27/09/2021
နှုတ်ဆက်တဲ့အခါ အမြဲလိုလို goodbye လို့ ပြောနေရတာ ငြီးငွေ့နေပြီမလား goodbyeအပြင် ဘယ်လိုနှုတ်ဆက်လို့ရတယ်ဆိုတဲ့ အသစ်အဆန်းစကားလုံးလေးတွေ လေ့လာကြည့်ရအောင်နော်
🍀 လေးလေးစားစားပြောမယ်ဆိုရင် (Formal usage)
^^Goodbye
^^Fare well
^^Have a good day!
^^Take care!
🍀 ရင်းရင်းနှီးနှီးပြောမယ်ဆိုရင် (Informal usage)
^^Bye!
^^Bye Bye!
^^Later!
^^See you later!
^^Have a good one.
^^So long!
^^Alright!
🍀 ဗန်းစကားအနေနဲ့ပြောမယ်ဆိုရင် (Slang usage)
^^Catch ya later!
^^Peace/Peach out!
^^I'm out!
^^Smell you later!
အပြောင်းအလဲအနေနဲ့ အပေါ်မှာ ဖော်ပြခဲ့တဲ့ စကားလုံးတွေကို ပြောကြည့်ရင်း ဘာသာစကားကို ပျော်ရွှင်စွာလေ့လာသွားကြရအောင်နော် 💛
Posted by Anna@EduRoom4you
17/09/2021
🙋မတူကွဲပြားတာဟာ ပြဿနာလား?🙅🙅
တစ်ဦးနှင့်တစ်ဦးရဲ့ စဉ်းစားစိတ်ကူးပုံများမတူညီနိုင်တာကြောင့် စိတ်သဘောကွဲပြားမှုများစွာရှိနိုင်ပါတယ်။ ကိုယ်နဲ့မတူ ကိုယ့်စိတ်တိုင်းမကျတိုင်း ပြဿနာဖြစ်စရာတော့ မလိုပါဘူး။ အရာရာတွင် အခြားသူများနှင့် မိမိစဉ်းစားပုံ အယူအဆမတူညီနိုင်တာကို နားလည်ထားရပါမယ်။
ဒါဆို အနီးနားမှာရှိတဲ့ခင်ရသူအချင်းချင်း မေးခွန်းလေးတွေမေးကြည့်ပြီး လေ့လာကြည့်ပါ။
၁) မိမိလက်မခံနိုင်ဆုံးအရာကဘာဖြစ်မလဲ ဘာကြောင့်လဲ ?
၂) ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ဘယ်လိုအကျင့်ရှိလဲ ?
၃) အားအကျဆုံးက ဘယ်သူလဲ ဘာကြောင့်လဲ ?
၄) ဘဝအတွက် အရေးကြီးတဲ့အရာ ၃ခု ကဘာတွေဖြစ်မလဲ ?
မေးကြည့်ပြီးပြီဆိုရင်တော့ ....
တူတဲ့အချက်တွေရှိသလို မတူတာတွေလဲများနိုင်ပါတယ်။ ဒါကအပေါ်မှာပြောခဲ့သလို ပြဿနာမဟုတ်ပါဘူး။ 🙅
🌻တူတာတွေ ကွဲပြားတာတွေကို လေ့လာပါ။ သေသေချာချာ မှတ်ထားပါ။📝
🌻ကွဲပြားမှုမျိုးရှိပါစေ အသိမှတ်ပြုလေးစားလက်ခံကြောင်းပြောပီး မိမိနဲ့တန်းတူသဘောထား ပြောဆိုဆက်ဆံနိုင်ပါတယ်။ 👭👫🧑🤝🧑
🌻စိတ်ဝင်စားမှုကြိုက်နှစ်သက်မှုများအကြောင်းအလေးထားပြီး ရဲရဲဝံ့ဝံ့ဆွေးနွေးဖလှယ်ပြောဆိုပါ။
🌻တစ်ယောက်နှင့်တစ်ယောက် လေးစားမှုကိုပြသပြီး အချင်းချင်း သဘောတူညီလက်ခံနိုင်မယ့် စည်းကမ်းတွေချမှတ်ပါ။ လိုက်နာပါ။
🌻ဒီလိုတွေ လုပ်ခြင်းဖြင့် အရင်ကထက်တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်လေးစားမှုကိုပိုရရှိစေမှာသေချာပါတယ်။
💐ပြီးရင်တော့ ချထားတဲ့စည်းကမ်းတွေအပြင် ခက်ခဲတာတွေနဲ့ ပြင်ဆင်သင့်တာတွေကို သုံးသပ် ပြင်ဆင်ပါ။📝📝
💐💐သူငယ်ချင်း မိတ်ဆွေ အချင်းချင်း၊ မိသားစုဝင် အချင်းချင်း အဆင်ပြေ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
ချစ်တဲ့
Sam 💛🧡
10/09/2021
နေပျော်အောင် ဘယ်လိုလေ့ကျင့်ယူ မလဲ ?
