Live & Learn

Live & Learn Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Live & Learn, Education, Yangon.

🍳 အိမ်မှာ ဟင်းချက်ရင်း၊ ကစားရင်း ကလေးနဲ့အတူ အလွယ်တကူ ပြောလို့ရမယ့် Kitchen English – 5 Everyday Phrasesဖေဖေမေမေတို့‌ ရေ ...
31/07/2026

🍳 အိမ်မှာ ဟင်းချက်ရင်း၊ ကစားရင်း ကလေးနဲ့အတူ အလွယ်တကူ ပြောလို့ရမယ့် Kitchen English – 5 Everyday Phrases

ဖေဖေမေမေတို့‌ ရေ ......ကလေးတွေက
English ကို သင်ခန်းစာလိုမဟုတ်ဘဲ နေ့စဉ်လုပ်ရိုးလုပ်စဉ်ထဲမှာ ထပ်ခါထပ်ခါ ကြားရတဲ့ စကားစုတွေကနေ ပိုလွယ်ကူစွာ သင်ယူနိုင်ပါတယ်။ အထူးသဖြင့် Kitchen ထဲမှာ ဟင်းချက်ရင်း၊ မုန့်လုပ်ရင်း၊ သစ်သီးဆေးရင်း ပြောပေးရုံနဲ့ English Environment တစ်ခု ဖန်တီးနိုင်ပါတယ်ရှင်။

1️⃣ Let's wash our hands first.

🗣️ "Let's wash our hands first."
အရင်ဆုံး လက်ဆေးကြရအောင်။

2️⃣ Can you stir it?

🗣️ "Can you stir it?"
ဒါကို မွှေပေးနိုင်မလား။

3️⃣Be careful. It's hot!

🗣️ "Be careful. It's hot!"
သတိထားနော်။ ပူတယ်။

4️⃣Can you pass me the spoon?

🗣️ "Can you pass me the spoon?"
ဇွန်းလေး ကမ်းပေးပါဦး။

5️⃣Yummy! Great job!

🗣️ "Yummy! Great job!"
အရသာရှိလိုက်တာ! တော်တယ်နော်!

💡 ကလေးနဲ့ English ပြောတဲ့အခါ စကားရှည်ရှည်တွေ မလိုပါဘူး။ နေ့တိုင်း အတူတူ အခြေအနေမှာ ရိုးရှင်းတဲ့ စကားစုတွေကို ထပ်ခါထပ်ခါ သုံးပေးခြင်းက ကလေးရဲ့ English Listening နဲ့ Speaking ကို သဘာဝကျကျ တိုးတက်လာစေပါတယ်။

&learn

သားသားမီးမီးတို့ အင်္ဂလိပ်စကားပြော အသံထွက် (Pronunciation) ကောင်းမွန်ဖို့ အိမ်မှာတင် လေ့ကျင့်ပေးနိုင်မယ့် YouTube Channe...
27/07/2026

သားသားမီးမီးတို့ အင်္ဂလိပ်စကားပြော အသံထွက် (Pronunciation) ကောင်းမွန်ဖို့ အိမ်မှာတင် လေ့ကျင့်ပေးနိုင်မယ့် YouTube Channel များ 📺✨

သားသားမီးမီးတို့အတွက် အင်္ဂလိပ်စာကို ပျော်ရွှင်စွာနဲ့ အသံထွက်မှန်မှန် လေ့လာနိုင်ဖို့ YouTube Channel ကောင်းလေးတွေကို အသက်အရွယ်နဲ့ သင်ယူမှုပုံစံအလိုက် ခွဲပြီး မျှဝေပေးလိုက်ပါတယ်ရှင်။ မိဘတွေအနေနဲ့ ကလေးတွေကို ဖုန်းပေးကြည့်တဲ့အခါ ဒီ Channel လေးတွေနဲ့ လမ်းညွှန်ပေးလိုက်ရင် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မှာနော်။ 😊

🌟 အသံထွက်ကောင်းစေဖို့ အထူးကောင်းမွန်သော Channels များ

🇬🇧 Peppa Pig Official Channel (Age 7-12)
British accent နဲ့ နေ့စဉ်သုံးစကားပြောတွေကို သဘာဝအတိုင်း လေ့လာနိုင်ပါတယ်။
Cartoon ကြည့်ရင်းနဲ့ အသံထွက်နဲ့ Intonation ကို အလွယ်တကူလိုက်လုပ်နိုင်မှာပါ။

🇺🇸 Rachel’s English (Pronunciation အသေးစိတ်)
အသံထွက်အတွက် အရေးပါတဲ့ လျှာထားပုံ၊ ပါးစပ်ပုံစံနဲ့ American Accent ကို အသေးစိတ်ရှင်းပြပေးပါတယ်။ R, L, TH စတဲ့ ခက်ခဲတဲ့အသံတွေကို သေချာလေ့လာချင်သူတွေအတွက် အကောင်းဆုံးပါပဲ။

🇬🇧 English with Lucy (Age 10+)
Upper primary level ကလေးတွေအတွက် British English နဲ့ Vocabulary တွေကို ပိုမိုကျွမ်းကျင်လာစေဖို့ ကူညီပေးမှာပါ။

