တွင် ယင်း Soft Copy နှင့် ID Card မူရင်းအား ပြသကာ Test Voucher မူရင်းအား ထုတ်ယူရမည် ဖြစ်ပါသည်။)

၇။ စုံစမ်းမေးမြန်းခြင်း
လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။ 09-9627 51373, 09-6922 88751
ဖုန်းလက်ခံဖြေကြားချိန်။ တနင်္လာနေ့ မှ စနေနေ့ (နံနက် ၉း၃၀ မှ ၁၂း၀၀၊ နေ့လယ် ၁း၀၀ မှ ၄း၃၀)။

08/07/2021

あいさつのうた လေးနားထောင်ပြီး あいさつလေးတွေမှတ်သားကြရအောင် 🙆




30/06/2021

ဒီတစ်ခေါက်တော့ 学校 (ကျောင်း) နဲ့ပတ်သတ်စပ်နွယ်တဲ့ စကားလုံးတွေလေ့လာကြရအောင်နော်🙋

1. 教師 きょうし ကျောင်းဆရာ
2. 黒板 こくばん ကျောင်သင်ပုန်း
3. 学生 がくせい ကျောင်းသား၊သူ
4. 男子学生 だんしがくせい ကျောင်းသား
5. 女子学生 じょしがくせい ကျောင်းသူ
6. 机 つくえ စားပွဲခုံ
7. チョーク မြေဖြူ
8. 制服 せいふく ကျောင်း၀တ်စုံ
9. 通学カバン つうがくカバン ကျောင်းလွယ်အိတ်
10. 教室 きょうしつ စာသင်ခန်း
11. 言語 げんご ဘာသာစကား
12. 歴史 れきし သမိုင်း
13. 文学 ぶんがく စာပေ
14. 地理 ちり ပထဝိ
15. 科学 かがく သိပ္ပံပညာ
16. 美術 びじゅつ အနုပညာ
17. 音楽 おんがく ဂီတ
18. 数学 すうがく သချာ်
19. 物理 ぶつり ရူပဗေဒ
20. 化学 かがく ဓာတုဗေဒ
21. 生物 せいぶつ ဇီ၀ဗေဒ
22. 体育 たいいく ကာယပညာ
23. 読む よむ ဖတ်သည်
24. 書く かく ရေးသည်
25. 綴る つづる စာလုံးပေါင်းသည်
26. 描く えがく ဆွဲသည်
27. ペン ဘောပင်
28. 鉛筆 えんぴつ ခဲတံ
29. 色鉛筆 いろえんぴつ ရောင်စုံခဲတံ
30. 鉛筆削り えんぴつけずり ခဲတံချွန်စက်
31. ノート မှတ်စုစာအုပ်
32. 教科書 きょうかしょ ‌ကျောင်းသုံးဖတ်စာအုပ်
33. 筆箱 ふでばこ ခဲတံထည့်သောအိတ်
34. 消しゴム けしゴム ခဲဖျက်
35. 定規 じょうぎ ပေတံ
36. 質問 しつもん မေးခွန်း
37. 答える こたえる ဖြေသည်
38. 話し合う はなしあう ဆွေးနွေးသည်
39. 学ぶ まなぶ သင်ယူသည်
40. 校長 こうちょう ကျောင်းအုပ်
41. レッスン သင်ခန်းစာ
42. メモをとる မှတ်စုမှတ်သည်
43. 宿題 しゅくだい အိမ်စာ
44. テスト(します) စစ်ဆေးသည်
45. 作文 さくぶん စာစီစာကုံး
46. 成績 せいせき အဆင့်
47. 学年 がくねん နှစ်
48. 先生 せんせい ဆရာ/ဆရာမ

လွယ်ကူတဲ့အထက်ပါစကားလုံးလေးတွေကိုမှတ်သားထားကြရအောင်🙆




17/06/2021

Officeမှာ လုပ်နေတဲ့သူတွေသိသင့်တဲ့ goi အလုံး၂၀ ကို sharing လုပ်ပေးအုံးမယ်😁 ၂၀ထဲဆိုတော့ အလွတ်ကျက်ချပလိုက်😁
1. 会社 😁😁かいしゃ 😁😁company ပါ
2. 企業😁😁 きぎょう 😁😁corporation/လုပ်ငန်းစု
3. 事務所😁😁 じむしょ 😁😁 office/ ရုံး
4. 部署 😁😁 ぶしょ😁😁Department/ဌာန
5. 会議😁😁 かいぎ 😁😁 meeting/အစည်းအဝေး
6. 先輩 😁😁 せんぱい😁😁 senior /စီနီယာ
7.後輩😁😁 こうはい 😁😁 Junior/ဂျူနီယာ
8.上司😁😁 じょうし 😁😁 superior/ အထက်လူကြီး
9.部下😁😁 ぶか 😁😁subordinate/ လက်အောက်ငယ်သား
10.同僚😁😁 どうりょう 😁😁 colleagues/လုပ်ဖော်ကိုင်ဖက်
11.通勤する😁😁 つうきんする😁😁 commute/ရုံးတက်ရုံးဆင်းလုပ်သည်
12. 交渉する 😁😁 こうしょうする😁😁 negotiate/ညှိနှိုင်းသည်

