03/01/2026
Pregnant and Child Care - PCC
to educate pregnants and mothers how to care their child
03/01/2026
30/09/2024
မေမေများသို့
ကလေးလေးတွေ နေ့မှာနှာစေးပြီး
ညမှာ နှာခေါင်းပိတ်နေရင် ဒီဆေးလေးသုံးလို့ရပါတယ်
26/08/2024
ကလေးခြေထောက် ဖွံဖြိုးပုံအဆင့်များ
^^ ^^ ^^ ^^ ^^ ^^ ^^ ^^ ^^ ^^ ^^ ^^
အချို့ကလေးများက ၉ လနှင့် ခြေလှမ်းစလှမ်းသော်လည်း အချို့က ၁ နှစ်ခွဲမှ လမ်းစလျှောက်သည်။ အောက်ပါအသက်များက ကလေးအများစုကို ကိုယ်စားပြုသည်။
၄ လ
မတ်တပ်ချီ၍ မာသောမျက်နှာပြင်ပေါ် ခြေထောက်ပေးထိလျှင် ခြေထောက် ၂ ဖက်နှင့် ထိသောမျက်နှာပြင်ကို အကြိမ်ကြိမ် ကန်လိမ့်မည်။
၆ လ
ချိုင်းနှစ်ဖက်မှ မချီ၍ မြူလျှင် ပျော်ရွှင်ပြီး ခြေထောက် နှစ်ဖက်ကို ခုန်ဆွခုန်ဆွ လုပ်မည်။
၉ လ- ၁၀ လ
ဆွဲထူလျှင် မတ်တပ်ရပ်ဖို့ကြိုးစားမည်။ ဒူးအားပြု၍ တွားသွားမည်။
၁၂ လ
အကူအညီမပါဘဲ မတ်တပ်ရပ်ကောင်းရပ်မည်။ ပရိဘောဂနှင့် တန်းစသည်တို့ကို ကိုင်၍ ခြေစလှမ်းမည်။
၁၈ လ
အကူအညီမပါဘဲ လမ်းလျှောက်မည်။ ဖြေးဖြေး စပြေးမည်။
၂ နှစ်
ခြေဖျားထောက် လမ်းလျှောက်တတ်သည်။ ပရိဘောဂပစ္စည်းများကို တွယ်တက်ဖို့ကြိုးစားမည်။ လက်ကိုင်ပြီး လှေကားတက်ဆင်းမည်။ ဘောလုံးကြိုးစားကန်မည်။
၃ နှစ်
အလွယ်တကူပြေးနိုင်ပြီ။ အကူအညီမလိုဘဲ လှေကားတက်ဆင်း လုပ်နိုင်မည်။ ဘီး ၃ လုံးပါသော စက်ဘီး စီးနိုင်မည်။
၄ နှစ်
ခြေတစ်ဖက်ပေါ်၂ စက္ကန့်လောက်ရပ်တတ်ပြီ။
၅ နှစ်
ခြေတစ်ဖက်ပေါ်၁၀ စက္ကန့်လောက်ရပ်တတ်ပြီ။ လွှားကနဲ ခုန်နိုင်ပြီ။
Credit...
#နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Googles
29/09/2023
အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုနှင့် မိဘများပံ့ပိုးပေးနိုင်သည့်နည်းလမ်းများ
*** ကလေးချွဲကျပ် ***
*** ကလေးနှာခေါင်းပိတ် ***
========================
မိဘတွေ အလွန် အမေးများတဲ့ မေးခွန်းလေးတွေပါ။ အခြေခံမှ စပြီး ရှင်းပြလိုပါတယ်။
(၁) နှာခေါင်း သို့မဟုတ် လည်ချောင်းထဲက ချွဲသလိပ်ဆိုတာ ဘာလဲ?
