Blaxk Marketing Academy

Blaxk Marketing Academy

Share

Marketing Academy In Yangon, Myanmar.

Photos from Blaxk Marketing Academy's post 18/02/2023

👉Digital Marketing ပညာရပ်ကို လေ့လာပြီး ကိုယ့်လုပ်ငန်းအတွက် ကိုယ်တိုင် ထိထိရောက်ရောက် အသုံးချလိုသူတွေ၊
👉လုပ်ငန်းများကို Digital Marketing Agency တစ်ခုအနေနဲ့ ပြန်လည် ဝန်ဆောင်မှုပေးလိုသူတွေ အတွက်
Blaxk Marketing Academy နဲ့ Rangoon Sales Academy တို့မှ ပူးပေါင်းပြီး Applied Digital Marketing Master Class အတန်းကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုအတွက် Digital Marketing လုပ်ဆောင်ရာမှာ သင့်တော်တဲ့ Digital Platform တွေကို ရွေးချယ်ပြီး ပုံမှန် Content တွေတင်မယ်၊ Advertising လုပ်မယ်ဆိုတဲ့ နည်းဗျူဟာပိုင်းတွေဟာ တကယ့်လက်တွေ့လက်ရှိကာလမှာ လိုအပ်တဲ့ Results တွေအတွက် ရုပ်လုံးပေါ်လာနိုင်ဖို့ ခက်ခဲပါတယ်။

Digital Marketing ရဲ့ (Foundation) အခြေခံသဘောတရားတွေ၊ Digital Platform တစ်ခုချင်းစီရဲ့ သက်ဆိုင်တဲ့ Strategy နဲ့ သတ်မှတ်ထားတဲ့ Limitation တွေ၊ Platform တစ်ခုချင်းစီရဲ့ Tools တွေ၊ Advertising နည်းနစ်တွေကို ပိုင်နိုင်နေဖို့လိုအပ်ပါတယ်။
ဒါ့အပြင် အရေးကြီးဆုံးဖြစ်တဲ့ Marketing Strategy and Implementation Plan တွေကို ရေးဆွဲနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ Marketing Plan တစ်ခုကိုကိုင်တွယ်ပြီး လုပ်ငန်း လိုအပ်တဲ့အချိန်မှာ ထိရောက်တဲ့ Marketing Activities တွေကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီသင်တန်းမှာ ပုံမှန် Digital Marketing အတန်းတွေထက်ပိုပါမယ်။
Blaxk Interactive နဲ့ Rangoon Sales Academy တို့ရဲ့ အတွေ့အကြုံရင့် Consultant နဲ့ Strategic Level များမှ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းသားတွေကို တကယ်လက်တွေ့ Top Brand ကြီးတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ပုံစံတွေအတိုင်း Marketing Strategy & Implementation Plan တွေကို ဘယ်လိုတည်ဆောက်တယ်၊ ဘယ်လိုအသုံးပြုရမယ်ဆိုတာတွေကို Live Session တွေနဲ့အတူ သင်ကြားပြသမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
Applied Digital Marketing Master Class Training ဟာ Digital Platform တစ်ခုချင်းစီရဲ့ အခြေခံသဘောတရားများ၊ Digital Tools များရဲ့ လက်တွေ့အသုံးချ နည်းပညာပိုင်းများအားလုံးအထိ ပါဝင်တဲ့ Training တစ်ခုချင်းစီနဲ့အတူ စုဖွဲ့သင်ကြားပေးမယ့် Training Course ကြီးပဲ ဖြစ်ပါတယ်။

