ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

Share

Japanese Language Training Center

Photos from ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း's post 18/04/2026

✰✰၂၀၂၆ခုနှစ်၊ ၄လပိုင်း နှင့် ၅လပိုင်းအတန်းအသစ်များ✰✰
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✰ ✰ 4skills တန်းများနှင့်စကား‌ပြောအတန်းများ၏ ရည်ရွယ်ချက် ✰ ✰
၁။ အရေးသွက်စေဖို့ (ကြားလိုက်တဲ့ ဂျပန်လေသံကို မှန်မှန်ကန်ကန် လိုက်ရေးနိုင်စေဖို့။)
၂။ လက်ရေးသပ်ရပ်စေဖို့။
၃။ ခန်းဂျီတွေကိုချစ်ပြီး လက်တွေ့ရေးနိုင်စေဖို့။
၄။ level လိုက်သဒ္ဒါများကိုသုံး၍ စာကြောင်းများမှန်ကန်စွာစီတတ်လာစေဖို့။
၅။ စကားပြောရဲစေရန်။
၆။ အသံထွက်နဲ့ လေယူလေသိမ်းကောင်းစေဖို့
၇။ ဂျပန်ဘာသာကို ပိုမိုစိတ်ဝင်စားပြီး ယုံကြည်ချက်ရှိလာစေဖို့

✰ သင်ပုံသင်နည်း ✰
မေဇာ Sensei ကိုယ်တိုင်ရိုက်ထားတဲ့ သင်ခန်းစာရှင်းလင်းချက်များကို တင်ဖို့အတွက် သီးသန့် Facebook group တစ်ခုထားပါမယ်။
အိမ်စာထပ်ဖို့နဲ့ မရှင်းလင်းတာတွေမေးဖို့ messenger မှာ သီးသန့် group တစ်ခု၊ သင်ခန်းစာဗွီဒီယို link များချ‌ပေးရန် group တစ်ခု စုစုပေါင်း၂ခု ထားပါမယ်။
တစ်ပတ်၂ခါ အတန်းပိုင်ဆရာများမှ Zoom meeting မှာ လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် စာစစ်စာမေးပြီး အသံထွက်ကောင်းအောင် လေ့ကျင့်ပေးပါမယ်။

✰ အားသာချက် ✰
အဓိကကျသော သဒ္ဒါရှင်းလင်းချက်၊ ခန်းဂျိရှင်းလင်းချက်၊ အသံထွက်နည်းများမှာဗွီဒီယိုဖိုင်များဖြစ်သည့်အတွက် ကျောင်းသားဖက်မှ အဆင်ပြေသည့်အချိန် ကြည့်ရှူ့နိုင်၍ အလုပ်များသူများအတွက်အဆင်ပြေပါတယ်။
သင်တန်းပြီးသွားသော်လည်း ကျောင်းသားများကို သက်ဆိုင်ရာgroup၌ဆက်လက်ထားရှိမည်ဖြစ်၍ ပြန်လည်လေ့လာလိုသည့်အခါ အချိန်မရွေး ကြည့်ရှူ့လေ့လာနိုင်ပါမယ်။

✰ စည်းကမ်းချက်များ ✰

၁။ Zoom meeting လုံးဝမ Join သူများ သင်တန်းအပ်၍မရပါ။

၂။ သက်ဆိုင်ရာ groupထဲသို့ ရောက်ပြီးမှ ကျောင်းသားဖက်မှ အကြောင်းအမျိုးမျိုးဖြင့် သင်တန်းဆက်မတက်ဖြစ်ခြင်းမှာ ကျောင်းသား၏တာဝန်သာဖြစ်ပါသည်။ သင်တန်းကြေးပြန်လည်ထုတ်ပေးခြင်းမပြုပါ။

၃။ သက်ဆိုင်ရာ အတန်းစပြီးချိန်တွင်
အတန်းပြောင်းခြင်း၊ level ပြောင်းခြင်းများ “လုံးဝ” မပြုလုပ်ရပါ။

၄။ မိမိရှိနေသောနေရာမှ အင်တာနက်လိုင်း ကောင်းမကောင်း၊ Zoom meeting join၍ ရ/မရ ကို သေချာစစ်ပြီးမှ သင်တန်းအပ်ပါရန်။

၅။ သင်ရိုး ဗီဒီယို file များကို လက်ဆင့်ကမ်းခြင်း၊ တခြား group များ၌ တင်ခြင်းများမပြုရပါ။

၆။ Facebook Group ထဲမှ Video များကို “React မပေးရ”။
React ပေးမိလျှင် Group ထဲမှ “၁ ပတ်” ထုတ်ပယ်ပါမည်။

၇။ သင်တန်းတက်မည့်သူများမှာ Zoom applicationအသုံးပြုနည်းကို တတ်ကျွမ်းအောင် မဖြစ်မနေလေ့ကျင့်ထားရပါမည်။

၈။ သင်တန်းဆင်းလက်မှတ်များကို on line လက်မှတ်များပေးသွားပါမည်။ (အတန်းပျက်များသူများ၊ စာကိုသေချာလိုက်မလုပ်သူများ၊ သင်တန်းပြီးဆုံးအောင်မတက်သူများကို သင်တန်းဆင်းလက်မှတ် လုံးဝထုတ်မပေးပါ။)

၉။ JLPTဖြေကြားခြင်းနှင့် ရင်းနှီးမှုရှိစေရန် လေ့ကျင့်ပေးမည်ဖြစ်သော်လည်း၊ JLPTဖောင်တင်ပေးခြင်းများမပြုလုပ်ပါ။

✰ ဖုန်းဖြင့်စုံစမ်းရန် ✰
09971421552 (မနက် ၉နာရီမှ ညနေ ၅နာရီထိသာ)

14/04/2026

သင်တန်းတခုခုတက်ပြီဆိုရင်..ဥပမာ သင်တန်းကြေး ၂၀၀,၀၀၀ ကျပ်ပေးသွင်းထားတယ်ဆိုပါစို့ ! တချို့သင်တန်းသားတွေက ၂သိန်းဖိုးရင်းပြီး ၂သိန်းလောက်ပြန်မြတ်တယ်...တချို့ကတော့ အမြတ်ရဖို့မပြောနဲ့ အရင်း၂သိန်းပါပြုတ်တယ်..တချို့ကျပြန်တော့ အရင်း၂သိန်းကျေတယ်..

၁။ သင်တန်းကြေးရဲ့ ၂ ဆပြန်မြတ်တယ်ဆိုတာ..သင်တန်းပျက်ရက်နည်းတယ်၊ ပျက်ရင်လည်း သင်တန်းမှန်သူတွေဆီက စာပြန်ကြည့်ထားတယ်(zoom record ကြည့်တယ်)..ပို့ချသူ(ဆရာ)ရဲ့ လမ်းညွုန်မှုကိုလည်း အာရုံစိုက်နားထောင်သလို..လမ်းညွုန်မှုအတိုင်းလည်း တဝေမသိမ်းလိုက်နာဆောင်ရွက်တယ်...ဒီတော့ သင်တန်းကာလပြီးသွားတဲ့အခါ အတိုင်းအတာတခု အပြည့်အဝရောက်တယ်..တချို့ဆို လုပ်ကိုင်စားသောက်လို့ရတဲ့အထိ ဖြစ်မြှောက်သွားတယ်...

၂။ အရင်း၂သိန်းပါပြုတ်တဲ့သူဆိုတာက ..သင်တန်းပျက်ရက်များသလို ..အတန်းတက်ရင်လည်း အိပ်ငိုက်တာတစ်မျိုး၊ စိတ်မဝင်စားလို့လွတ်သွားတာတစ်မျိုး..လမ်းညွုန်မှုအတိုင်းလည်း မဆောင်ရွက်တတ်ဘူး။ သူတို့က အကြောင်းပြချက်အမျိုးမျိုးနဲ့ ဘဝရဲ့အချိန်တွေကို ကုန်ဆုံးနေကြသူတွေဖြစ်တယ်..တချို့ဆိုသင်တန်းကာလပြီးတဲ့အထိတောင်မတက်ဘူး...
သင်တန်းကို မှန်မှန်တက်ပြီး ပို့ချမှုအတိုင်း တစိုက်မတ်မတ်လုပ်ခြင်းဖြင့်ရလာမဲ့အကျိုးကို မမြင်တတ်သူတွေဖြစ်တယ်...