********************************
-နှာခေါင်း, လည်ချောင်း, အသက်ရှူပြွန်ထဲမှာ အမြဲ စိုစွတ်နေအောင် ခန္ဓာကိုယ်ရဲ့ သဘာဝ အရည်အိတ်လေးတွေက သန့်ရှင်းတဲ့ အရည်တစ်မျိုး အမြဲထုတ်ပေးပါတယ်။
-စက်ရုံ, ကား, ဆေးလိပ်နဲ့ အခြားလောင်စာမှ ထွက်သော မီးခိုးငွေ့များ, ဖုန်များ, အန္တရာယ်မကြီးသော virus ဗိုင်းရပ်စ် ပိုးမွှားလေးများနှင့် အန္တရာယ်ရှိသော ဘက်တီးရီးယားများက နှာခေါင်းမှ တဆင့် လည်ချောင်းနှင့် အသက်ရှူ လမ်းကြောင်းထဲ ဝင်ရောက်လာသော အခါ ခန္ဓာကိုယ်က ထုတ်နေကျ အရည်ကြည်ကို တိုးထုတ်ပါတယ်။ ညစ်ညမ်းမှုကိုဆေးကြောပေးချင်လို့ပါ။
-ကိုယ်ခံအားလို့ အမြဲပြောတဲ့ ခန္ဓာကိုယ်တွင်းက သွေးဖြူဥလေးများက နှာခေါင်းလည်ချောင်းထဲ ရန်သူဝင်လာတာနဲ့ စတင်တိုက်ခိုက်ပါတယ်။ ရန်သူဘက်က ပိုးမွှားများရော သွေးဖြူဥများရော အတုံးအရုံးသေဆုံးကြပါတယ်။
-နောက်ဆုံးတော့ ဝင်လာတဲ့ ဖုန်, မီးခိုးငွေ့, ပိုးမွှားအသေများ, ကျဆုံးသွားသော သွေးဖြူဥလေးများဟာ တိုးထုတ်ထားသော အရည်ကြည်နဲ့ ပေါင်းစည်းပြီး ချွဲသလိပ်အနေနဲ့ ထွက်လာပါတယ်။
(၂) ချွဲသလိပ် မထွက်အောင် ကာကွယ်ဖို့က ဘာအရေးကြီးလဲ။
********************************
ပတ်ဝန်းကျင် လေထု သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးပါ။ လူကြီးများ ချောင်းဆိုးနှာချေလျှင် တစ်ရှူးနှင့်ကာပါ။ ကလေးကို မကိုင်တွယ်ခင် လက်မှန်မှန်ဆေးပါ။ ကလေး ပတ်ဝန်းကျင် မီးခိုးငွေ့ကင်းဝေးပါစေ။**
(၃) ကလေးငယ်များ ချွဲကျပ်ခဲ့သော်
******************************
-ဆား လက်ဖက်ရည် တစ်ဇွန်းကို ဆူအောင်တည်ထားသော ရေနွေး ၅၀၀ ml နှင့်ရောပြီး အအေးခံပြီးလျှင် နှာခေါင်းပေါက်များထဲ ၁စက် ၂စက်စီ ၂-၃ နာရီခြားထည့်ပေးလို့ရပါသည်။
-ရေနွေးနွေးနှင့် ရေမကြာခဏ ချိုးပေးခြင်း
-ကလေးငယ် အိပ်သော အနီးအနားတွင် ရေနွေးဇလုံ ချထားခြင်း ဖြင့် ရေနွေးငွေ့ဖြင့် ချွဲပျော်နိုင်စေပါသည်။
-ဖွံ့ဖြိုးသော နိုင်ငံကြီးများမှာ ရေနွေးငွေ့ ထုတ်ပေးသော စက်သေးသေး ကလေးများကို ချွဲကျပ်သောကလေးများအတွက် သုံးရန် ထုတ်ပါသည်။
