KIT Language Center

Directions

KIT Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KIT Language Center, Education & Learning, အမှတ်(၂၇)၊ ၃လွှာ၊ မဏ္ဍိုင်လမ်း၊ဝါဆိုရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့, Yangon.

Teacher : Mya Thet Wai Aung
B.A(Philosophy),Dip in Korea (Y.U.F.L)
Languages Sharing
Eps Topik, Topik Exam သင်တန်းများကို Offline Class & Online Zoom Class များဖြင့်ထိရောက်စွာသင်‌ကြားပေးနေပါပြီ

23/10/2024
🥲😁
02/10/2024

🥲😁

30/09/2024

အသိပေးကြေညာခြင်း

09/09/2024

ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK) Online Application တင်သွင်းရန်။
https://pinlonssem.tistory.com/9
သတိပြုရန်အချက်
- အချက်အလက်များတင်သွင်းရာတွင် တစ်ဆင့်ပြီး တစ်ဆင့် မှားယွင်းမှုမရှိ စေရန် ဖြည့်သွင်းပါ။
- Online Application တင်သွင်းခြင်းအား နောက်ဆုံးအဆင့် ပေးပို့ခြင်းဆောင်ရွက်ပြီးပါက ScreenShot ရယူထားရန်၊
- ဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့် Payment နံပါတ်အား POEA ၏ Facebook POEA-EPS တွင် ယခုရက်သတ္တပတ်အတွင်း အသိပေးကြေညာမည်ဖြစ်ပါသည်၊
- စာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်းရမည့် နေ့ရက်ကို POEA ၏ Facebook POEA-EPS တွင်ကြေညာပေးပါမည်၊
- မိမိဆန္ဒရှိမှသာ လျှောက်ထားကြပါရန်။

31/08/2024

ကိုရီးယားသတင်းတွေ စုစည်းတင်ဆက်လိုက်ပါတယ်။

- POEA ရဲ့ Suprise တွေကို အသားကျနေရောပေါ့။ POEA က ဒီတစ်ပတ်အတွင်း စပရိုက်စ် (၃) ခု တိုက်ခဲ့ပါတယ်။

- ပထမတစ်ခုကတော့ ကုန်ထုတ်ပထမအသုတ်နောက်ဆက်တွဲဖြေဆိုရမဲ့သူ ၆၄၀၀ ဦး စာရင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီ ၆၄၀၀ ဦးက မူလက ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းလောက်မှ ကျင်းပနိုင်မဲ့ ကုန်ထုတ် ဒုတိယအသုတ်မှာ ဝင်ဖြေရမှာဖြစ်ပေမဲ့လည်း အခုထုတ်ပြန်ချက်အရ ကုန်ထုတ်ပထမအသုတ်ပြီးတာနဲ့ ဆက်ပြီး ဖြေရမှာပါ။ ရှေ့လူတွေရဲ့နမူနာကိုကြည့်ပြီး စာကို စဉ်ဆက်မပြတ်လုပ်နေတဲ့သူတွေအတွက် ပြဿနာမရှိပေမဲ့လည်း တစ်ပွဲတိုးဆရာတွေကတော့ နည်းနည်းဖင်မီးခိုးထွက်အောင် စာလုပ်ရပါလိမ့်မယ်။

- ဒုတိယတစ်ခုကတော့ ၂၀၂၂ ခုနှစ်မှာ စိုက်/ မွေးအောင်ထားပြီးဖြစ်ပေမဲ့ အလုပ်ရှင်နဲ့ တစ်ခါမှ မိတ်ဆက်မခံရသေးတဲ့ အကျုံးဝင်လုပ်သား ၁,၃၆၆ ဦးအနေနဲ့ သစ်တောလုပ်ငန်း ပြောင်းခွင့်ရှိကြောင်း ကြေညာခဲ့တာပါ။ လုပ်သားတွေရဲ့ သုံးပုံတစ်ပုံပြောင်းလျှောက်ခဲ့ကြပါတယ်။ ကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