🌐 BBC Learning English
Intermediate အဆင့်ရောက်နေတဲ့ ကလေးတွေအတွက် အသံထွက်အမှားတွေကို ပြင်ဆင်ပေးပြီး Vocabulary တွေကို အသံထွက်မှန်မှန်ရအောင် လေ့ကျင့်ပေးပါတယ်။

🎵 ပျော်ရွှင်စရာ သင်ယူမှုပုံစံများ (Fun Learning)
Super Simple ABCs: Phonics အသံထွက်တွေကို သီချင်းလေးတွေနဲ့ စတင်လေ့လာဖို့ အကောင်းဆုံးပါ။
Cocomelon: Nursery Rhymes လေးတွေနဲ့ အင်္ဂလိပ်စကားလုံးတွေကို သဘာဝအတိုင်း နားယဉ်သွားစေဖို့ ကူညီပေးပါတယ်။

---------
💡 အသက်အရွယ်အလိုက် Recommendation

✅ Age 3–6: Super Simple Songs + Alphablocks
(အခြေခံအသံထွက်နဲ့ Phonics ကို ပျော်စရာသီချင်းတွေနဲ့ လေ့လာနိုင်ပါတယ်)

✅ Age 7–10: Alphablocks + Rachel’s English
(အခြေခံကနေ စနစ်တကျ ပြောင်းလဲသင်ယူဖို့ အကောင်းဆုံးပါ)

✅ Age 10–12: Rachel’s English + BBC Learning English
(အဆင့်မြင့် အသံထွက်နဲ့ စကားပြောစွမ်းရည်ကို မြှင့်တင်ပေးပါတယ်)

ဖေဖေ မေမေတို့ရေ... ကလေးတွေကို ဒီ Channel လေးတွေနဲ့ နေ့စဉ် ၁၅ မိနစ်၊ မိနစ် ၂၀ လောက် အချိန်ပေးပြီး လေ့ကျင့်ကြည့်ပေးပါဦး။ ပိုပြီး ကျွမ်းကျင်တဲ့ အသံထွက်လေးတွေ ဖြစ်လာမှာ အသေအချာပါပဲရှင်။ ❤️

ဒီ Post လေးကို သိမ်းထားပြီး ကလေးတွေကို လမ်းညွှန်ပေးဖို့ မမေ့နဲ့နော်။ အခြားမိဘတွေလည်း သိရအောင် Share ပေးလိုက်ပါဦးရှင်📲

&Learn

ကလေးက အင်္ဂလိပ်စာအုပ်တွေ ဝယ်ပေးထားပေမယ့် စာဖတ်ရမှာ ပျင်းနေပါသလား? 📚✨"သားသားမီးမီးရေ... ဒီစာအုပ်လေးဖတ်ကြည့်ပါဦး၊ အင်္ဂလိပ...
23/07/2026

ကလေးက အင်္ဂလိပ်စာအုပ်တွေ ဝယ်ပေးထားပေမယ့် စာဖတ်ရမှာ ပျင်းနေပါသလား? 📚✨

"သားသားမီးမီးရေ... ဒီစာအုပ်လေးဖတ်ကြည့်ပါဦး၊ အင်္ဂလိပ်စာ တိုးတက်လာမှာနော်" လို့ ခဏခဏ ပြောနေရပေမဲ့ ကလေးကတော့ ဖုန်းပဲကြည့်ချင်နေတာ၊ စာအုပ်ကို လှည့်တောင်မကြည့်တာမျိုး ကြုံဖူးကြသလားရှင့်? 😔

မိဘတွေက ကလေးကို အင်္ဂလိပ်စာ တတ်စေချင်တဲ့စိတ်နဲ့ စာအုပ်ကောင်းကောင်းလေးတွေ ဝယ်ပေးလိုက်ကြပါတယ်။ ဒါပေမဲ့ ကလေးအတွက်ကျတော့ အဲ့ဒီစာအုပ်တွေက 'ပျော်စရာ' ထက် 'တာဝန်' တစ်ခုလို ဖြစ်နေတတ်ပါတယ်။

ကလေးတစ်ယောက် စာဖတ်ဝါသနာပါလာဖို့ဆိုတာ စာအုပ်ထဲက စာလုံးတွေကို အတင်းအကျပ် အလွတ်ကျက်ခိုင်းဖို့ မလိုပါဘူး။ ဒီနည်းလမ်းလေးတွေကို တစ်ချက်လောက် စမ်းကြည့်ပေးကြည့်ပါဦးနော်။

✅ ၁။ ပုံပြင်ကို စာဖတ်သလိုမလုပ်ဘဲ "ကစားသလို" လုပ်ပါ
စာအုပ်ထဲက ဇာတ်ကောင်လေးတွေအတိုင်း အသံအတိုးအကျယ်လုပ်ပြီး သရုပ်ဆောင်ပြလိုက်ပါ။ ကလေးက စာအုပ်ဖတ်နေတာထက် ပုံပြင်ထဲကို ရောက်သွားသလို ခံစားရတဲ့အခါ စာဖတ်ရတာကို ပျော်သွားပါလိမ့်မယ်။

✅ ၂။ သူတို့စိတ်ဝင်စားတဲ့ အရာကနေ စတင်ပါ
ကလေးက ဘောလုံးကြိုက်ရင် ဘောလုံးအကြောင်း၊ ဒိုင်နိုဆောကြိုက်ရင် ဒိုင်နိုဆောအကြောင်း အင်္ဂလိပ်လို ရေးထားတဲ့ ပုံပြင်လေးတွေ စပေးပါ။ ကိုယ်ကြိုက်တဲ့အကြောင်းအရာဆိုရင် ဘာသာစကားမတူရင်တောင် စိတ်ဝင်စားမှုက အလိုလို တိုးလာမှာပါ။