-ကလေးကြီးများ ချွဲကျပ်ခဲ့သော် ရေနွေး မကြာခဏ သောက်ခြင်း, ဆားရည်နှင့် ပလုပ်ကျင်းခြင်းဖြင့် ချွဲ ပျော်နိုင်စေနိုင်ပါမည်။
*နှာခေါင်းပိတ် ချွဲကျပ်ခြင်း ၄ ပတ်ကျော်လျှင် အဖျား ၁၀၂ ထက်ကြီးလျှင်, နားပြည်ယိုလျှင်, အသက်ရှူ အလွန်မြန်လျှင်, အစာမစားလျှင် ဆရာဝန်နှင့်ပြပါ။
*မွေးရာပါ အဆုတ်လေပြွန်များရောဂါရှိလျှင် ချွဲပိတ်ဆိုးလွန်းသည်။ ကိုယ်အလေးချိန် ကျသည်။ ကလေးအထူးကုနှင့် အချိန်မီ ပြဖို့လိုသည်။ အလွန်ရှားပါသည်။
#နေနေမိုးဆွေ (Child Health Myanmar)
မွေးကင်းစကလေးငယ်လေး🤱🤱🤱များကိုပြုစုစောင့်ရှောက်နည်း
(1 ) ကလေးငယ်လေးများကိုနွေးထွေးစွာထားရန်
👉ကလေးငယ်လေးများကိုမိခင်ခန္ဓာကိုယ်နှင့်နီးကပ် စွာထားပြီးနွေးထွေးနေစေပါ။အမြဲတမ်းလုံခြုံနွေးထွေစေရန်တတ်နိုင်သမျှထွေးပွေ့ထားပါ။ နေရောင်ခြည်နှင်တိုက်
ရိုက်ထိတွေ့ခြင်းမပြုလုပ်ပါနှင့်။
(2) စူးရှသောအလင်းများမှရှောင်ကြည်ရန်
👉စူးရှသောအလင်းတန်းများသည်ကလေးငယ်၏
မျက်ကြည်လွှာကိုပျက်စီးစေနိုင်သည်။ကလေးငယ်ကိုဓာတ်ပုံရိုက်လျှင် ဓာတ်ပုံမရိုက်မှီ Flashမီးကိုပိတ်ထားပါ။
(3) ကလေး၏အ၀တ်အစားအတွက်ဆောင်ရန်ရှောင်ရန်
👉ကလေးငယ်၏အသားအရည်သည် အလွန်နူးညံ့သောကြောင့်နူးညံသောဂွမ်း(အထူးသဖြင့်သန့်စင်ထားသော)ပစ္စည်းများကိုအသုံးပြုပေးပါ။ညစ်ပေနေသောအ၀တ်အစားများကို အသုံးပြုခြင်းမှ ရှောင်ကြည်ပါ။
(4) အချိန်မှန်နို့တိုက်ရန်
👉ကလေးငယ်လေးများကို၂နာရီခြားတစ်ကြိမ်နို့တိုက်ပေးပါ။အချို့ကလေးငယ်လေးများသည် ငိုခြင်း
ဖြင့် မိမိတို့ဆာလောင်မှုကိုဖော်ပြတတ်သည်။ ၂နာရီ
ပြည့်လျှင် အိပ်ပျော်နေပါကလဲ နှိုး၍နို့တိုက်ပါ။
(5) နို့တိုက်ပြီးလေချရန်
👉ကလေးငယ်ကိုမိခင်၏ပုံခုံး ပေါ်တွင်ဖြောင့်မတ်စွာထားပါ။ထို့နောက်ကလေးငယ်၏ကျောကို ဖြည်းညှင်းစွာအပေါ်မှအောက်သို့ပွတ်သပ်၍ လေချပေးပါ။
(6) ရေချိုးရာ၌နှိပ်နယ်ပေးရန်