၃။ အရင်း၂သိန်းကျေသူဆိုတာကတော့...စိတ်မဝင်စားရင်တောင်သင်တန်းတော့ များသောအားဖြင့် မှန်အောင်တတ်တယ်..ပြီးဆုံးတဲ့အထိjoinတယ်။ ဆရာ့ပို့ချမှုတွေလည်း တစ်ဝက်လောက်ခေါင်းထဲဝင်တယ်..ဒီတော့သင်တန်းကာလပြီးဆုံးချိန်မှာ လုပ်ကိုင်စားသောက်လို့ရတဲ့ အဆင့်မဖြစ်ရင်တောင်မှပဲ ..ပြန်အသုံးချလို့ရတဲ့အဆင့်ဖြစ်နေတတ်သူတွေပေါ့..

ဒီစာကိုဖတ်နေတဲ့သူကတော့ ၁ ၊ ၂ ၊ ၃ ဘယ်ထဲကလဲ???
အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ အခုလိုကာလမှာ ငွေအမောင့်ဘယ်လောက်ပဲ ဖြစ်ဖြစ် အင်မတန် နှမြောဖို့ကောင်းတယ်။
သင်တန်းကြေးရဲ့ ၂ဆပြန်မြတ်သူများဖြစ်နိုင်ကြပါစေ...

မေ ဇာ Sensei
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

https://www.facebook.com/share/p/1FdTcnj8he/

13/04/2026

N2 စကားပြောတန်း အတန်းသူအတန်းသားများရဲ့ အမှတ်တရသင်္ကြန်မိုး❣️

12/04/2026

N4 စကားပြောတန်းက ကျောင်းသူကျောင်းသားများ သင်္ကြန်ပိတ်ရက်မှာ ဘာလုပ်ကြမလဲ💦💦💦 ၂လကျော်ကျော် trainer ရဲ့ လမ်းညွုန်မှုကို ဇွဲအပြည့်နဲ့ လိုက်လုပ်တဲ့အကျိုး ခံစားနေကြရပြီ 😍

09/04/2026

သီရိမွန်先生ရဲ့ N4 level စကားပြောသွက်လာစေဖို့ နည်းလမ်းကောင်းလေးတခု ❣️
အတူတူလိုက်ပြောကြည့်ရအောင်

May Zar Sensei
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

https://www.facebook.com/share/p/17KTqbLycf/

https://www.facebook.com/share/p/1UGTSgDgki/

07/04/2026

🟢 すみません နဲ့ ごめんなさい တို့ရဲ့ကွဲပြားပုံ 🟢
အမြဲသုံးဖြစ်နေတဲ့စကားလေးတွေမို့သိထားသင့်ပါတယ်နော်

ကိုယ်က အမှားလုပ်မိတဲ့အခါပဲဖြစ်ဖြစ်…တဖက်သားကိုအနှောင့်အယှက်ပေးမိတဲ့အခါမှာပဲဖြစ်ဖြစ် すみませんနဲ့ ごめんなさいကိုသုံးကြပါတယ်…ဒါပေမဲ့ တဖက်သူက ဘယ်သူဖြစ်တယ်ဆိုတဲ့အပေါ်မှာမူတည်ပြီး ဘာကိုသုံးသင့်သလဲဆိုတာ ကွာခြားသွားမှာပါ…