မိမိတို့ရဲ့ အပြုအမူတွေဟာ ခံစားချက်များပေါ်မူတည် တုံ့ပြန် ပြုမူတတ်တယ်ဆိုတာ သိပြီးသားပါ။ အရေးကြီးတာ ကိုယ်ကိုယ်တိုင်ရဲ့Emotionကို ကိုယ်တိုင်သိဖို့ သုံးသပ်ကြည့်ခြင်းဖြင့် အလွယ်တကူသိနိုင်ပါတယ်။ 🧐🧐
ကွက်လပ်များကို ဖြည့်ကြည့်ပါ။
၁။ ----------- သောအခါ အလွန်ပျော်တယ်။
၂။ ----------- သောအခါ အလွန်ဝမ်းနည်းမိတယ်။
၃။ ----------- သောအခါ အလွန်ဒေါသထွက်မိတယ်။
၄။ ----------- သောအခါ အလွန်ကြောက်မိတယ်။
၅။ ----------- သောအခါ မရယ်ဘဲမနေနိုင်အောာင်ဖြစ်မိတယ်။
😌☺️ ကိုယ်ကိုယ်ကို မြင်နိုင်ပြီဆိုရင်တော့ နောက် တဆင့် အနေနဲ့ မိမိမှာ ရှိပြီးသားဖြစ်တဲ့ အရည်အချင်း တွေကို ပိုကောင်းအောင် လုပ်လို့ရပါပြီ။
အကောင်းမြင်တတ်သူတွေဟာ အခက်အခဲများကို ကျော်လွှားနိုင်တယ်ဆိုတဲ့ ရင်တွင်းမှယုံကြည်ကြသူများဖြစ်လို့ သူတို့ရဲ့ အကောင်းမြင်တတ်မှုက တခါတရံမှာ ကြုံရမယ့် ဘဝ အခက်အခဲဆုံး အချိန်များကို ကျော်ဖြတ်ဖို့ကူညီပေးတယ်လို့ ခံယူထားကြတယ်။ အကောင်းမြင်တွေးနိုင်မှု အားနည်းနေသေးတယ်ဆိုရင်တော့ ကိုယ်တိုင် လေ့ကျင့် ပြုပြင်ဖို့သာလိုပါတယ်။ 💪💪
😇☺️အကောင်းမြင်စဉ်းစားတွေးတောမှုတွေကို ပိုပြီးအထောက်အကူဖြစ်စေမယ့် လေ့ကျင့်ရန် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်နော်..
