Nippon Language Academy

Nippon Language Academy あたなならちゃんとできるよ

ဂျပန်ကို ၄လပိုင်း ကျောင်းနဲ့လာမဲ့ကလေးတွေ ယန်းလိုရင်ရမယ်နော်Rate3*.**Cb pls အရွက်တော့မရဘူးနော် ဂျပန်ဘဏ်အကောင့်လွှဲဘဲရပါမယ...
02/03/2025

ဂျပန်ကို ၄လပိုင်း ကျောင်းနဲ့လာမဲ့ကလေးတွေ ယန်းလိုရင်ရမယ်နော်

Rate3*.**
Cb pls

အရွက်တော့မရဘူးနော် ဂျပန်ဘဏ်အကောင့်လွှဲဘဲရပါမယ်

07/07/2024

လိုက်ဆို အမျှ
ခေါ်ကြ ….

Golden week က ဒီနေ့နောက်ဆုံးမလို့စိတ်ညစ်မနေနဲ့ နောက်တစ်ပွဲအတွက် schedule ရော့ 🤭စာကလွဲရင် အကုန် save တာသိလို့လာပြတာ 😝ပွဲက...
06/05/2024

Golden week က ဒီနေ့နောက်ဆုံးမလို့စိတ်ညစ်မနေနဲ့ နောက်တစ်ပွဲအတွက် schedule ရော့ 🤭

စာကလွဲရင် အကုန် save တာသိလို့လာပြတာ 😝

ပွဲကြိုက်ခင်တို့ ဂျပန်မှာ ပျော်ကြသည်တို့ဘာတို့ 🤣


ဒူးရင်သီးကြိုက်သူများ in Japan be like lol ☹️Ueno သွားတိုင်းမြင်သာမြင်မကြင်ရ ဒူးရင်းသီးတစ်လုံးက တစ်ပတ်စာ စားစရိတ်နဲ့ညီနေ...
04/05/2024

ဒူးရင်သီးကြိုက်သူများ in Japan be like lol ☹️

Ueno သွားတိုင်းမြင်သာမြင်မကြင်ရ ဒူးရင်းသီးတစ်လုံးက တစ်ပတ်စာ စားစရိတ်နဲ့ညီနေတော့ မရွေးချယ်နိုင်ခဲ့ဘူးချစ်ရယ် 😩

ကြည့်မရရင် ဒူးရင်းသီးနဲ့ ပစ်ပေါက်ပေးကြပါလား 😫

စျေးတစ်ဝက်ချထားတာတောင် ဝယ်မစားနိုင်ခဲ့ပါဘူးကွယ် 🥲သရက်သီးကို မြန်မာအလည်ပြန်ရင် အပင်အောက်မှာ ချီးပန်းတဲ့ထိ ထိုင်စားပစ်ဦးမယ...
02/05/2024

စျေးတစ်ဝက်ချထားတာတောင် ဝယ်မစားနိုင်ခဲ့ပါဘူးကွယ် 🥲
သရက်သီးကို မြန်မာအလည်ပြန်ရင် အပင်အောက်မှာ ချီးပန်းတဲ့ထိ ထိုင်စားပစ်ဦးမယ် 😩

ဂျပန်မှာစျေးတွေကလဲ ထပ်တက်ဦးမှာတဲ့နော် လစာသာမတိုးတာ ဒီနေ့ ဆန်သွားဝယ်တာ ဆန်စျေးတွေရှယ်တက် ☹️

မောက်ချိုက်ကြိုက်တတ်တဲ့သူတွေ မဖြစ်မနေ try သင့်တဲ့ဆိုင်🥘Takatanobaba ကမြန်မာတွေကြားနာမည်ကြီးပြီး စားသောက်ဆိုင်တွေလဲ အရမ်း...
30/04/2024

