17/06/2023
မတာမိခင်ဟုခေါ်သည်🙂
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soe Moe, College & University, ၁၂, Yangon.
17/06/2023
မတာမိခင်ဟုခေါ်သည်🙂
17/06/2023
13/06/2023
ဇိုး🤕
ရမ်းဗြဲမြို့နယ်..မြေပျားတောင်သားချေပါ.
Age.16❤
soe moe.. Page😊
သာလီစွပါ..😍
27/03/2023
😍မင်းနဲ့အတူဒီလိုဘဝမျိုးဖန်တီချင်တယ်😍
🙆♂️💜🙆♂️👪
17/09/2022
ဖောက်ပြန်ခြင်းဆိုတာ ဗီဇနဲ့ပဲ ဆိုင်တာပါ။
ယောက်ျားနဲ့မိန်းမ ဘယ်သူက ပိုပြီး ဖောက်ပြန်တတ်သလဲလို့ မတွေးနဲ့
ဖောက်ပြန်ခြင်းဆိုတာ ဖိုမ သဘာ၀နဲ့ မဆိုင်ဘူး တကယ်တော့ ဗီဇနဲ့ပဲ ဆိုင်တာပါ။
ဖောက်ပြန်တတ်တဲ့ ဗီဇပါလာတဲ့သူက နီးတာဝေးတာတွေ မဆိုင်ပဲ ဖောက်ပြန်မြဲ ဖောက်ပြန်တတ်ပါတယ်။
ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်ရင်တော့
ပြင်လာမှာပါဆိုပြီး အမှားတွေကို အမှန်ပြင်စေချင်နေတာလား အဲ့လောက်မလွယ်တတ်ဘူးနော် ။
တစ်ခါဖောက်ပြန်ဖူးတဲ့သူက
နောက်တစ်ကြိမ် သို့မဟုတ် အကြိမ်ကြိမ်အခါခါ ဖောက်ပြန်နေဖို့ ၀နျမလေးတတျကွဘူးလေ ။
ကိုယ် ခွင့်လွှတ်လိုက်မယ်ဆိုရင်
ကိုယ်ကိုယ်တိုင် နောက်တစ်ကြိမ်နာကျင်ဖို့ လမ်းဖွင့်ပေးလိုက်သလိုပဲ ဖြစ်သွားတာပါ ။
ဘာလို့ ဖောက်ပြန်ရတာလဲဆိုတဲ့ မေးခွန်းမျိုးတွေလဲ မတွေးနဲ့
တကယ်တမ်းကျတော့ ဖောက်ပြန်ချင်လို့ကို ဖောက်ပြန်နေကြတာပါ ။
ဝေးခြင်းနီးခြင်းတွေဟာ တကယ်တမ်းကျတော့ အဖြေ မဟုတ်လှဘူး ။
တကယ်ချစ်တဲ့ သူက နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေကိုယ်တစ်ယောက်တည်းကိုပဲ ချစ်မှာပါပဲလေ ။
Pageလေးထဲကို စာပေများဖတ်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။
🌸 တချို့ခံစားချက်တွေက
ခဏတာဆိုပေမယ့် ...
တစ်ဘဝစာ လုံလောက်ပါတယ်
🌸 ထားတိုင်းမကောင်းတဲ့ စေတနာတွေ
ပေးတိုင်းပြန်မရတတ်တဲ့ မေတ္တာတွေ
ကြိုးစားတိုင်းလည်း အရာမထင်တတ်တာတွေ
အနစ်နာခံခဲ့ပေမယ့် စော်ကားခံရတာတွေ
အယူမတူတာနဲ့ ဟန်မဆောင်နိုင်အောင်
ပျက်ယွင်းသွားတဲ့ ခင်မင်မှုတွေ
🌸 ကြုံရဖန်များလာတဲ့အခါ
အားနာပါးနာဆိုတဲ့စကားလုံးဟာ
စာအုပ်ထဲမှာပဲရှိမယ်လို့ ထင်လာမိတဲ့အထိပါပဲ
🌸 တချို့က အားမနာတတ်ဘူး
🌸 တချို့က အလွဲသုံးစားပြုတယ်
🌸 တချို့က မျက်နှာပြောင်တယ်
🌸 သူတို့ကသာ...