🤗အကောင်းဘက်မှ တွေးတတ်သူများ သူငယ်ချင်းများ နှင့် ဆက်သွယ် စကားပြောပါ။ ကိုယ်က စပြောပါ။
🤗 မိမိ စိတ်ကူး၊ စိတ်ခံစားမှုများကို ယုံကြည်ရတဲ့ မိသားစုဝင်များ သူငယ်ချင်းများကို ပြောပြပါ။
😀အဆင်မပြေမှုများရင်ဆိုင်ရချိန်တွင် ခံစားတွေးတော နေမည့်အစား အဆင်ပြေနေသလို အားတင်နေပြပါ။
😀ပတ်ဝန်းကျင်ရှိ အခြေအနေများအပေါ် တတ်နိုင်ဆုံး အကောင်းဘက်မှလှည့်တွေးပြီး အသိအမှတ်ပြုပါ။
🏂မိမိစိတ်ပျော်ရွှင်ချမ်းမြေ့စေသည့် ဝါသနာပါမှုများ၊ လေ့လာသင်ယူမှုများ၊ အားကစားနည်းများ တစ်ခုခုကို အချိန်ပေး လုပ်ပါ။
💗 မိမိကိုယ်တိုင် (သို့) အခြားသူများ ရဲ့ ကြင်နာ ဂရုစိုက်မှု ကူညီမှုများကို အသိအမှတ်ပြုပါ၊ ပြပါ။ ကျေးဇူးတင်ကြောင်းပြောပါ။ မိမိ အောင်မြင်ပျော်ရွှင်ရတိုင်း ကိုယ်ကိုယ်ကိုချီးမွမ်းပါ။ မိမိကျရှုုံးရချိန်တိုင်း အားပေးစကားပြောပါ။
အဆုံးထိဖတ်ပီးပြီဆိုတော့ ရင်ဖက်တူ သူငယ်ချင်းတွေဆီ Hello လုပ်လိုက်တော့နော် 😁💗
နောက်တစ်ရက်မှာ ထပ်ပြီးမျှဝေပေးပါဦးမယ်။
Posted by Sam@EduRoom4you
--------
👉👉 ယခင်အပတ်မှ နေပျော်နေရဲ့လား … ?? post ကိုဖတ်ရန်..👇👇
https://www.facebook.com/EduRoom4you/posts/112504894489105
နေပျော်နေရဲ့လား … ??
ဒီလိုနေပါ
ခုလိုချိန်မျိုးမှာ လူတိုင်း ဟာ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ့်ရဲ့ စိတ်ခံစားမှုမှာ ထိလွယ်ရှလွယ်ဖြစ်ကြပါတယ်။ ခံစားရတဲ့ အခြေအနေချင်းမတူနိုင်လို့ အတွေ့အကြုံတွေလဲမတူကြတဲ့အတွက် တုံ့ပြန်ပြုမူပုံတွေဟာလည်း ကွာခြားကြတယ်။ ခံစားမှုဆိုတာ အခြေအနေတစ်ခုကြောင့် စိတ်ထဲကဖြစ်ပေါ်လာတဲ့ တုံံ့ပြန်မှုတစ်ခုဖြစ်ပြီး လူတွေဟာခံစားမှုတွေအရ ဆုံးဖြတ်တတ်ပြီး ခံစားမှုအရပဲ တုံ့ပြန်ပြောဆိုတတ်ကြတယ်။
အရာရာကို အကောင်းဘက်ကစဉ်းစားတတ်ရင်ကောင်းတဲ့ ကိစ္စဖြစ်တယ်ဆိုတာ သိပေမယ့် လိုက်လုပ်ဖို့ ခက်ပါတယ်။ သို့ပေမယ့်လည်း ကိုယ့်ရဲ့ခံစားချက်နဲ့ အပြုအမူတွေကို အကောင်းဘက်ကိုရောက်စေပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစေနိုင်တယ်။ ဒေါသနဲ့ ဝမ်းနည်းမှုတွေကို လျော့စေပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုတွေကို တခြားသူတွေကို မထိခိုက်စေတဲ့ အပြုအမူတွေနဲ့ ဖော်ပြလာနိုင်မှာ ဖြစ်ပါတယ်။
" A Positive mindset brings positive things. "
- Philipp Reiter
