L2E သင်တန်းစတိုး

L2E သင်တန်းစတိုး

Share

လူငယ်တွေအတွက် ဘာသာစကား၊ နည်းပညာနဲ့ ဖန်တီးမှု စွမ်းရည်တွေကို တစ်နေရာတည်းမှာ လေ့လာပြီး Freelance နဲ့ Online အလုပ်တွေအတွက် အဆင်သင့်ဖြစ်လာစေတဲ့ သင်တန်းစတိုး

18/08/2026

ကင်မရာရှေ့မှာ စကားပြောရတဲ့ Talking Head Video တွေအတွက် Script ဘယ်လိုရေးရမလဲ ခေါင်းစားနေပြီလား။

Content ကောင်းမှ Video တွေ ပေါက်တဲ့ခေတ်မှာ Script ရေးဖို့ အိုင်ဒီယာမထွက်လို့ တိုင်ပတ်နေတယ်ဆိုရင်တော့ ဒီဗီဒီယိုလေးကို ဆုံးအောင်ကြည့်လိုက်ပါ။

ဒီနေ့ ဗီဒီယိုလေးမှာတော့ L2E ရဲ့ Advanced Content & Copywriting Course ထဲက အသုံးအဝင်ဆုံး ဖော်မြူလာတစ်ခုဖြစ်တဲ့ "Talking Head ScriptWriting Formula" ကို မျှဝေပေးလိုက်ပါတယ်။

🔹ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ။

ဝင်ငွေလမ်းကြောင်းတစ်ခုကို Content Writing နဲ့ အခိုင်အမာ စတင်ချင်တဲ့ လူငယ်တွေ၊ ကိုယ်ပိုင် Brand အတွက် Content တွေ၊ ကြော်ငြာစာတွေ၊ Video Script တွေ ကိုယ်တိုင်ရေးချင်တဲ့သူတွေအတွက် အထူးရည်ရွယ်ပါတယ်။

🔹စာရေးသားခြင်း အခြေခံ Basic Content & Copywriting ကနေစတင်ပြီး ၊ Marketing Knowledge ၊ Target Audience ရွေးချယ်နည်း၊ Content Calendar ရေးဆွဲနည်းနဲ့ Advanced Level ရေးသားနည်းတွေအထိ အပိုင်းစုံလင်စွာ သင်ယူရမှာ ဖြစ်ပါတယ်။

🔹24/ 7 Content Marketing စာအုပ်ကို ရေးသားခဲ့ပြီး PROEKO Marketing ရဲ့ CEO ကိုဘုန်း (The Burmese Content) ကိုယ်တိုင် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေနဲ့ သင်ကြားပေးထားတာဖြစ်လို့ ပြင်ပဈေးကွက်ထဲမှာ အမှန်တကယ် အသုံးချလို့ရမဲ့ ပညာရပ်တွေပဲ ဖြစ်ပါတယ်။

🔹Basic ရော Advanced ပါ အပြီးအစီး (၂) ခုလုံးကိုမှ သင်တန်းကြေး - ၁၂၀,၀၀၀ ကျပ်တည်းနဲ့ L2E App (သို့) Website မှာ အခုပဲ လေ့လာနိုင်ပါပြီ။ သင်တန်းပြီးဆုံးတဲ့အခါ Certificate လဲ ရယူနိုင်ပါတယ်။

ဈေးကွက်ထဲမှာ နေရာတစ်နေရာရမဲ့ Content Writer တစ်ယောက်ဖြစ်လာဖို့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။ 👇

ဆက်သွယ်စုံစမ်းရန်:
☎️ Phone - 09 506 3496
💬 Messenger - http://m.me/l2emyanmar

L2E သင်တန်းစတိုး - လက်တွေ့အသုံးချ အသက်မွေးဝမ်းကျောင်း သင်တန်းများ စုစည်းရာ
Learning to Earning , Unlock Opportunities.