အသိအမှတ်ပြုတာ ခံချင်ကြတာ
သူများကို အရေးတယူရှိဖို့ကျတော့
သိသိကြီးနဲ့ မေ့လျော့နေကြတယ်
🌸 အလိုရှိတုန်းသာ အပူကပ်ကြပေမယ့်
မလိုတဲ့အခါ လမ်းတွေ့ရင်တောင်
မမြင်သယောင်ပြုသွားတတ်ကြတယ်
🌸 သူတို့လုပ်သလိုမျိုး
တစ်ခါလောက်များ ပြန်လုပ်မိလိုက်ရင်
ကိုယ်ကပဲ တစ်သက်စာလူဆိုးကြီးကိုဖြစ်ရော
🌸 လူသားချင်းစာနာမှု
အပြန်အလှန်လေးစားမှုတွေ
မရှိတဲ့ဆက်ဆံရေးဟာ
ဘယ်လောက်များ ခံနိုင်ရည်ရှိမှာတဲ့လဲ
အရမ်းခင်ပြ သဲသဲလှုပ်ပြသလောက်
ကွယ်ရာမှာ မရှုစိမ့် ဝန်တိုကြတာလည်း
လူတွေရဲ့ ထုံးစံလိုဖြစ်နေပါပြီ
🌸 ကြုံရင်ကြုံသလို ခြေထိုးခံဖို့
ဝန်မလေးတဲ့သူတွေရဲ့ ခင်မင်မှုဆိုတာကိုလည်း
မယုံကြည်နိုင်တော့တာဟာ
ကိုယ့်အလွန်တော့ မဟုတ်လောက်တော့ဘူး
နောက်ကျောကို ဓားထိုးတတ်သူတွေကြားမှာ
စိတ်ချလက်ချနဲ့ ...
ကျောပေးထားလို့ရတဲ့သူဆိုတာ
ခုခေတ်မှာ ရှားပါးပစ္စည်းတစ်ခုလိုပါပဲ
🌸 ကြာလာတော့လည်း
ဘယ်သူ့ကိုမှ အပြစ်မဆိုချင်တော့သလို
မုန်းလည်း မမုန်းချင်တော့ဘူး
🌸 ကိုယ့်အပေါ်မှာ စိတ်ရင်းမမှန်တဲ့သူဆိုရင်
ကိုယ်ကလည်း အပေါ်ယံလေးပဲ
ပြန်ဆက်ဆံပေးလိုက်တော့တယ်
🌸 ကိုယ့်ကိုအလေးအနက်ထားတဲ့သူတွေကိုပဲ
ပြန်လည်တန်ဖိုးထားပေးလိုက်တယ်
ကိုယ့်ကိုစိတ်ရင်းနဲ့ ပေါင်းသင်းတဲ့သူကိုပဲ
ကိုယ့်စိတ်ရင်းကို ပြန်ပေးဖြစ်တော့တယ်
🌸 ခင်မင်မှုဟာ အလကားရပေမယ့်
အပေါစားမဆန်ဘူး
ခဏတိုင်းပြန်မရတတ်ဘူးဆိုတာ
တချို့လူတွေကို သိစေချင်လိုက်တာ
__________________________________
✍
✍️•••သင်အဆင်မပြေတဲ့အချိန် မကူညီရကောင်းလားဆိုပြီး လူတိုင်းကို စိတ်မဆိုးပါနဲ့ တစ်ကယ်တမ်းတော့ လူတိုင်းမှာ အမြဲတမ်းသင့်ကို ကူညီဖို့ တာဝန်ရှိမနေပါဘူး
ဒါကြောင့် တစ်ခုခုဆို ကိုယ်တတ်နိူင်သရွေ့ ကိုယ့်အားကိုယ်ကိုးပါ။
✍️•••သင်သာလျှင် သင့်ရဲ့ပဲ့ကိုင်ရှင်ပါ
အဆင်ပြေနေတဲ့ အချိန် သင့်မှာ
ကူညီမယ့်သူများသလောက် တစ်ခါလောက် အဆင်မပြေကြည့်လိုက် မိတ်ဆွေ စစ်မစစ် ကို သိသွားရလိမ့်မယ်။
✍️•••အခါတစ်ရာမက ကူညီပေးပြီးမှ
တစ်ခါလောက် မကူညီတာနဲ့ သူများကို အပြစ်မမြင်နဲ့ အချိန်တိုင်း သင်လိုအပ်တာဖြည့်ဆည်းပေးဖို့ လူတိုင်းက သင့်အတွက်အမြဲရှိမပေးနိူင်ဘူးလေ။
✍️•••သင်သာလျှင်သင့်ရဲ့မိတ်ဆွေ အစစ်ပါ အမြဲတမ်း တစ်ခုခုဆို တွဲထူမယ့် လက်တွေ ကိုပဲ မျှော်လင့် နေတုန်းလား သင့်အတွက် သင်ပဲ အမြဲရှိတယ်ဆိုတာ မမေ့ပါနဲ့။
✍️•••ဒါကြောင့် သင်အဆင်မပြေတဲ့အချိန် အမြဲတမ်းအသင့်ရှိ ပေးသူကိုလည်း မမေ့နဲ့ သင်အဆင်မပြေတော့ဘူးဆိုတာနဲ့ အနားကနေထွက်သွား သူကိုလည်းမမေ့ပါနဲ့
ဘဝမှာ သင်ခန်းစာတွေ အများကြီးထဲကမှ လူတွေ ကပေးတဲ့သင်ခန်းစာတွေကြောင့် တစ်နေ့သင်ပိုရင့်ကျက်လာမှာပါ။
လေးစားစွာဖြင့်
မေဆု(ရာမညမြေ)25.8.2022
#မေဆုရာမညမြေအတွေးစာစုလေးများ