✅ ၃။ အတူတူဖတ်တဲ့အချိန်လေးကို ပုံမှန်လုပ်ပါ
နေ့တိုင်း အိပ်ရာမဝင်ခင် (၁၅) မိနစ်လောက် အတူတူစာဖတ်တဲ့ "Quality Time" လေး ဖန်တီးပေးပါ။ ဒါဟာ ကလေးအတွက် စာဖတ်ခြင်းဆိုတာ မိဘနဲ့အတူရှိရတဲ့ ပျော်ရွှင်စရာ အချိန်လေးတစ်ခုလို့ မှတ်မိသွားစေပါတယ်။

အရေးကြီးဆုံးအချက်ကတော့... "ချက်ချင်းကြီး ကျွမ်းကျင်သွားဖို့ မမျှော်လင့်ပါနဲ့"။ အဓိကက စာအုပ်ကို ကြောက်မနေဖို့၊ စာဖတ်ရတာကို ပျော်ဖို့ပါပဲ။ အင်္ဂလိပ်စာဆိုတာ ကျွမ်းကျင်မှုတစ်ခုဖြစ်လာဖို့ အချိန်ယူရသလို၊ ဝါသနာပါလာဖို့ကလည်း ပတ်ဝန်းကျင်နဲ့ အလေ့အကျင့်ပေါ်မှာ အများကြီး မူတည်ပါတယ်။

ကလေးအတွက် အင်္ဂလိပ်စာကို အတင်းသင်ပေးမယ့်အစား ပျော်ရွှင်စရာသင်ခန်းစာတွေနဲ့အတူ စနစ်တကျ လေ့လာသင်ယူနိုင်ဖို့ Live & Learn ရဲ့ English Class လေးတွေမှာ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ အသေးစိတ်သိရှိလိုပါက Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။ 👇

&Learn #ကလေးစာဖတ်ဝါသနာပါအောင် #မြန်မာမိဘများအတွက်

🎉 Congratulations to Our Cambridge English Achievers! 🌟အောင်မြင်မှုဆိုတာ တစ်နေ့တည်းနဲ့ ရလာတာမဟုတ်ပါဘူး။နေ့စဉ်ကြိုးစားမှု...
19/07/2026

🎉 Congratulations to Our Cambridge English Achievers! 🌟

အောင်မြင်မှုဆိုတာ တစ်နေ့တည်းနဲ့ ရလာတာမဟုတ်ပါဘူး။
နေ့စဉ်ကြိုးစားမှု၊ လေ့ကျင့်မှုနဲ့ သင်ယူမှုတွေကနေ ပေါ်ထွက်လာတဲ့ ရလဒ်ကောင်းတစ်ခု ဖြစ်ပါတယ်။ 💙
Cambridge English Key (A2 Key) Exam မှာ CEFR B1 Level နဲ့ A2 Level ကို အောင်မြင်စွာ ရရှိခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ဂုဏ်ယူစွာဖြင့် Congratulations ပါ! 🎓✨

Reading, Writing, Listening & Speaking Skills တွေမှာ ပြသခဲ့တဲ့ ကြိုးစားအားထုတ်မှုတွေက ဒီအောင်မြင်မှုရဲ့ သက်သေပါပဲ။

Keep learning. Keep growing. Keep achieving.
Live & Learn နဲ့အတူ သားသားမီးမီးရဲ့ English Journey ကို ဆက်လက်တိုးတက်အောင် လျှောက်လှမ်းလိုက်ပါ။ ✨

👏 Comment မှာ Congratulations လေးတွေ ပေးခဲ့ကြပါဦး။

💡 "Don't Just Say 'I DON'T KNOW'"ကလေးတစ်ယောက်က "သမီးမသိဘူး" ၊ "သားမသိဘူး" လို့ပဲ အမြဲပြောနေတတ်ရင် ဒါက သူတို့ရဲ့ သင်ယူလို...
15/07/2026

💡 "Don't Just Say 'I DON'T KNOW'"

ကလေးတစ်ယောက်က "သမီးမသိဘူး" ၊ "သားမသိဘူး" လို့ပဲ အမြဲပြောနေတတ်ရင် ဒါက သူတို့ရဲ့ သင်ယူလိုစိတ်ကို တားဆီးသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် "မသိဘူး" ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ တီထွင်ဖန်တီးမှုနဲ့ စူးစမ်းလိုစိတ်တွေ ပေါ်လွင်သွားစေဖို့ အခုလိုလေး ပြောင်းပြောကြည့်ရအောင်✨

📍 "Let me find out!" (သမီး/သား ရှာဖွေစုံစမ်းကြည့်လိုက်ဦးမယ်နော်)
🤔ဘာကြောင့်ပြောသင့်လဲ
မသိတာကို ဒီအတိုင်းမထားဘဲ ကိုယ်တိုင်အဖြေရှာချင်တဲ့ Resourcefulness (အဖြေရှာနိုင်စွမ်း) ရှိကြောင်း ပြသရာရောက်ပါတယ်။