👉သင်တန်းကို ဘယ်သူတွေ တက်သင့်တာလဲ?
✅ကိုယ့်ရဲ့ လုပ်ငန်းအတွက် Digital Marketing ကို ထိထိရောက်ရောက် လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေ၊
✅အခြားလုပ်ငန်းတွေအတွက် Digital Marketing Agecncy တစ်ခုအနေနဲ့ ပြန်လည် ဝန်ဆောင်မှု ပေးလိုသူတွေ၊
✅Digital Marketing Agency တွေမှာ ဝင်ရောက်လုပ်ကိုင်လိုသူတွေ၊
✅Marketing Career မှာအသက်မွေးဝမ်းကြောင်းပြုနေပြီး Digital Marketing ဘာသာရပ်ကို Agency မှ Senior Level တွေရဲ့ သင်ကြားပြသမှုကို လေ့လာလိုတဲ့ သူတွေ အားလုံးအတွက် ရည်ရွယ်ပါတယ်။

👉ဒီသင်တန်းမှာ ဘာတွေ သင်မှာလဲ?
1. Marketing Strategy & Implementation Plan
ဒီ အတန်းမှာ Strategic Marketing Agency ကြီးများ၊ International Brand များမှာ ထိထိရောက်ရောက် အသုံးပြုနေနေ Overall Marketing Strategy ရဲ့ အခြေခံ သဘောတရားများ၊ သင်တန်းပြီးသွားရင် ကိုယ်တိုင် ချက်ချင်း အသုံးပြုနိုင်ဖို့ အတွက် လိုအပ်တဲ့ Framework များ၊ တကယ့်လက်တွေ့မှာ Top Brand ကြီးတွေ အတွက် ရေးဆွဲပြီး ဝန်ဆောင်မှု ပေးနေတဲ့ Marketing Strategy & Plan များကို ကိုယ်တိုင် ကိုယ်ကျ လေ့လာသင်ကြားနိင်မှာပါ။

2. Facebook Marketing Training
Facebook ပေါ်မှာ စာလေးရေးတင်ရုံ၊ ဒီဇိုင်းလေးဆွဲရုံ၊ Boosting လေးလုပ်ရုံတင်မဟုတ်ပဲ Facebook ပေါ်မှာ Strategic ကျကျ Agencies ကြီးတွေ၊ Brand အကြီးတွေ လုပ်ဆောင်နေတဲ့ ပုံစံကိုလေ့လာရမှာပါ။
✅Content ဆို စိတ်ကူးပေါက်တိုင်းရေးတာမဟုတ်ပဲ ဘယ်လိုမျိုး Content Strategy တွေရှိသင့်လဲ၊
✅Facebook Advertising Policy တွေကို ဘယ်လိုမျိုးရှောင်ရှားပြီး ကြော်ငြာမလဲ၊ လိုက်နာမလဲ၊
✅Content Types တွေကို Business အမျိုးအစားပေါ်မူတည်ပြီးစဥ်းစားနည်း၊
✅Boosting လုပ်တဲ့အခါမှာ Effective ဖြစ်ဖြစ် Targeting ရွေးချယ်နည်း၊
✅ကြော်ငြာ (Ads) တွေကို အကောင်းဆုံး ရလဒ်တွေထွက်ဖို့ A/B Testing Run နည်း၊
✅ကိုယ့် အကြောင်းစိတ်ဝင်စားသူများကို Retargeting နဲ့ ပြန်လည်ရွေးချယ်နည်း၊
✅ကိုယ့် Website ထဲ ဝင်လာတဲ့သူတွေကို Facebook Pixel နဲ့ Track လုပ်ပြီး ကြော်ငြာနည်း၊
✅ကိုယ့် Page ကို ဘယ်လို လူတွေက စိတ်ဝင်စားလဲဆိုတာ Facebook Insights ကနေ ကြည့်ပြီး Report ထုတ်နည်းတွေအပြင် Facebook Marketing လုပ်တဲ့အခါမှာ Agency ကြီးတွေရဲ့ ၆လစာ၊ ၁နှစ်စာ Timeline နဲ့ Marketing Activities Plan ဘယ်လိုမျိုးရေးဆွဲ အသုံးပြုနည်းတွေကိုပါ သင်ကြားနိုင်မှာဖြစ်ပါတယ်။

