17/04/2026
🌟 Professional Teacher Training Program 2026 (Free Training) 🌟
2026-2027 ခုနှစ် ပညာသင်နှစ်အတွက် မိမိတို့၏ သင်ကြားရေးအရည်အချင်းများကို တိုးတက်မြှင့်တင်လိုသော ဆရာ၊ ဆရာမများအတွက် S.E.S International School မှ Professional Teacher Training Program ကို အထူးဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
ယနေ့ခေတ် ပညာရေးတွင် စာသင်ပေးနိုင်ရုံသာမက ကျောင်းသားများကို စိတ်ဝင်စားစေပြီး သင်ယူလိုစိတ်တိုးတက်လာစေရန်၊ သင်ခန်းစာတစ်ခုချင်းစီကို စနစ်တကျစီမံနိုင်ရန်နှင့် Classroom ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်တို့သည် ဆရာ၊ ဆရာမတစ်ဦးအတွက် အရေးပါလှပါသည်။ ထို့ကြောင့် ဤသင်တန်းသည် သင်ကြားမှုအတွေ့အကြုံ မရှိသေးသူများမှစ၍ အတွေ့အကြုံရှိပြီးသား ဆရာ၊ ဆရာမများအထိ Professional Level သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်ထားသော Training Program တစ်ခုဖြစ်ပါသည်။
သင်တန်းအတွင်းတွင် သင်ကြားမည့် subject များဖြစ်သော Myanmar, English, Science နှင့် Maths တို့ကို ထိရောက်စွာ သင်ကြားပုံ၊ ကျောင်းသားအသက်အရွယ်နှင့် ကိုက်ညီသော သင်ကြားမှုနည်းလမ်းများကို အသေးစိတ်ရှင်းလင်းသင်ကြားပေးမည်ဖြစ်ပါသည်။ ထို့အပြင် Lesson Plan တစ်ခုကို International Standard နှင့် ကိုက်ညီအောင် ရေးသားပုံရေးသားနည်း၊ Objective ချမှတ်နည်း၊ Activities များကို Classroom ထဲတွင် လက်တွေ့အသုံးချနိုင်ရန် ဘယ်လိုဖန်တီးရမည်ဆိုသည်များကိုလည်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် Classroom Management အပိုင်းတွင်လည်း ကျောင်းသားများကို ထိန်းချုပ်ရာတွင် အပြုသဘောဆောင်သောနည်းလမ်းများကို အသုံးပြုနည်း၊ Classroom ကို စနစ်တကျ လည်ပတ်နိုင်ရန် စီမံခန့်ခွဲနည်း၊ ကျောင်းသားများ၏ စိတ်ဝင်စားမှုကို ဘယ်လိုမြှင့်တင်ရမည်ဆိုသည့် Practical Techniques များကို အတွေ့အကြုံရှိသော ဆရာ၊ ဆရာမများမှ မျှဝေပေးသွားမည်ဖြစ်ပါသည်။
နောက်ထပ်အရေးပါသော အပိုင်းတစ်ခုအနေဖြင့် မေးခွန်းစာရွက်များကို ဘယ်လိုစနစ်တကျရေးသားရမည်၊ Question Types မျိုးစုံ (Short Answer, Long Answer, Critical Thinking Questions) ကို ဘယ်လိုဖန်တီးရမည်နှင့် Exam Paper ကို ဘယ်လို Format ချမလဲဆိုသည်များကိုပါ လေ့လာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို တိုင်းတာရာတွင် လိုအပ်သော Assessment များကို ပြုလုပ်နည်း၊ Formative Assessment နှင့် Summative Assessment များကို အသုံးချနည်း၊ Marking System နှင့် Feedback ပေးနည်းများကိုလည်း လက်တွေ့ကျကျ သင်ကြားပေးသွားမည်ဖြစ်ပါသည်။
ဤသင်တန်းသည် သင်ယူသူများကို သင်ကြားမှုအပိုင်းတွင်သာမက Confidence တိုးတက်စေရန်၊ Professional Teacher တစ်ဦးအဖြစ် ရပ်တည်နိုင်ရန်အတွက် အထူးအာရုံစိုက်ထားပြီး Real Classroom Experience များကို မျှဝေကာ လက်တွေ့အသုံးချနိုင်စေရန် ဦးတည်ထားသော Training Program တစ်ခုဖြစ်ပါသည်။
သင်ကြားပို့ချသွားမည့် ဘာသာရပ်များ
✓ 21st Century Skills (Critical Thinking, Creativity, Communication)
✓ Modern & Effective Teaching Methodology
✓ Myanmar, English, Science, Maths Teaching Techniques
✓ Child Psychology & ECCD (Age-appropriate Teaching)
✓ Jolly Phonics (Early Literacy Skills)
✓ Smart Lesson Planning & Classroom Activities
✓ Classroom Language & Student Management Skills
✓ KG မှ အထက်တန်းအထိ Practical Teaching Approaches
💚 Schedule 💚
📌 Sec A
Date - Every Saturday
Time - (9:00 AM – 4:00 PM)
Starting Date - 18th April, 2026
📌 Sec B
Date – 20th April – 29th April (8 Days Intensive)
Time - (9:30 AM – 3:00 PM)
Starting Date - 20th April
Limited Seat Only ဖြစ်သောကြောင့် အမြန်ဆုံး ဆက်သွယ်စာရင်းသွင်းကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
📞 Contact for Registration:
09-456875155, 09-443160454
🏫 Location – No.107, Konzaytan Street (Lower Block), Pabedan Township, Yangon