- တတိယတစ်ခုကတော့ SUBT အထူးသီးသန့်စာမေးပွဲဖြေဆိုရမယ်ဆိုတဲ့အကြောင်း ကြေညာလိုက်တာပါ။ SUBT ကို ဝင်ရောက်ဖြေဆိုနိုင်မဲ့သူတွေကတော့ ကိုရီးယားနိုင်ငံမှာ (၃) နှစ်နဲ့အထက်လုပ်ကိုင်ခဲ့ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံပြန်ရောက်နေတဲ့ လူဟောင်းတွေအတွက် သီးသန့်ကျင်းပပေးတဲ့ စာမေးပွဲဖြစ်ပါတယ်။ SUBT ကတော့ တစ်နှစ်ကို ၃ ကြိမ်နဲ့အထက် ကျင်းပရမှာဖြစ်ပေမဲ့လည်း ၂၀၂၃ ခုနှစ်မှာ တစ်ကြိမ်သာ ကျင်းပခဲ့သလို အခု ၂၀၂၄ ခုနှစ်မှာလည်း တစ်ကြိမ်ပဲကျင်းပနိုင်မှာဖြစ်ပါတယ်။ ဒီလိုကျင်းပရတာဟာ ကိုရီးယားနိုင်ငံက အလုပ်ရှင်တွေအနေနဲ့ ၎င်းတို့ရဲ့ လုပ်သားဟောင်းတွေကို ပြန်လည်ခေါ်ယူလိုကြောင်း တိုက်တွန်းလာလို့ဖြစ်ပါတယ်။

- ဝန်ဆောင်မှု အုပ်စု-၂ အောင်ထားတဲ့ သမီးငယ်တွေ ရုံးကိုလာရမဲ့အချိန်မှာ လုံချည်နဲ့လာရလို့ဆိုပြီး တွန့်နေတာ တွေ့ပါတယ်။ ဒဂုံမြောက်မှာ ရှိတဲ့ သင်တန်းကျောင်းဝန်းမှာ POEA တစ်ခုတည်းရှိတာမဟုတ်ပါဘူး။ တစ်ခြားနိုင်ငံအတွက် ဖွင့်လှစ်ထားတဲ့ သင်တန်းတွေနဲ့ သွားကြမဲ့ ကလေးတွေလည်းရှိပါတယ်။ သက်ဆိုင်ရာနိုင်ငံအလိုက် အေဂျင်စီတွေက ဆင်ပေးတဲ့ ယူနီဖောင်းကလွဲလို့ ဘောင်းဘီဝတ်ခွင့်မပြုထားပါဘူး။ ရုံးကို လာတာဖြစ်လို့ လုံချည်ဝတ်ခိုင်းတဲ့ကိစ္စလောက်ကို ကိစ္စကြီးမမှတ်လေနဲ့။

- ကိုရီးယားနိုင်ငံက လောလောဆယ်မှာ အလုပ်အကိုင်နဲ့ပတ်သက်လို့ မကောင်းသေးပါဘူး။ ဘယ်ကဏ္ဍမှကို မကောင်းသေးတာပါ။ အဲ့တော့ ရှိတဲ့အလုပ်ကို တန်ဖိုးထားလုပ်ပါ။ နောက်အလုပ်ဆိုတာ ဘယ်တော့မှ မကျိန်းသေပါဘူး။ အလုပ်သမားသံအရာရှိနဲ့ အဆက်အသွယ်ရတော့ အလုပ်မကောင်းကြောင်း၊ ရောက်တာနဲ့ အလုပ်စာချုပ်ဖျက်သိမ်းခံရတာတွေလည်း များလာကြောင်း၊ ဘုန်းကြီးကျောင်းပို့တာများလို့ ဘုန်းကြီးကျောင်းကလည်း လက်ခံနိုင်တဲ့အတိုင်းအတာကျော်လာပြီဖြစ်ကြောင်း ပြောပြပါတယ်။ ရှိတဲ့ အလုပ်ကို တန်ဖိုးထားလုပ်ပါ။ အလုပ်မှာ ဖိနှိပ်ခံရတာတွေနဲ့ပတ်သက်လို့ ဘောင်ထဲကပဲ တောင်းဆိုပါ။ တစ်ဆိတ်ရှိ အလုပ်ထွက်မယ် မလုပ်ပါနဲ့။ နောက်ဆိုတာ ဘယ်တော့မှ မသေချာပါဘူး။