နောက်ရက်တွေမှာ နေပျော်အောင်နေဖို့ နည်းလမ်းလေးတွေကို ဆက်လက်မျှဝေပေးပါဦးမယ်။
Posted by Sam@EduRoom4you
06/09/2021
🌼🌼မိမိတို့ ချစ်သူခင်သူတွေကို ဘယ်လိုစကားလုံးလေးတွေနဲ့ အားပေးစကားပြောကြမလဲ🌼🌼
ကျွန်တော်တို့အားလုံးမှာ ဘဝရဲ့လောကဓံအနိမ့်အမြင့်အတက်အကျ ကောင်းတဲ့နေ့ ဆိုးတဲ့နေ့ အောင်မြင်သောနေ့ ကျရှုံးသောနေ့ ဆိုတဲ့အခိုက်အတန့်တွေ ရှိကြပါတယ်။ ကျွန်တော်တို့မလိုချင်တဲ့အရာတွေရင်ဆိုင်လာရတဲ့အခါ ဘယ်လိုကျော်လွှားလို့ရတယ်ဆိုတဲ့နည်းလမ်းအမျိုးမျိုးလည်းရှိပါသေးတယ်။ တချို့က သူငယ်ချင်းတွေနဲ့nightoutထွက်တယ် တချို့ကတော့ရုပ်ရှင်ကြည့်တယ် တချို့ကဝမ်းနည်းစရာတွေဖြေဖျောက်ဖို့ ရေခဲမုန့်စားကြတယ်။
ကျွန်တော်တို့ ကိုယ့်ကိုကိုယ်အားပေးဖို့လိုပါတယ်။ ဘဝဆိုတာ မပြည့်စုံပါဘူး ဒါပေမယ့်လည်း အမြဲမပြည့်စုံဘူးဆိုတာမဟုတ်ပါဘူး။ အကောင်းဆုံးလုပ်ပေမယ့်လည်း ကျရှုံးမှုတွေကရှိမှာပါပဲ။
တန်ပြန်သက်ရောက်မှုကိုမမျှော်လင့်ဘဲ ကျွန်တော်တို့နား အမြဲရှိပေးတဲ့ အားပေးစကားသံတွေ ဂရုစိုက်မှုတွေနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့ရဲ့မိသားစု သူငယ်ချင်းတွေကို ကျေးဇူးတင်ရမယ်။
ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အခါ အမြဲလိုလိုအနားမှာရှိနေပြီး အားပေးတဲ့သူကို ထာဝရအနီးနားမှာ တည်ရှိပါစေ။ ထို့အတူပဲ တစ်ဉီးတစ်ယောက်စိတ်ဓာတ်ကျနေရင်လည်း ကိုယ်ဟာအားပေးဖို့အသင့်ရှိပါစေ။သူတို့တွေ ဒုက္ခရောက်နေချိန်အတွင်း ကျွန်တော်တို့ မေတ္တာတွေမျှဝေပေးဖို့ သူတို့ကို ပြန်လည်ရွှင်ပြုံးလာအောင်လုပ်ဖို့ ကျွန်တော်တို့မှာ အပြည့်အဝဆန္ဒရှိရပါမယ်။
ဒါကတော့ သင့်ရဲ့ချစ်ခြင်းမေတ္တာတွေ ပျော်ရွှင်မှုတွေကို ဝေမျှတဲ့အခါ အသုံးပြုရမယ့် အားပေးစကားတချို့ဖြစ်ပါတယ်။ လေ့လာကြည့်ရင်း ကိုယ်သဘောကျတာလေးတွေကို မှတ်သားထားကြရအောင်။
At least, you have me. You are not alone.
အနည်းဆုံးတော့ မင်းနားငါရှိသေးတယ်။ မင်းတစ်ယောက်တည်းမဟုတ်ဘူး။
If "Plan A" didn't work. The alphabet has 25 more letters! Stay cool.
Plan Aအလုပ်မဖြစ်ဘူးမလား အေးဆေးပေါ့ အက္ခရာတွေ ၂၅လုံးရှိသေးတယ်။
Whoever is trying to bring you down, is already below you.
ဘယ်သူကပဲ မင်းကို နိမ့်ကျအောင်လုပ်နေနေ မင်းကအမြဲထိပ်မှာပါပဲ။
You are awesome! Never forget that.