3. LinkedIn Marketing Training
✅B2B Business အတွက် No.1 အရွေးသင့်ဆုံး Platform တစ်ခုဖြစ်တဲ့ LinkedIn ပေါ်မှာ လူစိတ်ဝင်စားအောင် Content တွေဖန်တီးနည်း၊
✅LinkedIn Boosting လုပ်မယ်ဆို မဖြစ်မနေ သင့်ထားရမယ့် အကြောင်းအရာတွေ၊
✅LinkedIn က အခမဲ့ပေးတဲ့ Boosting Credit $50 ရရှိဖို့ ဆောင်ရွက်နည်း၊
✅LinkedIn ပေါ်မှာ သင့် Business အတွက် Page တစ်ခုပြည့်ပြည့်စုံစုံ တည်ထောင်နည်း၊ Page Performance ကြည့်နည်းများကို Global Brand များကို LinkedIn Marketing အောင်အောင်မြင်မြင်လုပ်ပေးနေတဲ့ Blaxk Interactive ရဲ့ Consultant များက လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။

4. YouTube Marketing Training
Youtube ဆိုတာ မြန်မာနိုင်ငံမှာ Marketing လုပ်တဲ့အခါ လူတွေသတိမထားမိပဲ ပစ်ပယ်ခံထားရတဲ့ Platform ဖြစ်ပါတယ်။
ဒီလိုဖြစ်နေရတဲ့ အကြောင်းအရင်းက Youtube ပေါ်မှာ ကြော်ငြာမယ်ဆို မဖြစ်မနေ သိထားရမယ့် အခြေခံသဘောတရားတွေ၊ Boosting လုပ်တဲ့အခါ ထိထိရောက်ရောက် ပြုလုပ်ရမယ့် Payment ထည့်သွင်းခြင်း နည်းလမ်းတွေ၊ Language Issue ကိစ္စဖြေရှင်းနည်းတွေ စတာတွေကို အသေးစိတ် လေ့ကျင့်သင်ကြားပေးမှာပါ။

5. Google Advertising Training
Google Search Ads, Google Display Ads များရဲ့ အခြေခံသဘာတရားများ၊ Keyword Research, Advertising နည်းစနစ်များကို လေ့လာရမှာဖြစ်ပြီး ကိုယ်တိုင်လက်တွေ့လုပ်နိုင်တဲ့အထိ သင်ကြားပြသပေးမယ့် အတန်းဖြစ်ပါတယ်။

6. Google My Business Training
ကိုယ့် Business, Organization အတွက် Customer တွေ Online ကနေ Information, Location တွေ အလွယ်တကူရှာဖွေနိုင်အောင်၊ Google Maps မှာ ကိုယ့် Business ပေါ်နေအောင်၊ Customer တွေရဲ့ Review တွေကိုလက်ခံရရှိပြီး Google မှာ ရှာလိုက်တိုင်း Business အပိုင်းမှာ မြင်သာနေဖို့ Google My Business ဘယ်လိုအသုံးချရမလဲဆိုတာ သင်ကြားပြသပေးသွားမယ့် အတန်း ဖြစ်ပါတယ်။

7. Messenger Automation (ChatBot) Training
မြန်မာနိုင်ငံရဲ့ No.1 လူအသုံးအများဆုံး Message Platform တစ်ခုဖြစ်တဲ့ Facebook Messenger မှာ ကိုယ့်ရဲ့ Customer တွေကို ၂၄နာရီ၊ ၇ ရက်လွတ်မသွားပဲ သူတို့သိချင်တာတွေကို ပေးနိုင်ဖို့၊ Business တိုင်းအတွက် Customer တွေသိလိုတဲ့အခါ အဆင်ပြေပြေ စုံစမ်းလို့ရမယ့် Customized Chat Flow တွေနဲ့အတူ Marketing Automation လုပ်နိုင်မယ့် Chatbot ရေးနည်း ကို သင်ကြားပြသပေးသွားမယ့် အတန်း ဖြစ်ပါတယ်။ (ManyChat ကို အသုံးပြုပါမယ်)

