Yoe Yar Maung- Artist Thein Oo

Yoe Yar Maung- Artist Thein Oo စိတ်ကူးလေးတွေ လွတ်လပ်စွာပန်းချီနဲ့ ပုံဖော်ကြမယ်

22/11/2024

ဆရာကြီးဦးသိန်းဦး (ပန်းချီရိုးရာမောင်) ယနေ့ (၂၁.၁၁.၂၀၂၄) မနက် 4:25 မိနစ် အချိန်တွင် ဘဝတပါးသို့ ကူးပြောင်းသွားကြောင်း ညှိုးငယ်စွာနှင့် အကြောင်းကြားအပ်ပါသည်..

ဆရာကြီး ဦးသိန်းဦး (ပန်းချီရိုးရာမောင်) ရန်ကုန်ဆေးရုံကြီး ကုတင် ၅၀၀ (လမ်းမတော်)၊ အသည်းရောဂါအထူးကုဆောင်တွင် ဆေးရုံရက်ရှည်တ...
10/11/2024

ဆရာကြီး ဦးသိန်းဦး (ပန်းချီရိုးရာမောင်) ရန်ကုန်
ဆေးရုံကြီး ကုတင် ၅၀၀ (လမ်းမတော်)၊ အသည်းရောဂါအထူးကုဆောင်တွင် ဆေးရုံရက်ရှည်တက်
ရောက်နေရတာ ကြာပြီဖြစ်ပါသည်။

ဝေဒနာပြင်းထန်ပြီး.. ဆရာကြီးဇနီးကလဲ မကျန်းမာသူဖြစ်သဖြင့် ကူညီလိုသူများ ဆရာကြီးထဲသို့ ကိုယ်တိုင်သွားရောက်လှူနိုင်ပါသည်။ Kpay မှတဆင့် ကူညီလျှင်လဲ ဆရာကြီးကို ဖုန်းဆက်အသိပေးခြင်းဖြင့် ဆရာကြီး အမှန်တကယ်ရရှိရန် ကူညီနိုင်ပါသည်။

“ဆရာ့ရဲ့မြန်မာ့ရိုးရာပန်းချီတိုးတက်ပြန့်ပွားရေးသင်တန်းက ဘယ်လိုသင်မှာလည်းလို့မေးလာသူများအတွက်” ဆရာက မြန်မာ့ရိုးရာပန်းချီက...
22/02/2024

“ဆရာ့ရဲ့မြန်မာ့ရိုးရာပန်းချီတိုးတက်ပြန့်ပွားရေးသင်တန်းက ဘယ်လိုသင်မှာလည်းလို့မေးလာသူများအတွက်”

ဆရာက မြန်မာ့ရိုးရာပန်းချီကို ရှေးဟောင်းသုတေသန ဦးစီးဌာနမှာ(15) နှစ် ပန်းချီပုံဆွဲဆရာအဖြစ် လုပ်ကိုင်ရင်း၊ မြန်မာမူရိုးရာတွေကို နံရံပန်းချီများ၊ ပုရပိုဒ်များ၊ အဂ်တေပန်းတော့လက်ရာများမှ လေ့လာသုတေသနပြုရင်း ရှာဖွေစုဆောင်းထားခဲ့ပါသည်။ ထို့အတူ (N U A C) အနုပညာတက္ကသိုလ်မှာလည်း (18)နှစ် ရိုးရာပန်းချီကို သင်ကြားပြသရင်း မြန်မာမူ့များကိုလေ့လာစုဆောင်းခဲ့ပါသည်။

ယခုသင်ကြားပေးမှာဖြစ်တဲ့ ကနုတ်သင်ခန်းစာ၌ "ကနုတ်ရေးဆွဲခြင်း"ကို အခြေခံတကျသင်ကြားပြီး လိုအပ်သော "ခေတ်အဆက်ဆက်ကကနုတ်များမှ ထူးဆန်းလှပသောကနုတ်များ" ကို ကော်ပီဆွဲပြီး မစင်ဂျာမှ သင်ပေးပါမည်။

ထို့အတူ "ကပီနဲ့ လူပုံရေးဆွဲခြင်း" ကိုလည်းစနစ်တကျအချိုးကျနစွာသင်ကြားပေးပြီး လိုအပ်သော "ခေတ်အဆက်ဆက်မှ တိရိစ္ဆာန်နဲ့ လူပုံများ" ထူးဆန်းသောဒီဇိုင်းများကို မစင်ဂျာမှ တင်ပေးပါမည်။ ဒါတွေကို ရရှိသွားပြီဆိုရင် မြန်မာ့ရိုးရာပန်းချီကိုဖန်တီးရေးဆွဲနိုင်ပြီး ကိုယ်ပိုင်ဟန်များဖန်တီးကာ "ရိုးရာပန်းချီကိုကမ္ဘာသိအောင်" ပြသဖေါ်ထုတ်နိုင်မှာဖြစ်ပါသည်။ (ဆရာကတော့ (1990)ခုနစ်မှစ၍ ရိုးရာမောင်နံမည်ဖြင့်ရိုးရာပန်းချီများကိုရေးခဲ့ပါတယ်။)

online သင်တန်းဖြစ်ပါသည်။ သင်တန်းကြေးသတ်မှတ်မထားပါ။ မိမိတို့ တတ်နိုင်သော ပမာဏပဲ ပေးသွင်းနိုင်ပါသည်။

သင်တန်းချိန်။ စနေ ၁:၃၀-၃:၀၀,
တနင်္ဂနွေ ၁:၃၀-၃:၀၀

ပန်းချီသိန်းဦး (ရိုးရာမောင်)
☎️ 09420143076
09957065596

ဦးသိန်းဦး (ပန်းချီရိုးရာမောင်) ရဲ့ ပန်းချီသင်တန်းလေးပါFeb 1 မှ Feb 15 ရက်နေ့အတွင်း သင်တန်းအပ်သူများအတွက်🎨၁၀ နှစ်အောက်သင်...
24/01/2024

ဦးသိန်းဦး (ပန်းချီရိုးရာမောင်) ရဲ့ ပန်းချီသင်တန်းလေးပါ

Feb 1 မှ Feb 15 ရက်နေ့အတွင်း သင်တန်းအပ်သူများအတွက်
🎨၁၀ နှစ်အောက်သင်တန်းသားများ
✨တလ (၈ ချိန်) ၃၀,၀၀၀/- ကျပ်

🎨၁၀ နှစ်အထက်သင်တန်းသားများ
✨တလ (၈ချိန်) ၄၀,၀၀၀/- ကျပ်

သင်တန်းကာလ ၃ လ ဖြစ်ပါတယ်။

စိတ်ဝင်စားသူများ messenger ဒါမှမဟုတ် ဆရာ့ရဲ့ ဖုန်းနံပါတ် 09957065596, 09420143076 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဆေးရုံကဆင်းပြီးနဲနဲသက်သာနေကောင်းလာလို့ ပန်းချီရေးမယ်လို့စဉ်းစားနေတုံး (FB)မှာပေါ်လာတဲ့ ဒီပလိုမာသင်တန်းသားများကို လက်တွေ့...
20/09/2023

ဆေးရုံကဆင်းပြီးနဲနဲသက်သာနေကောင်းလာလို့ ပန်းချီရေးမယ်လို့စဉ်းစားနေတုံး (FB)မှာပေါ်လာတဲ့ ဒီပလိုမာသင်တန်းသားများကို လက်တွေ့ရေးပြသင်ကြားခဲ့တဲ့ပုံလေးပေါ်လာလို့ တပည့်များကိုပြန်သတိရမိပြီးတင်လိုက်မိတယ် ကျနော်ကတပည့်များနဲ့သင်ကြားနေထိုင်ရတဲ့အချိန်လေးတွေကိုဘဲအမြဲသတိရ တမ်းတနေမိတယ်-----

ဒီနေ့ လူကနေမကောင်းပေမဲ့လည်းစိတ်ချမ်းသာပီတိဖြစ်ရတဲ့နေ့ပါကျနော်ရေးဆွဲထားသောပန်းချီကားလေးရဲ့ ရောင်းရငွေနဲ့ ရခိုင်ဒေသလေဘေးအတ...
11/07/2023

ဒီနေ့ လူကနေမကောင်းပေမဲ့လည်း
စိတ်ချမ်းသာပီတိဖြစ်ရတဲ့နေ့ပါ
ကျနော်ရေးဆွဲထားသောပန်းချီကားလေးရဲ့ ရောင်းရငွေနဲ့ ရခိုင်ဒေသလေဘေးအတွက် လှူဒါန်းခွင့်ရရှိခဲ့လို့ ဝမ်းသာမိပါတယ်
လူသားအားလုံးအန္တာရာယ်ကင်းဘေးရှင်းကြပါစေ..

