30/12/2021
Hello
စာဖတ်ခြင်းကအရမ်းအကျိုးရှိသလိုကိုယ့်ရဲ့စာဖတ်တဲ့နည်းလမ်းကလည်းထိရောက်ဖို့အရေးကြီးပါတယ်
သားသားမီးမီးတို့အတွက်စာဖတ်စွမ်းရည်ကိုရိုးရှင်းတဲ့စာကြောင်းအတိုကနေခက်ခဲတဲ့စာပိုဒ်ကြီးတွေဖတ်နိုင်တဲ့အထိတဆင့်ချင်းစီတိုးမြှင့်ပေးရပါမယ်
ဒီနေ့မှာတော့စာဖတ်စွမ်းရည်တိုးတက်စေမယ့်အချက်လေးချက်ကိုဖော်ပြပေးချင်ပါတယ်
📌 နေ့စဉ်စာဖတ်ဖို့အချိန်ပေးခြင်း
ကိုယ့်ကလေးတွေကိုနေ့တိုင်းစာဖတ်တဲ့အလေ့အကျင့်ပြုလုပ်ပေးသွားတာဖြစ်ပါတယ်၊ တစ်နေ့ဆယ့်ငါးမိနစ်ကနေနာရီဝက်အထိစာဖတ်ဖို့အချိန်ပေးေစပြီးတစ်ခါတလေဆုချပေးတာလို့လုပ်ပေးသင့်ပါတယ်
📌 သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာနဲ့အစပြုစေခြင်း
ကလေးတွေကိုစာဖတ်တဲ့အလေ့ကျင့်လုပ်ပေးတဲ့အခါသူတို့သိတ်ဝင်စားတဲ့အကြောင်းအရာနဲ့အစပြုဖို့လိုပါတယ်၊ဒါမှသူတို့ကသိချင်စိတ်တွေ၊အာရုံစူးစိုက်မှုအပြည့်အဝထားကြမှာဖြစ်ပါတယ်
📌 မသိတဲ့စာလုံးကိုခန့်မှန်းစေခြင်း
စာဖတ်တဲ့အခါသူတို့မသိတဲ့စာလုံးရဲ့အသံထွက်၊အဓိပ္ပာယ်တွေကိုတန်းပြီးမပြောပြဘဲသူတို့ကိုကြိုးစားတွေကိုတန်းပြီးမပြောပြဘဲသူတို့ကိုကြိုးစားဖို့အခွင့်အရေးပေးလိုက်ပါ၊ အဓိပ္ပာယ်မသိတဲ့အခါဘေးနားကစကားလုံးတွေနဲ့ဆက်စပ်ပြီးတွေးခေါ်တတ်ဖို့အထောက်အကူဖြစ်စေပါတယ်
📌 ဖတ်ပြီးသားအကြောင်းအရာကိုပြန်တွေးစေခြင်း
စာဖတ်ပြီးတဲ့အခါပြီးပြီးရောထားလို့မရပါဘူး၊သူတို့ဖတ်ပြီးသားအကြောင်းအရာကိုအနှစ်ချုပ်ပြန်ပြောစေတာတို့၊အဲ့ကနေဘာတွေသိလိုက်ရလဲဆိုတာကိုမေးမြန်းပေးတာတို့ကိုလုပ်ပေးသင့်ပါတယ်
ဒါဆိုရင်မေမေတို့လည်းသားသားမီးမီးတို့စာဖတ်အောင်ဒီနေ့ကနေစပြီးလေ့ကျင့်ပေးကြရအောင်❤️
#𝐋𝐁𝐄𝐂𝟒𝐘𝐋𝐄
#𝐋𝐁𝐄𝐂