ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

  • Home
  • Myanmar
  • Yangon
  • ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း Japanese Language Training Center

အမျိုးသမီးဓမ္မတာလာကို အရပ်အခေါ် 生理(せいり) …ဆေးပညာအခေါ်  月経(けっけい)生理が来る(せいりがくる)。ဓမ္မတာလာသည်生理不順 (せいりふじゅん)  ဓမ္မတာမမှန်ခြင်း生...
19/09/2026

အမျိုးသမီးဓမ္မတာလာကို အရပ်အခေါ် 生理(せいり) …ဆေးပညာအခေါ် 月経(けっけい)

生理が来る(せいりがくる)。ဓမ္မတာလာသည်

生理不順 (せいりふじゅん) ဓမ္မတာမမှန်ခြင်း

生理が多い(せいりがおおい) ဓမ္မတာများသည်

生理が少ない。ဓမ္မတာနည်းသည်

生理痛 (せいりつう) ဓမ္မတာလာသည့်အချိန် နာကျင်ကိုက်ခဲခြင်း

生理中(せいりちゅう) ဓမ္မတာလာနေဆဲ ကာလ

生理ナプキン ဓမ္မတာသုံး pad

生理前兆 (せいりぜんちょう) ဓမ္မတာလာမည့်အရိပ်အယောင်

おりものが出る အဖြူဆင်းသည်

閉経する(へいけいする) သွေးဆုံးသည်

#生理痛 (せいりつう) ဓမ္မတာလာသည့်အချိန် နာကျင်ကိုက်ခဲခြင်းကြောင့် ခွင့်ယူချင်တဲ့အခါ 生理痛လို့ပြောရင်လည်း ရပေမဲ့ အထက်အရာရှိက အမျိုးသားဖြစ်နေရင် ပြောရခက်တာမို့ ဒီလိုမျိုးလေးတွေပြောင်းသူံပါ ↓↓↓↓
🟢体調不良(たいちょうふりょう)のため休ませていただけないんでしょうか。
နေမကောင်းလို့ နားခွင့်ပေးလို့ရမလား။

🟢朝から腰痛(ようつう)/腹痛(ふくつう)がひどくて休みをいただきたいです。
မနက်ကတည်းက ခါးနာ၊ ဗိုက်အောင့်လို့ ခွင့်လေးရချင်ပါတယ်။
#ခါးနာတဲ့အခါ 腰痛ようつう)、ဗိုက်နာတဲ့အခါ 腹痛(ふくつう)ကိုသုံးပါ။

May Zar Sensei
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

✰✰၂၀၂၆ ခုနှစ် ၁၀ လပိုင်းအတွက် အတန်းအသစ်များ✰✰
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
https://www.facebook.com/share/p/1F9PwXALRe/

✰✰၂၀၂၆ ခုနှစ် ၁၀ လပိုင်းအတွက် အတန်းအသစ်များ✰✰☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️✰ ✰ 4skills တန်းများနှင့်စကား‌ပြောအတန်းများ...
19/09/2026

✰✰၂၀၂၆ ခုနှစ် ၁၀ လပိုင်းအတွက် အတန်းအသစ်များ✰✰
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✰ ✰ 4skills တန်းများနှင့်စကား‌ပြောအတန်းများ၏ ရည်ရွယ်ချက် ✰ ✰
၁။ အရေးသွက်စေဖို့ (ကြားလိုက်တဲ့ ဂျပန်လေသံကို မှန်မှန်ကန်ကန် လိုက်ရေးနိုင်စေဖို့။)
၂။ လက်ရေးသပ်ရပ်စေဖို့။
၃။ ခန်းဂျီတွေကိုချစ်ပြီး လက်တွေ့ရေးနိုင်စေဖို့။
၄။ level လိုက်သဒ္ဒါများကိုသုံး၍ စာကြောင်းများမှန်ကန်စွာစီတတ်လာစေဖို့။
၅။ စကားပြောရဲစေရန်။
၆။ အသံထွက်နဲ့ လေယူလေသိမ်းကောင်းစေဖို့
၇။ ဂျပန်ဘာသာကို ပိုမိုစိတ်ဝင်စားပြီး ယုံကြည်ချက်ရှိလာစေဖို့