မောက်ချိုက်ကြိုက်တတ်တဲ့သူတွေ မဖြစ်မနေ try သင့်တဲ့ဆိုင်🥘

Takatanobaba ကမြန်မာတွေကြားနာမည်ကြီးပြီး စားသောက်ဆိုင်တွေလဲ အရမ်းပေါပါတယ် 🍱🍢

ဒီထဲကမှ baba ရောက်တိုင်း အမြဲစားဖြစ်တဲ့ မာလာထန် ဆိုင်လေးကိုညွှန်ပေးချင်ပါတယ် ကိုယ်တွေ အစပ်ကြိုက်တဲ့ မြန်မာပါးစပ်နဲ့ကွက်တိဘဲ🥂

သူက လမ်းနီမောက်ချိုက်ဆိုင်လို ကိုယ်ကြိုက်တာရွေးထည့်ရပြီး အလေးချိန်နဲ့ ရောင်းတာပါ 100g ကို ¥400ထင်တယ် တစ်ခါစားရင် ¥1500-2000 ဝန်းကျင်လောက်တော့ကျတယ် ကိုယ်က အစားနည်းလားများလားပေါ်မူတည်ပါတယ်💸💵

ခေါက်ဆွဲခြောက်တစ်ခု free ရပါတယ် အမြဲ 🍜

သူ့မှာရွေးချယ်စရာ ဟင်းရည်၄မျိုးရှိပါတယ် ကျနော်ကတော့ အမြဲ မာလာလို့ဘဲ ပြောမှာပါတယ် 🫕

အစပ်level 5ဆင့်ရှိပြီး အဆင့်၃လောက်ဆို မြန်မာပါးစပ်နဲ့တော်တော်လေးကိုက်ပါတယ် ကျနော်ကတော့ အဆင့်၅စားပါတယ် 🥵

ဂျပန်ရောက်ပြီး ၁နှစ်နေမှသိလို့တော်တော်နောင်တရ 🤣

ဂျပန်ရောက်ပြီးဘယ်စားစား ချိူလိုက်ငံလိုက်နဲ့မလို့ ပါးစပ်မကိုက်ဖြစ်နေရင် Takatanobaba ရောက်ရင်သွားစားလိုက်ပါ

တခြား ikebikuro ueno တို့မှာလဲ ဆိုင်ခွဲတွေရှိပေမဲ့ baba က ဆိုင်က အကောင်းဆုံးလို့ထင်တယ် ဒါကတော့ ကို့အမြင်ပါ🤷‍♂️

YGF Malatan (Takatanobaba) Big Box နဲ့ မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာပါ ဘူတာကနေ ၂မိနစ်လောက်လျှောက်ရင်ရောက်ပါတယ် 🥵

https://maps.app.goo.gl/gP97sygC8rN1sJiH7?g_st=ic

စားတဲ့အခါ ဆီစင်တတ်လို့ အေပရွန်ယူလို့ရပါတယ် ကောင်တာမှာငွေရှင်းရင်း တစ်ခါတည်းတောင်းလို့ရပါတယ် 😚

ဂျပန်ကို လေယျာဉ်ခလဲမကုန် COE လဲမလိုဘဲ အလွယ်ရောက်မဲ့ နည်းလမ်းကောင်းလေး 🤭
28/04/2024

ဂျပန်ကို လေယျာဉ်ခလဲမကုန် COE လဲမလိုဘဲ အလွယ်ရောက်မဲ့ နည်းလမ်းကောင်းလေး 🤭

Baby Blue တွေ နဲ့ အရမ်းလှနေတဲ့ ibaraki ကို ဒီ ၂ပတ်အတွင်းမသွားဖြစ်ရင် နောင်တရပါလိမ့်မယ် 🌊🌷Tokyo ကနေဆိုရင် kitasenjyu stat...
21/04/2024

Baby Blue တွေ နဲ့ အရမ်းလှနေတဲ့ ibaraki ကို ဒီ ၂ပတ်အတွင်းမသွားဖြစ်ရင် နောင်တရပါလိမ့်မယ် 🌊🌷

Tokyo ကနေဆိုရင် kitasenjyu station ကနေဆို Jovan Line နဲ့ တစ်ဆင့်တည်း တိုက်ရိုက်ရောက်ပါတယ် Katsuta station ထိစီးရမှာဖြစ်ပြီး Bus နဲ့ Hitachi Seaside park ကိုစီးရမှာပါ 🚅🚌