👉ရေချိုးလျှင်ကလေးငယ်လေးများကို နူးညံ့စွာနှိပ်နယ်ပေးပါ။ဤသို့နှိပ်နယ်ပေးခြင်းက မိခင်နှင် ကလေးငယ်အကြားက ချစ်ခြင်မေတ္တာနှောင်ကြိုးလေးများကိုတိုးပွားစေသည်။ထို့ပြင်ကလေးငယ်လေးများ
သည်သီချင်းဆိုခြင်း ပုံပြင်ပြောပြခြင်းစသည့်အပြုအမူ
လေးများကိုလဲ နှစ်သက်ကြသည်။
(7) အနှီးမကြာခနလဲလှယ်ပေးရန်
👉ကလေးငယ်လေးများသည်မကြာခန ဆီးသွားသောကြောင့် အနှီးကို စစ်ဆေးပြီး ခနခနလဲပေးပါ။ညစ်ပတ်သော အနှီးက ကလေးငယ်လေး၏အသားအရည်ကို အဖုအပိန့်ဖြစ်စေသည်။ အဖုအပိန့်ဖြစ်လျှင်
ကလေးသုံးbaby oilတမျိုးမျိုးကိုသုံးပေးပါ။
👩⚕အနည်းဆုံးတော့ မိခင်တွေကမိမိတို့ကိုယ်ကို မိမိတို့ ဂရုစိုက်ပါ ။မေမေတွေကျန်းမာပြီးပျော်ရွှင်နေပါကမေမေတိုရဲ့ကလေးလေးတွေလဲ ကျန်းမာပျော်နိုင်လိမ့်မည်။🤱
original writer
ကလေးကိုရိုက်မိ အော်မိတာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုမသိတော့ နားလည်မပေးနိုင်လို့ပါ။
အကြိမ်ကြိမ် ပြန်တင်ခဲ့ပြီး သော ပို့စ်အဟောင်းလေးပါ
ကလေး တွေ ဆိုးတယ် ၊ထိန်း မနိုင်ဘူး တဲ့လား
ခေတ်ဘုန်းသစ်
မေမေ တို့ရေ..ကလေး ရှိတဲ့ အိမ်တိုင်းလိုလိုမှာ တစ်နှစ်ခွဲ နှစ်နှစ်လောက်က စပြီးတော့ ကလေးတွေ ဂျစ်တိုက်တာ ၊ ဂျီကျတာ၊ ပြောစကား နားမထောင်တာတွေကို ကြံရစမြဲပါ။ အဲဒီ့ အခါမှာ ကလေးနဲ့ မိဘ ကြားမှာ တိုက်ပွဲလေးတွေ စလာရတော့တာပါပဲ။ ကလေးတို့ ဂျစ်တိုက်လာတယ်၊ ဂျီကျလာတယ်။ ပြောလို့ ဆိုလို့ မကောင်းဘူး ဆိုတာဟာ တကယ်တော့ မိဘ (လူကြီး) ဘက် က မြင် တဲ့ အမြင်ပါပဲ။
ဒီအရွယ် တစ်နှစ်ကနေ သုံးနှစ်အရွယ်ဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက် ဖွံ့ဖြိုးတဲ့ အချိန်မို့လို့ ကလေးတိုင်းလိုလို ပြောရခက်၊ ဂျီကျတတ်ကြပါတယ်။ ကျွန်မတို့ လူတွေ ရဲ့ ဦးနှောက် ဟာ ဘယ်ဘက် နဲ့ ညာဘက်ခြမ်း ဆိုပြီးတော့ နှစ်ခြမ်း ရှိပါတယ်။ ညာဘက်ခြမ်းက ဒေါသထွက်တာ၊ ပျော်တာ ၊၀မ်းနည်း တာ စတာတွေ ကို ခံစား တတ်တာတွေကိုလုပ်တယ်။ဒေါသထွက်ရင် မျက် နှာ ကွက်ကနဲပျက်တာ၊ ၀မ်းသာရင် မျက်နှာလေးက လင်း ကနဲဖြစ်သွားတာ စတဲ့ ( Facial Expression) တွေကိုလည်း ဦးနှောက် ညာဘက် ခြမ်းပိုင်းကလုပ်ပါတယ်။ ဒေါသထွက်ရင် အသံကဒေါသသံပါလာတာ အသံမြန်လာစူးလာတာ၊ ပျော်ရင် အသံက ပျော်တဲ့ အသံ ပေါက်လာတာ (Tone of Voice) ဒါတွေကိုလည်း ဦးနှောက်ညာဘက်ခြမ်း ကလုပ်ပါတယ်။
