Ottoman History Burmese

Ottoman History Burmese မွတ်စလင်မ်တို့၏ သမိုင်းများကို မြန်မာဘာသာဖြင့် တင်ဆက်ပေးနေသည်။ (တင်ဆက်သူ - စစ်မှူးနိုင်)

အေဒီ ၁၅၀၀ခန့်အော်တိုမန်ဘုရင် ဒုတိယမြောက်Bayezid နှင့် ၎င်းရဲ့ဝန်ကြီးချုပ် ကိုဂျာမွစ်တဖွာပရှား
14/09/2024

အေဒီ ၁၅၀၀ခန့်

အော်တိုမန်ဘုရင် ဒုတိယမြောက်Bayezid နှင့် ၎င်းရဲ့ဝန်ကြီးချုပ် ကိုဂျာမွစ်တဖွာပရှား

အိစဒ်ပရှား - Parisမြို့ရှိ အော်တိုမန်သံအမတ်၁၈၉၃ခုနှစ်
13/09/2024

အိစဒ်ပရှား - Parisမြို့ရှိ အော်တိုမန်သံအမတ်

၁၈၉၃ခုနှစ်

05/09/2024

အော်တိုမန်တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့ လက်အောက်ခံနိုင်ငံတွေက စစ်သားတွေသည် အစ္စလာမ်ဘာသာကို ကူးပြောင်းစရာမလိုဘဲ သူတို့ရဲ့ခေါင်းဆောင်တွေ(သို့)တောင်ဝင်မင်းသားတွေရဲ့ အမိန့်အောက်ကနေ တာဝန်ထမ်းဆောင်လို့ ရခဲ့သည်။ တဖြည်းဖြည်းနှင့် အစ္စလာမ်ကို ကူးပြောင်းလာတဲ့လူတွေများလာတာတောင် ၁၅ရာစုအကုန်လောက်မှာ တချို့မိသားစုတွေဟာ အင်ပါယာထဲမှာ ခရစ်ယာန်အဖြစ် ကျန်ရှိနေခဲ့သည်။

(📕ကိုးကား - The Ottoman Empire by Halil Inalcik)

အော်တိုမန်အစိုးရရဲ့စာပို့သမားများ(Source: Ottoman Imperial Archives)
01/09/2024

အော်တိုမန်အစိုးရရဲ့စာပို့သမားများ

(Source: Ottoman Imperial Archives)

01/09/2024

အရှေ့တောင်အာရှနှင့် အော်တိုမန်

စက်တင်ဘာလ၊ အေဒီ ၁၅၆၇တွင် အော်တိုမန်ဘုရင် ဒုတိယမြောက်စလင်မ်က ရေတပ်ငယ်တစ်ခုအား အာချေ(​ခေတ်သစ်အင်ဒိုကျွန်း)သို့ စေလွှတ်ခဲ့သည်။ စစ်ပွဲဆင်နွယ်ရာမှာ အာချေဘုရင်ကိုကူညီရန်စေလွှတ်ခဲ့တာဖြစ်သည်။

အရမ်းဝေးကွာနေပေမဲ့ အော်တိုမန်အင်ပါယာနှင့် အရှေ့တောင်အာရှက အာချေတို့သည် ၁၆ရာစုတောက်လျှောက် ခိုင်မာသည့်ဆက်ဆံရေးရှိခဲ့သည်။

(မူရင်း - သမိုင်းပညာရှင် Firas AlKhateeb၏ Lost Islamic History)

Credit: Islamic Institute of Burma

မေ၂၀ရက်နေ့၊ ၁၈၉၉ခုနှစ်၊ အစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့သည့် အာမေးနီးယားဘုန်းတော်ကြီးStephen Azarianရဲ့ဈာပန(Source: Ottoma...
20/05/2024

မေ၂၀ရက်နေ့၊ ၁၈၉၉ခုနှစ်၊ အစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့သည့် အာမေးနီးယားဘုန်းတော်ကြီးStephen Azarianရဲ့ဈာပန

(Source: Ottoman Imperial Archives)

၁၉၀၁ခုနှစ်တွင် ဇီယွန်ဝါဒီလှုပ်ရှားမှုကြီးက ​အော်တိုမန်ဘုရင် ဒုတိယ​မြောက်အဗ္ဗဒွလ်ဟာမိဒ်ကို ပါလက်စတိုင်းမှာ နိုင်ငံခြားက ဂ...
19/05/2024