Train ticket က အသွားအပြန် kitasenjyu katsuta ¥4600 နဲ့ Bus ticket + Entrance Fees =¥ 1130 ကျသင့်မှာပါ💸

Bus က 乗り放題မလို့ ဘယ်သွားသွား bus နဲ့သွားဖို့ အကြံပေးပါတယ် မသိဘဲ လမ်းလျှောက်လိုက်တာ တော်တော်စိမ့်သွားတယ်😅

ပန်းခြံကတော်တော့်ကိုကျယ်ပြီး လည်စရာနေရာတွေများတာမလို့ ဝင်ဝင်ချင်းစက်ဘီးငှါးတဲ့နေရာမှာစက်ဘီးငှါးပြီး လျှောက်သွားတာ ပိုအဆင်ပြေပါလိမ့်မယ် 😍

Baby Blue တွေအပြင် တခြား ပန်းအလှတွေ စမ်းချောင်းလေးတွေ seaside cafe တွေ နဲ့ လည်စရာအရမ်းများပါတယ် 🪻📸

အနားမှာရှိတဲ့ Ajigaura Beach ကိုလဲသွားခဲ့ပါတယ် လှိူင်းကြမ်းလို့ ဆင်းဆော့လို့တော့မရပါ သဲမဟုတ်ဘဲ ကျောက်စလစ်အသေးလေးတွေမလို့ သောင်ပေါ်မှာ ကစားလို့တော့တော်တော်ကောင်းသလို ပုံရိုက်လို့လဲ အရမ်းလှပါတယ် Pacific Ocean ကြီးနဲ့🌊

ကမ်းခြေက ပန်းခြံအပြင်ဘက်မှာမလို့ Bus စီးပြီး ၁၅မိနစ်လောက်လမ်းလျှောက်ရပါတယ်🥵

National Hitachi Seaside Park Pleasure Garden နဲ့ Hitachi Seaside park ၂ပိုင်းရှိတာမလို့ ဒီနေ့ လမ်းလျှောက်သွားတာ ကစားကွင်းရှိတဲ့ ဘက်ခြမ်းမရောက်ခဲ့ပါဘူး စက်ဘီးလေးနဲ့ သွားဖို့ osususme ပါ 🚲

ပန်းလေးတွေလှတုန်း သူငယ်ချင်းတွေနဲ့စုပြီး ပျော်ခဲ့ပါ🌊

လည်စရာများတာမလို့ မသွားခင် plan လေးဆွဲဖို့ အကြံပေးချင်ပါတယ် 😍

မနှစ်က Sakura တွေပွင့်တဲ့ အချိန်မှာဘဲ ဒီမြေကို စနင်းခဲ့တယ် ပင်ပန်းလွန်းလို့ Sakura ဆိုတာ ဘာမှန်းတောင်မခံစားလိုက်ရပါဘူး☹️...
11/04/2024

မနှစ်က Sakura တွေပွင့်တဲ့ အချိန်မှာဘဲ ဒီမြေကို စနင်းခဲ့တယ် ပင်ပန်းလွန်းလို့ Sakura ဆိုတာ ဘာမှန်းတောင်မခံစားလိုက်ရပါဘူး☹️

ငွေကြေးမပြည့်စုံတဲ့ မိသားစုက မွေးဖွားခဲ့တာမလို့ နိုင်ငံခြားမှာ ပညာသင်ဖို့ဆိုတာ အလှမ်းဝေးတဲ့ အိပ်မက်ကြီးလိုဖြစ်ခဲ့ရတဲ့ အချိန်တွေရှိခဲ့ပေမဲ့ မခံချင်စိတ်နဲ့ ကြိုးစားပြီး ဒီမြေကိုရအောင်နင်းခဲ့တယ် 😇

