17/03/2022
Computer Chair/ Study Chair
👉Price may be changed depends on the exchange rate.
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inno Life, No. 184-Ground Floor, 36th Street (Middle Block), Kyauktada Township, Yangon.
17/03/2022
Computer Chair/ Study Chair
👉Price may be changed depends on the exchange rate.
17/03/2022
Pink Goddess Gaming Chair Collections!
Ergonomic support: Yes
👉Price may be changed depends on the exchange rate.
14/03/2022
Computer Chair တွေဟာဆိုရင် သက်တောင့်သက်သာရှိဖို့ နဲ့ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ထုတ်ထားတာဖြစ်လို့ ရေရှည်အသုံးပြုဖို့ သင့်တော်ပါတယ်။ အဆင့်မြင့် Gaming Chair တွေဆို ကျန်းမာရေးဆိုင်ရာ ပြသနာများမဖြစ်ရလေအောင် ကာကွယ်ရှောင်ရှားပေးနိုင်ပါတယ်။ Quality နိမ့်ပြီး သက်တောင့်သက်သာမဖြစ်စေတဲ့ခုံတွေကို ကြာရှည်အသုံးပြုမယ်ဆိုရင် ခါးနဲ့ပက်သက်တဲ့ရောဂါတွေ ခံစားရစေမှာပါ။ တချိန်ထဲမှာပဲ သင့်ရဲ့ လက်၊ခြေ၊ ပုခုံး၊ လည်ပင်း စတာတွေပါ နာကျင်ခံစားမှုဖြစ်ပေါ်စေနိုင်ပါတယ်။
ကနဉီးပိုင်းတွေမှာ Gaming Chairs တွေကို eSport equipment အတွက်ထုတ်လုပ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ ရုံးသုံးနှင့် home workstations တွေမှာ ပါ အသုံးပြုလာကြပါတယ်။
Quality မြင့် Computer/ Gaming Chair ဒီဇိုင်း အမျိုးမျိုးကို Inno Life မှာ ကြည့်ရှု့အားပေးနိုင်ပြီဖြစ်ပြီး အသေးစိတ်ကို တစ်ပုံချင်းစီအောက်မှာ ဖော်ပြပေးထားပါတယ်ရှင်။
Waiting Time - 6 to 8 weeks
👉Price may be changed depends on the exchange rate.
11/03/2022
စားပွဲရှေ့အထိုင်များပြီး စာလေ့လာရတဲ့ညီ/ညီမလေးတွေအတွက်သင့်တော်သလို၊ အလုပ်အတွက် Computer Chair အနေနဲ့သုံးသုံး သက်တောင့်သက်သာရှိစေမဲ့ cozy computer chair/ study chair လေးတွေ မှာလို့ရပါတယ်နော်။ ခြေထောက်တင်လို့ရတာလေးပါပါဝင်ပြီး ဆုံလည်က 360 ဒီဂရီလှည့်လို့ ရပါတယ်။ ထိုင်လိုက်တာနဲ့ သက်တောင့် သက်သာရှိမဲ့ ဒီဇိုင်းမျိုး ဖန်တီးထားတာမို့ အထိုင်များတဲ့သူတွေ အကြိုက်တွေ့စေမှာပါရှင်။
Ergonomic support - yes
Measurement - 65cm x 65cm x 114cm
Waiting Time - 6 to 8 weeks
👉Price may be changed depends on the exchange rate.
28/01/2021
ဒီတစ်ပါတ် sharing လုပ်ပေးမယ့် Movie လေးကတော့ " life is beauty " ဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။
ဟာသလေးနဲ့ဘဝ သင်ခန်းစာတွေ ကိုရောနှောပြီး ဖော်ပြပေးထားတာဖြစ်ပါတယ်။
ဂျူးလူမျိုးကောင်လေးတစ်ယောက်က ဂျာမန် အမျိုးသမီးကို ချစ်ကြိုက်မိတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ။Rating 8.6 ထိရထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါ။
ဇာတ်လမ်းအကျဉ်းက : ဂွီဒိုဆိုတဲ့ ဂျူးလူမျိုး လူငယ်တစ်ယောက်က သူဦးလေးရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့ Arezzo မြို့လေးကို ရောက်လာခဲ့ပါတယ်။ လမ်းမှာ ဒိုရာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်။ ဒိုရာကတော့ အဲဒီမြို့ကလေးက စာသင်ကျောင်းဆရာမတစ်ယောက်ဖြစ်တယ် ။ ပြီးတော့ မြို့ခံသူဌေးအရာရှိတစ်ယောက်နဲ့ မိဘချင်းသဘောတူ စေ့စပ်ထားပြီး မကြာခင် လက်ထပ်တော့မယ့် မိန်းကလေးလည်းဖြစ်တယ်။
ဒိုရာနဲ့ စေ့စပ်ထားတဲ့သူတို့ လက်ထပ်ပွဲနေ့မှာပဲ ဂွီဒိုက ဒိုရာကို ပေါ်တင် ခိုးပြေးပေါင်းသင်းလိုက်ပါတယ် ။ ဒီဇာတ်ကားထဲမှာ ဝမ်းအနည်းရဆုံးအခန်းကတော့ နောက်ဆုံးခန်းပါ။ နောက်နေ့မိုးလင်းပြီး မဟာမိတ်တပ်ဗြိသိသျှတပ်သားတွေ ရောက်လာချိန်မှာ သူ့တို့သားက ဗြိသိသျှတပ်သားတွေ မောင်းဝင်လာတဲ့ တင့်ကားအစစ်ကြီးကို တွေ့ရလိုက်ရတဲ့အခန်းပါ။ ပွိုင့် ၁၀၀၀ ရလို့ အနိုင်ရပြီး တင့်ကားကို မြင်ခဲ့ရသလို သူ့အမေနဲ့လည်း ပြန်ဆုံခဲ့ချိန်မှာ အဖေဖြစ်သူက သေဆုံးသွားခဲ့ပြီဆိုတာ ကလေးပီပီ မသိခဲ့ဘူး ။ ဒီရုပ်ရှင်ရဲ့ အစကနေ အလယ်ပိုင်းအထိ ဒိုရာကို ပိုးပန်းတဲ့အခန်းတွေဟာ ဟာသတွေနဲ့ ရယ်နေရသလောက် နောက်ပိုင်းအခန်းတွေက ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတယ်။ Comedy / Drama ရုပ်ရှင်ပါ။
ဒီရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးပေါင်း ၁ သန်းကျော် အသတ်ခံခဲ့ရတဲ့ ဂျာမန်တွေရဲ့ ငရဲခန်းလို့ တင်စားကြတဲ့ Auschwitz အကျဉ်းစခန်းထဲက လွတ်မြောက်လာခဲ့သူ အီတလီ ဂျူးလူမျိုး Rubino Romeo Salmoni ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းအပေါ် အခြေခံထားပါတယ်။
Photo credit
21/01/2021
NTH Tent Collections
👉Price may be changed depends on the exchange rate.
20/01/2021
Wardrobe အကြောင်း
Wardrobe ဆိုတဲ့ စကားမပေါ်လာခင် ပြင်သစ်လို "Wardereube" နဲ့ "garderobe " ဆိုတဲ့ စကားလုံးကနေတစ်ဆင့် " Wardrobe " ဆိုပြီး ၁၄ ရာစုလောက်က စတင်ပြောင်းလဲခေါ်ဆိုလာခဲ့ပါတယ်။ Wardrobe ဆိုတာ အဝတ်အထည်များသိမ်းဆည်းဖို့တစ်ခုတည်းအတွက် တင်သာမကပဲ အိမ်ရဲ့ ပရိဘောဂ တစ်ခုအဖြစ်လဲ အရေးပါလှပါတယ်။
ပထမဆုံး Wardrobe က သေတ္တာနဲ့တူပြီးနောက်ထပ် ပြုလုပ်လာတဲ့ Wardrobe တွေမှာ ချိတ်တဲ့ ဟာနဲ့ စင်လေးတွေပြုလုပ်လာပါတယ် ။ ၁၇ ရာစုအစောပိုင်းမှာ United State ကနေ ကြောင်အိမ်ပုံစံ အံဆွဲနဲ့ ဘီရိုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ပြီးနောက် America မှ England ကို Export ပြုလုပ်ခဲ့ပါတယ် ။ ထို Wardrobes ရဲ့ အရွယ်အစားက ကြီးမားပြီး ဝက်သစ်ချပင်နဲ့ ပြုလုပ်ထားပါတယ် ။ မျက်နှာစာမှာ လည်း ထွင်းပြီး ပုံဖော်ထားပါတယ်။၁၈ ရာစုကနေစပြီး Wardrobes က ခေတ်စားလာခဲ့ပါတယ် ။ အရပ်ရှည်တဲ့ယောကျာ်းလေးတွေက အထူးသဖြင့် အဝတ်စား ပို၍စုလာတတ်ကြပါတယ်။Double Wardrobe တွေကိုလဲ စတင်ပြီးပြုလုပ်လာကြပါတယ်။၁၉ ရာစု မှာ အဝတ်အထည်တွေကများပြားလာသောကြောင့် ဘီရိုတွေမှာ အထပ်နဲ့ အံဆွဲများ ထည့်သွင်းလာခဲ့ကြပါတယ် ။
