02/09/2024
မေတ္တာအသင်္ချေ
သူကလိုက်ခဲ့ဟု ပြောတုန်းကလည်း
ကျွန်တော်လိုက်ခဲ့ပါသည်။
သူကနေရစ်နေရစ်ခဲ့တော့ဟု ချန်ထားခဲ့ပြန်တော့လည်း
ကျွန်တော်ရပ်ပြီးနေရစ်ခဲ့ပါသည်။
ဘယ်တုန်းကမှ ပိုင်ဆိုင်ရန်မကြိုးစားခဲ့ဖူး၍
ဘယ်သောအခါမှ စွန့်လွှတ်ရန်လဲမလိုပါ။
သူ့အတွက် ကျွန်တော်၏မေတ္တာပန်းသည် ပွင့်လန်းခဲ့ပြီးဖြစ်ပါ၏။
တောက်ပစွာ ပွင့်လန်းနေဆဲလည်းဖြစ်ပါ၏။
နေကြာတွေမပျော်တာ ဥယျာဉ်မှူးအပြစ်မဟုတ်
နေကြာတွေသည် နေမင်းကိုသာမျှော်ကြသည်ဆိုတာလည်း ကျွန်တော်သိရှိထားပါသည်။
နေထွက်လျှင် လကွယ်ပေးရသည်ဆိုသော
နိယာမကိုလည်း ကျွန်တော်ကောင်းစွာလက်ခံပါ၏။
ကိုယ့်ကိုကိုလည်း ပြန်ကြည့်မိပါသည်။
အဝိဇ္ဇာဦးဆောင် သမုဒ္ဒယချည်နှောင်သည့် သည်ခန္ဓာ သည်သံယောဇဉ်နှင့် သံသရာဟာ တကယ်လည်နေတာဆိုရင်
တစ်ကွေ့ကွေ့မှာတို့တွေပြန်ဆုံကြဦးမှာပါ။
#လင်းခေတ်
20.8.2024