すみません→သူ့ရဲ့မူရင်းက私の 気(き)が済(す)みません。သူ့ကိုမြန်မာလိုတိုက်ရိုက်ဘာသာပြန်ရင်တော့ စိတ်ကမပြီးဆုံးနိုင်ဘူး
(စိတ်အနှောင့်အယှက်ပေးမိလို့)အားနာမိတယ် ၊ စိတ်ထဲအကြွေးတင်နေသလိုခံစားရတယ် ဆိုတဲ့အဓိပ္ပါယ်လေးဖြစ်ပါတယ်။
# တနည်အားဖြင့် မိမိရဲ့အမှားတွေ၊ မကောင်းတာတွေကို ဝန်ခံလိုက်တဲ့သဘောလေးပါ။
ပြီးတော့ すみませんမှာ ကျေးဇူတင်တယ်ဆိုတဲ့အဓိပ္ပါယ်လေးလည်း ရှိ‌နေပြန်ပါတယ်…

ごめんなさい→ခန်းဂျိနဲ့ရေးရင် 御免なさい。
免ဆိုတဲ့စာလုံးမှာ ခွင့်လွှတ်တယ်၊ ခွင့်ပြုတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိပြီး ၊ なさいဆိုတာကတော့ အမိန့်ပေးတဲ့ 命令形(めいれいけい)ကို ယဉ်ကျေးတဲ့ပုံစံနဲ့ ပြောတဲ့ အဓိပ္ပါယ်ဖြစ်တာကြောင့် ごめんなさいဆိုရင် …ငါ့ကိုခွင့်လွှတ်ပါ ဆိုတဲ့ သဘော ဖြစ်လို့သွားပါမယ်။
# သူ့မှာက အပြစ်ကိုဝန်ခံတယ်ဆိုတာထက် မိမိကိုခွင့်လွှတ်ဖို့တောင်းဆိုတဲ့သဘောက ပိုရှိလို့နေပါတယ်…

ဒီ ၂ခုလုံးရဲ့အဓိပ္ပါယ်ကို ကြည့်လိုက်ရင် すみませんက ပိုပြီး မိမိကိုယ်ကို ပြန်လည်သုံးသပ်ဆင်ခြင်မှုလေးပါနေတာကြောင့် လူကြီးဆန်ပြီး နှိမ့်ချတဲ့သဘောရှိနေပြီး ၊ ごめんなさいကကျတော့ တောင်းဆိုတဲ့သဘောဖြစ်တဲ့ ပြောရမယ်ဆိုရင် ကလေးဆန်ပြီးတော့ အချွဲဓါတ်လေးပါပါတယ် (လူကြီးတွေမသုံးရဘူးလို့ဆိုလိုခြင်းမဟုတ်ပါဘူးနော်)။

ဒါတွေကြောင့်ရယ်မို့ ရင်းနှီးမှုမရှိတဲ့သူတွေရယ်၊ လုပ်ငန်းခွင်မှာ (မကြီးလေးတဲ့)အမှားကိုကျူးလွန်မိတဲ့အခါမျိုးမှာ すみませんကို သုံးသင့်ပါတယ်
တယောက်ယောက်ရှေ့ကိုဖြတ်သွားတဲ့အခါမျိုးမှာလည်း すみませんကို သုံးလို့ရသလို …တဖက်သားကိုကျေးဇူးတင်တဲ့အခါမျိုးမှာလည်း
(いつも)すみません。(အမြဲကူညီပေးလို့)ကျေးဇူးပါ …ဆိုပြီးတော့ သုံးနိုင်ပါတယ်။
ごめんなさいကကျတော့ ကိုယ့်ရဲ့မိသားစုတွေ၊ ရင်းနှီးမှုရှိသူတွေအပေါ်မှာသုံးသင့်ပါတယ်။
၊customer‌တွေ၊ လုပ်ဖေါ်ကိုင်ဖက်ကုမ္ပဏီကသူတွေ၊လုပ်ငန်းခွင်မှာ အမှားကြီးလုပ်မိတဲ့အခါမျိုးတွေမှာ လေးလေးနက်နက်နဲ့တောင်းပန်တော့မယ်ဆိုရင်တော့ 申し訳ございません。もうしわけございません。ကို သုံးသင့်တယ်လို့ အကြံပြုပါရစေ။

May Zar Sensei
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

https://www.facebook.com/share/p/17KTqbLycf/

https://www.facebook.com/share/p/1UGTSgDgki/

07/04/2026

✰✰၂၀၂၆ခုနှစ်၊ ၄လပိုင်း သင်္ကြန်အပြီးတွင်ဖွင့်မည့် အတန်းအသစ် လုပ်ငန်းသုံးစကားလုံးများကိုကျွမ်းကျင်ချင်သူများတွက်✰✰
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✰ သင်ပုံသင်နည်း ✰
မေဇာ Sensei ကိုယ်တိုင်ရိုက်ထားတဲ့ သင်ခန်းစာရှင်းလင်းချက်များကို တင်ဖို့အတွက် သီးသန့် Facebook group တစ်ခုထားပါမယ်။
အိမ်စာထပ်ဖို့နဲ့ မရှင်းလင်းတာတွေမေးဖို့ messenger မှာ သီးသန့် group တစ်ခု၊ သင်ခန်းစာဗွီဒီယို link များချ‌ပေးရန် group တစ်ခု စုစုပေါင်း၂ခု ထားပါမယ်။
တစ်ပတ်၂ခါ အတန်းပိုင်ဆရာများမှ Zoom meeting မှာ လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် စာစစ်စာမေးပြီး အသံထွက်ကောင်းအောင် လေ့ကျင့်ပေးပါမယ်။

✰ အားသာချက် ✰
အဓိကကျသော သဒ္ဒါရှင်းလင်းချက်၊ ခန်းဂျိရှင်းလင်းချက်၊ အသံထွက်နည်းများမှာဗွီဒီယိုဖိုင်များဖြစ်သည့်အတွက် ကျောင်းသားဖက်မှ အဆင်ပြေသည့်အချိန် ကြည့်ရှူ့နိုင်၍ အလုပ်များသူများအတွက်အဆင်ပြေပါတယ်။
သင်တန်းပြီးသွားသော်လည်း ကျောင်းသားများကို သက်ဆိုင်ရာgroup၌ဆက်လက်ထားရှိမည်ဖြစ်၍ ပြန်လည်လေ့လာလိုသည့်အခါ အချိန်မရွေး ကြည့်ရှူ့လေ့လာနိုင်ပါမယ်။

✰ စည်းကမ်းချက်များ ✰

၁။ Zoom meeting လုံးဝမ Join သူများ သင်တန်းအပ်၍မရပါ။

၂။ သက်ဆိုင်ရာ groupထဲသို့ ရောက်ပြီးမှ ကျောင်းသားဖက်မှ အကြောင်းအမျိုးမျိုးဖြင့် သင်တန်းဆက်မတက်ဖြစ်ခြင်းမှာ ကျောင်းသား၏တာဝန်သာဖြစ်ပါသည်။ သင်တန်းကြေးပြန်လည်ထုတ်ပေးခြင်းမပြုပါ။

၃။ သက်ဆိုင်ရာ အတန်းစပြီးချိန်တွင်
အတန်းပြောင်းခြင်း၊ level ပြောင်းခြင်းများ “လုံးဝ” မပြုလုပ်ရပါ။

၄။ မိမိရှိနေသောနေရာမှ အင်တာနက်လိုင်း ကောင်းမကောင်း၊ Zoom meeting join၍ ရ/မရ ကို သေချာစစ်ပြီးမှ သင်တန်းအပ်ပါရန်။

၅။ သင်ရိုး ဗီဒီယို file များကို လက်ဆင့်ကမ်းခြင်း၊ တခြား group များ၌ တင်ခြင်းများမပြုရပါ။

၆။ Facebook Group ထဲမှ Video များကို “React မပေးရ”။
React ပေးမိလျှင် Group ထဲမှ “၁ ပတ်” ထုတ်ပယ်ပါမည်။

၇။ သင်တန်းတက်မည့်သူများမှာ Zoom applicationအသုံးပြုနည်းကို တတ်ကျွမ်းအောင် မဖြစ်မနေလေ့ကျင့်ထားရပါမည်။

၈။ သင်တန်းဆင်းလက်မှတ်များကို on line လက်မှတ်များပေးသွားပါမည်။ (အတန်းပျက်များသူများ၊ စာကိုသေချာလိုက်မလုပ်သူများ၊ သင်တန်းပြီးဆုံးအောင်မတက်သူများကို သင်တန်းဆင်းလက်မှတ် လုံးဝထုတ်မပေးပါ။)

၉။ JLPTဖြေကြားခြင်းနှင့် ရင်းနှီးမှုရှိစေရန် လေ့ကျင့်ပေးမည်ဖြစ်သော်လည်း၊ JLPTဖောင်တင်ပေးခြင်းများမပြုလုပ်ပါ။

✰ ဖုန်းဖြင့်စုံစမ်းရန် ✰
09971421552 (မနက် ၉နာရီမှ ညနေ ၅နာရီထိသာ)

06/04/2026

N3စကားပြောတန်းကအတန်ူသားများနဲ့ သင်္ကြန်အကြောင်းပြောကြည့်ကြခြင်း 😍❣️❣️❣️

May Zar Sensei
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

https://www.facebook.com/share/p/17KTqbLycf/

https://www.facebook.com/share/p/1UGTSgDgki/

31/03/2026

ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း ရဲ့ N5 4skills နဲ့ N4 4skills တွေမှာ စကားပြောအတွက်လည်း တပတ်ကိုသီးသန့်တရက်အချိန်ပေးပြီး လေ့ကျင့်ပေးတာမို့ JLPT အောင်ရုံတင်မကဘူး စကားဆပြာသွက်ဖို့အတွက်ပါ မပူရတော့ဘူး ...
အခုဗွံဒီယိုလေးကတော့ ဆရာဝေလင်းထွေး အတန်းပိုင်ဖြစ်တဲ့ N4 4skills က သင်တန်းသားတွေရဲ့ စကားပြောဟန်လေးပါ 😊 ၃လပိုင်းအဆန်းက စလိုက်တဲ့အတန်းသူအတန်းသားများပါ

May Zar Sensei
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

https://www.facebook.com/share/p/17KTqbLycf/

https://www.facebook.com/share/p/1UGTSgDgki/

27/03/2026

ဒါကြောင့်မို့ လေယူလေသိမ်းနဲ့ အသံနေအသံထားလေးတွေ လှနေကြတာပါ👍
လေယူလေသိမ်းလှပဖို့အတွက် စကားပြောသီးသန့်အတန်းရဲ့ သင်တန်းသားတွေပါမကပဲ levelအလိုက်4skillsသင်တန်းသားတွေပါ မဖြစ်မနေလေ့ကျင့်ပြီးထပ်ကြရတဲ့ အသံထွက်အိမ်စာပါ.. ❤️
ထပ်တဲ့အိမ်စာတိုင်းကို အတန်းပိုင်ဆရာက တခုချင်းစီ လိုအပ်ချက်တွေကို ပြန်ပြင်ပေးပါတဲ့ စနစ်လေးကို ပန်းသန္တာကျောင်းမှာကျင့်သုံးပါတယ်...‼️

May Zar Sensei
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

https://www.facebook.com/share/p/17KTqbLycf/

https://www.facebook.com/share/p/1UGTSgDgki/

23/03/2026

ကွန်မင့်မှာ ဗွီဒီယိုလေးကြည့်ပေးပါ 💦
N2 စကားပြောသီးသန့်တန်း သင်တန်းသူသင်တန်းသားက သင်တန်းကာလ အမှတ်တရဖြစ်စေဖို့ သင်္ကြ+န်မိုး ကို သဘောသဘာဝတူအောင် ဗွီဒီယို clip‌ေလးလုပ်ထားကြပါတယ်...Copy Right ထိလို့ ဗွီဒီယိုကို ကွန်မင့်မှာ ကြည့်ပေးပါခင်ဗျာ 😊
直訳(တိုက်ရိုက်ဘာသာပြန်) မဟုတ်ပါ...

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 21:00