YumiYa’s Japanese Language Sharing

YumiYa’s Japanese Language Sharing Learning for Japanese Language

17/05/2025

၄လပိုင်းကုန်ကဘာသာပြန်ပြီးတင်ပေးခဲ့တဲ့ပို့စ်ရဲ့
အဆက်ဖြစ်တဲ့「初耳、一応」ကိုဘာသာပြန်ပြီး
တင်ပေးလိုကိပါပြီနော်။

30/04/2025
11/11/2024

ဒီနေ့ကတော့説明と解説ဆိုတဲဲ့အသုံးနှင့်ပတ်သက်ပြီးလေ့လာကြည့်ကြမယ်။
#説明(せつめい)する —- explain
#အကြောင်းအရာများ၊နည်းလမ်းများ၊မိမိ၏ခံစားချက်များကိုတစ်ဖက်သူအားရှင်းပြတဲ့အခါမှာသုံးပါတယ်လို့မှတ်လို့ရပါတယ်။
今からこの機械の使い方を説明します。
အခုကစပြီးတော့ဒီစက်၏အသုံးပြုပုံကိုရှင်းပြပါမယ်။
#解説(かいせつ)する ---explain
#ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုကိုအခြေခံပြီးရှင်းပြတဲ့အခါမှာသုံးတယ်လို့မှတ်ထားလို့ရပါတယ်။
今週の火曜日に開発社から新機械について解説を行います。
ဒီအပတ်အင်္ဂါနေ့မှာတီထွင်ထုတ်လုပ်သည့်companyမှစက်အသစ်နှင့်ပတ်သက်ပြီးရှင်းလင်းမှုကိုပြူလုပ်ပါမည်။

2024-11-11
🥰🥰🥰

ဒီနေ့ကတော့အိပ်တဲ့အချိန်မှာဖြစ်တတ်တာလေးတွေကိုဂျပန်လိုဘယ်လိုပြောလဲလေ့လာကြည့်ကြမယ်။ #歯ぎしり (する)— はぎしり するသွားကျိတ်သည်例文:弟の歯ぎし...
24/09/2024

ဒီနေ့ကတော့အိပ်တဲ့အချိန်မှာဖြစ်တတ်တာလေးတွေကိုဂျပန်လိုဘယ်လိုပြောလဲလေ့လာကြည့်ကြမယ်။
#歯ぎしり (する)— はぎしり する
သွားကျိတ်သည်
例文:弟の歯ぎしりがすごくて寝れない。
မောင်လေးရဲ့သွားကျိတ်ခြင်းကဆိုးရွားလွန်းတာကြောင့်အိပ်မရဘူး။
#いびきをかく--- ဟောက်သည်
例文 : お父さんが大きいいびきをかくので別の部屋に寝ています。
အဖေရဲ့ဟောက်သံကျယ်လွန်းတာကြောင့်တခြားအခန်းမှာအိပ်ပါတယ်။
#寝言を言う—- ねごとをいう
ယောင်ယမ်းပြောဆိုသည်
例文:弟は良く寝言をいいます。
မောင်လေးကမကြာခဏယောင်ယမ်းပြောဆိုသည်။

2024-09-24
🥰🥰🥰

12/09/2024

ဒီနေ့ကတော့以上、以下နှင့်ပတ်သက်ပြီး
လေ့လာကြည့်ကြမယ်။

#以上(いじょう)〜အထက်
18才以上なら運転免許を取得できます。
18さい いじょう なら うんてんめんきょ を しゅとく できます。
အသက်၁၈နှစ်အထက်ဆိုလျှင်ကားမောင်းလိုင်စင်ကိုယူလို့ရပြီ။

#以下(いか)〜အောက်
18才以下なら飲酒禁止です。
18さい いか なら いんしゅ きんし です。
အသက်၁၈နှစ်အောက်ဆိုလျှင် အရက်သောက်ခွင့်မရှိပါ။
(အရက်သောက်ခြင်းကိုတားမြစ်သည်)။

ဥပမာစာကြောင်းတွေကိုကြည့်ပြီးမှတ်ထားရမှာက
以上、以下ဆိုတဲဲ့စာလုံးရဲ့အရှေ့မှာရေးတဲံကိန်းဂဏာန်း၊အကြောင်းအရာတွေပါအကျုံးဝင်တယ်ဆိုတာမှတ်သားထားလိုက်ရင်အဆင်ပြေမယ်လို့ထင်ပါတယ်။

12-09-2024
🥰🥰🥰

11/09/2024

#課金(かきん)
課金 - အခကြေးငွေ
အသုံးပြုပုံ—- service တစ်ခုကိုအသုံးပြုတဲ့အခါမှကျသင့်တဲ့အခကြေးငွေပါ။ဒီစကားလုံးကတကယ်တော့service ပေးတဲ့သူဘက်ကသုံးတဲ့စကားလုံးပါ။

ဥပမာစာကြောင်း
インターネット料金は毎月課金されます。
インターネットりょうきん は まいつき かきんされます。
အင်တာနက်ဖိုးသည်လတိုင်းငွေတောင်းခံခြင်းခံရမည်။

မှတ်ချက်—- အခုနောက်ပိုင်းမှာတော့service အသုံးပြုသူဘက်ကလည်းအခကြေးငွေပေးချေသည့်အခါမှာလည်းအသုံးပြုတာလည်းရှိပါတယ်။