8. SMS & Viber Marketing Training
မြန်မာနိုင်ငံမှာ အသုံးပြုမှုများတဲ့ နောက်ထပ် Marketing ပုံစံမျိုးတွေဖြစ်တဲ့ ဖုန်းနံပါတ်တွေကို တိုက်ရိုက် Message ပို့ပြီး ကြော်ငြာနည်း SMS Marketing, Viber ကနေ ကိုယ့် Customer ဖြစ်လာနိုင်သူတွေဆီ ကြော်ငြာတွေပို့နည်း၊ Content တွေဖန်တီးနည်းတို့ပါဝင်တဲ့ Viber Marketing ကို အခြေခံသဘောတရားများမှ စပြီး လုပ်ငန်းအတွက် Advertising လုပ်နိုင်သည်အထိ သင်ကြားပြသပေးသွားမယ့် အတန်း ဖြစ်ပါတယ်။

9. Email Marketing Training
Email Marketing လုပ်တဲ့အခါမှာ Customer Journey ကိုအခြေခံပြီး စနစ်ကျတဲ့ Strategic Thinking မျိုးနဲ့ E-Mail Content တွေကို ထုတ်လုပ်နည်း၊ E-Mail ပို့တဲ့အခါမှာ Automation Tool တွေကို အသုံးပြုပြီး ကိုယ့် Customers တွေအတွက် Promotions တွေ Offer တွေ ဘယ်လိုပေးရမလဲဆိုတာတွေအပြင် E-Mail ကို အဆင့်အလိုက် စိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးနည်းတွေ အထိ သင်ကြားပြသပေးသွားမယ့် အတန်း ဖြစ်ပါတယ်။

ဒီလိုမျိုး Strategy အတန်းများ၊ Digital Platform တစ်ခုချင်းစီကို အသေးစိတ်သင်ကြားပြသပေးမယ့် အတန်းတွေအားလုံး စုပေါင်းပါဝင်လာမှာဖြစ်ပါတယ်။

👉သင်ကြားမယ့် ဆရာများ
လက်ရှိမြန်မာနိုင်ငံမှာ Global & Local Project တွေကို Marketing Solution များ၊ Consultation၊ Corporate Training များ ဝန်ဆောင်မှုပေးနေတဲ့ Blaxk Interactive နဲ့ Rangoon Sales Academy ရဲ့ Chief Trainer/ Consultant (Ko William Kyaw) ၊ Blaxk Interactive ရဲ့ အတွေအကြုံရင့် Senior Consultant Level တွေဖြစ်တဲ့ Account Director (Ko Hector) နဲ့ B2B & CRM Consultant (Ma Khine Zar Thwe) တို့ ကနေသင်ကြားပြသ သွားမှာဖြစ်ပါတယ်။

Ko William Kyaw အနေနဲ့ B2B & B2C Sales, Marketing, Business Development နဲ့ Technology အပိုင်းမှာ (၁၃) နှစ်ကျော်ကြာ အတွေ့အကြုံရှိပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး MarTech & Marketing Consultation Firm ဖြစ်တဲ့ B360 Marketing Technology Firm ကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ Blaxk Interactive MarTech Company မှာလည်း Chief Strategist အဖြစ် တာဝန်ယူပြီး Business များရဲ့ Marketing လိုအပ်ချက်များကို နည်းပညာနဲ့ ချိတ်ဆက်ပြီး အောင်မြင်အောင် လုပ်ဆောင်ပေးနေသူဖြစ်ပါတယ်။ Ko William ဟာ Agency များကို ကိုယ်တိုင် အောင်အောင်မြင်မြင် ဦးစီးတည်ထောင်ထားနိုင်တဲ့ အတွေ့အကြုံရင့် Founder တစ်ဦး Strategist တစ်ဦးလည်းဖြစ်ပါတယ်။

Ko Hector ကတော့ Career စတင်ထဲက Digital Marketing နယ်ပယ်ထဲမှာစတင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ Digital Marketing Agency Experience ၆နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ Media Buying Management, Operation Management, Project Planning ပိုင်းတွေကို တာဝန်ယူလုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Ma Khine Zar Thwe အနေနဲ့မတူညီတဲ့ Industry မျိုးစုံက Global & Local Company ကြီးတွေကို Marketing Automation ပိုင်း၊ CRM ကိုအသုံးပြုပြီး Sales Operation နှင့် Management ပိုင်းတွေနဲ့ Consulting and Training တွေကို ဦးဆောင်လုပ်ကိုင်ပေးခဲ့တဲ့ Experience ပြည့်ဝတဲ့ B2B & CRM Consultant တစ်ဦးဖြစ်ပါတယ်။

👉သင်တန်းကြေး?
📌ပုံမှန် သင်တန်းကြေး 250,000 MMK
📌Early Bird (ပထမဆုံး အပ်နှံသူ ၁၀ ယောက်) 185,000 MMK
📌ကျောင်းသားဟောင်း အထူးခံစားခွင့် (10% Discount) 225,000 MMK

👉သင်ကြားပြသမယ့် ပုံစံ/ သင်တန်းကာလ?
မတ်လ ၂၁ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ၊ အပတ်စဥ် အင်္ဂါနှင့် ကြာသပတေး ည ၇နာရီမှ ၉နာရီအထိ (စုစုပေါင်း နာရီ ၄၀) Zoom Live ဖြင့် သင်ကြားပြသမှာဖြစ်ပါတယ်။
ဒါ့အပြင် RSA ရဲ့ ကိုယ်ပိုင် Learning Platform မှာ Pre-Recored Videos ပေါင်း 80 ကျော်ကို အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Training မှာ လိုအပ်သည့်အချက်များ မှတ်သားနိုင်ရန်နှင့် အရေးကြီးအချက်များကို စာဖြင့် ပြန်လည်ကြည့်ရှုနိုင်ရန်အတွက်လည်း လိုအပ်တဲ့ Documents များကို Training ရက်မတိုင်ခင်တွေမှာ ပေးအပ်သွားမှာဖြစ်ပါတယ်။ ‌
Live Training အပြီးမှာ သင်တန်းများ ‌ဆွေးနွေးတိုင်ပင်နိုင်ရန် Community Group တွင် Q&A Session များ၊ Practical Exercise များ၊ Assignment များအားလုံး ပါဝင်ပါမယ်။ Assignment များနှင့် သင်တန်းပြီးမြောက်ပါက Certificate များ ထုတ်ပေးသွားမှာဖြစ်ပြီး Certificate များကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

***
ဒီ Applied Digital Marketing Master Class ကို တတ်ရောက်တဲ့ သင်တန်းတွေအတွက် နောက်ထပ် အထူးအစီအစဥ် တစ်ခုပါ စီစဥ်ထားပါတယ် ....

ဒါကတော့ ဒီသင်တန်းအပြီးမှာ ဖွင့်လှစ်သွားတော့မယ့် Digital Marketing Agency Accelerator Bootcamp မှာ 20% Discount နဲ့ ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ Digital Marketing Agency Accelerator Bootcamp ဟာ ကိုယ်တိုင် Digital Marketing Agency ကို စနစ်တကျနဲ့ ပုံဖော်တည်ဆောက်လိုတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