မင်းက တော်ပြီးသား အဲ့ဒါဘယ်တော့မှမမေ့နဲ့။
Forget what's gone, appreciate what remains, and look forward what's coming next.
ပြီးသွားတာတွေမေ့လိုက်တော့ ရလဒ်ကိုတန်ဖိုးထား နောက်ဘာလုပ်မယ်ဆိုတာပဲ စဉ်းစားတော့။
Being happy doesn't mean that everything is perfect. It simply means that you've decided to look beyond the imperfections of life.
ပျော်ရွှင်ခြင်းဆိုတာ အရာရာပြည့်စုံနေခြင်းကိုခေါ်တာမဟုတ်ဘူး။ ဘဝရဲ့မပြည့်စုံမှုတွေကို လက်ခံဖို့ဆုံးဖြတ်ထားတာကိုပြောတာ။
Always remember, you are braver than you believe. Stronger than you seem. Smarter than you think. And twice as beautiful as you'd ever imagined.
မင်းက မင်းထင်တာထက် ပိုပြီးရဲရင့်တယ်။ မင်းမြင်တာထက် ပိုသန်မာတယ်။ မင်းတွေးတာထက် ပိုထက်မြက်တယ်။ မင်းကိုမင်းပုံဖော်ကြည့်တာထက် နှစ်ဆ လှတယ်။
In the middle of difficulty lies opportunities.
အခွင့်အရေးတွေဆိုတာ အခက်အခဲတွေကြားမှာပဲရှိတာ။
Cheer up, buttercup. Storms don't last forever.
အားတင်းထားပါ။ အဆင်မပြေမှုတွေက ထာဝရမဟုတ်ပါဘူး။
Life is not a waste as long as there is at least one person in the world who cares for you. So when things go wrong and you feel like giving up - remember you're got me.
လောကမှာ မင်းကိုဂရုစိုက်တဲ့လူ အနည်းဆုံးတစ်ယောက်ရှိနေသ၍ ဘဝကြီးက ဝမ်းနည်းစရာကြီးမဟုတ်ပါ။ အခြေအနေတွေကအဆင်မပြေတော့တဲ့အခါ အရှုံးပေးချင်လာတဲ့အခါ ငါ ရှိသေးတယ်ဆိုတာပဲ သတိရပေးပါ။
Stay positive, work hard, and make it happen.
ကောင်းမွန်စွာနေထိုင်ပါ။ အလုပ်ကြိုးစားပါ။ အိပ်မက်တွေကိုအကောင်အထည်ဖော်ပါ။
Winners are not people who never fail, but people who never quit.
အောင်နိုင်သူတွေက ကျရှုံးမှုမရှိတဲ့လူတွေမဟုတ်သလို လက်မြှောက်အရှုံးပေးလိုက်တဲ့လူတွေလည်းမဟုတ်ပါဘူး။
Beautiful. Definition: A person who is reading this.
လှလိုက်တာ။ အဓိပ္ပာယ်ဖွင့်ဆိုချက် = ဒီစာကိုဖတ်နေတဲ့သူ။
You don't always need a plan. Sometimes you just need to breathe, trust, let go and see what happens.
အစီအစဉ်တွေအမြဲမလိုဘူး။ တခါတလေ အသက်ဝဝရှူ ကိုယ့်ကိုကိုယ်ယုံကြည်ထား ဘာဖြစ်မယ်ဆိုတာပဲစောင့်ကြည့်နေလိုက်ပါ။
Sometimes you have to just pick yourself up and carry on.
တခါတလေ ကိုယ့်ကိုကိုယ်အားပေးပါ ပြန်ထပါ ရှေ့ဆက်လျှောက်ပါ။
Cheer up, tomorrow is another chance.
ပျော်ပျော်နေ နက်ဖြန်ဆိုတာ နောက်ထပ်အခွင့်အရေးပဲ။
Stars can't shine without darkness.
အမှောင်မရှိဘဲ ကြယ်တွေက မတောက်ပဘူး။
Life is better when you're laughing.
မင်းရယ်နေမှ ဘဝကြီးက ပိုလှပတာကွ။
Two things define you. Your patience when you have nothing, and your attitude when you have everything.
မင်းကို အဓိပ္ပာယ်ဖွင့်လို့ရတာ ၂မျိုးရှိတယ်။ မင်းမှာ ဘာမှမရှိတော့တဲ့အခါ မင်းရဲ့သီးခံနိုင်စွမ်းနဲ့ မင်းမှာ အစစအရာရာပြည့်စုံလာတဲ့အခါ မင်းရဲ့အတွေးအခေါ်တို့ဖြစ်တယ်။
The best way to cheer yourself up is to try to cheer somebody else up.
ကိုယ့်ကိုကိုယ်ပျော်ရွှင်အောင်ထားဖို့အကောင်းဆုံးနည်းလမ်းက တစ်စုံတစ်ယောက်ကိုပျော်ရွှင်အောင်ထားခြင်းပဲ။
The best of healers is good cheer.
အကောင်းဆုံးစိတ်ဆင်းရဲခြင်းတွေကိုကုသနိုင်တယ်ဆိုတာ ပျော်ပျော်နေခြင်းကိုပြောတာ။
You are more than enough.
You are so beautiful.
You are so strong.
You are so hardworking.
You've learned so much.
You are only human.
Most importantly, you will be okay.
Our imperfections that make us perfect
Our squad that keeps us strong
Our will to keep going
Our strength that lifts us up
Our beauty that turns heads and changes lives
We matter.
အပေါ်ကစာတွေကတချို့မျှသာ ဘာသာပြန်ထားတာဖြစ်တဲ့အတွက် အပြည့်အစုံဖတ်ချင်ရင် အောက်က websiteမှာ ဝင်ဖတ်လို့ရပါတယ်
https://www.luvze.com/cheer-up-quotes/
Posted by Anna@EduRoom4you
03/09/2021
နေပျော်နေရဲ့လား … ??
ဒီလိုနေပါ
ခုလိုချိန်မျိုးမှာ လူတိုင်း ဟာ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ့်ရဲ့ စိတ်ခံစားမှုမှာ ထိလွယ်ရှလွယ်ဖြစ်ကြပါတယ်။ ခံစားရတဲ့ အခြေအနေချင်းမတူနိုင်လို့ အတွေ့အကြုံတွေလဲမတူကြတဲ့အတွက် တုံ့ပြန်ပြုမူပုံတွေဟာလည်း ကွာခြားကြတယ်။ ခံစားမှုဆိုတာ အခြေအနေတစ်ခုကြောင့် စိတ်ထဲကဖြစ်ပေါ်လာတဲ့ တုံံ့ပြန်မှုတစ်ခုဖြစ်ပြီး လူတွေဟာခံစားမှုတွေအရ ဆုံးဖြတ်တတ်ပြီး ခံစားမှုအရပဲ တုံ့ပြန်ပြောဆိုတတ်ကြတယ်။
အရာရာကို အကောင်းဘက်ကစဉ်းစားတတ်ရင်ကောင်းတဲ့ ကိစ္စဖြစ်တယ်ဆိုတာ သိပေမယ့် လိုက်လုပ်ဖို့ ခက်ပါတယ်။ သို့ပေမယ့်လည်း ကိုယ့်ရဲ့ခံစားချက်နဲ့ အပြုအမူတွေကို အကောင်းဘက်ကိုရောက်စေပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစေနိုင်တယ်။ ဒေါသနဲ့ ဝမ်းနည်းမှုတွေကို လျော့စေပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုတွေကို တခြားသူတွေကို မထိခိုက်စေတဲ့ အပြုအမူတွေနဲ့ ဖော်ပြလာနိုင်မှာ ဖြစ်ပါတယ်။
" A Positive mindset brings positive things. "
- Philipp Reiter
နောက်ရက်တွေမှာ နေပျော်အောင်နေဖို့ နည်းလမ်းလေးတွေကို ဆက်လက်မျှဝေပေးပါဦးမယ်။
Posted by Sam@EduRoom4you