18/04/2022
学生们,好久不见啦!
新年快乐!
ဒီနေ့ကတော့ အလုပ်အကိုင် (occupation 职业 Zhíyè) ကိုပုံတွေနဲ့တကွ ပြောပြပေးချင်ပါတယ်။
This is a page for teaching Chinese language and sharing knowledge and culture of China.
Get to know insight of your Chinese language which includes vocabulary, grammar, reading, listening, sentence structure and writing.
18/04/2022
学生们,好久不见啦!
新年快乐!
ဒီနေ့ကတော့ အလုပ်အကိုင် (occupation 职业 Zhíyè) ကိုပုံတွေနဲ့တကွ ပြောပြပေးချင်ပါတယ်။
အသုံးများသော 动词 (verb) များ
吃 chī စားသည်
√你吃饭了吗?
သင်ထမင်းစားပြီးပြီလား?
来 lái လာသည်
√你从哪来?。
သင်ဘယ်ကလာလဲ?
去 qù သွားသည်
√你们什么时候去学校?
သင်တို့ဘယ်အချိန်ကျောင်းသွားမှာလဲ
散步 sàn bù လမ်းလျှောက်သည်။
√今天晚上我们在公园里散散步。
ဒီနေ့ညနေငါတို့အတူတူပန်းခြံထဲမှာလမ်းလျှောက်နေကြတယ်။
跑 pǎo ပြေးသည်
√小明跑过来。
ရှောင်မင်ကပြေးပြီးလာတယ်။
跳 tiào ခုန်သည်
√你会跳绳(shěng)吗?
သင်ကြိုးခုန်တတ်လား
饿 è ဗိုက်ဆာသည်
√我很饿。
ငါဗိုက်ဆာတယ်။
喝 hē သောက်သည်
√你想喝珍珠奶茶吗?
သင်နို့လက်ဖက်ရည်သောက်ချင်လား?
听 tīng နားထောင်သည်
√你喜欢听音乐吗?
သင်သီချင်းနားထောင်ရတာကြိုက်လား?
买 mǎi ဝယ်သည်
√他买了两个苹果。
သူပန်းသီး၂လုံးဝယ်ခဲ့တယ်။
卖 mài ရောင်းသည်
√你们在卖什么?
သင်တို့ဘာရောင်းနေတာလဲ
学习 xúe xí သင်ယူသည်
√我们在学习汉语。
ငါတို့တရုတ်စာသင်ယူနေကြတယ်။
在 zài တည်ရှိသည်
√我在客厅里看电视。
ငါဧည့်ခန်းထဲမှာတီဗွီကြည့်နေတယ်။
成语 Chéngyǔ ဆိုတာဘာလဲ?
မြန်မာစာမှာ စကားပုံတွေအများကြီးရှိသလို တရုတ်စကားမှာလည်း 成语 Chéngyǔ (စကားပုံ)တွေအများကြီးရှိပါတယ်။ စကားပုံတွေကနေ့စဉ်သုံးစကားတွေထဲမှာရံဖန်ရံခါပါတတ်ပါတယ်။ အဲ့ဒီတော့အသုံးများတဲ့ စကားပုံလေးတွေကို သိထားသင့်ပါတယ်။ 成语 တွေကိုကြည့်လိုက်ရင် အများအားဖြင့် စကားလုံး ၄လုံးတွဲတွေဖြစ်ပါတယ်။ စကားပုံတိုင်းရဲ့နောက်ကွယ်မှာသက်ဆိုင်ရာ story လေးတွေရှိတတ်ပါတယ်။ story တွေကိုဖတ်ချင်ရင်တော့ Baidu မှာရှာဖတ်လို့ရပါတယ်။ ဒီနေ့မိတ်ဆက်ပေးမယ့် 成语 ၃ခုရှိပါတယ်။
火上加油 Huǒshàngjiāyóu မီးလောင်ရာလေပင့်
手忙脚乱 Shǒumángjiǎoluàn အလျင်လိုသည်။
七嘴八舌 Qī zuǐ bā shé တစ်ယောက်တစ်ပေါက်စကားပြောသည်။
အသုံးများတဲ့စကားပုံလေးတွေဆိုရင် မှတ်ထားပြီး စကားပြောရာမှာပဲဖြစ်ဖြစ်၊ essay ရေးရင်ပဲဖြစ်ဖြစ်ထည့်သုံးနိုင်ပါတယ်။