ဒီ Bootcamp မှာ
✅Digital Marketing Agency တစ်ခုကို ကိုယ်ကိုယ်တိုင် စနစ်တကျ တည်ထောင်နိုင်အောင်၊
✅Operation တစ်ခုလုံးကို Set Up သေချာချနိုင်အောင်၊
✅Customer ရရှိအောင် ဘယ်လိုမျိုး Marketing လုပ်မယ်၊ Pitch လုပ်မယ်၊ Service Package တွေ ဘယ်လိုပြင်ဆင်ရမယ်၊
✅Service ပေးရာမှာ ဘယ်လို Strategy Develop လုပ်ပြီး၊ ဘယ်လို Implement လုပ်ရမယ်
ဆိုတာတွေ အားလုံးပါဝင်မှာဖြစ်ပါတယ် ...

ဒါကြောင့် အခု Applied Digital Marketing Master Class မှာ ကိုယ်တိုင် အခြေခံကစ အသေးစိတ်တတ်မြောက်ထားပြီး နောက်ထပ်လာမယ့် Digital Marketing Agency Accelerator Bootcamp မှာ အထူး ခံစားခွင့်တွေနဲ့အတူ တတ်ရောက်နိုင်ဖို့ စပြီးစုံစမ်း အတန်းအပ်နိုင်ပါပြီ ...

အသေးစိတ် အကူညီများ၊ သိချင်တာများအတွက်ကိုလည်း ဖုန်းနံပါတ် 09-750040494 (သို့မဟုတ်) RSA Page Messenger- m.me/RSARangoonSales မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

06/12/2022

People, Process, Technology တို့ ဟန်ချက်ညီညီ အလုပ်လုပ်မှသာ Marketing Operation တစ်ခုက အောင်မြင်မှာဖြစ်ပါတယ်။

Marketing Operation တစ်ခုမှာ ဘယ်လိုလူတွေက အလုပ်တွေ၊ တာဝန် တွေကို ဘယ်လိုနည်းပညာတွေသုံးပြီး လုပ်နေလဲဆိုတာကို Graph လေးနဲ့ Blaxk Marketing Academy က Sharing လုပ်ပေးလိုက်ပါတယ်။ ဒီလို စနစ်ကျတဲ့ Marketing Operation မရှိဘူးဆိုရင် သင့် Organization/ Business မှာ Marketing Team Enablement Program တစ်ခုလိုအပ်နေပါပြီ။

28/06/2022

Marketing 5.0 ဆိုတာ သိသွားပြီးတဲ့နောက်မှာ Personalized Experience (Technology for Humanity) ကို ဘယ်လို အဆင့်တွေနဲ့ အောင်မြင်အောင် အသုံးချမလဲဆိုတာကို အဆင့်ပေါင်း (၁၀) ဆင့်နဲ့Video မှာ Speaker Ko William Kyaw က အသေးစိတ်ပြောပြပေးထားပါတယ်။ တစ်ဝကြီး ကြည့်လိုက်ပါခင်ဗျာ။

24/06/2022

လူတစ်ယောက်ချင်းစီအတွက် မတူညီတဲ့ Communication တွေ၊ ကြော်ငြာတွေ (Personalized Ads တွေ)ကို ဘယ်လိုမျိုး လိုအပ်ချက်တွေနဲ့ကိုက်ညီအောင် လုပ်ကြမလဲ...ဘယ်လို ဖန်တီးကြမလဲဆိုတာကို Ko William Kyaw ရှင်းပြထားတာကို ကောက်နုတ်တင်ပြထားပါတယ်။

24/06/2022

Apply Now! 🔖

We are hiring Sales Manager (3 posts)
JOB DESCRIPTION :

🔺 Develop and lead your sales team through motivation, mentoring, and product knowledge education
🔺 Strong analysis of distribution tracking, sales performance, and data with weekly, monthly, quarterly, and yearly
🔺 Develop sales plan and organize to accomplish it with Corporate Organization
🔺 Provide Consult with corporate level clients, managers, and leadership
🔺 Understand our ideal customers and how they relate to our products
🔺 Strong experience in local market pe*******on in the related field
🔺 Create training courses, curriculums, strategies, initiatives, and delivery plans
🔺 Provide Sales Training to Corporate Organization
🔺 Participate in Quality Assurance