ကျွန်မတို့ ရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းကတော့ အကျိုးနဲ့ အကြောင်း( Logical thinking)တွေးခေါ် စဉ်းစားတဲံ့အလုပ် ၊ နာမည် တပ်တဲ့ အလုပ် တွေကို လုပ်ပါတယ်။ ဒီလောက် ဆိုရင် ခံစားမှု နဲ ပါတ်သတ် ပြီးတော့ ဦးနှောက်နှစ်ခြမ်း မှာ ဘယ်အပိုင်းကို ဘာတွေကို လုပ်တယ် ဆိုတာကို မေမေ တို့အကြမ်း အားဖြင့် သဘော ပေါက် လောက်ပါပြီ။
ကလေးတို့ ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အရ အထူးသဖြင့် မွေးစကနေ သုံးနှစ်လောက် အတွင်းမှာ ကလေးတို့ဟာ ညာဘက် ဦးနှောက် အခြမ်းက ၊ ဘက်ဘက် ဦးနှောက်အခြမ်းထက် အရင် စတင် ဖွံ့ဖြိုးပါတယ်။ ဘယ်ဘက် အခြမ်းက ကောင်းကောင်း မဖွံဖြိုးသေးပါဘူး။ ဒါကြောင့် သူတို့ ဟာ ဒေါသထွက်ရင် ဒေါသထွက် တာကို စကားလုံးနဲ့ မဖော်ပြတတ်သေးဘူး။ မထိန်းသိမ်းတတ်သေးဘူး။ စိတ်တိုလာ ရင် ကန်ကြောက်မယ်၊ အော်ဟစ်မယ်၊ ကိုယ်ကို ကြမ်းပြင်ပေါ်လှိမ့်ချမယ်။ ပျော်ရင် ထခုန်မယ်။ ဒါ တွေကို အကနု့သတ် အဆီးတားမရှိသူတို့ လုပ်တတ်ကြပါတယ်။
ပြောဆိုရင် မပြောဘူး။ လူစိမ်းနဲ့ တွေ့ရင် လည်း နှုတ်ဆက်ချင်မှ နှုတ်ဆက်မယ်။ နှုတ်မဆက်လို့ ရိုင်းပါလား ဆိုတာကို သူတို့ ဘယ်လို မှ နားကို မလည် နိုင်သေးပါဘူး။ သူတို့ ပြောချင် ရင် ပြောမယ်။ မပြောချင် ရင် မပြောဘူး ။စိတ်ခံစားချက် အတိုင်း လိုက်တတ်ကြပါတယ်။ အဲလိုပဲ တစ်နေရာ ကို ကလေးနဲ့ အတူတူ လမ်းလျှောက်သွားချိန်မျိုးမှာ သူတို့ စိတ်၀င်စားတာကို တွေ့ရင် အကြာကြီးရပ်ကြည့်ချင် ကြည့်နေမှာပဲ။ အဲလို ရပ်ကြည့်နေလို့ သွားစရာ ရှိတာတွေ နောက်ကျကုန်မယ် လို့ လူကြီးက ဘယ်လောက်ပြောပြော သူတို့ နားမလည်နိုင်သေးပါဘူး။ အကျိုးအကြောင်းကို နာလည် နိုင်တဲ့ဦးနှောက်ဘယ်ဘက်အခြမ်း မဖွံ့ဖြိုးသေးလုိ့ပါပဲ။