သင်တန်းအတွက် ရေးထားတဲ့ပန်းချီကားလေးပါ---
28/06/2023

သင်တန်းအတွက် ရေးထားတဲ့ပန်းချီကားလေးပါ---

လက်တွေ့သင်တန်းသားတွေအတွက် ပန်းချီကားတစ်ကားရေးဖွဲ့ရာတွင် ရှေ့-အလယ်-နောက် အပိုင်းခွဲ ဖွဲ့စည်းခြင်းနှင့်အလယ်ကိုဦးစားပေးရေးဆ...
10/06/2023

လက်တွေ့သင်တန်းသားတွေအတွက် ပန်းချီကားတစ်ကားရေးဖွဲ့ရာတွင် ရှေ့-အလယ်-နောက် အပိုင်းခွဲ ဖွဲ့စည်းခြင်းနှင့်အလယ်ကိုဦးစားပေးရေးဆွဲပြီး
ပန်းချီကားမှာရှိရမည့် အဖွင့်-အပိတ်-အညွှန်း အစရှိသည့် ဥပဒေသ များကိုရှင်းလင်းပြသပြီး ရေးဆွဲပြသသည့် ပုံကြမ်းလေးပါ။

Line-Tone--ရေးဆွဲခြင်းအ‌ခြေခံများကို သင်ကြားရေးဆွဲပြသပြီးသင်တန်းသားများကို လက်တွေ့လေ့ကျင့်ရေးဆွဲခြင်း--
25/05/2023

Line-Tone--ရေးဆွဲခြင်းအ‌ခြေခံများကို သင်ကြားရေးဆွဲပြသပြီးသင်တန်းသားများကို လက်တွေ့လေ့ကျင့်ရေးဆွဲခြင်း--

လက်တွေ့ကိုယ်တိုင်(၃)လ ပန်းချီအခြေခံကိုစနစ်တကျသင်ကြားပေးခဲ့သော တပည့်လေးများရဲ့လက်ရာများပါ ။သက်ြန်ပြီးရင် ကျနော့်ရဲ့ (FB)မ...
07/04/2023

လက်တွေ့ကိုယ်တိုင်(၃)လ ပန်းချီအခြေခံကိုစနစ်တကျသင်ကြားပေးခဲ့သော တပည့်လေးများရဲ့လက်ရာများပါ ။
သက်ြန်ပြီးရင် ကျနော့်ရဲ့ (FB)မှ ပန်းချီအခြေခံရေးဆွဲမှုများကို အားလုံးလေ့လာနိုင်အောင် တင်ပြပေးသွားပါမည်။

လက်တွေ့သင်တန်းမှ တပည့်မလေးဟန်စု၏ စားချင်စရာ လက်တွေ့ရေးဆွဲမှု ပန်းချီကားလေးပါ
04/04/2023

လက်တွေ့သင်တန်းမှ တပည့်မလေးဟန်စု၏ စားချင်စရာ လက်တွေ့ရေးဆွဲမှု ပန်းချီကားလေးပါ

အခြေခံပန်းချီပုံဆွဲမှာ အခက်ဆုံးဖြစ်တဲ့ One Point Perspective နဲ့Two Point Perspective ကိုသေသေချာချာ ရှင်းပြပြောဆိုပြီး လ...
16/03/2023

အခြေခံပန်းချီပုံဆွဲမှာ အခက်ဆုံးဖြစ်တဲ့ One Point Perspective နဲ့Two Point Perspective ကိုသေသေချာချာ ရှင်းပြပြောဆိုပြီး လက်တွေ့ရေးဆွဲပြသ၍ တပည့်များအား လက်တွေ့ရေးဆွဲခိုင်းသည့်တပည့်များ၏ လက်ရာများကို တင်ပြလိုက်ပါသည်။

Address

Yankin Road, Myanmar, Burma (Myanmar)
Yangon

Website

Alerts

Be the first to know and let us send you an email when Yoe Yar Maung- Artist Thein Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category