REQUIREMENTS :
◾ Must have MBA
◾ Fluent in English is a must (To create Content and Courses)
◾ Must have fluent knowledge in Basic Computer Skills (Microsoft Office and Internet Software)
◾ Strong knowledge of Sales and Marketing
◾ 2+years of experience in a related field
◾ Outstanding Interpersonal and Presentation Skills
◾ Ability to work in a high-paced environment
◾ Must be interested in Content Creation
◾ Excellent written and verbal communication Skills
◾ Excellent mentoring, coaching, and people management skills
◾ Portfolio and Video presentation about (Can be in English/Myanmar)
1) Yourself
2) Why do you want to join, and?
3) Why are you suitable for this program?
(Mobile Phone Video will be good enough)

Salary: Negotiable
If you’re interested & passionate about teaching, send your cv form and video presentation to [email protected] or Viber Number 09751331918

22/06/2022

Marketing 5.0 ကို ၁၀ မိနစ်အချိန်ပေးရုံနဲ့ အကြမ်းဖျဉ်းနားလည်သွားအောင် Short Notes တွေအသုံးပြုပြီး Ko William Kyaw ရှင်းပြထားတာကို ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။

22/06/2022

Blaxk Interactive မှ Chief Strategist Ko William Kyaw နဲ့ Business Development Director Ma Htet Htet Wun တို့ဦးဆောင်သင်ကြားပေးခဲ့တဲ့ Isure Corporate Training ပုံရိပ်များကို ဝေမျှပေးလိုက်ပါတယ်။

20/06/2022

“အခုမေး အခုဖြေ Blaxk Marketing Academy Q&A”

ကျွန်တော်တို့ Blaxk Marketing Academy ရဲ့ Tutor တွေ Teacher တွေသိထားတာ၊ တတ်မြောက်ထားတာတဲ့ ပညာတွေကို Blaxk Marketing Academy ရဲ့ ကျောင်းသားတိုင်း၊ စီးပွါးရေးလုပ်ငန်းရှင်တိုင်း၊ B2B Marketing, Digital Marketing ကိုစိတ်ဝင်စားသူတွေ သိချင်တဲ့အချက်၊ အခက်အခဲ၊ နည်းပညာတွေကို ဖြေရှင်း ဖြေကြားပေးနိုင်ဖို့ ရည်ရွယ်ပြီး (အဘ) ABA_Ask Blaxk Anything Program လေးကို စီစဉ်ပေးထားပါတယ််။

Marketing Updates, Boosting, Content Marketing, B2B Marketing Tools & Technologies, Digital Marketing Updates စတဲ့ နယ်ပယ်တိုင်းမှာ ကြုံနေရတဲ့ အခက်အခဲ၊ သိချင်တာတွေကို ဒီ ပို့စ်အောက်မှာ မေးထားလို့ရပါပြီ။ မေးပြီးပြီဆိုတာနဲ့ ၂၄ နာရီထက် နောက်မကျပဲ Comment Reply မှာ ပြည့်ပြည့်စုံစုံလေး ပြန်လည် ဖြေကြားပေးသွားမှာပါခင်ဗျာ။ “မေးပါများ စကားရ” ဆိုတဲ့အတိုင်း သိချင်တာက လွယ်လွယ်လေးဖြစ်ရင်တောင် မေးခဲ့ပါ။ Community ကို ဖြေကြားပေးဖို့၊ ကူညီပေးဖို့ Blaxk Marketing Academy က အမြဲအသင့်ရှိနေပါတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Rm 12/05, 12th Flr, Olympic Tower, Bo Aung Kyaw Street, Kyauktada Tsp
Yangon
11182