- အလုပ်ထွက်ချင်တဲ့ အကြောင်းရင်းထဲမှာ သူဌေးကအော်လို့ ဆူလို့ ဆဲလို့ဆိုပြီး အလုပ်ထွက်ခွင့်မရပါဘူး။ အလုပ်ပင်ပန်းလို့၊ မလုပ်နိုင်တော့လို့ဆိုပြီး ထွက်ရင်လည်း အလုပ်ထွက်ခွင့်မရပါဘူး။ သူဌေးက ဥပဒေပါအခွင့်အရေးတွေကို မပေးဘဲ ချိုးဖောက်တော့မှသာ ကိုယ်က သက်သေအထောက်အထားနဲ့ပြောနိုင်မှသာ ကိုယ့်အခွင့်အရေးရမှာပါ။ အလုပ်ထွက်ချင်လို့ဆိုပြီးတော့ ပေကပ်ပြီးတော့ လုပ်နေတာတွေ၊ ပစ္စည်းအပျက်ထွက်အောင်လုပ်တာတွေက ဘယ်သူမှ အကျိုးမရှိပါဘူး။ မြန်မာတွေ နာမည်ပျက်ပြီး နောက်လူတွေ ထိခိုက်တာပဲ ဖြစ်လိမ့်မယ်။

- ကိုရီးယားမှာ နေ့စဉ်လိုလို မြန်မာလုပ်သားတွေရဲ့ နာရေးသတင်းတွေ ဆက်တိုက်ဆိုသလို တက်လာပါတယ်။ ဖိအားဒဏ်မခံနိုင်ကြတာရယ်၊ အရက်တွေအရမ်းသောက်တာရယ် ရာသီဥတုအရမ်းပူတာရယ်၊ ကျန်းမာရေးရယ်ဆိုပြီး လတ်တလောတွေ့ရတဲ့ နာရေးသတင်းတွေပါ။ နောက်မှာ မိသားစုရှိသေးတယ်ဆိုတာ အမြဲသတိကပ်ထားပါလေ။

- E-8 ရာသီချိန် စိုက်ပျိုးရေးလုပ်သားတွေနဲ့ပတ်သက်လို့ အခုချိန်အထိ ဘာမှမထူးသေးပေမဲ့ လိမ်တာတွေကတော့ ရှိနေတုန်းပါ။ သတိထားကြပါလေ။ လုံးဝ လုံးဝ E-8-1 မလွှတ်သေးပါဘူး။

- E-7-3 ဂဟေလုပ်သားနဲ့ပတ်သက်လို့ ကိုရီးယားနိုင်ငံဘက်က အလုပ်ခေါ်စာအသစ်တွေ မလာသေးပါဘူး။ လက်ရှိ E-7-3 Demand ရှိထားတဲ့ ကုမ္ပဏီ သုံးခုပဲရှိပါသေးတယ်။ Demand အသစ်တွေမပေးတဲ့အကြောင်းရင်းတွေထဲမှာ ယခင်ရောက်နှင့်နေပြီးသား ဂဟေလုပ်သားတွေရဲ့ အပြုအမူတွေအပေါ် မကြိုက်နှစ်သက်မှု၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကြောင့် ဂဟေလုပ်သားအသစ်တွေ မခေါ်နိုင်သေးတာဖြစ်ပါတယ်။

- E-10-2 ရေလုပ်သားတွေ စေလွှတ်ဖို့ကတော့ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်ဖြစ်ပြီး လက်ရှိခွင့်ပြုချက်ပေးထားတဲ့ ကုမ္ပဏီတစ်ခုသာရှိပါတယ်။
ာပြည့်

Congratulations ပါ ကိုခန့်ညားရေ👏👏👏ရှေ့ဆက်ပြီးလဲအခက်ခဲမရှိကျော်ဖြတ်နိုင်ပါစေ😍
27/08/2024

Congratulations ပါ ကိုခန့်ညားရေ👏👏👏
ရှေ့ဆက်ပြီးလဲအခက်ခဲမရှိကျော်ဖြတ်နိုင်ပါစေ😍

26/08/2024

ဒုသုတ်ကကိုယ့်တပည့်တွေ😂

Address

အမှတ်(၂၇)၊ ၃လွှာ၊ မဏ္ဍိုင်လမ်း၊ဝါဆိုရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့
Yangon
11241

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when KIT Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share