ဒီနေ့ပြောပြပေးချင်တာကတော့ 个 ဆိုတဲ့စကားလုံးဖြစ်ပါတယ်။ တော်တော်များများလည်းသိပြီးသားဖြစ်မှာပါ။ 个 က measure word မျိုးပြစကားလုံးတခုဖြစ်ပါတယ်။ 例如:一个人,一个苹果,一个问题,一个星期...等。 个 ကိုတော်တော်များများ နေရာတွေမှာသုံးလို့ရပေမယ့် မသုံးသင့်နေရာလေးတွေရှိပါတယ်။
一杯咖啡 ကော်ဖီတခွက်
一所学校 ကျောင်းတကျောင်း
一瓶水 ရေ၁ပုလင်း
一束花 ပန်း၁စည်း
一首歌 သီချင်းတပုဒ်
一件衣服 အကျီတထည်
一条裤子 ဘောင်းဘီတထည်
一位老师 ဆရာ၁ဦး
一顶帽子 ဦးထုပ်၁လုံး
စတဲ့နေရာတွေမှာတော့သူ့စကားလုံးနဲ့သူ့မျိုးပြစကားလုံးတွေကိုတွဲသုံးသင့်ပါတယ်။ အဲ့ဒီနေရာတွေမှာ 个 ကိုအစားထိုးလို့တော့ရပါတယ် but အဓိပ္ပါယ်ကတော့နားထောင်လို့မကောင်းတော့ဘူးပေါ့နော်။ ဥပမာ- ကော်ဖီ၁ခု၊ ရေ၁ခု ၊ပန်း၁ခု စသည့် အဓိပ္ပါယ်တွေဖြစ်နေလို့ 个 အစားသက်ဆိုင်ရာမျိုးပြစကားလုံးတွေကိုသာသုံးသင့်ပါတယ်။
28/03/2022
ဒီနေ့ပြောပြချင်တဲ့စကားလုံးတွေကတော့
今天 ဒီနေ့ ၊ 今年 ဒီနှစ်
明天 မနက်ဖြန် ၊ 明年 ရှေ့နှစ်
昨天 မနေ့က ၊ 去年 မနှစ်က
ဒီထဲမှာအပေါ် ၂တန်းကမှတ်ရလွယ်တယ်၊ သို့သော် 昨天 နဲ့ 去年 ကိုရောရောတတ်ကြလို့ပါ။ မနှစ်က လို့ပြောချင်ရင်去年 မှမှန်ပါမယ်။ 昨年 လို့ရေးရင်လုံးဝမှားပါတယ်နော်။
quiz #2
ဒီနေ့ quiz ကတော့နည်းနည်းခက်တဲ့စကားလုံးလေးတွေပါပါတယ်။ ကြိုးစားပြီးဖြေကြည့်ပါ။ မသိလည်း ဘာမှမဖြစ်ပါဘူး။ လေ့လာရင်းနဲ့တဖြည်းဖြည်းမှတ်မိလာမှာပါ။
加油!ပေးထားတဲ့စကားလုံး၅လုံးကို သင့်တော်ရာစာကြောင်းတွင်ဖြည့်ပါ။
彩虹//蝴蝶//垃圾//被子//锯
1.雨后的_____很漂亮。
2._____在河边飞来飞去。
3.请你把______丢在垃圾桶里。
4.我把______叠好了。
5.你知道_____是谁发明的?
同学们好!ဒီနေ့တော့ quiz လေးဖြေကြည့်ရအောင်နော်။
今天我们________去操场玩吧!
(a) 玩游戏
(b) 开心
(c) 一起
(d) 打开电视
(e) 回到
正确答案是什么?你们猜一猜吧!အဖြေကို comment မှာ ဖြေခဲ့ပေးပါ။
大家注意安全
Hey! ဒီနေ့ကတော့ 等一下ဆိုတဲ့စကားစုလေးကိုရှင်းပြမှာဖြစ်ပါတယ်။ 等一下 ကိုတော်တော်များများသိပြီးသားဖြစ်မှာပါ။ ခဏစောင့်ပါ ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ But! ခဏစောင့်ပါဆိုတဲ့အပြင်တခြားဘာအဓိပ္ပါယ်ရှိပြီးဘယ်နေရာမှာသုံးသေးလဲ?! ဆက်ကြည့်ရအောင်။
老师 တို့တွေဖုန်းချခါနီးဆို ဘယ်လိုစကားမျိုးတွေပြောလေ့ရှိလဲ?!
我们下次再聊啊!
ငါတို့ထပ်တွေ့ကြတာပေါ့။
拜拜!
တာ့တာ
အဲ့လိုစကားစုတွေက English မှာဆိုရင် Bye bye နဲ့အဓိပ္ပါယ်တူပါတယ်။
BUT!!!!