✰ သင်ပုံသင်နည်း ✰
မေဇာ Sensei ကိုယ်တိုင်ရိုက်ထားတဲ့ သင်ခန်းစာရှင်းလင်းချက်များကို တင်ဖို့အတွက် သီးသန့် Facebook group တစ်ခုထားပါမယ်။
အိမ်စာထပ်ဖို့နဲ့ မရှင်းလင်းတာတွေမေးဖို့ messenger မှာ သီးသန့် group တစ်ခု၊ သင်ခန်းစာဗွီဒီယို link များချ‌ပေးရန် group တစ်ခု စုစုပေါင်း၂ခု ထားပါမယ်။
တစ်ပတ်၂ခါ အတန်းပိုင်ဆရာများမှ Zoom meeting မှာ လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် စာစစ်စာမေးပြီး အသံထွက်ကောင်းအောင် လေ့ကျင့်ပေးပါမယ်။

✰ အားသာချက် ✰
အဓိကကျသော သဒ္ဒါရှင်းလင်းချက်၊ ခန်းဂျိရှင်းလင်းချက်၊ အသံထွက်နည်းများမှာဗွီဒီယိုဖိုင်များဖြစ်သည့်အတွက် ကျောင်းသားဖက်မှ အဆင်ပြေသည့်အချိန် ကြည့်ရှူ့နိုင်၍ အလုပ်များသူများအတွက်အဆင်ပြေပါတယ်။
သင်တန်းပြီးသွားသော်လည်း ကျောင်းသားများကို သက်ဆိုင်ရာgroup၌ဆက်လက်ထားရှိမည်ဖြစ်၍ ပြန်လည်လေ့လာလိုသည့်အခါ အချိန်မရွေး ကြည့်ရှူ့လေ့လာနိုင်ပါမယ်။

✰ စည်းကမ်းချက်များ ✰

၁။ Zoom meeting လုံးဝမ Join သူများ သင်တန်းအပ်၍မရပါ။

၂။ သက်ဆိုင်ရာ groupထဲသို့ ရောက်ပြီးမှ ကျောင်းသားဖက်မှ အကြောင်းအမျိုးမျိုးဖြင့် သင်တန်းဆက်မတက်ဖြစ်ခြင်းမှာ ကျောင်းသား၏တာဝန်သာဖြစ်ပါသည်။ သင်တန်းကြေးပြန်လည်ထုတ်ပေးခြင်းမပြုပါ။

၃။ သက်ဆိုင်ရာ အတန်းစပြီးချိန်တွင်
အတန်းပြောင်းခြင်း၊ level ပြောင်းခြင်းများ “လုံးဝ” မပြုလုပ်ရပါ။

၄။ မိမိရှိနေသောနေရာမှ အင်တာနက်လိုင်း ကောင်းမကောင်း၊ Zoom meeting join၍ ရ/မရ ကို သေချာစစ်ပြီးမှ သင်တန်းအပ်ပါရန်။

၅။ သင်ရိုး ဗီဒီယို file များကို လက်ဆင့်ကမ်းခြင်း၊ တခြား group များ၌ တင်ခြင်းများမပြုရပါ။

၆။ သင်တန်းတက်မည့်သူများမှာ Zoom applicationအသုံးပြုနည်းကို တတ်ကျွမ်းအောင် မဖြစ်မနေလေ့ကျင့်ထားရပါမည်။

၇။ သင်တန်းဆင်းလက်မှတ်များကို on line လက်မှတ်များပေးသွားပါမည်။ (အတန်းပျက်များသူများ၊ စာကိုသေချာလိုက်မလုပ်သူများ၊ သင်တန်းပြီးဆုံးအောင်မတက်သူများကို သင်တန်းဆင်းလက်မှတ် လုံးဝထုတ်မပေးပါ။)

၈။ JLPTဖြေကြားခြင်းနှင့် ရင်းနှီးမှုရှိစေရန် လေ့ကျင့်ပေးမည်ဖြစ်သော်လည်း၊ JLPTဖောင်တင်ပေးခြင်းများမပြုလုပ်ပါ။

✰ ဖုန်းဖြင့်စုံစမ်းရန် ✰
09971421552 (မနက် ၉နာရီမှ ညနေ ၅နာရီထိသာ)

人の不幸は蜜の味(ひとのふこうはみつのあじ)တပါးသူကံမကောင်းခြင်းဟာ ပျားရည်လိုချိုတယ် (ပျားရည်အရသာလိုပဲ)不幸(ふこう)→ကံမကောင်းခြင်း 蜜(みつ)→ ပျားရည်味(...
14/09/2026

人の不幸は蜜の味(ひとのふこうはみつのあじ)
တပါးသူကံမကောင်းခြင်းဟာ ပျားရည်လိုချိုတယ် (ပျားရည်အရသာလိုပဲ)
不幸(ふこう)→ကံမကောင်းခြင်း
蜜(みつ)→ ပျားရည်
味(あじ)→အရသာ

လူတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ စိတ်ထားလေးတခု ကိုမီးမောင်းထိုးပြတဲ့ ဂျပန်စကားပုံလေး …
တယောက်ယောက် အလုပ်အဆင်မပြေဘူး ၊ အိမ်ထောင်ရေးအဆင်မပြေဘူး၊ သားသမီးတွေက ပြောဆိုဆုံးမလို့မရဘူး စတာတွေကိုကြားရင် ဘာရယ်မဟုတ် ပျော်မိတာမျိုးတွေ …
တပါးသူ စာမေးပွဲကျတာကိုသိပြီး ငါကအမှတ်နည်းလည်းအောင်တာ… သူဆိုကျတာ ဆိုပြီး သူ့ထက်သာနေတယ်ဆိုတယ်စိတ်နဲ့ စိတ်အေးသွားတတ်တာမျိုးတွေ…
ဘေးအိမ်က စီးပွားကျတာကို မသိမသာနဲ့ စိတ်သာယာနေတတ်တာမျိုးတွေ…
人の不幸は蜜の味(ひとのふこうはみつのあじ)
တပါးသူကံမကောင်းခြင်းဟာ ပျားရည်လိုချိုတယ် (ပျားရည်အရသာလိုပဲ)
ကိုယ့်စိတ်ထဲမှာတော့ ပျော်သလိုခံစားရပေမဲ့ ဒီချိုမြိန်မှုဟာစိတ်နှလုံးအတွက် အဆိပ်အတောက်တခုသာဖြစ်တယ်…
နောင်ဘဝတွေအသာလေးထားလိုက်အုန်း…မျက်နှာရဲ့အကြည်ဓါတ်တွေပါ ပျောက်ကွယ်သွားတယ်…
ဒါကြောင့်မို့ တပါးသူရဲ့ ဒုက္ခအပေါ် ဝမ်းမြောက်မှုအဖြစ်မခံပါနဲ့ …ဖြစ်လာတဲ့ စိတ်ထဲကနေမောင်းထုတ်ပစ်ပါ…

May Zar Sensei
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

✰✰၂၀၂၆ခုနှစ် ၉လပိုင်းအတွက် အတန်းအသစ်များ✰✰
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

https://m.facebook.com/story.php?story_fbid=1563231895597935&id=100057334184783&mibextid=Nif5oz

🟨ဂျပန်ဘာသာကို professional ကျကျလေ့လာချင်တဲ့သူတွေ သိထားသင့်တဲ့ とる ၉ခမျိုးရဲ့ ကွဲပြားတဲ့ အဓိပ္ပါယ်‌များ 🟨🍀①取る(とる)🍀လက်နဲ့‌က...
11/09/2026

🟨ဂျပန်ဘာသာကို professional ကျကျလေ့လာချင်တဲ့သူတွေ သိထားသင့်တဲ့ とる ၉ခမျိုးရဲ့ ကွဲပြားတဲ့ အဓိပ္ပါယ်‌များ 🟨

🍀①取る(とる)🍀
လက်နဲ့‌ကောက်ကိုင်လိုက်တယ်၊ လက်နဲ့ယူလိုက်တယ်၊ ကိုယ်ပိုင်ပစ္စည်းအဖြစ်ယူလိုက်တယ်၊ ဖယ်လိုက်တယ်။
塩(しお)を取る。ဆားကို လှမ်းယူလိုက်တယ်။
休みを取る。ခွင့်ယူတယ်။
汚れ(よごれ)を取る。ဂျီးတွေ၊ အညစ်အကြေးကိုပြောင်အောင်လုပ်တယ်။

🍀②摂る(とる)🍀
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အဟာရဓါတ်တွေကို သောက်သုံးတယ်။
ビタミンCを摂る。ဗီတာမင် C သောက်တယ်။
コラーゲンを摂る。ကော်လာဂျင် သောက်တယ်။

🍀③撮る(とる)🍀
ဓါတ်ပုံ၊ ဗွီဒီယိုစသည်တို့ကို ရိုက်ကူးတယ်။
写真を撮る。ဓါတ်ပုံရိုက်သည်။

🍀④捕る(とる)🍀
အင်းဆက်၊ တိရစ္ဆာန်သေးသေးလေးများကိုလွတ်မသွားအောင်လက်နဲ့ဖမ်းတယ်။
ကိုယ့်ဆီကိုဦးတည်လာတဲ့ ဘောလုံးစသည်ကို ဖမ်းတယ်။
虫(むし)を捕る。ပိုးကောင်ကိုဖမ်းတယ်
ボールを捕る。ဘောလုံးကိုဖမ်းတယ်

🍀⑤採る(とる)🍀
အများကြီးထဲက ရွေးချယ်ကောက်ယူတယ်။မြက်၊ အပွင့်၊ အသီးများကို ခူးယူတယ်။
草花(くさばな)を採る。မြက်ပန်းခူးတယ်
新しい人材(じんざい)を採る。ဝန်ထမ်းသစ်ကိုရွေးချယ်ခန့်အပ်တယ်။

🍀⑥獲る(とる)🍀
ထောင်ချောက်နဲ့ပဲဖြစ်ဖြစ်၊ နောက်ကလိုက်လို့ပဲဖြစ်ဖြစ်အမဲလိုက်တဲ့အနေနဲ့ သားကောင်ကိုဖမ်းတယ်။ ‌ကြိုးစားအားထုတ်ပြီး ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့အရာတွေ ဆုတွေကို ရယူတယ်။
川で大きな魚を獲る。မြစ်မှာ ငါးအကြီးကြီးကို ဖမ်းတယ်။
大会(たいかい)で一位(いちい)になって10万円の賞金(しょうきん)を獲った。
ပြိုင်ပွဲမှာ ပထမရပြီး ဆုကြေးငွေ ယန်း၁၀သောင်းကို ရယူတယ်။

🍀⑦盗る(とる) 🍀
အများပိုင်ပစ္စည်းကို မမှန်ကန်တဲ့နည်းလမ်းနဲ့ မိမိပိုင်ပစ္စည်းအဖြစ် ရယူသည်။ ခိုးယူ၊ လုယူသည်။
財布(さいふ)が盗られた。ပိုက်ဆံအိပ်အနှိုက်ခံလိုက်ရတယ်။

#盗るကို 盗む(ぬすむ)လို့လဲဖတ်တဲ့အခါရှိပါတယ်။

🍀⑧執る(とる)🍀
ပစ္စည်းကိရိယာများကို လက်နဲ့ကိုင်ပြီး အလုပ်လုပ်တယ်၊ ပေးအပ်လာတဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်တယ်။
筆(ふで)を執る。စာရေးတယ်၊ ပန်းချီဆွဲတယ်

🍀⑨録る(とる)🍀
အသံတွေ၊ ပုံရိပ်တွေ၊ ဒေတာ အချက်အလက်တွေကို မှတ်တမ်းတင်တယ်။
ギターの演奏(えんそう)をレコーダーで録る。
ဂီတာတီးခတ်တာကို recorder နဲ့ အသံဖမ်းတယ်။

May Zar Sensei
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

✰✰၂၀၂၆ခုနှစ် ၉လပိုင်းအတွက် အတန်းအသစ်များ✰✰
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

https://m.facebook.com/story.php?story_fbid=1563231895597935&id=100057334184783&mibextid=Nif5oz

09/09/2026

တဖက်သားပြောလာတဲ့ အခါ はい、先生 ! はい、〇〇さんလို့ဆိုတဲ့ တုံ့ပြန်စကားဟ nativeတွေမသုံးတဲ့ ဂျပန်စကားသာဖြစ်ပါတယ် ‼️

May Zar Sensei
ပန်းသန္တာဂျပန် ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

✰✰၂၀၂၆ခုနှစ် ၉လပိုင်းအတွက် အတန်းအသစ်များ✰✰
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

https://m.facebook.com/story.php?story_fbid=1563231895597935&id=100057334184783&mibextid=Nif5oz

☘️၁၂ လပိုင်း JLPT အမှီ Old Questions Practice Class ☘️အတန်းအပ် စတင်လက်ခံပါပြီ
04/09/2026

☘️၁၂ လပိုင်း JLPT အမှီ Old Questions Practice Class ☘️
အတန်းအပ် စတင်လက်ခံပါပြီ

မသုံးရသေးသော စာအုပ်များ မည်သူမဆို အခမဲ့ယူနိုင်ပါတယ်ရှင့်သာကေတအဝိုင်း၊ ၁၀၈တောင်ဘုရားအနီး ကိုယ်တိုင်လာယူနိုင်ပါသည်။ သို့မဟ...
04/09/2026

မသုံးရသေးသော စာအုပ်များ မည်သူမဆို အခမဲ့ယူနိုင်ပါတယ်ရှင့်
သာကေတအဝိုင်း၊ ၁၀၈တောင်ဘုရားအနီး ကိုယ်တိုင်လာယူနိုင်ပါသည်။ သို့မဟုတ် deli ဖြင့်‌ပို့ပေးရင်လည်းရပါတယ်ရှင့်။ ယူမည့်စာအုပ်ကို screenshot ရိုက်၍ ကျောင်း၏ CB သို့ပို့ပေးရပါမည်။

Admin Team
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

31/08/2026

မပြည့်တဲ့အိုးဘောင်ဘင်ခတ်တယ်ကိ ဂျပန်လို ??

«ငါပိုက်ဆံ‌တွေ အများကြီးရှိရင်၊ ရရင် စိတ်ချမ်းသာမှာပဲ» «ရာထူးတိုးရင်စိတ်ချမ်းသာမှာပဲ» «သူနဲ့အတူရှိနေရရင်စိတ်ချမ်းသာမှာပဲ...
31/08/2026

«ငါပိုက်ဆံ‌တွေ အများကြီးရှိရင်၊ ရရင် စိတ်ချမ်းသာမှာပဲ» «ရာထူးတိုးရင်စိတ်ချမ်းသာမှာပဲ» «သူနဲ့အတူရှိနေရရင်စိတ်ချမ်းသာမှာပဲ»
ဒါဆို ပိုက်ဆံမရှိရင် စိတ်မချမ်းသာရတော့ဘူးလား …?
ရာထူးမတိုးရင်ကော စိတ်မချမ်းသာရတော့ဘူးလား…?
သူနဲ့အတူရှိမနေရရင်ကော စိတ်မချမ်းသာရတော့ဘူးလား…?

ပွစိပွစိပြောတတ်ပေမဲ့ ကန်စွန်းရွက်ကို ဟိုတယ်စာဖိုမှူးတွေထက် ‌အရသာရှိအောင် ကြော်ပေးနိုင်တဲ့ အမေဘေးနာမှာရှိနေတယ် ❤️…အရမ်းမွှေးတဲ့ စံပါယ်ပန်းအိုး‌လေးက အိမ်ရှေ့ဝရံတာမှာ ပွင့်နေတယ်…မွှေးလိုက်တာ …စိတ်ချမ်းသာမှုလေး 😊

ငါအိမ်ပြန်ရင် အမြီးပြုတ်ကျလောက်အောင် လှုပ်ရမ်းပြီးကြိုတဲ့ အာဝုလေးရှိနေတယ်…သိပ်ကြိုက်တဲ့ သီချင်းတွေနားထောင်လို့ရတဲ့ ဘယ်သူမှကောက်မယူသွားလောက်တဲ့ ဖုန်းခပ်နွမ်းနွမ်းလေးတလုံးရှိနေတယ်… အဆင်ပြေနေတာ ကြည့်စမ်း 💕
ဘဝခရီးလျှောက်လှမ်းတဲ့အခါ အပေါ်ချည်းပဲမော့ကြည့်ပြီး မောနေမဲ့အစား ကိုယ်ရောက်နေတဲ့နေရာကနေ မြင်ရတဲ့ ရှူ့ခင်းလေးတွေကြည့်ပြီး အနားယူပစ်ရတဲ့ အခါလည်း ရှိပါတယ်နော် 💜

May Zar Sensei
ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း

30/08/2026

၇လပိုင်း JLPT N2အောင်တဲ့ သင်တန်းသားများရဲ့ အခြေအနေလေးတွေကို Group ထဲဝင်ပြီးကြည့်လိုက်ရအောင် ...🤩✨✨ဖြေသူနည်းပေမဲ့ အောင်သူများခဲ့ပါတယ် 💪

Address

Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 21:00

Telephone

+959978929159

Website

Alerts

Be the first to know and let us send you an email when ပန်းသန္တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share