13. 締め切り😁😁 しめ切り😁😁 deadline/စာရင်းပိတ်ချိန်
14.議題 😁😁 ぎだい😁😁 agenda/ အခမြးအနားအစီအစဥြ
15. この事案😁😁 このじあん😁😁this matter/ဒီကိစ္စ
16。意見😁😁 いけん😁😁 opinion/ထင်မြင်ယူဆချက်
17. 添付😁😁 てんぷ😁😁 attachment/ပူးတွဲ
18. 書類😁😁 しょるい😁😁documents/စာရွက်စာတမ်း
19. 資料😁😁 しりょう😁😁 data/အချက်အလက်
20. 報告-連絡-相談😁😁 ほうこく-れんらく―そうだん 😁😁 report-inform-consult အစီအရင်ခံ-ဆက်သွယ်အကြောင်းကြား-တိုင်ပင်

13/06/2021

身体 (しんたい) ကိုယ်ခန္ဓာ အစိတ်အပိုင်းလေးတွေအကြောင်းလေ့လာကြရအောင်နော် 😉

1. 髪 かみ kami ဆံပင်
2. 目 め me မျက်လုံး
3. 鼻 はな hana နှာခေါင်
4. 口 くち kuchi ပါးစပ်
5. 首 くび kubi လည်ပင်း
6. 胸 むね mune ရင်ဘတ်
7. 腹 はら hara ၀မ်းဗိုက်
8. 腰 こし koshi ခါးနောက်ကျော
9. 脛 すね sune ညို့သကျည်း
10. 頭 あたま atama ဦးခေါင်း
11. ウエスト uesuto ခါး
12. 臍 へそ heso အလယ်၀မ်းဗိုက်သား
13. 指 ゆび yubi လက်ချောင်း
14. 前腕 ぜんわん zenwan လက်ဖျံ
15. 太もも ふともも futomomo ပေါင်
16. 膝 ひざ hiza ဒူး
17. ‌足 あし ashi ခြေထောက်
18. 首筋 くびすじ kubisuji ဇက်ပိုး
19. 肩 かた kata ပခုံး
20. 腕 うで ude လက်မောင်း
21. 肘 ひじ hiji တံတောင်ဆစ်
22. 手首 てくび tekubi လက်ကောက်၀တ်
23. 手 て te လက်
24. 足首 あしくび ashikubi ခြေချင်း၀တ်
25. 背中 せなか senaka နောက်ကျော
26. 脇 わき waki ဂျိုင်းကြား
27.尻 しり shiri တင်ပါး
28. 脹ら脛 ふくらはぎ fukurahagi ခြေသလုံးကြွက်သား
29. 足の指 あしのゆび ashinoyubi ခြေချောင်း
30. 足 あし ashi ခြေဖုဝါး




10/06/2021

ဂျပန်လိုအရောင်လေးတွေအကြောင်းလေ့လာကြရအောင် 🥳

What is your favorite color? (好きな色は何ですか。)

ကိုယ်ကြိုက်တဲ့အရောင်းလေးတွေကိုဂျပန်လိုလေးတွေသိထားရအောင် မှတ်ထားကြမယ်နော် 🧏

Colors in Japanese Language (日本語の色)

色 いろ iro colour အရောင်

白/ 白い  しろ/ しろい shiro/ shiroi white အဖြူရောင်/ ဖြူသော

黒/ 黒い くろ/ くろい kuro/ kuroi black  အနက်ရောင်/ နက်သော

青/ 青い/ ブルー あお/ あおい ao/ aoi/ buruu blue အပြာရောင်/ ပြာသော

赤/赤い あか/ あかい aka/ akai red အနီရောင်/ နီသော

黄色 きいろ kiiro yellow အဝါရောင်

紫 むらさき murasaki  purple  ခရမ်းရောင်

緑  みどり midori green အစိမ်းရောင်

桃色/ ピンク ももいろ momoiro/ pinku  pink ပန်းရောင်

金色 きんいろ kiniro gold ရွှေရောင်

水色 みずいろ mizuiro light blue  အပြာနု

紺色  こんいろ koniro  dark blue/ navy blue အပြာရင့်

橙色/ オレンジ だいだいいろ daidaiiro/ orenji orange   လိမ္မော်ရောင်

ベージュ  beiiju beige အညိုနု

茶色 ちゃいろ chairo brown အညိုရောင်

銀色 ぎんいろ giniro silver ငွေရောင်

灰色 はいいろ haiiro grey မီးခိုးရောင်

ဒီနေ့အဖို့တော့ အထက်ပါအရောင်နဲ့ပတ်သတ်တဲ့ ဂျပန်စကားလေးတွေမှတ်သားကြရင်း သာယာတဲ့နေ့လေးဖြစ်ပါ‌စေနော်။




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon