Mae Learns Japanese

Mae Learns Japanese This page may help you improve your Japanese language skill as well as your knowledge about Japan and the culture. So, please enjoy!!

22/12/2021

ဂျပန်လူမျိုးတွေဆီက “ဂျပန်စကားတော်တယ်နော်” လို့ ခနခနအပြောခံရတယ်။ တကယ် တော်,မတော် ဘယ်လိုသိနိုင်မလဲ 🤔

အဖြေကိုတော့ ဂျပန်စကားကို မွတ်နေအောင် ပြောတတ်တဲ့ Dogen က ပြောပြထားပါတယ် 😎

🎄 အခုလို ဘာသာပြန် video တွေကို သဘောကျတယ်ဆိုရင် ဒီ page လေးကို like လုပ်ထားဖို့ မမေ့ပါနဲ့နော် 🎄

pls watch the original video to support the creator
link - https://youtu.be/Qmfipv-H4_o

幸せの順番နံပါတ်စဥ်ရှိတဲ့ ပျော်ရွှင်မှု 失恋する人がいるからအသည်းကွဲတဲ့သူတွေ ရှိတာမလို့付き合える人がいてတစ်ဦးနဲ့တစ်ဦး မေတ္တာနေတဲ့သူတွေရှိတယ်不...
20/12/2021

幸せの順番
နံပါတ်စဥ်ရှိတဲ့ ပျော်ရွှင်မှု

失恋する人がいるから
အသည်းကွဲတဲ့သူတွေ ရှိတာမလို့

付き合える人がいて
တစ်ဦးနဲ့တစ်ဦး မေတ္တာနေတဲ့သူတွေရှိတယ်

不合格になる人がいるから
ကျရှုံးတဲ့သူ ရှိတာမလို့

合格する人がいて
အောင်နိုင်သူ ရှိတယ်

二番目のひとがいるから
နှစ်ယောက်မြောက်သောသူ ရှိတာမလို့

一番目のひてがいて
ပထမမြောက်သောသူဆိုတာ ရှိတယ်

誰かの不幸せが誰かの幸せに
တစ်စုံတစ်ယောက်ရဲ့ ဝမ်းနည်းမှုက အခြားတစ်စုံတစ်ယောက်ရဲ့ ပျော်ရွှင်မှုအဖြစ်

つながることもある
ချိတ်ဆက်နေတဲ့အဖြစ်မျိုးတွေ ရှိတယ်

幸せには順番がある
ပျော်ရွှင်မှုမှာ နံပါတ်စဥ်ဆိုတာရှိတယ်

いつまでも幸せな人もいなければ
ဘယ်သူကမှ ထာဝစဥ်ပျော်ရွှင်နေတာ မဟုတ်သလို

いつまでも不幸せな人もいない
ဘယ်သူမှလည်း ထာဝစဥ် ဝမ်းနည်းမှုတွေနဲ့ မရင်ဆိုင်ရပါဘူး

quote from pinterest

“study with me” channels to inspire u 🍻why study with “study with me” videos????🍾 စာလုပ်နေတဲ့အခါ “study with me” video လ...
24/11/2021

“study with me” channels to inspire u 🍻

why study with “study with me” videos????

🍾 စာလုပ်နေတဲ့အခါ “study with me” video လေး ဖွင့်ပြီးလုပ်ရင် ပိုပြီး motivation ရတယ်လို့ ထင်ပါတယ်။
စာလုပ်ချင်စိတ် မရှိတဲ့အခါမှာလည်း ကိုယ့်ကို စာလုပ်ချင်စိတ််ဖြစ်အောင် တစ်စိတ်တစ်ပိုင်းအနေနဲ့ ကူညီပေးနိုင်ပါတယ်။

🧃 ဒါ့အပြင် “study with me” video ဖွင့်ပြီး တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း စာလုပ်တဲ့အခါ လုပ်နေရင် social media လှန်ကြည့်မိတာတို့၊ အလေလိုက်မိတာတို့ ဖြစ်နိုင်ချေ ပိုနည်းနိုင်ပါတယ်။ (စာကြည့်တိုက်ထဲမှာ စာလုပ်တဲ့အခါ သူများတွေလည်း စာလုပ်နေတဲ့အတွက် ကိုယ်က ဖုန်းကြီးကိုင်ပြီး အလေလိုက်သွားဖို့ ရာခိုင်နှုန်းနည်းသလိုပါပဲ)

🍨 ဒါကြောင့် ဒီနေ့မှာတော့ ဂျပန်နိုင်ငံက “study with me” video တွေ upload လုပ်လေ့ရှိတဲ့ college/university ကျောင်းသား study tuber တွေကို မျှဝေချင်ပါတယ်။ ထို study tuber များက study with me video တွေအပြင် daily vlog တွေလည်းရိုက်လေ့ရှိတဲ့အတွက် entertainment အနေဖြင့် ဂျပန်နိုင်ငံရဲ့ လူငယ်တွေရဲ့ လူနေမှုဘဝကိုလည်း ကြည့်ရှုနိုင်ပါတယ်.

🧋 အားလုံးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ် 🧋

🍯 channel link ရယူရန် ပုံတစ်ပုံချင်းကို နှိပ်ကြည့်ပါ (ကျွန်မအများဆုံးနှစ်သက်သူကနေ အနည်းဆုံးနှစ်သက်သူအတိုင်း ပုံကိုစဥ်ထားပါတယ်) 🍯

幸せとはပျော်ရွှင်မှုဆိုတာ自分らしくいられることမိမိကိုယ်ကို ချစ်တတ်ခြင်း人の幸せを願えることတစ်ပါးသူရဲ့ ပျော်ရွှင်မှုကို ဆုတောင်းပေးနိုင်ခြင်း誰か...
20/10/2021

幸せとは
ပျော်ရွှင်မှုဆိုတာ

自分らしくいられること
မိမိကိုယ်ကို ချစ်တတ်ခြင်း

人の幸せを願えること
တစ်ပါးသူရဲ့ ပျော်ရွှင်မှုကို ဆုတောင်းပေးနိုင်ခြင်း

誰かの大切に立てること
တစ်စုံတစ်ယောက်အတွက် အရေးကြီးသောဖြစ်တည်မှု ဖြစ်ခွင့်ရခြင်း

大切な人がそばにいること
မိမိချစ်ခင်ရသူတွေရဲ့ အနားမှာ နေခွင့်ရခြင်း

心から笑い合えること
စိတ်ထဲနှလုံးထဲမှ ပြုံးရယ်နိုင်ခြင်း

心も体も元気なこと
စိတ်ရောကိုယ်ပါ ကျန်းမာနေခြင်း

毎日同じことができること
နေစဥ်နေ့တိုင်းကို ဖြတ်သန်းခွင့်ရခြင်း

明日がやってくること
မနက်ဖြန်ဆိုတဲ့အရာကို ပိုင်ဆိုင်ခွင့်ရခြင်း

感謝できること
ကျေးဇူးတရားများကို ခံစားခွင့်ရခြင်း

いつでも幸せと感じられること…
အမြဲတစေ ပျော်ရွှင်မှုကို ခံစားခွင့်ရခြင်း…

💌 enjoy the little things

original quote from pinterest
photos from pinterest

N2 Lecture Collection☁️ Grammar ☁️N2 Grammar Playlist | 日本語の森 (latest)Link - https://youtube.com/playlist?list=PLINFE8v4...
02/10/2021

N2 Lecture Collection

☁️ Grammar ☁️

N2 Grammar Playlist | 日本語の森 (latest)
Link -
https://youtube.com/playlist?list=PLINFE8v4DOhuZsIMdGYo9b5z0zSGKzLFN

N2 Grammar Playlist | 三本塾 -Sambon Juku-
Link - https://youtube.com/playlist?list=PLyJCUas37mqc7MVQaKXvZET15p0uPTx8S

N2 Grammar Playlist | 日本語の森 (old lectures)
Link -
https://youtube.com/playlist?list=PLINFE8v4DOhvV5tJT77oF92vIwLLl6wAA

N2 Grammar Playlist | Japanese Language School - Coto Academy
Link -
https://youtube.com/playlist?list=PLKvm_z0JG6INvykiHm3tFqlO0pBJeCWu9

N1-N2 Level Japanese | Ako Nihongo Lessons
Link - https://youtube.com/playlist?list=PLWcwceP9oTeOzu_5wXpMxP1fuSS0e78xn

☁️ Vocabulary ☁️

N2 Vocabulary Playlist | 日本語の森 (Kawama Sensei)
Link -
https://youtube.com/playlist?list=PLINFE8v4DOhuHjElR2LXixfqKKnlXoq92

☁️ Kanji ☁️

N2 Kanji | Riki Nihongo Dayo
Link - https://youtube.com/playlist?list=PLmfiO-Jszu_itRX2F7bdhbDFfF40rSmGd

50 Must-Know Kanji | Learn Japanese with JapanesePod101.com
Link -
https://youtu.be/Vvgn4Za4yL0

☁️ Listening ☁️

JLPT Listening Practice | Playlist by Japanese Language Practice
Link -
https://youtube.com/playlist?list=PLmMaLPtNRl6WUkgK_yfrnVuAfP1sLIYjB

JLPT Listening Practice Playlist (12) | Sun and Moon Channel
Link -
https://youtube.com/playlist?list=PLn4dXsxtKKeQfTwS1lsuHkm1IPi5yS2nK

ယနေ့စုဆောင်း ဖော်ပြလိုက်တဲ့ သင်ခန်းစာ ဗီဒီယို Link များက ဂျပန်စာလေ့လာနေသူတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
ဒီလို Sharing လေးတွေကို သဘောကျတယ်ဆို ဒီ Page လေးကို Like and Follow လုပ်ဖို့ မမေ့ပါနဲ့နော်။

💐 N3 Lecture Collection - https://www.facebook.com/101515794999170/posts/322959616188119/

28/09/2021

ဂျပန်စာလက်ရေးလှအောင်ရေးနည်း 📝

ဂျပန်စာလက်ရေးလှအောင် ရေးတာဟာ ဂျပန်စာလေ့လာနေသူအားလုံးကြုံရတဲ့ အခက်အခဲတွေထဲက တစ်ခုဖြစ်တယ် ထင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Pike Channel မှ ဂျပန်စာလက်ရေးလှအောင်ရေးနည်းလေးကို ဘာသာပြန်ပြီး မျှဝေပေးလ်ုက်ရပါတယ်။

please watch the original video to support the creator
link - https://youtu.be/YQ18BJVcLDc

video နောက်ဆုံးမှာ အချက်အားလုံးစုထားတဲ့ summary ထည့်ထားပါတယ်။

どんなに不安なことがあってもပူပင်သောကရောက်စရာတွေ ဘယ်လိုပဲ ရှိနေပါစေ心配しすぎるのはやめろ。ပူဆွေးပူပင်နေတာတွေ ရပ်လိုက်ပါ「もし、こうなったら…」と“အကယ်၍…” ဆိုပ...
23/09/2021

どんなに不安なことがあっても
ပူပင်သောကရောက်စရာတွေ ဘယ်လိုပဲ ရှိနေပါစေ

心配しすぎるのはやめろ。
ပူဆွေးပူပင်နေတာတွေ ရပ်လိုက်ပါ

「もし、こうなったら…」と
“အကယ်၍…” ဆိုပြီး

思うことの大抵は実際に起きません。
မိမိစိတ်ပူပန်နေတဲ့ အရာအများစုက လက်တွေ့ဖြစ်မလာပါဘူး

仮に起きたとしても
လက်တွေ့ဖြစ်လာတယ်ဆိုရင်တောင်

今あなたが生きているように
သင်လက်ရှိအချိန်ထိ ရှင်သန်နေခဲ့သလိုပဲ

何とかなります。
တစ်နည်းနည်းနဲ့ အဆင်ပြေသွားမှာပါ

人生はそんなもんです。
လူ့ဘဝဆိုတာ ဒီလိုပဲဖြစ်ပါတယ်

あんまり心配しすぎな。
အဲ့လောက်ထိ ပူဆွေးနေစရာမလိုပါဘူး

人生は楽しいんだもん勝ち。
ဘဝမှာ ပျော်ရွှင်ခြင်းက အနိုင်ယူခြင်းပါပဲ

気楽にいこう。
စိတ်ပေါ့ပါးပျော်ရွှင်စွာ ဖြတ်သန်းကြပါစို့။

just a night time reminder for y’all 💌

original quote from pinterest

習うより慣れよ「narau yori nareyo」- သင်ယူတာထက် ကျင့်သားရအောင်လုပ်ပါ“(ဘာသာစကားလေ့လာရာတွင်) တစ်စုံတစ်ဦးဆီကသော်လည်းကောင်း၊ စာအုပ်က...
20/09/2021

習うより慣れよ「narau yori nareyo」- သင်ယူတာထက် ကျင့်သားရအောင်လုပ်ပါ

“(ဘာသာစကားလေ့လာရာတွင်) တစ်စုံတစ်ဦးဆီကသော်လည်းကောင်း၊ စာအုပ်ကသော်လည်းကောင်း လေ့လာခြင်းထက် မိမိကိုယ်တိုင် လေ့ကျင့်ခြင်းနှင့် ကျင့်သားရအောင်လုပ်ခြင်းက ပို၍တတ်မြောက်လွယ်ပါသည်” ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ စကားဖြစ်ပါတယ်။

ဘာသာစကားလေ့လာတာက ကား‌မောင်းသင်တာနဲ့ ဆင်တယ်လို့ ဆိုပါတယ်။ ကားမောင်းတဲ့နည်းကို စာအုပ်ဖတ်ပြီးပဲ လေ့လာနေရင် မောင်းတတ်ဖို့က မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။ မိမိက စတင်‌လေ့ကျင့်တဲ့အချိန်ကတည်းက လက်တွေ့မောင်းကျင့်ထားမှသာ ကျွမ်းကျင်စွာ မောင်းတတ်မှာ ဖြစ်ပါတယ်။
ဘာသာစကားအတွက်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ မိမိက စတင်လေ့လာကတည်းက ထိုဘာသာစကားနဲ့ မိမိနဲ့ တသားတည်းဖြစ်နေအောင်လို့ သင်ရိုးစာအုပ်ထဲက လေ့လာခြင်းအပြင် လက်တွေ့ဘဝမှာလည်း ထိုဘာသာစကားနဲ့ ထိတွေ့နေဖို့လိုပါတယ်။
(မိမိက ကိုယ်လေ့လာနေတဲ့ ဘာသာစကားပြောတဲ့ နိုင်ငံမှာမနေဘူးဆိုရင် ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ သတင်းနားထောင်ခြင်း၊ YouTube မှ Video များကြည့်ခြင်း စတာတွေက အင်မတန်အထောက်အကူဖြစ်တဲ့ နည်းလမ်းတွေလို့ ထင်ပါတယ်)

My Recommendations 💌

Songs -
https://www.facebook.com/101515794999170/posts/317870586697022/

Anime -
https://www.facebook.com/101515794999170/posts/209862127497869/

News -
https://fb.watch/88bgWkyhE_/

YouTube -
https://www.facebook.com/101515794999170/posts/216432516840830/

Movie -
https://www.facebook.com/musicophile99/ တွင် ဘာသာပြန် ဂျပန်ရုပ်ရှင်များ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

生きるとはရှင်သန်ခြင်းဆိုတာどんな状況でも学ぶことဘယ်လိုအခြေအနေကနေဖြစ်ပါစေ သင်ခန်းစာယူဖို့ 楽しみを見つけることပျော်ရွှင်မှုကို ရှာတွေ့ဖို့困難を乗り越える...
28/07/2021

生きるとは
ရှင်သန်ခြင်းဆိုတာ

どんな状況でも学ぶこと
ဘယ်လိုအခြေအနေကနေဖြစ်ပါစေ သင်ခန်းစာယူဖို့

楽しみを見つけること
ပျော်ရွှင်မှုကို ရှာတွေ့ဖို့

困難を乗り越えること
အခက်အခဲများကို ရင်ဆိုင်ကျော်လွှားဖို့

誰かに必要とされること
မိမိက တစ်စုံတစ်ယောက်အတွက် လိုအပ်မှုတစ်ခုဖြစ်ဖို့

挑戦すること
စိန်ခေါ်ရင်ဆိုင်လိုစိတ်ရှိဖို့

自分らしくいること
မိမိရဲ့ ဖြစ်တည်မှုအတိုင်း ရှင်သန်ဖို့

毎日感謝すること
နေ့စဥ်နေ့တိုင်း ‌ကောင်းသောအရာများကို အသိမှတ်ပြုခံစားဖို့

明日を信じて今日を頑張ること
မနက်ဖြန်ကို ယုံကြည်ပြီးတော့ ဒီနေ့ကို ကြိုးစားနေဖို့

生きるとは本当に当たり前ではないから
ရှင်သန်ခြင်းဆိုတာ ထူးခြားဆန်းကြယ်တဲ့အရာ ဖြစ်တာမလို့

奇跡を大切すること
အံ့ဖွယ်ဖြစ်ရပ်များကို အလေးအမြတ်တန်ဖိုးထားဖို့....

26/07/2021

ဂျပန်စကား ကျွမ်းကျင်အောင်ဘယ်လို့လေ့လာမလဲ (အမေရိကန်လူမျိုးနဲ့ တရုတ်လူမျိုးတို့ရဲ့ ဂျပန်စကားအပေါ် အမြင်) | Part 2

Part 1 - https://fb.watch/6_4lqjvJuS/

💐 ဒီ Part 2 က ဂျပန်စကားလေ့လာခြင်းရဲ့ အကျိုးအမြတ်များနှင့် စကားပြောကျွမ်းကျင်အောင် လေ့လာရမယ့် နည်းလမ်းတွေကို မျှဝေထားတဲ့ Video လေး ဖြစ်ပါတယ်။ ဂျပန်စာလေ့လာနေသူတို့အတွက် တစ်ဖက်တစ်လမ်းကနေ အကူအညီဖြစ်မယ်လို့ မျှော်လင့်သည့်စိတ်ဖြင့် ဘာသာပြန်ကာ မျှဝေလိုက်ရပါတယ် 💐

👩‍💻 သင်တန်းစုံစမ်းရန် (N5 / N4 / One by One Class)
https://www.facebook.com/101515794999170/posts/332677465216334/

☁️ ယခုလို ဘာသာပြန်ဗီဒီယိုလေးတွေကို သဘောကျတယ်ဆိုရင် ဒီ Page လေးကို Like and Follow လုပ်ဖို့ မမေ့ပါနဲ့နော် ☁️

Source: YouTube (ヤンチャンCH/楊小溪)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mae Learns Japanese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Mae Learns Japanese:

Shortcuts

Share

Category