၁၉၀၁ခုနှစ်တွင် ဇီယွန်ဝါဒီလှုပ်ရှားမှုကြီးက ​အော်တိုမန်ဘုရင် ဒုတိယ​မြောက်အဗ္ဗဒွလ်ဟာမိဒ်ကို ပါလက်စတိုင်းမှာ နိုင်ငံခြားက ဂျူး​တွေလာရောက်အ​ခြေချခွင့်ပြုရန် နှင့် အုပ်ချုပ်​ရေးကို ဂျူး​တွေ​လက်အောက်မှာထားရန် ​ငွေ​ကြေးအ​မြောက်အများဖြင့် ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းချက်​ကို ဘုရင်က ပယ်ချခဲ့သည်။ လက်ခံလိုက်ရင် ​အော်တိုမန်အင်ပါယာအ​နေနဲ့ သူတို့​ဆပ်ရမည့် အ​ကြွေး​တွေကိုဆပ်နိုင်မည်ဆ်ို​ပေမဲ့ ဒီ​တောင်းဆိုချက်ကို ပယ်ချခဲ့သည်။ လက်ခံခဲ့ရင် အ​ခြေအ​နေမ​ကောင်းတဲ့ ​အော်တိုမန်အင်ပါယာအတွက် သက်သာရာရနိုင်​ပေမဲ့ မြင့်မြတ်တဲ့​ ဂျေရုဆလမ်ရှိရာ​ဒေသကို မ​ရောင်းခဲ့ဘူး။

ဒုတိယ​မြောက်အဗ္ဗဒွလ်ဟာမိဒ် မှ အခုလို​ဖြေကြားခဲ့သည်။

"ငါဘာမှမ​ရောင်းနိုင်ဘူး....ဒီနယ်​မြေရဲ့ တစ်လက်မ​တောင်မ​ရောင်းဘူး။ ဘာလို့လဲဆို​​တော့ ဒီနိုင်ငံကို ငါမပိုင်ဘူး၊ ​အော်တိုမန်​တွေအားလုံးပိုင်တာပါ။ ငါ့လူ​တွေက ဒီ​မြေ​တွေကို ​သူတို့ရဲ့သွေးဖြင့် အနိုင်ရခဲ့တာပါ။"

(မှတ်ချက် - ပါလက်စတိုင်းအရပ်မှာ အစ္စ​ရေးမဖြစ်ခင်ကတည်းကပင် နှစ်​ပေါင်းများစွာနေထိုင်လျက်ရှိတဲ့ ​ဒေသခံဂျူး​တွေရှိခဲ့ပါတယ်။)

ကိုးကား
- Lost Islamic History
- Daily Sabahရဲ့ The Palestine issue that cost Sultan Abdulhamid II the Ottoman throne

(အောက်ပါပုံသည် BBC Burmeseသတင်းဌာနမှ ဖြစ်သည်။)

Credit: Islamic Institute of Burma

သရက်မြို့က အော်တိုမန်သင်္ချိုင်းအောက်ပါပုံတွေက မြန်မာနိုင်ငံ၊ သရက်မြို့မှာရှိတဲ့ အော်တိုမန်စစ်သုံ့ပန်းများရဲ့ သင်္ချိုင်...
18/05/2024

သရက်မြို့က အော်တိုမန်သင်္ချိုင်း

အောက်ပါပုံတွေက မြန်မာနိုင်ငံ၊ သရက်မြို့မှာရှိတဲ့ အော်တိုမန်စစ်သုံ့ပန်းများရဲ့ သင်္ချိုင်းဖြစ်ပါတယ်။ ပထမကမ္ဘာစစ်တွင် အော်တိုမန်အင်ပါယာက ဗြိတိသျှတွေကို စစ်ရှုံးခဲ့ရတာကြောင့် မြန်မာနိုင်ငံသို့ အတင်းအဓမ္မခေါ်ဆောင်ခံခဲ့ရတဲ့ စစ်သားတွေဖြစ်ပြီး သရက်မြို့မှာ အယောက်၂၀၀ကျော်မြှုပ်နှံ့ထားတယ်။

တစ်ချိန်က သရက်မြို့က အော်တိုမန်တူရကီသုံ့ပန်းတွေက ဗလီမှာဝတ်ပြုနိုင်ရန် ဗြိတိသျှတို့ကို ခွင့်တောင်းခဲ့ပေမဲ့ လက်မခံခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးတင်းမာမှူဖြစ်မှာကြောင့်လို့ဟု သိရတယ်။

ကိုးကား
- Myanmar Times
- Frontier Myanmar
- Turkish Embassy, Myanmar(မြန်မာနိုင်ငံ တူရကီသံရုံး)

(Credit: Islamic Institute of Burma)

၁၈၈၉ခုနှစ်၊ အလ်ဘေနီးယား နယ်ခြားစောင့်တပ်သားတွေ ဝတ်ပြုနေပုံ(ပုံ - Ottoman Imperial Archives)
17/05/2024

၁၈၈၉ခုနှစ်၊ အလ်ဘေနီးယား နယ်ခြားစောင့်တပ်သားတွေ ဝတ်ပြုနေပုံ

(ပုံ - Ottoman Imperial Archives)

မင်းတုန်းမင်းတရားကြီးက မွတ်စလင်မ်တို့အတွက် မက္ကာဟ်မြို့တွင် တည်းခိုရာနေရာကိုပင် လှူဒါန်းပေးခဲ့တယ်။["တူရကီနိုင်ငံ မက္ကဟ်မ...
14/05/2024