📍 "That's a great question! I'll think about it." (မေးခွန်းလေးက အရမ်းကောင်းတာပဲ၊ သမီး/သား စဉ်းစားကြည့်ပါရစေဦး)
🤔ဘာကြောင့်ပြောသင့်လဲ
မေးခွန်းမေးတဲ့သူကို လေးစားမှုပေးရာရောက်သလို၊ မသိတာကို ချက်ချင်းမငြင်းဘဲ ဝေဖန်ပိုင်းခြား စဉ်းစားတတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးပါတယ်။

📍 "I don't know yet, but I'm learning." (အခုထိတော့ မသိသေးဘူး၊ ဒါပေမဲ့ သင်ယူနေတုန်းပဲ)
🤔ဘာကြောင့်ပြောသင့်လဲ
ရလဒ်ထက် ကြိုးစားမှုကို ဦးတည်တဲ့ Growth Mindset အပြည့်ရှိတဲ့ စကားစုလေး ဖြစ်ပါတယ်။ "မသိဘူး" ဆိုတာ ရှက်စရာမဟုတ်ဘဲ သင်ယူဖို့ အခွင့်အလမ်းတစ်ခုဆိုတာကို ကလေးက နားလည်သွားစေပါတယ်။

📍”Can you help me understand more about it?" (အဲဒါလေးအကြောင်း သမီး/သားကို ပိုရှင်းပြပေးလို့ရမလားဟင်)
🤔ဘာကြောင့်ပြောသင့်လဲ
မသိတာကို ဝန်ခံရဲပြီး တပါးသူဆီကနေ နှိမ့်ချစွာ ပညာသင်ယူလိုတဲ့ Active Listening စွမ်းရည်ကို တိုးတက်စေပါတယ်။

📍 "I'm not sure, but I can ask my [Teacher/Mom/Dad]." (သေချာတော့ မသိဘူး၊ ဒါပေမဲ့ မေမေ/တီချယ် ကို မေးကြည့်ပေးမယ်နော်)
🤔ဘာကြောင့်ပြောသင့်လဲ
အကူအညီတောင်းခံရမယ့် ရင်းမြစ်တွေကို ကောင်းကောင်းသိရှိပြီး ပြဿနာကို ပူးပေါင်းဖြေရှင်းတတ်တဲ့ အလေ့အထကို ရရှိစေပါတယ်။

&learn

‘ကျောင်းက စာမေးပွဲတွေမှာတော့ အမှတ်တွေ အပြည့်ရလို့ အမြဲ ဂုဏ်ယူနေရပေမယ့်... တကယ်တမ်း အပြင်မှာ နိုင်ငံခြားသားတစ်ယောက်ယောက်န...
11/07/2026

‘ကျောင်းက စာမေးပွဲတွေမှာတော့ အမှတ်တွေ အပြည့်ရလို့ အမြဲ ဂုဏ်ယူနေရပေမယ့်... တကယ်တမ်း အပြင်မှာ နိုင်ငံခြားသားတစ်ယောက်ယောက်နဲ့ တွေ့ရင် ဒါမှမဟုတ် အင်္ဂလိပ်လို စကားပြောရမယ့် အချိန်မျိုးဆို သားသားမီးမီးတို့က မေမေ့နောက်ကိုပဲ ရှက်ကိုးရှက်ကန်းနဲ့ ပုန်းနေမိပါသလား?’ 🫣📚

မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
ဒီပြဿနာဟာ မြန်မာမိဘအများစု ကြုံတွေ့နေရတဲ့ Silent Student အခြေအနေပဲ ဖြစ်ပါတယ်ရှင်။
ကလေးက စာမေးပွဲဖြေရင် အမှတ်ကောင်းတယ်ဆိုတာ သူတို့ရဲ့ ဦးနှောက်ထဲမှာ Listening နဲ့ Reading ဆိုတဲ့ Passive Skills ကောင်းမွန်နေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ Speaking ဆိုတဲ့ Active Skill ဖြစ်လာဖို့ကတော့ အလွတ်ကျက်တဲ့ စနစ်တစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူးရှင်။

💡 ဘာကြောင့် ကလေးတွေ အမှတ်ကောင်းပြီး စကားမပြောရဲကြတာလဲ?
❌ အမှားလုပ်မိမှာ ကြောက်ခြင်း
"စာလုံးပေါင်း မှားသွားမလား၊ Grammar မှားသွားရင် အပြောခံရမလား" ဆိုတဲ့ စိုးရိမ်စိတ်က ကလေးရဲ့ စကားပြောချင်စိတ်ကို ပိတ်ပင်ထားတတ်ပါတယ်။

❌ ဘာသာပြန်အလုပ်ရှုပ်နေခြင်း
မြန်မာလိုအရင်စဉ်းစား၊ ပြီးမှ အင်္ဂလိပ်လို စာကြောင်းပြောင်းဆိုတော့ စကားပြောတဲ့အခါ ထစ်ထစ်အအ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းသွားစေပါတယ်။

❌ လွတ်လပ်စွာ ပြောဆိုခွင့် ပတ်ဝန်းကျင်မရှိခြင်း
အတန်းထဲမှာ ဆရာမကပဲ တစ်ယောက်တည်း စာသင်ပြီး ကလေးက လိုက်မှတ်ရုံပဲဆိုရင် လက်တွေ့စကားပြောဖို့ အခွင့်အရေး မရရှိနိုင်ပါဘူး။

✨ Live & Learn မှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းပေးလဲ?
Live & Learn ကျောင်းမှာတော့ စာမေးပွဲအတွက် စာတွေကို အတင်းဖိအားပေး ကျက်ခိုင်းတာမျိုး လုံးဝ (လုံးဝ) မလုပ်ပါဘူး။ ကလေးတွေ အမှားလုပ်မှာကို မကြောက်ဘဲ ပျော်ပျော်ရွှင်ရွှင် စကားပြောထွက်လာစေဖို့ "Safe-to-Fail" Environments ကို ဖန်တီးပေးထားပါတယ်ရှင်။

🎯 Roleplay & Storytelling
ပျင်းစရာကောင်းတဲ့ စာကြောင်းတွေကို ကျက်ခိုင်းမယ့်အစား ကလေးကိုယ်တိုင် ကာတွန်းဇာတ်ကောင်လေးတွေ နေရာကနေ ဝင်ရောက် သရုပ်ဆောင်ပြီး အပြန်အလှန် စကားပြောစေပါတယ်။

🎯 Thinking in English
မြန်မာလို ဘာသာပြန်စရာမလိုဘဲ အမြင်အာရုံ (Visual Tools) တွေကတစ်ဆင့် အင်္ဂလိပ်လို တိုက်ရိုက်တွေး၊ တိုက်ရိုက်ပြောနိုင်အောင် Activity လေးတွေနဲ့ လေ့ကျင့်ပေးပါတယ်။

ဒီလိုစနစ်တကျနဲ့ ပျော်စရာကောင်းအောင် ပျိုးထောင်ပေးလိုက်တဲ့အခါ ကလေးငယ်တွေဟာ ကျောင်းစာမှာတင် အမှတ်ကောင်းရုံတင်မကဘဲ ပြင်ပလောကမှာပါ ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ စကားပြောဆိုနိုင်တဲ့ Confident Learners လေးတွေ ဖြစ်လာမှာ အသေအချာပါပဲရှင်။ ❤️🚀

&learn

📺 ကလေးများအတွက် အကောင်းဆုံး English YouTube Channels (၅) ခု1. Super Simple Songs – Kids Songs 🎶အင်္ဂလိပ်စာ စတင်လေ့လာခါစ ...
02/07/2026

📺 ကလေးများအတွက် အကောင်းဆုံး English YouTube Channels (၅) ခု

1. Super Simple Songs – Kids Songs 🎶
အင်္ဂလိပ်စာ စတင်လေ့လာခါစ ကလေးငယ်လေးများအတွက် အကောင်းဆုံး channel လေးပါ။
အရောင်အသွေးစုံလင်တဲ့ ကာတွန်းရုပ်လေးတွေ၊ တိရစ္ဆာန်လေးတွေနဲ့အတူ စကားပြောနှေးနှေး၊ စာသားရှင်းရှင်းနဲ့ သီချင်းတိုလေးတွေ သီဆိုပြတာမို့ ကလေးတွေက Listening Skill ရော ဝေါဟာရအသုံးအနှုန်း (Vocabulary) ပါ အလိုလို မှတ်မိသွားစေပါတယ်။

2. Alphablocks 🔤
Phonics နဲ့ စာဖတ်ခြင်းကို အခြေခံကစပြီး ပိုင်နိုင်စေဖို့ပါ။
သင်ကြားမှုပုံစံ: အင်္ဂလိပ်အက္ခရာ A တွင်းမှ Z အထိ စာလုံးလေးတွေကို သက်ရှိကာတွန်းဇာတ်ကောင်လေးတွေအဖြစ် ပုံဖော်ထားပါတယ်။ သူတို့လေးတွေ တစ်ယောက်နဲ့တစ်ယောက် လက်တွဲလိုက်တဲ့အခါ (ဥပါမာ- C-A-T တွဲလိုက်ရင် Cat ဖြစ်သွားတာမျိုး) ဘယ်လိုအသံထွက်ပြီး စာလုံးပေါင်းရမလဲဆိုတာကို အလွန်ပျော်စရာကောင်းအောင် သင်ပြပေးပါတယ်။

3. English Singsing 🗣️
Speaking နှင့် ရိုးရှင်းသော စာကြောင်းတည်ဆောက်ပုံ အတွက် အထူးသင့်လျော်ပါတယ်။
ကလေးတွေ နေ့စဉ်ဘဝမှာ သုံးလေ့ရှိတဲ့ နှုတ်ဆက်စကား၊ မိတ်ဆက်စကားတွေကို Dialogue ပုံစံမျိုး ကာတွန်းလေးတွေနဲ့ ပြသပေးပါတယ်။ ကလေးကိုယ်တိုင် လိုက်ပြောလို့ရအောင် "Repeat after me" အပိုင်းလေးတွေလည်း ပါဝင်ပါတယ်ရှင်။

4. Peekaboo Kidz (Dr. Binocs Show) 🧠
အင်္ဂလိပ်စာ အနည်းငယ်ရပြီးသား ကလေးငယ်များအတွက် Listening & General Knowledge (ဗဟုသုတ) တိုးပွားစေဖို့ပါ။
သင်ကြားမှုပုံစံ: ချစ်စရာကောင်းတဲ့ ဆရာဝန်ကြီး Dr. Binocs ကနေ ကမ္ဘာမြေကြီးအကြောင်း၊ သိပ္ပံပညာအကြောင်း၊ ကျန်းမာရေးအကြောင်းတွေကို ကလေးနားလည်လွယ်မယ့် အင်္ဂလိပ်စာ အသုံးအနှုန်းလေးတွေနဲ့ ပုံပြင်လို ရှင်းပြပေးတာမို့ Writing ပိုင်းမှာအိုင်ဒီယာထွက်ဖို့ အရမ်းအထောက်အကူပြုပါတယ်။

5. StorylineOnline 📖
Reading နဲ့ စိတ်ကူးစိတ်သန်း ပိုမိုရင့်သန်လာစေဖို့ပါ။
သင်ကြားမှုပုံစံ: ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား၊ မင်းသမီးကြီးတွေကိုယ်တိုင် ကလေးပုံပြင်စာအုပ်ကောင်းတွေကို အသံအနိမ့်အမြင့်၊ အမူအရာအပြည့်နဲ့ ဖတ်ပြတဲ့ Channel ဖြစ်ပါတယ်။ ကလေးတွေအတွက် အသံထွက်မှန်ကန်မှုကို လေ့ကျင့်ရာမှာ အရမ်းထိရောက်ပါတယ်ရှင်။

💡 ကလေးတွေကို ဗီဒီယိုတွေချည်းပဲ ပစ်ထားတာမျိုးထက် မေမေတို့က ဘေးကနေ "သူတို့ ဘာလုပ်နေကြတာလဲဟင်?" "ဒီသီချင်းလေး တူတူလိုက်ဆိုရအောင်" ဆိုပြီး Active Interaction လေး လုပ်ပေးရင် ကလေးရဲ့ ဦးနှောက်က ဘာသာစကားကို ပိုမိုမြန်မြန်ဆန်ဆန် မှတ်မိတတ်ပါတယ်ရှင်။
Live & Learn ရဲ့ စာသင်ခန်းတွေမှာလည်း ဒီလို Multimedia Tools တွေကို စနစ်တကျ အသုံးချပြီး ကလေးတွေ ပျော်ရွှင်စွာ တတ်မြောက်အောင် သင်ကြားပေးနေပါတယ်ရှင်။ ❤️🌟

&learn

အင်္ဂလိပ်စာလုံးတွေ၊ Grammar တွေ ဘယ်လောက်ပဲ သိနေပါစေ... တကယ့်လက်တွေ့မှာ ထုတ်ပြောရဲတဲ့ "ယုံကြည်မှု" မရှိရင် အဲ့ဒီအသိပညာဟာ ...
29/06/2026

အင်္ဂလိပ်စာလုံးတွေ၊ Grammar တွေ ဘယ်လောက်ပဲ သိနေပါစေ... တကယ့်လက်တွေ့မှာ ထုတ်ပြောရဲတဲ့ "ယုံကြည်မှု" မရှိရင် အဲ့ဒီအသိပညာဟာ အသက်မဲ့နေတတ်ပါတယ် 💡✨ သားသားမီးမီးတို့အတွက် Confidence is Power ပါပဲ။

မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
အင်္ဂလိပ်စာ လေ့လာတဲ့နေရာမှာ ကလေးတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို အဆုံးအဖြတ်ပေးတဲ့ အဓိကအချက်က IQ တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-Confidence) ကလည်း ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်ရှင်။

ဘာကြောင့် "Confidence" က ကလေးတွေအတွက် စွမ်းအားတစ်ခု ဖြစ်စေတာလဲ?

အခွင့်အလမ်းသစ်တွေကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်နိုင်ခြင်း
ယုံကြည်မှုရှိတဲ့ ကလေးတစ်ယောက်ဟာ အတန်းထဲမှာဖြစ်စေ၊ ပြိုင်ပွဲတွေမှာဖြစ်စေ ဆရာမက မေးခွန်းမေးတဲ့အခါ လက်ထောင်ဖြေဖို့ မတွန့်ဆုတ်ပါဘူး။ ဒီလို ရဲဝံ့မှုကြောင့် သူတို့ဟာ အောင်မြင်မှု အခွင့်အလမ်းတွေကို သူများထက် ပိုမိုရရှိတတ်ကြပါတယ်။

အမှားတွေဆီကနေ သင်ယူရဲခြင်း
Confidence ရှိတဲ့ကလေးက တစ်ခုခုမှားသွားရင် ချက်ချင်းစိတ်ဓာတ်မကျဘဲ "အဆင်ပြေတယ်၊ နောက်တစ်ခါ အမှန်ရအောင် ပြန်လုပ်မယ်" ဆိုပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်ခိုင်မာမှု (Growth Mindset) ရှိလာပါတယ်။

ဆွဲဆောင်မှုရှိတဲ့ ဆက်သွယ်ပြောဆိုသူ ဖြစ်လာခြင်း
သူတို့ပြောတဲ့ စကားလုံးတိုင်း၊ အမူအရာတိုင်းမှာ ယုံကြည်မှု အပြည့်ပါဝင်နေတဲ့အတွက် သူတစ်ပါးကို ဆွဲဆောင်နိုင်ပြီး ခေါင်းဆောင်မှု အရည်အချင်း (Leadership Skills) တွေပါ အလိုလို ဖွံ့ဖြိုးလာစေပါတယ်ရှင်။

Live & Learn ရဲ့ အဓိက ရည်မှန်းချက်က ကလေးတွေကို အင်္ဂလိပ်စာ Skills (၄) မျိုး တတ်မြောက်စေရုံတင် မဟုတ်ပါဘူး။ အတန်းထဲက ထွက်သွားတဲ့အခါ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ ရင်ဘောင်တန်းနိုင်မယ့် "Confident Speakers & Writers" လေးတွေဖြစ်အောင် ပျိုးထောင်ပေးဖို့ ဖြစ်ပါတယ်ရှင်။ ❤️

"Confidence comes not from always being right, but from not fearing to be wrong." ကိုယ့်ကလေးကို ဗဟုသုတရော ယုံကြည်မှုပါ ပြည့်ဝတဲ့ စမတ်ကျကျ ကလေးငယ်တစ်ယောက်အဖြစ် မြင်တွေ့ချင်ရင် ဒီနေ့ပဲ ယုံကြည်မှု အုတ်မြစ်ကို အတူတူ စတင်တည်ဆောက်ပေးလိုက်ရအောင်နော်။

&learn

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ရွာတစ်ရွာလုံး လိုအပ်တယ်’ ဆိုတဲ့ စကားပုံလေး ရှိပါတယ်ရှင်။ 🏡✨ သားသားမီးမီးတို့ရဲ့ အောင...
28/06/2026

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ရွာတစ်ရွာလုံး လိုအပ်တယ်’ ဆိုတဲ့ စကားပုံလေး ရှိပါတယ်ရှင်။ 🏡✨ သားသားမီးမီးတို့ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ တီချယ်တို့ရဲ့ သင်ကြားမှုတင်မကဘဲ မရှိမဖြစ်လိုအပ်တဲ့ အဓိကသော့ချက်တစ်ခု ရှိပါသေးတယ်။

မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
အင်္ဂလိပ်စာ သင်ယူမှုဆိုတာ စာသင်ခန်းထဲမှာတင် ပြီးဆုံးသွားတဲ့အရာ မဟုတ်ပါဘူး။ ကလေးတစ်ယောက် ဘာသာစကားတစ်ခုကို မြန်မြန်ဆန်ဆန်နဲ့ အခြေခံခိုင်ခိုင်မာမာ တတ်မြောက်ဖို့ဆိုရင် ဆရာမတွေရဲ့ ကြိုးစားအားထုတ်မှုအပြင် မိဘတွေရဲ့ အနီးကပ် ပံ့ပိုးပေးမှုကလည်း ထက်ဝက်ခန့် သက်ရောက်မှုရှိပါတယ်ရှင်။

အဲဒါကြောင့် Live & Learn မှာ "ဆရာ" နဲ့ "ကျောင်းသား" ကြား ဆက်ဆံရေးတင်မကဘဲ... မိဘများနှင့် ဆရာမများကြား ခိုင်မာတဲ့ Parent - Teacher Bond ပူးပေါင်းဆောင်ရွက်မှု တံတားကြီး ကိုပါ အထူးတလည် တည်ဆောက်ထားပါတယ်ရှင်။

💡 Live & Learn မှာ မိဘတွေနဲ့ ဘယ်လိုလက်တွဲဆောင်ရွက်လဲ?
Regular Progress Updates
ကလေး အတန်းထဲမှာ ဘယ်လောက်အထိ တက်ကြွလဲ၊ ဘယ် Skills တွေ တိုးတက်လာပြီး ဘယ်အချက်တွေကို ပိုလေ့ကျင့်ဖို့ လိုအပ်လဲဆိုတာကို မိဘတွေကို ပုံမှန် အသိပေး တိုင်ပင်လေ့ရှိပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ အခြေအနေကို အမြဲမျက်ခြေမပြတ် သိရှိနေမှာဖြစ်ပါတယ်ရှင်။

🤝 Home Learning Tips အိမ်မှာ ဆက်လက်လေ့ကျင့်နိုင်မည့် လမ်းညွှန်ချက်
စာသင်ခန်းထဲက သင်ခန်းစာတွေဟာ နေအိမ်နဲ့ ကင်းကွာမသွားစေဖို့... အိမ်မှာ မိဘတွေက ကလေးကို ဖိအားမပေးဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘယ်လို ပြန်လည်မေးမြန်း လေ့ကျင့်ပေးရမလဲဆိုတဲ့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း လေးတွေကို အမြဲ ဝေမျှပေးပါတယ်။

❤️ Open Communication ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခြင်း
ကလေးက စာရေးရမှာ ကြောက်နေတာပဲဖြစ်ဖြစ်၊ စကားပြောတဲ့အခါ ရှက်နေတာပဲဖြစ်ဖြစ်... မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို တီချယ်တို့က အမြဲတမ်း စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး ကလေးတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်အလိုက် အကောင်းဆုံး ဖြေရှင်းနည်းတွေကို အတူတူ အဖြေရှာကြပါတယ်ရှင်။

ကျောင်းက (၅၀%) သင်ကြားပေးပြီး၊ အိမ်ကနေ မေမေတို့က (၅၀%) အားဖြည့်ပေးမယ်ဆိုရင် ရလဒ်ကတော့ ရာနှုန်းပြည့် (၁၀၀%) ထူးချွန်ထက်မြက်တဲ့ ကလေးငယ်တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။

သားသားမီးမီးတို့ရဲ့ အနာဂတ်အိမ်မက်တွေကို တူတူပုံဖော်ဖို့ တီချယ်တို့နဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗✨

&learn

ကိုယ့်ကလေးကို တစ်ပတ်မှာ တစ်ရက်တည်းနဲ့ စာတွေအများကြီး ဇွတ်ဖိသင်တာထက်... တစ်နေ့ကို ၁၅ မိနစ်ပဲ နေ့တိုင်း ပုံမှန်လေ့ကျင့်ပေး...
27/06/2026

ကိုယ့်ကလေးကို တစ်ပတ်မှာ တစ်ရက်တည်းနဲ့ စာတွေအများကြီး ဇွတ်ဖိသင်တာထက်... တစ်နေ့ကို ၁၅ မိနစ်ပဲ နေ့တိုင်း ပုံမှန်လေ့ကျင့်ပေးတာက ပိုပြီး အကျိုးရှိပါတယ် ⏰✨ စာမေးပွဲနီးမှ စာအုပ်ပုံကြီးထဲ နစ်မွန်းသွားမယ့်အစား Consistency ရဲ့ အစွမ်းကို အသုံးချရအောင်။

မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
ကျွန်မတို့ ကလေးတွေကို ဘာသာစကားအသစ်တစ်ခု သင်ပေးတဲ့အခါ "တစ်ခါသင်ရင် အကြာကြီးသင်မှ တတ်မယ်" လို့ ထင်မိတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကလေးတွေရဲ့ ရေရှည်မှတ်ဉာဏ် (Long-term Memory) ထဲ စွဲကျန်ရစ်စေတာကတော့ စာသင်ချိန် အရေအတွက်ထက် "နေ့စဉ် ပုံမှန်လုပ်ဆောင်တဲ့ အလေ့အထ" သာ ဖြစ်ပါတယ်ရှင်။

💡 ဘာကြောင့် Consistency က အရေးကြီးတာလဲ?
🧠 ၁။ ဦးနှောက်က နေ့စဉ်မှတ်သားမှုကို ပိုကြိုက်တယ်
တစ်ပတ်မှာ တစ်ရက်တည်း (၃) နာရီဆက်တိုက် စာကျက်တဲ့ကလေးဟာ နောက်ရက်တွေမှာ အကုန်လုံးနီးပါး ပြန်မေ့သွားတတ်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို (၁၅) မိနစ်ကနေ (၂၀) မိနစ်ပဲ နေ့တိုင်း အင်္ဂလိပ်လို ပုံပြင်နားထောင်တာ၊ စကားပြောတာ လုပ်တဲ့ကလေးကတော့ ဦးနှောက်ထဲမှာ အင်္ဂလိပ်စာ ကွန်ရက် (Neural Pathways) ကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ကြပါတယ်။

🎯 ၂။ အလေ့အထ (Habit) ဖြစ်သွားစေတယ်
"စာသင်ရမယ်" ဆိုတာကြီးက ကလေးအတွက် အတင်းအကျပ် လုပ်ရတဲ့ အလုပ်တစ်ခုလို မဖြစ်စေဘဲ နေ့စဉ် သွားတိုက်၊ ရေချိုးသလိုမျိုး သဘာဝကျတဲ့ အလေ့အထတစ်ခု ဖြစ်သွားစေပါတယ်။ ဒါဟာ ရေရှည်မှာ စာသင်ရတာကို ပျော်စရာလို့ မြင်လာစေပါတယ်။

🌟 ၃။ ယုံကြည်မှု တဖြည်းဖြည်း တက်လာတယ်
နေ့တိုင်း နည်းနည်းချင်းစီ တတ်မြောက်လာတာကို ကလေးကိုယ်တိုင် သတိပြုမိတဲ့အခါ "ငါလည်း လုပ်နိုင်တာပဲ" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-confidence) က အလိုလို တိုးပွားလာပါတယ်ရှင်။

Live & Learn ရဲ့ စာသင်ခန်းတွေမှာလည်း ကလေးတွေကို တစ်ထိုင်တည်းနဲ့ ပင်ပန်းနွမ်းနယ်သွားစေမယ့် သင်ကြားမှုမျိုး လုံးဝ မလုပ်ပါဘူး။ အပတ်စဉ် သတ်မှတ်ထားတဲ့ Goals လေးတွေကို ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ မပျက်မကွက် မှန်မှန်ကန်ကန် လေ့လာသွားနိုင်ဖို့ စနစ်တကျ ပံ့ပိုးကူညီပေးနေတာ ဖြစ်ပါတယ်ရှင်။ ❤️

"Success isn't just about what you do occasionally, it's about what you do consistently."

ကိုယ့်ကလေးကို အနာဂတ်မှာ အင်္ဂလိပ်စာ အပီအပြင် ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်စေချင်ရင် ဒီနေ့ကစပြီး နေ့စဉ် အလေ့အထသေးသေးလေးတွေ တည်ဆောက်ပေးလိုက်ရအောင်နော်။

&learn

Address

Yangon
11421

Telephone

+959972374055

Website

Alerts

Be the first to know and let us send you an email when Live & Learn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Live & Learn:

Shortcuts

Share

Category