ဒီအရွယ်မှာ အကောင်းဆုံး ကလေးပြုစုစောင့်ရှောက်နည်းကတော့ ကလေး နဲ့ တိုက်ရိုက် ပြသနာ ဖြစ်နိုင်တဲ့ အပြုမူ မျိုးကို လူကြီးက ရှောင်ရပါမယ်။ ဥပမာ- ကားနဲ့ ခရီး ကြာကြာသွားတဲ့ အခါမျိုးမှာ ကလေး ပျင်းရင် ဂျီမကျနိုင်အောင်လို့ ကလေးမပျင်းအောင် ( ကစားစရာ၊ ပုံဆွဲစာအုပ် စတာတွေကိုယူသွားတာမျိုး) ကိုယ့်ကားနဲ့ ကိုယ်ဆိုရင် လမ်းမှာ ခဏရပ်တာမျိုးပါ။ အဲလိုပဲ ကလေး ကို အိပ်ချိန်၊ စားချိန် မှန်အောင်လေ့ကျင့် ပေးတာ၊ သူမနှုတ်ဆက်ချင်တဲ့ တစိမ်းကို အတင်း မနှုတ်ဆက်ခိုင်းတာ၊ အယဉ်အကျေး စကား တွေကို ကလေး မပြောချင်တိုင်း အတင်း မပြောခိုင်းရပါဘူး။ အရေးကြီးဆုံး အရာက ကလေး ဘာလုပ်လုပ် ပျော်ဖို့ပါ။ ကလေး ပျော် ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ ဖြစ်ချင်တဲ့ အရာကို ကစားရင်းနဲ့ ကလေးတို့ကို မသိမသာ သင်ပေးရပါမယ်။ (ဒီအရွယ်ကလေးတွေကို စည်းကမ်းဘယ်လို ပေးရမယ် ဆိုတာကို ပျော်စရာကောင်းတဲ့ စည်းကမ်း ဆိုတဲ့ နာမည် နဲ့ ကျွန်မ ရေးထားဖူးပါတယ်။ )
ကလေးတို့ ဟာ ဂျီ ကျလာပြီ။ အော်ဟစ်လာ ပြီ ၊ သောင်းကျန်းလာပြီ ဆိုရင်တော့ လူကြီးတို့ဟာ ကလေး နဲ့ အပြိုင်လိုက်ပြီးတော့ စိတ်ဆိုး ၊ စိတ်တို၊ အော်ဟစ်၊ ဆူပူ ၊ရိုက်နှက်တာ မျိုး မလုပ်ရပါဘူး။ သူတို့ အကြီးအကျယ် သောင်းကျန်း ခြင်းဟာ သူတို့ ဦးနှောက် ညာဘက်ခြမ်း အလွန်တရာ အလုပ်လုပ်နေခြင်းပါ။ ဒေါသထွက်၊ စိတ်တိုနေတဲ့ စိတ်ကလေး ပြေပျောက်သွားအောင်လို့ သူတို့ ကိုပွေ့ဖက် ရပါမယ်။ သူတို့ ခံစား နေတာကို နားလည် တဲ့ အကြောင်းကို အထိအတွေ့ (ပွေ့ဖက်ခြင်း၊ ကျောလေးသပ်ပေးခြင်း) နဲ့ စိတ်ပြေတဲ့ အထိ လုပ်ပေးရပါမယ် ။ စိတ်လေး အေး ချမ်းသွားတဲ့အ ထိ ချော့မြူပွတ်သပ်ပေးပါ။ ပြီးပြီ ဆိုတော့မှ အေးအေးဆေးဆေး ကလေးကို ပြောပြရပါမယ်။ ဒါမှ မဟုတ် အာရုံလွှဲပေးရပါမယ်။