我们等一下再聊吧。
ငါတို့ခဏနေရင်ထပ်စကားပြောတာပေါ့။
我一会儿再跟你聊天。
တအောင့်နေရင်ထပ်ပြောကြမယ်နော်။
ဒီစကားစုမှာသုံးတဲ့ 等一下,一会儿 ကတော့ ခဏနေရင်မင်းဆီဖုန်းဆက်ကိုဆက်မယ်ဆိုပြီးအဓိပ္ပါယ်ရပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် It's a promise ပါ။ အဲ့ဒါကြောင့် တဖက်လူနဲ့ဖုန်းပြောပြီးလို့ဖုန်းချခါနီးမှာ အဲ့ဒီစကားစု ၂ခုကိုပြောလိုက်မယ်ဆိုရင် တဖက်လူက ကိုယ်ဖုန်းထပ်ခေါ်တာကိုစောင့်နေပါလိမ့်မယ်နော်။ 😬
注意一下吧!
တရုတ်စာကိုအခြေခံကနေစနစ်ကျကျလေ့လာချင်တယ်ဆိုရင် laoshi နဲ့အတူတူကို Hanyu လေ့လာရအောင်။ laoshi က Hanyu ဖတ်စာ (၁-၈) အထိသင်ပေးမှာပါ။ fees လည်းအများကြီးမယူပါဘူး။
Hanyu ဖတ်စာအုပ်တင်မဟုတ်ဘဲ 练习册 လေ့ကျင့်ခန်းစာအုပ်နဲ့ 语法 Grammar အသုံးပြုပုံတွေကိုပါစနစ်တကျသင်ပေးမှာဖြစ်ပါတယ်။ စာသင်ရင်းအလျင်းသင့်သလို စကားပြောလေးတွေကိုပါသင်ပေးသွားမှာမို့လို့ laoshi ရဲ့ Hanyu class ကို join ဖို့ဖတ်ခေါ်ပါတယ်။ တစ်ယောက်ချင်းဆီ zoom နဲ့သင်မှာမလို့ စာသင်ရင်း မရှင်းတာ၊ မေးချင်တာရှိရင်လည်းတခါတည်းမေးလို့ရမှာပါ။ zoom နဲ့ဆိုတော့ ကိုဗစ်ကူးမှာစိုးရတာ၊ သွားလာရတဲ့အချိန်တွေကုန်မှာလည်း စိတ်ပူနေစရာမလိုတော့ပါဘူး။ laoshi ကအိမ်စာလည်းပေးမှာပါ။ စာလည်းမေးမှာပါ။ 🌚 ၅ခန်းပြီးတခါ Revision ပြန်တာတွေလည်းရှိမှာပါ။ ကျောင်းသားတတ်တဲ့အထိသင်မှာဖြစ်လို့ လာတက်ဖို့လို့ဖိတ်ခေါ်ပါတယ်။
大家注意身体
02/03/2022
Hello 👋 It's quiz time!!
爸爸____去超市买一些水果。
1.飞
2.跳
3.推
4.开车
5.游泳
အဖြေကို comment မှာရေးပေးခဲ့လို့ရပါတယ်။ 🥰
大家注意身体。那我们下次见吧!
တရုတ်စာကို စိတ်ဝင်စားတယ် အရေးအဖတ်အပြော တတ်မြောက်ချင်တယ်ဆိုရင် laoshi ရဲ့စာသင်ခန်းမှ နွေးထွေးစွာကြိုဆိုပါတယ်နော်။ 😊 laoshi ရဲ့page လေးကိုသဘောကျတယ်၊ ဒီကနေတရုတ်စာနဲ့ပတ်သက်လို့အသိပညာရတယ်ဆိုရင် like and share လုပ်ပေးဖို့မမေ့နဲ့ဦးနော်။ 💗 နေ့တိုင်းစာလုံးအသစ်လေးတွေတင်ပေးမှာမို့ see first လုပ်ဖို့လည်းမမေ့ပါနဲ့နော်။ laoshi သင်မှာကတော့ တရုတ်နိုင်ငံမှာအသုံးပြုသင်ကြားပေးနေတဲ့ သူငယ်တန်းသင်ရိုးဖတ်စာ Hanyu Textbook (1-8) ကိုအဓိကထားပြီး zoom app မှတဆင့်သင်ကြားပေးမှာဖြစ်လို့ လူကိုယ်တိုင်တွေ့ပြီးသင်ရသလိုသင်ခန်းစာများကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ Messenger မှလည်းစုံစမ်းလိုသည်များကို မေးမြန်းနိုင်ပါတယ်ရှင့်။ Welcome 🤗
Join my telegram channel and keep updated!