11-09-2024
🥰🥰🥰

22/08/2024

#趣旨(しゅし)vs 主旨(しゅし)

ဒီတစ်ခါကတော့趣旨နှင့်主旨ရဲ့အသုံးပြုပုံလေးကို
ဝေမျှပေးသွားခြငိပါတယ်။
趣旨 (しゅし)***ရည်ရွယ်ချက်

အကြောင်းအရာကိစ္စတွေကိုလုပ်ဆောင်ဖို့အတွက်
အခြေခံကျသောစိတ်ကူး၊ရည်ရွယ်ချက်ကိုပြောခြင်တဲ့အခါမှသုံးမည်။

このボランティアチームの活動趣旨を説明します。

ဒီဥပမာစာကြောင်းမှာဆိုရင် ******
ဒီVolunteer Team၏လှုပ်ရှားမှုရည်ရွယ်ချက်ကိုရှင်းပြပါမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

^_^^_^^_^^_^^_^^_^^_^^_^^_^^_^^_^^_^^_

主旨(しゅし) ***အဓိကအချက်၊ဆိုလိုရင်း၊

အကြောင်းအရာကိစ္စတွေရဲ့အဓိကကျတဲဲ့အချက်ကိုပြောခြင်တဲ့အခါမှာသုံးမည်။

彼(かれ)が言いたい主旨(しゅし)は何でしょうか。

ဒီဥပမာစာကြောင်းမှာဆိုရင်*****
သူပြောခြင်တဲ့အဓိကအချက်ကဘာများလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒီしゅしနှစ်မျိုးကိုမှတ်ဖို့လွယ်တဲ့နည်းကတော့
ကိုယ်ပြောခြင်တဲ့အကြောင်းအရာကိစ္စမှာဘာကရည်ရွယ်ချက်ဖြစ်တယ်ဆိုတဲ့စိတ်ကူးစိတ်သန်း၊ရည်ရွယ်ချက်တွေပါမယ်ဆိုရင်ဒီ趣旨ကိုသုံးမယ်။
စိတ်ကူးစိတ်သန်း၊ရည်ရွယ်ချက်မပါရင်主旨ကိုသုံးမယ်။
🥰🥰🥰

02/01/2023

隣(となり) /近く(ちかく) နှင့် 側(そば)တို့၏ကွာခြားချက်

#ဒီနေ့ကတော့ဖတ်ဖူးမှတ်ဖူးထားတာလေးကို
隣(となり) /近く(ちかく) နှင့် 側(そば)တို့၏ကွာခြားချက်
ကိုနားလည်လွယ်အောင်ဘာသာပြန်ပြီးSharing လုပ်လိုက်ပါတယ်။

隣(となり) ==> ဘေးနား/ကပ်လျက်
※ရေပြင်ညီမျဉ်းအတိုင်းဘေးဘက်မှာတည်ရှိတဲ့အခါတွင်သုံးသည်။
※အကွာအဝေးသတ်မှတ်ချက်မရှိ။
※အကွာအဝေးသတ်မှတ်ချက်မရှိလို့လည်းရေးတယ်အပေါ်ကအဓိပ္ပာယ်မှာကျတော့ကပ်လျက်ဆို့တဲ့စကားလုံးလည်းပါတယ်ဆိုပြီးနားလည်ရခက်သွားမယ်လို့ထင်ပါတယ်။အောက်ကဥပမာစာကြောင်းမှာဆိုလျှင်အိမ်မှရေပြင်ညီမျဉ်းအတိုင်းသွားလျှင်(အကွာအဝေး ဝေးပေမဲ့လည်း ပထမဆုံးတည်ရှိ(တွေ့ရှိ)သည့်အဆောက်အအုံသည် Supermarket ဖြစ်သည့်အခါမျိုးတွင်သုံးလို့ရခြင်းကိုဆိုလိုပါသည်။

Example:家(いえ)の隣(となり)にスーパーが有ります。

近く(ちかく)==>အနီးအနား/အနီးတဝိုက်
※လားရာဘက်သတ်မှတ်ချက်မရှိပေမဲ့အနီးတဝိုက်မှာတည်ရှိသည့်အခါတွင်သုံးသည်။側(そば)နှင့်ယှဉ်လျှင်ဗဟိုမှတ်မှအနည်းငယ်ကွာဝေးသည်။

Example:学校(がっこう)の近く(ちかく)に公園(こうえん)が有ります。

側(そば)==> အနီးအနား/ဘေးနား
※လားရာဘက်သတ်မှတ်ချက်မရှိပေမဲ့အနီးတဝိုက်မှာတည်ရှိသည့်အခါတွင်သုံးသည်။近く(ちかく)နှင့်ယှဉ်လျှင်ဗဟိုမှတ်နှင့်ပိုနီးသည်။

Example:学校(がっこう)の 側(そば)に本屋(ほんや)が有ります。

17/12/2022

ဂျပန်စာလေ့လာနေသူများ
အနည်းငယ်ဘဲဖြစ်ဖြစ်အထောက်အကူဖြစ်ရင်🙂

Address

Yangon

Telephone

+959973468571

Website

Alerts

Be the first to know and let us send you an email when YumiYa’s Japanese Language Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to YumiYa’s Japanese Language Sharing:

Shortcuts

Share