မင်းတုန်းမင်းတရားကြီးက မွတ်စလင်မ်တို့အတွက် မက္ကာဟ်မြို့တွင် တည်းခိုရာနေရာကိုပင် လှူဒါန်းပေးခဲ့တယ်။

["တူရကီနိုင်ငံ မက္ကဟ်မြို့"ဆိုတာ "အော်တိုမန် မက္ကာဟ်"ကို ပြောတာပါ။]

(Credit: Known Islam FBစာမျက်နှာ)

၁၉၀၁ခုနှစ်တွင် ဇီယွန်ဝါဒီလှုပ်ရှားမှုကြီးက ​အော်တိုမန်ဘုရင် ဒုတိယ​မြောက်အဗ္ဗဒွလ်ဟာမိဒ်ကို ပါလက်စတိုင်းမှာ ဂျူး​တွေလာရောက...
07/05/2024

၁၉၀၁ခုနှစ်တွင် ဇီယွန်ဝါဒီလှုပ်ရှားမှုကြီးက ​အော်တိုမန်ဘုရင် ဒုတိယ​မြောက်အဗ္ဗဒွလ်ဟာမိဒ်ကို ပါလက်စတိုင်းမှာ ဂျူး​တွေလာရောက်အ​ခြေချခွင့်ပြုရန် နှင့် အုပ်ချုပ်​ရေးကို ဂျူး​တွေ​လက်အောက်မှာထားရန် ​ငွေ​ကြေးအ​မြောက်အများဖြင့် ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းချက်​ကို ဘုရင်က ပယ်ချခဲ့သည်။ လက်ခံလိုက်ရင် ​အော်တိုမန်အင်ပါယာအ​နေနဲ့ သူတို့​ဆပ်ရမည့် အ​ကြွေး​တွေကိုဆပ်နိုင်မည်ဆ်ို​ပေမဲ့ ဒီ​တောင်းဆိုချက်ကို ပယ်ချခဲ့သည်။ လက်ခံခဲ့ရင် အ​ခြေအ​နေမ​ကောင်းတဲ့ ​အော်တိုမန်အင်ပါယာအတွက် သက်သာရာရနိုင်​ပေမဲ့ မြင့်မြတ်တဲ့​ ဂျေရုဆလမ်ရှိရာ​ဒေသကို မ​ရောင်းခဲ့ဘူး။

ဒုတိယ​မြောက်အဗ္ဗဒွလ်ဟာမိဒ် မှ အခုလို​ဖြေကြားခဲ့သည်။

"ငါဘာမှမ​ရောင်းနိုင်ဘူး....ဒီနယ်​မြေရဲ့ တစ်လက်မ​တောင်မ​ရောင်းဘူး။ ဘာလို့လဲဆို​​တော့ ဒီနိုင်ငံကို ငါမပိုင်ဘူး၊ ​အော်တိုမန်​တွေအားလုံးပိုင်တာပါ။ ငါ့လူ​တွေက ဒီ​မြေ​တွေကို ​သူတို့ရဲ့သွေးဖြင့် အနိုင်ရခဲ့တာပါ။"

(မှတ်ချက် - ပါလက်စတိုင်းအရပ်မှာ အစ္စ​ရေးမဖြစ်ခင်ကတည်းကပင် နှစ်​ပေါင်းများစွာနေထိုင်လျက်ရှိတဲ့ ​ဒေသခံဂျူး​တွေရှိခဲ့ပါတယ်။)

ကိုးကား
- Lost Islamic History
- Daily Sabahရဲ့ The Palestine issue that cost Sultan Abdulhamid II the Ottoman throne

(Credit: Islamic Institute of Burma)

၁၅၀၀ပြည့်နှစ်များမှာ အော်တိုမန်ဘုရင်ရဲ့ နာမည်ကို အင်ဒိုနီရှားရဲ့ Acehကျွန်း နှင့် အိန္ဒိယ‌တောင်ပိုင်းလိုနေရာမျိုးတွေမှာတ...
30/04/2024

၁၅၀၀ပြည့်နှစ်များမှာ အော်တိုမန်ဘုရင်ရဲ့ နာမည်ကို အင်ဒိုနီရှားရဲ့ Acehကျွန်း နှင့် အိန္ဒိယ‌တောင်ပိုင်းလိုနေရာမျိုးတွေမှာတောင် သောကြာနေ့ ခွသ်ဗာ(တရားစာ)ထဲမှာ ထည့်သွင်းဖတ်ရွတ်ကြတယ်။

ခွသ်ဗာကိစ္စတင်မက အော်တိုမန်အင်ပါယာ အပြင်ဘက်က မွတ်စလင်မ်တွေထဲမှာ အော်တိုမန်လိုလားတဲ့ လူတွေရှိခဲ့ပါတယ်။ အော်တိုမန်ဩဇာဟာ သူ့နယ်နမိတ်အပြင်က မွတ်စလင်မ်တွေအထိ ရောက်ရှိခဲ့တာကို ပြသနေတာဖြစ်တယ်။

(Credit: Islamic Institute of Burma)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ottoman History Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category