福 Chinese Classroom Chinese language teaching
01/03/2022
ဒီနေ့ကတော့ leisure activity တွေကိုမျှဝေပေးသွားမှာပါ။
老师 တို့ နွေရာသီကျောင်းပိတ်ရက် 暑假 Shǔjià, ဆောင်းရာသီကျောင်းပိတ်ရက် 寒假 Hánjià အချိန်တွေမှာ ဘာတွေလုပ်ကြလဲ?
旅游 ~ Lǚyóu ~ ခရီးသွားသည်။
滑雪 ~ Huáxuě ~ နှင်းလျောစီးသည်။
游泳 ~ Yóuyǒng ~ရေကူးသည်။
学艺 ~ Xué yì ~အနုပညာတခုခု လေ့လာသည်။
骑自行车 ~ Qí zìxíngchē ~စက်ဘီးစီးသည်။
跳绳 ~ Tiàoshéng ~ ကြိုးခုန်သည်။
打羽毛球 ~Dǎ yǔmáoqiú~ ကြက်တောင်ရိုက်သည်။
踢足球 ~Tī zúqiú ~ဘောလုံးကန်သည်။
看卡通片 ~Kàn kǎtōng piàn ~ကာတွန်းကားကြည့်သည်။ စသည်ဖြင့်အများကြီးရှိပါတယ်။ 同学们 တို့ရော ကျောင်းပိတ်ရက်တွေမှာ ဘာတွေလုပ်လေ့ရှိတယ်ဆိုတာ တရုတ်လို comment မှာရေးသွားလို့ရပါတယ် 🥰
တရုတ်စာကို စိတ်ဝင်စားတယ် အရေးအဖတ်အပြော တတ်မြောက်ချင်တယ်ဆိုရင် laoshi ရဲ့စာသင်ခန်းမှ နွေးထွေးစွာကြိုဆိုပါတယ်နော်။ 😊 laoshi ရဲ့page လေးကိုသဘောကျတယ်၊ ဒီကနေတရုတ်စာနဲ့ပတ်သက်လို့အသိပညာရတယ်ဆိုရင် like and share လုပ်ပေးဖို့မမေ့နဲ့ဦးနော်။ 💗 နေ့တိုင်းစာလုံးအသစ်လေးတွေတင်ပေးမှာမို့ see first လုပ်ဖို့လည်းမမေ့ပါနဲ့နော်။ laoshi သင်မှာကတော့ တရုတ်နိုင်ငံမှာအသုံးပြုသင်ကြားပေးနေတဲ့ သူငယ်တန်းသင်ရိုးဖတ်စာ Hanyu Textbook (1-8) ကိုအဓိကထားပြီး zoom app မှတဆင့်သင်ကြားပေးမှာဖြစ်လို့ လူကိုယ်တိုင်တွေ့ပြီးသင်ရသလိုသင်ခန်းစာများကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ Messenger မှလည်းစုံစမ်းလိုသည်များကို မေးမြန်းနိုင်ပါတယ်ရှင့်။ Welcome 🤗
Join my telegram channel and keep updated!
https://t.me/fu_chinese_classroom
28/02/2022
ဒီနေ့老师 share ပေးချင်တဲ့ 生词 vocabulary တွေကတော့ 电 Diàn ပါသောစကားလုံးတချို့ဖြစ်ပါတယ်။ Daily life မှာ အသုံးများတဲ့စကားလုံးတွေဖြစ်ပါတယ်။
电话 Diànhuà ~ တယ်လီဖုန်း
电脑 Diànnǎo ~ကွန်ပြူတာ
电影 Diànyǐng ~ရုပ်ရှင်
电视 Diànshì ~ တီဗီ
电池 Diànchí ~ဓါတ်ခဲ
电梯 Diàntī ~ဓါတ်လှေကား
电灯泡 ~ Diàndēngpào ~လျှပ်စစ်မီးသီး💡
တရုတ်စာကို စိတ်ဝင်စားတယ် အရေးအဖတ်အပြော တတ်မြောက်ချင်တယ်ဆိုရင် laoshi ရဲ့စာသင်ခန်းမှ နွေးထွေးစွာကြိုဆိုပါတယ်နော်။ 😊 laoshi ရဲ့page လေးကိုသဘောကျတယ်၊ ဒီကနေတရုတ်စာနဲ့ပတ်သက်လို့အသိပညာရတယ်ဆိုရင် like and share လုပ်ပေးဖို့မမေ့နဲ့ဦးနော်။ 💗 နေ့တိုင်းစာလုံးအသစ်လေးတွေတင်ပေးမှာမို့ see first လုပ်ဖို့လည်းမမေ့ပါနဲ့နော်။ laoshi သင်မှာကတော့ တရုတ်နိုင်ငံမှာအသုံးပြုသင်ကြားပေးနေတဲ့ သူငယ်တန်းသင်ရိုးဖတ်စာ Hanyu Textbook (1-8) ကိုအဓိကထားပြီး zoom app မှတဆင့်သင်ကြားပေးမှာဖြစ်လို့ လူကိုယ်တိုင်တွေ့ပြီးသင်ရသလိုသင်ခန်းစာများကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ Messenger မှလည်းစုံစမ်းလိုသည်များကို မေးမြန်းနိုင်ပါတယ်ရှင့်။ Welcome 🤗
Join my telegram channel and keep updated!