ခက်ခဲတယ် ပင်ပန်းတယ် လေယျာဉ်ပျံတွေမြင်တိုင်း အိမ်အရမ်းပြန်ချင်ခဲ့တာ အိမ်နဲ့ဖုန်းပြောရင်တော့ အရာရာအဆင်ပြေတယ်ပေါ့လေ 😊

ခုတော့ ဒီမြေဒီရေမှာ တော်တော်အသားကျနေပြီ

Sakura တွေကိုကြည့်ပြီး ခံစားမိတဲ့ အင်အားတစ်ခုရှိတယ်🌸🌬️

Sakura တွေက ဆောင်းတွင်းတစ်ခုလုံး အပင်ခြောက်ကြီးတွေ မလှဘူးဘယ်လိုကြည့်ကြည့် သူ့အချိန်ရောက်လာတဲ့အခါ ပြိုင်စံရှားလှလာပါလေရော အပွင့်တွေကြွေသွားသည့်တိုင် စိမ်းလန်းဝေဆာလို့🌸🌷

အရမ်းအကြပ်အတဲဖြစ်နေတဲ့ အချိန်မှာ ကြိုးစားနေကြတဲ့ လူငယ်တိုင်းကို Sakura တွေနဲ့အတူ အားပေးချင်တာပါ လှလှပပ ပွင့်လန်းလာဖို့ဆိုတာ မလှပတဲ့အချိန်တွေနဲ့ အရင်ရုန်းကန်ရတာပါ 👏

မလှမပရုန်းကန်နေရပြီဆို မင်းဟာလှလှပပ ပွင့်လန်းဖို့ အချိန်ကိုရောက်လာတော့မှာဆိုတာ သတိရပါ ဆက်သွားပါ ဆုံးဖြတ်ချက်တွေဆက်လျှောက်ပါ👍

ပြီးရင် ဂျပန်မြေကိုရောက်အောင်လာခဲ့ပါ😊

なんとなくできるတဲ့ ကြိုးစားနေသ၍ရှင်သန်ရာလမ်းတွေက ရှိနေမှာမလို့ Sakura တွေနဲ့အတူ မင်းတို့ဘေးမှာရှိနေမှာပါ😇

Senpai ရဲ့ ချစ်ရတဲ့ တပည့်လေးတွေအကုန် ဂျပန်ကို အမြန်ဆုံးရောက်လာကြပါစေ 🌸🪽

ဂျပန်မှာသွားနဲ့ပတ်သက်ပြီး တစ်ခုခု ဖြစ်ရင် ပိုက်ဆံအများကြီး ကုန်တယ်လို့ကြားဖူးကြတယ်မလား ❌တကယ်တော့ ကုန်တဲ့နေရာလဲကုန်တယ် အရ...
13/01/2024

ဂျပန်မှာသွားနဲ့ပတ်သက်ပြီး တစ်ခုခု ဖြစ်ရင် ပိုက်ဆံအများကြီး ကုန်တယ်လို့ကြားဖူးကြတယ်မလား ❌

တကယ်တော့ ကုန်တဲ့နေရာလဲကုန်တယ် အရမ်းမကုန်တာလဲရှိတယ် ဒီနေ့ သွားပဲ့သွားလို့ သွားဆေးခန်းပြေးရတဲ့ အတွေ့အကြုံလေး မျှဝေပေးချင်လို့ပါ 🤦🏽

အလုပ်လုပ်ရင်း တံခါးနဲ့ စောင့်မိပြီး သွားကကျိုး နှုတ်ခမ်းလဲပေါက်သွားတယ် ရှေ့သွားဆိုတော့ မျက်နှာက တကယ်ကြည့်ရဆိုးသွားတာ 🤦🏽

ဖြစ်ဖြစ်ချင်းထူပူပြီး သွားဆေးခန်းပြေးတော့တာဘဲ “သွားပြီ ယန်းသောင်းနဲ့ချီ ကြွပြီ” ဆိုတဲ့အထင်နဲ့ ယန်း ၂သောင်း ဘဏ်ကနေထုတ်သွားတယ် မလောက်မှာဆိုးလို့🤷🏽