သိသိသာသာထင်ထင်ရှားရှားပြောင်းလဲလိုက်သော ပုံစံတွေက မှန်တွေ ထည့်သွင်းလာခြင်း , အတွင်းတံခါး , အံဆွဲနဲ့ စင်များပဲဖြစ်ပါတယ် ။ ၁၇-၁၈ ရာစုတွင် America နဲ့ Netherland တို့မှာ ဘီရိုကို Wardrobe နဲ့ သေတ္တာ အစား " Kas " နဲ့ " Kasten " လို့ ပြောင်းလဲခေါ်ဆိုကြပါတယ်။ Wardrobe တွေကို အကောင်းစား သစ် , ebony နဲ့ Cherry တို့နဲ့ ပြုလုပ်လာကြပြီး အံဆွဲတွေကို ကွက်တိဆိုဒ်ဖြင့်ပြုလုပ်သည့်အပြင် Door Lock များလဲ ထည့်သွင်းလာကြပါတယ် ။
လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ အဝတ်အစားတွေကို သိမ်းဆည်းဖို့ အတွက် Wardrobe ကောင်းကောင်းတလုံးတော့ လိုအပ်ပါတယ် ။
အရင်ကလို ရွေးချယ်စရာအနည်းငယ်သာရှိသည်မဟုတ်ပဲ ယနေ့ခေတ်မှာ Wardrobe အမျိုးအစားနဲ့ Design အမျိုးမျိုးပေါ်ထွက်လာပါတယ် ။
နံရံမှာကပ်ပြီး ပြုလုပ်ထားတာမို့ နေရာလဲ အများကြီးပေးစရာလိုအပ်မှာမဟုတ်ပါဘူး ။
အဝတ်အစားသိမ်းဖို့အတွက်သီးသန့်မဟုတ်ဘဲ Bedroom ထဲမှာ Wardrobe ဆင်ထားတဲ့အခါ အခန်းရဲ့ အနေအထားဟာ တစ်မျိုးဆန်းသစ်ပြီး ခေတ်မှီလှပနေမှာအမှန်ပဲဖြစ်ပါတယ် ။
မိမိရဲ့ အခန်းအပြင်အဆင်အနေအထား နဲ့ လိုက်ဖက်ညီအောင် Modern , Classic နဲ့ Luxury ဆိုပြီး (၃) မျိုး ခွဲခြားပြီး သင့်အတွက်အသင့်တော်ဆုံးဖြစ်မယ့် Design ကို ရွေးချယ်နိုင်ပါတယ် ။
Inno Life မှာ လူကြီးမင်းတို့ စိတ်တိုင်းကျ ပုံစံကို ကိုယ်တိုင် ကိုယ်ကြ Customized လုပ်နိုင်မယ့် အပြင် Design ဆန်းတဲ့ Wardrobe များလဲ ရွေးချယ် မှာယူနိုင်ပြီ ဖြစ်ပါတယ် ။
ပစ္စည်းရဲ့တန်ဖိုးမှာ လူကြီးမင်းတို့ မှာ ယူမယ့်နေ့ရဲ့ Exchange Rate ကို အရ ကျသင့်မှာ ဖြစ်ပါတယ် ။
14/01/2021
YF Leisure Chair Collections
👉Price may be changed depends on the exchange rate.
13/01/2021
ပျော်ရွှင်ဖွယ် ကရင်နှစ်သစ်ကူးနေ့လေးမှာ အားလုံး ပဲ စိတ်အေးချမ်းပျော်ရွှင်နိုင်ကြပါစေခင်ဗျာ 🙏
09/01/2021
မျက်စိပဒါဿ ဖြစ်စေဖို့ အိမ်ထဲမှာ အပင်တွေ စိုက်ထားသင့်ပါတယ် ။ Indoor garden ပြုလုပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများစွာရှိတဲ့ အထဲကမှ သိသိသာသာ ရှိတဲ့ အချက်တစ်ချက်က စိတ်ကို လုံးဝ relax ဖြစ်စေတာပါပဲ။
ဆေးပညာအရကြည့်မယ်ဆိုရင်လည်း Indoor garden ပြုလုပ်ခြင်းက carbon dioxide ကို စုပ်ယူပီး oxygen ထုတ်လွှတ်ပေးပါတယ်။ အဲ့အပြင် လေထဲက အဆိပ်အတောက်ကို သန့်စင်ပေးတာမို့ လေကောင်းလေသန့်ရရှိစေပါတယ်။ Stress နဲ့ စိတ်ပင်ပန်းမှုကိုလျော့ကျစေတာကြောင့် စိတ်ကို Relax ဖြစ်စေတယ်။ဖျားနာခြင်းကို လည်း အထိုက်အလျောက် လျော့နည်းစေပါတယ် ။
အလုပ်လုပ်တဲ့အခါမှာလဲ idea ကောင်းများရတတ်ပါတယ် ။ Creative ဉာဏ် ပိုပြီး ကောင်းမွန်လာစေပြီး အာရုံစူးစိုက်နိုင်စွမ်းပိုများပါတယ် ။
သစ်ပင်ပန်းပင် စိုက်ပျိုးထားခြင်းက အသက်ရှည် ကျန်းမာစေတာမို့ ပို၍ကျန်းကျန်းမာမာပျော်ပျော်ရွှင်သော နေ့ရက်တွေ ကို ပိုင်ဆိုင်နိုင်စေဖို့အတွက် Indoor Garden ပြုလုပ်သင့်ပါတယ် ။
Indoor Garden လေးတွေကိုစိတ်ဝင်စားရင် ကျွန်တော်တို့ကို အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ။
06/01/2021
YLJ Modern Leather Sofa 👍👍👍
👉Price may be changed depends on the exchange rate.
| Monday | 09:00 - 06:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 05:30 |