https://t.me/fu_chinese_classroom
愿你们学习进步
27/02/2022
Hello 👋. 老师 ဒီနေ့ကတော့ 语法(Grammar) ထဲက “一点儿也不” သုံးပုံကို share ပေးမှာပါ။
一点儿 ဆိုတာကအနည်းငယ်/နည်းနည်း ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီတော့အရင်ဆုံး 一点儿 ရဲ့ sample sentence ကိုအရင်ကြည့်ရအောင်။
(1) 我喝一点儿咖啡。
ငါကော်ဖီနည်းနည်းသောက်တယ်။
(2) 冰箱里有一点儿小吃。
ရေခဲသေတ္တာထဲမှာ မုန့်အနည်းငယ်ရှိပါတယ်။
ဒါဆို 一点儿也。。不ကိုကြည့်ရအောင်။
Example 1
1.我不着急 ~ အဓိပ္ပါယ်က ငါအလျင်မလိုဘူး။
2. 我一点儿也不着急 ~ ငါနည်းနည်းလေးတောင် အလျင်မလိုဘူး။
Example 2
(1) 他不累 ~ သူ မပင်ပန်းဘူး။
(2) 他一点儿也不累 ~
သူနည်းနည်းလေးမှမပင်ပန်းဘူး။
一点儿也不 သည် "နည်းနည်းလေးမှ/အနည်းငယ်တောင်မှ" ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။
အနှစ်ချုပ် 一点儿+也+不+Adjective
ဒါဆို 一点儿也不 နောက်က Verb ရောလိုက်လို့ရလား?
YES! ရပါတယ်။
Example
(1) 我一点儿小吃也不想吃。
ငါမုန့်နည်းနည်းလေးမှမစားချင်ဘူး။
(2) 这件事情我一点儿也不想知道。
ငါဒီကိစ္စကိုနည်းနည်းမှမသိချင်ဘူး။
အနှစ်ချုပ်_____
(一点儿+ 也 +不 +Adj/ verb)
老师 အောက်မှာပေးထားတဲ့စာကြောင်းတွေကို 一点儿也不 ကိုသုံးပြီးဝါကျဖွဲ့ကြည့်ပါ။
1.ငါနည်းနည်းလေးတောင်ဗိုက်မဆာဘူး။
2.ငါဒီနေ့နည်းနည်းလေးတောင်အလုပ်မရှုပ်ဘူး။
(အဖြေကိုအောက်ဆုံးမှာကြည့်ပါ)
大家注意身体哦 🥰
ကြော်ညာဝင်ပါမယ် 🤗
Laoshi ဆီမှာ hanyu တက်လို့ရပါတယ်။ အတန်းအကြောင်း cb ကနေစုံစမ်းမေးမြန်းနိုင်ပါတယ်။ laoshi ရဲ့page လေးကိုသဘောကျတယ်၊ ဒီကနေတရုတ်စာနဲ့ပတ်သက်လို့အသိပညာရတယ်ဆိုရင် page ကို like 👍 လုပ်ပေးဖို့မမေ့နဲ့ဦးနော်။ 💗 နေ့တိုင်းစာလုံးအသစ်လေးတွေတင်ပေးမှာမို့ see first 🌟လုပ်ဖို့လည်းမမေ့ပါနဲ့နော်။
Join my telegram channel and keep updated!
https://t.me/fu_chinese_classroom
အပေါ်ကစာကြောင်း၂ကြောင်းရဲ့အဖြေကတော့
1.我一点儿也不饿
2.我今天一点儿也不忙