17/08/2026

Photoshop ကို အခုမှ စတင်လေ့လာမဲ့သူတွေအတွက် အခြေခံအကျဆုံးနဲ့ မသိမဖြစ် လေ့လာထားရမဲ့ "Photoshop ရဲ့ Panel & Workspace " ကို အလွယ်ကူဆုံး ရှင်းပြပေးထားပါတယ်။

ဗီဒီယိုလေးကို Save ထားပြီး ကိုယ်တိုင် လက်တွေ့ လိုက်လုပ်ကြည့်ပါနော်။

ဒီလို ဒီဇိုင်းဖန်တီးတဲ့ အခြေခံပညာကစပြီး ဘဝအတွက် တကယ်အသုံးကျမဲ့ တခြားသော အသက်မွေးဝမ်းကျောင်း Skills တွေကိုပါ အချိန်တိုအတွင်း ထိထိရောက်ရောက် ဆက်လက်လေ့လာချင်တယ်ဆိုရင်တော့ L2E သင်တန်းစတိုးမှာ လေ့လာနိုင်ပါတယ်။

L2E သင်တန်းစတိုးမှာရှိတဲ့ သင်တန်းတွေကို page Messenger ကနေတဆင့် စုံစမ်းဝယ်ယူနိုင်သလို၊ L2E Myanmar Website နဲ့ Mobile Application ကနေလဲ တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။

L2E Myanmar App ထဲမှာဆိုရင် အလုပ်တစ်ဖက်နဲ့ပဲဖြစ်ဖြစ်၊ ကျောင်းတစ်ဖက်နဲ့ပဲဖြစ်ဖြစ် တစ်နေ့ကို (၁၅) မိနစ် အချိန်ပေးရုံနဲ့တင် လက်တွေ့ဘဝမှာ အသုံးချနိုင်တဲ့ပညာရပ်တွေကို အချိန်မရွေး၊ နေရာမရွေး စတင်လေ့လာနိုင်နေပါပြီ။

📲 L2E Mobile App ကို ဒီ Link တွေကနေ Download ရယူနိုင်ပါတယ်:
Android App: https://play.google.com/store/apps/details?id=com.xsphere.e_learning
iOS App: https://apps.apple.com/app/id1626038880
Website Link: https://l2emyanmar.com

ဆက်သွယ်စုံစမ်းရန်:
☎️ Phone - 09 506 3496
💬 Messenger - http://m.me/l2emyanmar

Our Social Channels:
YouTube - https://youtube.com/
Telegram - https://t.me/L2EMyanmar
Tiktok - https://www.tiktok.com/?_r=1&_t=ZS-91HWolJq0SQ

🎓 L2E သင်တန်းစတိုး – ကိုယ်စတင်ချင်တဲ့ Skill Journey အတွက် တကယ်အထောက်အကူဖြစ်မဲ့နေရာ!
Learning to Earning , Unlock Opportunities.

17/08/2026

"စမ်းလုပ်ကြည့်မယ်" ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ မအောင်မြင်ရင် အရှုံးပေးလိုက်မယ်ဆိုတဲ့ ဆင်ခြေတစ်ခု ကြိုပြီး ပါနေတတ်ပါတယ်။

တကယ်တမ်း အောင်မြင်ချင်တယ်ဆိုရင် ရာခိုင်နှုန်းပြည့် အာရုံစိုက်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ စတင်ဖို့ လိုပါတယ်။

ဥပမာ -

🔹 အလုပ်တစ်ခုကို စလုပ်တော့မယ်ဆိုရင် "အဆင်ပြေမလား စမ်းလုပ်ကြည့်လိုက်မယ်" လို့ မတွေးဘဲ "သေချာပေါက် ဖြစ်အောင်လုပ်မယ်" ဆိုတဲ့ စိတ်ဓာတ်နဲ့ စတင်တာ
🔹 ပညာရပ်တစ်ခု လေ့လာတော့မယ်ဆိုရင် အချိန်နဲ့ ငွေကို အလဟဿ မဖြစ်စေဘဲ ပြီးဆုံးတဲ့အထိ ဇွဲချပြီး လေ့လာတာ
🔹 ရည်မှန်းချက်တစ်ခု စတင်ပြီဆိုတာနဲ့ နောက်ဆုတ်မဲ့ လမ်းကြောင်းထက် အောင်မြင်အောင် ရှေ့ဆက်မဲ့ နည်းလမ်းကိုပဲ အာရုံစိုက်တာ
🔹 မသေချာတဲ့ ကိစ္စတွေမှာ အားနာပြီး "လုပ်ကြည့်ပေးပါ့မယ်" လို့ ပြောမဲ့အစား ကိုယ်တကယ် မလုပ်နိုင်ရင် ပြတ်ပြတ်သားသား ငြင်းဆိုတာ စတဲ့ အလေ့အကျင့်တွေ မွေးမြူဖို့ လိုပါတယ်။

ကိုယ့်ဘဝတိုးတက်ဖို့အတွက် အရာရာကို ခပ်ပေါ့ပေါ့ 'စမ်းကြည့်' နေဖို့ အချိန်မရှိတော့ပါဘူး။ လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်လဲ အဆုံးထိ ရောက်အောင်သာ ပုံအောပြီး ကြိုးစားသွားပါ။

16/08/2026

L2E ရဲ့ အမောပြေစေတဲ့ ပီတိလေးတစ်ခု🥰🥰

Network & Telecom နယ်ပယ်ကို တကယ်ဝါသနာပါပြီး သင်တန်း (၇) ခုလုံးကို တစ်ခါတည်း ယုံယုံကြည်ကြည် လာအပ်သွားတဲ့အတွက် အရမ်းကို ကျေးဇူးတင်သလို၊ L2E ဘက်ကလဲ ပိုပြီး တာဝန်ကြီးသွားသလို ခံစားရပါတယ်။

ကိုယ်ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို တစ်နေရာတည်းမှာ အခြေခံကနေစပြီး စိတ်ချလက်ချ လေ့လာချင်တယ်ဆိုရင်တော့ L2E သင်တန်းစတိုး ရှိနေပါမယ်။

ဆက်သွယ်စုံစမ်းရန်
☎️ Phone - 09 506 3496
💬 Messenger - http://m.me/l2emyanmar

L2E သင်တန်းစတိုး - လက်တွေ့အသုံးချ အသက်မွေးဝမ်းကျောင်း သင်တန်းများ စုစည်းရာ
Learning to Earning , Unlock Opportunities.

16/08/2026

ပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့ လောကကြီးမှာ မမောမပန်းဘဲ ပန်းတိုင်ရောက်ချင်ရင် ခြင်္သေ့တွေဆီကနေ သင်ယူပါ။🦁

တောဘုရင်လို့ တင်စားကြတဲ့ ခြင်္သေ့တွေရဲ့ ရှင်သန်နေထိုင်မှု ပုံစံတွေနောက်ကွယ်မှာ လူသားတွေအတွက် လိုက်နာစရာ အချက်တွေ အများကြီး ရှိပါတယ်။

🔹 စွမ်းအင်ကို ချွေတာခြင်း

ခြင်္သေ့တွေဟာ တွေ့သမျှ သားကောင်တိုင်းကို လိုက်မဖမ်းဘဲနဲ့ သူတို့ရဲ့ အချိန်တော်တော်များများကို အနားယူခြင်းနဲ့သာ ကုန်ဆုံးစေပြီး၊ အခွင့်အရေး အကောင်းဆုံးအချိန် ရောက်လာမှသာ ပစ်မှတ်ကို သေချာစူးစိုက်ပြီး အားအင်အပြည့်နဲ့ အပိုင်ဖမ်းလေ့ရှိပါတယ်။

ဘဝမှာလဲ ကြုံလာသမျှ ကိစ္စသေးသေးလေးတွေတိုင်းကို လိုက်ခေါင်းစားမနေဘဲ တကယ်အရေးကြီးတဲ့ ပန်းတိုင်အတွက်သာ ကိုယ့်ရဲ့ အချိန်နဲ့ ခွန်အားတွေကို ချန်ထားသင့်ပါတယ်။

🔹 ကြံ့ကြံ့ခံနိုင်ခြင်း

ခြင်္သေ့တွေက အမဲလိုက်တဲ့အခါမှာ လွဲချော်တာတွေ ရှိတတ်ပေမဲ့ ဘယ်တော့မှ လက်မလျှော့ဘဲ နောက်တစ်ကြိမ်အတွက် အေးအေးဆေးဆေး ပြန်လည်စွမ်းအင်မွေးပြီး ရှေ့ဆက်တတ်ကြပါတယ်။

ဒါကြောင့် ကျရှုံးမှုဆိုတာ တကယ်အဆုံးသတ်သွားတာမဟုတ်ဘူးဆိုတာကို ခြင်္သေ့တွေက ပြသပေးနေပါတယ်။

🔹 အစုအဖွဲ့ကို တန်ဖိုးထားခြင်း

ခြင်္သေ့တွေဟာ သီးခြားခွဲထွက်နေလေ့မရှိဘဲ မိသားစုအုပ်စုနဲ့သာ စုစုစည်းစည်း နေထိုင်ကြပါတယ်။ အမဲလိုက်တဲ့အခါဖြစ်ဖြစ်၊ ရန်သူကို ကာကွယ်တဲ့အခါဖြစ်ဖြစ် တစ်ကောင်တည်းထက် အုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်တတ်ကြတယ်။

ကိုယ်တစ်ယောက်တည်း ဘယ်လောက်ပဲ တော်နေပါစေ၊ ယုံကြည်ရတဲ့ အသိုင်းအဝိုင်းနဲ့ စိတ်တူကိုယ်တူ ပူးပေါင်းနိုင်မှ ရေရှည်ခရီးပေါက်နိုင်မယ်ဆိုတာကို သတိပေးနေပါတယ်။

လောကကြီးမှာ ပြဿနာတွေကို အော်ဟစ်ပေါက်ကွဲပြီး ဖြေရှင်းတာထက်၊ ခြင်္သေ့တစ်ကောင်လို တည်တည်ငြိမ်ငြိမ်နဲ့ အချိန်ကိုက် ဖြေရှင်းတတ်ဖို့က ပိုပြီး အရေးကြီးပါတယ်။

သင်ရော ခြင်္သေ့လိုစိတ်ဓာတ်နဲ့ လူတစ်ယောက်ပဲလား။

ဒါဆိုရင်တော့ သင့်လိုပဲ ခွန်အားပြည့်ဝပြီး တည်ငြိမ်ရင့်ကျက်တဲ့ သူငယ်ချင်းတွေပါ ဖတ်ရအောင် ဒီ Post လေးကို အခုပဲ Share ပြီး မျှဝေလိုက်ပါဦးနော်။

15/08/2026

Photoshop တတ်ရုံနဲ့ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေ ရနိုင်တယ်ဆိုတာ သင်သိပါသလား?

Photoshop ဆိုတာ ဓာတ်ပုံလေးတွေ လှအောင်ပြင်တဲ့ Application တစ်ခုတည်းတင် မဟုတ်ပါဘူး။ သေချာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားမယ်ဆိုရင် ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ ရပ်တည်ပြီး ဝင်ငွေလမ်းကြောင်းတွေ အများကြီး ဖန်တီးနိုင်ပါတယ်။

Photoshop ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ဝင်ငွေကောင်းကောင်းရနိုင်တဲ့ အလုပ် (၅) မျိုးကတော့ -

🔹 Graphic Designer

အခုခေတ် စီးပွားရေးလုပ်ငန်းတိုင်းက Digital Marketing ကို အားထားလာရတဲ့အတွက် ဆွဲဆောင်မှုရှိတဲ့ ကြော်ငြာဒီဇိုင်းတွေ ဖန်တီးပေးနိုင်တဲ့ Graphic Designer တွေဟာ လစာကောင်းကောင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း အပေါများဆုံး ဖြစ်ပါတယ်။

🔹 Freelance Photo Retoucher

မင်္ဂလာဆောင်၊ Commercial နဲ့ ဖက်ရှင် ဓာတ်ပုံဆရာတွေဆီကနေ ဓာတ်ပုံတွေကို Professional ကျကျ Retouch လုပ်ပေးတဲ့ အလုပ်ကို အိမ်ကနေ Freelance အနေနဲ့ လက်ခံလုပ်ကိုင်ပြီး Project အလိုက် ဝင်ငွေကောင်းကောင်း ရှာဖွေနိုင်ပါတယ်။

🔹 Packaging & Print Media Designer

ထုတ်ကုန်ပစ္စည်းတွေရဲ့ ထုပ်ပိုးမှု (Packaging) ဒီဇိုင်းတွေ၊ Billboards တွေ၊ မဂ္ဂဇင်း မျက်နှာဖုံးတွေ ဖန်တီးရတဲ့ အလုပ်ဟာ စီးပွားရေးလောကမှာ မရှိမဖြစ်လိုအပ်ပြီး ဝင်ငွေရလမ်း အရမ်းကောင်းတဲ့ အလုပ်တစ်ခုလဲ ဖြစ်ပါတယ်။

🔹 Web & UI Visual Designer

Website တွေ၊ Application တွေ ရေးဆွဲရာမှာ လိုအပ်တဲ့ Visual ဒီဇိုင်းတွေ၊ Mockup တွေကို Photoshop အသုံးပြုပြီး ဖန်တီးပေးရတဲ့ နည်းပညာပိုင်းဆိုင်ရာ အလုပ်တွေဟာလဲ လစာမြင့်မားပါတယ်။

🔹 Digital Artist / Illustrator

ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းအပေါ် မူတည်ပြီး စာအုပ်မျက်နှာဖုံးတွေ၊ Digital Art တွေ ရေးဆွဲကာ နိုင်ငံတကာ Freelance Website တွေမှာ ဒေါ်လာနဲ့ပါ ဝင်ငွေရှာနိုင်တဲ့အထိ အခွင့်အလမ်းတွေ ရှိပါတယ်။

ဒီလောက်များပြားတဲ့ အခွင့်အလမ်းတွေရှိနေတဲ့အတွက် Photoshop ကို စိတ်ဝင်စားတယ်၊ ဝါသနာလဲ ပါမယ်ဆိုရင် အချိန်ဆွဲမနေဘဲ ကျွမ်းကျင်တဲ့အဆင့်ထိ ရောက်အောင် မဖြစ်မနေ သင်ယူထားသင့်ပါတယ်။

အခြေခံကနေ ဘယ်လိုစတင်လေ့လာရမလဲ ခေါင်းစားနေရင်တော့ L2E မှာ စနစ်တကျ သင်ကြားပေးထားတဲ့ Course 25 - Photoshop Basic to Advanced Course ကို သင်တန်းကြေး - ၄၀,၀၀၀ ကျပ် တည်းနဲ့ ယုံကြည်စိတ်ချစွာ စတင်လေ့လာနိုင်ပါပြီ။

ဈေးကွက်ထဲမှာ နေရာတစ်နေရာရမဲ့ Professional တစ်ယောက်ဖြစ်လာဖို့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။ 👇

ဆက်သွယ်စုံစမ်းရန်:
☎️ Phone - 09 506 3496
💬 Messenger - http://m.me/l2emyanmar

L2E သင်တန်းစတိုး - လက်တွေ့အသုံးချ အသက်မွေးဝမ်းကျောင်း သင်တန်းများ စုစည်းရာ
Learning to Earning , Unlock Opportunities.

15/08/2026

အခုတလော ဝမ်းရောဂါတွေ ဖြစ်နေတော့ သတိထားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

Photos from L2E သင်တန်းစတိုး's post 14/08/2026

ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့ ဘာသာစကားအသစ်တစ်ခုကို စတင်လေ့လာလိုက်ပါ။

အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရှာဖွေဖို့ပဲဖြစ်ဖြစ်၊ နိုင်ငံခြားသွားဖို့ ပြင်ဆင်နေတာပဲဖြစ်ဖြစ် L2E သင်တန်းစတိုးမှာ စိတ်ဝင်စားရာ ဘာသာစကားတွေကို အခြေခံကစပြီး စနစ်တကျ လေ့လာနိုင်ပါပြီ။

L2E သင်တန်းစတိုးရဲ့ ဘာသာစကားသင်တန်း (၁၁) ခုကတော့ -

🔹 Course 2 - Japanese N5 Course
🔹 Course 5 - English 4 Skills Elementary Course
🔹 Course 52 - English Vocabulary Enrichment Course
🔹 Course 9 - Korean Basic Course
🔹 Course 19 - Korea Basic Course
🔹 Course 24 - Chinese Basic Course
🔹 Course 27 - Thai Basic + Level 1 Course
🔹 Course 11 - French Foundation Course
🔹 Course 26 - French A 1.1 Course
🔹 Course 7 - German A 1.1 Course
🔹 Course 34 - Spanish Introduction A 1.1 Course

ဝါသနာပါရာ ဘာသာစကားတစ်ခုကို ရွေးချယ်ပြီး အခုပဲ စတင်လေ့လာလိုက်ပါ။

ဆက်သွယ်စုံစမ်းရန်:
☎️ Phone - 09 506 3496
💬 Messenger - http://m.me/l2emyanmar

L2E သင်တန်းစတိုး - လက်တွေ့အသုံးချ အသက်မွေးဝမ်းကျောင်း သင်တန်းများ စုစည်းရာ
Learning to Earning , Unlock Opportunities.

14/08/2026

ထိုင်ခုံပေါ်မှာတင် ကျန်းမာရေးက တဖြည်းဖြည်း ဆုတ်ယုတ်နေပြီလား။

တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရသူတွေအတွက် ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ အလွယ်တကူ လုပ်နိုင်မဲ့ အရေးကြီးဆုံး ကျန်းမာရေး လျှို့ဝှက်ချက် (၅) ချက်ကို ပြောပြပေးလိုက်ပါတယ်။

🔹ရေပုလင်း အနီးမှာထားပါ

ရေများများသောက်တာက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အလုပ်စားပွဲမှာ ရေပုလင်း အမြဲဆောင်ထားပြီး ခဏခဏ သောက်ပေးတာက အကုန်အကျအသက်သာဆုံး ကျန်းမာရေးစောင့်ရှောက်မှုပါပဲ။

🔹ခုံပေါ်မှာတင် အကြောလျှော့ပါ

အလုပ်လုပ်ရင်း (၁) နာရီပြည့်တိုင်း ဇက်ကြော၊ ပခုံးကြောနဲ့ လက်ကောက်ဝတ်လေးတွေကို လှည့်ပြီး အကြောလျှော့ပေးပါ။ အချိန် (၁) မိနစ်တောင် မပေးရဘဲ ဇက်ကျီးပေါင်းနဲ့ ခါးနာတာတွေကို ကာကွယ်ပေးပါတယ်။

🔹အကြောင်းရှာပြီး လမ်းထလျှောက်ပါ

ဖုန်းပြောရင်ပဲဖြစ်ဖြစ်၊ ရေသောက်သွားတာပဲဖြစ်ဖြစ် ထိုင်ရာကနေ ထပြီး လမ်းလျှောက်ပါ။ ရုံးမှာ ဓာတ်လှေကားအစား ရိုးရိုးလှေကားကို သုံးပေးတာက အလွယ်ကူဆုံးနဲ့ Free ရတဲ့ နေ့စဉ်လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

🔹ထိုင်ဟန် မှန်ပါစေ

ခုံမှာထိုင်တဲ့အခါ ခေါင်းငုံ့ပြီး ခါးကိုင်းမနေဘဲ ခါးကို မတ်မတ်ထားပြီး မှီထိုင်ပါ။ ပုံစံမှန်မှန် ထိုင်တဲ့အကျင့်က နောင်တစ်ချိန် အရိုးအကြော ဆေးခန်းပြရမဲ့ စရိတ်တွေကို အများကြီး သက်သာစေပါတယ်။

🔹၂၀-၂၀-၂၀ မျက်စိလေ့ကျင့်ခန်း လုပ်ပါ

မျက်မှန်ဖိုးတွေ မကုန်ချင်ဘူးဆိုရင် ကွန်ပျူတာကြည့်နေရင်း (၂၀) မိနစ်ပြည့်တိုင်း ပေ (၂၀) အကွာကို စက္ကန့် (၂၀) ကြာအောင် လှမ်းကြည့်ပြီး မျက်စိကို မဖြစ်မနေ အနားပေးရပါမယ်။

တကယ်တော့ ဘဝမှာ ကျန်းမာရေးက အရေးကြီးဆုံးမို့လို့ ဒီလိုအလွယ်နည်းလေးတွေအပြင် အချိန်ပေးနိုင်ရင် Gym သွားပြီး သေချာလေ့ကျင့်ခန်းလုပ်တာမျိုးပါ စမ်းလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တယ်ဆိုရင်တော့ ဒီ Video လေးကို အခုပဲ Save ထားပြီး နေ့စဉ် မပျက်မကွက် လိုက်လုပ်ကြည့်စေချင်ပါတယ်။

13/08/2026

အခုတလော ဝမ်းရောဂါတွေလဲ ဖြစ်နေတော့ သတိထားလို့ရအောင် တင်ပေးလိုက်ပါတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 22, Phayar Street, 5 Quarter, Kamayut Tsp.
Yangon