ဟိုရောက်တော့ အကျိုးကြောင်းပြောပြလိုက်တော့ Nurse က Doctor ကိုသွားပြောတော့ “ကလေးလားတဲ့ တံခါးနဲ့တိုက်မိတာက” ကျနော်ဆိုမှ ရယ်နေသေးတယ်🤦🏽

အဲ့တာနဲ့ လိုအပ်တဲ့ အချက်အလက်တွေဖြည့် ပထမဆုံးလာဖူးတာလားပေါ့ ✍️

✅အဓိကတော့ 健康保健(kenkouhoken) တောင်းတယ် ပြီးတော့ သွားကို ဓာတ်မှန်ရိုက်တယ် Nurse က အရင်ရှင်းပြတယ် 🗣️

သွားက နှုတ်ပစ်ရလောက်တဲ့ထိ ပဲ့သွားတာ မဟုတ်ဘဲ ဖာလိုက်ရုံလောက်နဲ့ရတယ်တဲ့ ဒါပေမဲ့ မူရင်းသွားလို မဟုတ်တဲ့ အတွက် တအားမာတာတွေတော့ ရှောင်ရမယ်တဲ့👍

အဲ့လိုနဲ့ သွားတွေဆေး ခံတွင်းသန့်ရှင်းရေး လုပ်ပေးပြီးတော့ Doctor က သွားကြည့်ဖို့လာတယ် 😿

သွားကို နည်းနည်းတော့ ထပ်ဖြတ်ထုတ်ရမယ်တဲ့ ညှိပြီး သွားပြန်ဖာပေးလိုက်တယ် ၅မိနစ်လောက်ဘဲကြာမယ်ထင်တယ် ဒီတိုင်းနာလို့ ထုံဆေးပေးတာတော့ ခဏစောင့်ရတယ်🤕

တော်တော်လေးကိုမြန်ပြီး ဖာထားမှန်းလဲ သိပ်မသိသာဘူး အဲ့တော့မှ မှန်ကြည့်ပြီး အလုံးကြီးကျသွားတော့တယ် ဖြစ်ဖြစ်ချင်း မျက်နှာတော့ရုပ်ဆိုးပြီဆိုပြီး မျက်ရည်တွေဝိုင်းနေတာ 🤣

အဓိကပြောချင်တာက စျေးပါ အရမ်းကို Surprise ဖြစ်သွားတယ် 🤧

💹¥1770 (40000ကျပ်ဝန်းကျင်) ဘဲကျလို့ တော်တော်လေးစိတ်ချမ်းသာသွားတယ်

✅ရောက်လက်စနဲ့ သွားချေးချွတ်ချင်တာရယ် cleansing လုပ်ချင်တာရယ် ဘယ်လောက်ကျမလဲ မေးတော့

💹ပထမအကြိမ်တော့ ¥3000ဝန်းကျင်ဘဲ ကျပါမယ်တဲ့ နောက်အကြိမ်တွေတော့ ¥1000လောက်ဘဲတဲ့

အဲ့တော့ ဂျပန်မှာ သွားဆေးခန်းပြရမှာ ကျနော့်လို မကြောက်ကြပါနဲ့ ကျန်းမာရေးအာမခံပါသွားရင် အဆင်ပြေပါတယ်

သွားလေးတွေဆေးတာ ဖြူအောင်လုပ်တာ စသဖြင့်သွားလုပ်ကြပါ အားလုံးအဆင်ပြေကြပါစေ ❄️

လစာတွေကရတော့ရလိုက်တယ် ဒါပေမဲ့ မရလိုက်ဘူး🥲ရေဖိုးမီးဖိုးနဲ့ မျက်ရည်တောက်တောက်ကျ 🥲  PicCrd
10/06/2023

လစာတွေကရတော့ရလိုက်တယ် ဒါပေမဲ့ မရလိုက်ဘူး🥲

ရေဖိုးမီးဖိုးနဲ့ မျက်ရည်တောက်တောက်ကျ 🥲

PicCrd

Address

Yangon

Telephone

+959260784698

Website

Alerts

Be the first to know and let us send you an email when Nippon Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share