ကလေးတို့ဟာ မေမေ ဒါ ဘာကြောင့် ဒီလို ဖြစ်တာလဲ။ ဘာကြောင့် ကားက သွား တာလဲ။ ဘာကြောင့် ထမင်း က မဝါဘဲ ဖြူနေတာလဲ ဆိုတဲ့ လူကြီးစိတ်ညစ်ဖွယ်ကောင်းအောင် မေးလာပြီ ဆိုရင်တော့ သူတို့ ဦးနှောက် ဘယ်ဘက်ခြမ်း (အကျိုးအကြောင်းကို နားလည် တဲ့အခြမ်း) ဖွံ့ဖြိုးလာပါပြီ။ ကျွန်မတို့ ရဲ့ ဦးနှောက် ဟာ မွေးကတည်း က ဖွံ့ဖြိုးပြီး ပါလာတာမဟုတ်ပါဘူး ။ ကလေးတို့ ဦးနှောက်ဖွ့ံ့ဖြိုးဖို့အတွက် ကျွန်မတို့ဟာ ကလေးတို့ကို လေ့ကျင့် ပေးဖို့ လိုပါတယ်။ ကလေးဦးနှောက်ဖွံ့ဖြိုးဖို့ အတွက်အေ၇းကြီးဆုံးအရာ က ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာပါ။
အခု လိမ်မာတယ် ၊ အသိရှိတယ် လို့ ပြောကြတဲ့ ကျွန်မရဲ့ ရှစ်နှစ်သား သားကြီး သြရသ ငယ်ငယ်တုံးက ဆိုရင် ဘယ် သူ့ကို မှ လမ်းတွေ့ရင် နှုတ်ဆက်ခိုင်းလို့ မရပါဘူး။ သူ့ကို ချစ်စရာလေး မို့လို့ ချစ်လို့ ကြည့်ရင် သူစိတ်အနှောက်ယှက်ဖြစ်တတ်ပါတယ်။ ဒီကာလ (တစ်နှစ်ကနေ သုံးနှစ်အတွင်း) မှာ ကျွန်မဟာ သား တစ်မျက်နှာကို ပဲ ကြည့်ပြီးတော့ထိန်းကျောင်းခဲ့ရတာပါပဲ။
ကျွန်မတို့ ကလေးတွေ လိမ်မာ၊ထူးချွန်ဖို့ ဆိုတာဟာ ဘ၀တစ်သက်တာ လုံးအတွက် ကျွန်မတို့ က မျိုးစေ့ချပေး ရမှာပါ။ ဒီကာလလေး တစ်ခုတည်းမှာ လူကြီးကို ကြောက်လို့ လိမ်မာ ရတဲ့။ လူလိမ်မာလေးတွေ မဖြစ်စေချင်ပါဘူး။ ကလေးတို့ရဲ့ စိတ် ပိုင်းဆိုင်ရာ ကို ထိခိုက်စေမယ့် အပြု အမူ၊ အပြောအဆိုမျိုး ကို အထူးသဖြင့် ရှောင်ရှားကြဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ် ရှင်။ ကျွန်မ အနေနဲ့ကတော့ ဆိုးတဲ့ ကလေး ဆိုတာကို ဘယ်တုံးကမှ မတွေ့ဘူးခဲ့ပါဘူး။ ကလေးများဟာ မဆိုးပါဘူး။ ကလေးရဲ့ကမ္ဘာ၊ ကလေးအတွေး၊ ကလေးရဲ့ အမြင်ကို လူကြီး တွေက ၀င်မကြည့်၊ ၀င်မတွေး ပေးနိုင်ခြင်းဟာ ကလေး တွေကို ဆိုးတယ် လို့ ထင် ရတဲ့အကြောင်းရင်းပါ
ခေတ်ဘုန်းသစ်
Ref:The Whole Brain by Danial J Siegel
2.Family Discipline by Nancy Sander
Let's Go Let's Begin Class 2 (Sep 2)
https://m.facebook.com/story.php?story_fbid=569527374226096&id=100035065163294
09/07/2023
အဖြစ်များနေသောရောဂါ
လေးစားစွာ credit ပေးပါသည်
07/07/2023
😂
Photo copy
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon