24/06/2025
လူငယ်တွေကို ပညာရေးကွာဟချက်မရှိစေဖို့ အဆင့်မြင့်ပညာရေးပေးနေတဲ့ အဖွဲ့အစည်းတစ်ခုမှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်ချင်တယ်လို့ တွေးမိနေပြီလား❓
ကျောင်းပြင်ပလှုပ်ရှားမှု အနေနဲ့ ပါဝင်ချင်တယ်ဆိုရင်တောင် ဘယ်ကဘယ်လို စရမှန်းမသိဖြစ်နေပြီလား။ ⁉️
🤙ဒီလိုဆိုရင်တော့ Ed Theory ကနေ အခွင့်အရေးတစ်ခု လူငယ်တွေကို ယူဆောင်လာပါပြီ💫
✔️ဘယ်လိုအခွင့်အရေးမျိုးလဲ?
Ed Theory ရဲ့ Volunteer အဖွဲ့ ဝင်အနေနဲ့ ပါဝင်ရမှာပါ။
✔️ဘယ်လို position တွေလဲ။
1️⃣Operations Manager 1post
2️⃣Marketing manager 1post
3️⃣Research and Development (R&D) Manager 1post အစရှိတဲ့ position တွေပါ။
✔️ဘယ်လို အရည်အချင်းမျိုးတွေရှိရမလဲ။
အထက်ပါ position တွေမှာ ဝင်ရောက် လျှောက်ထားလိုတယ်ဆိုရင်တော့ အောက်ပါအရည်အချင်းလေးတွေနဲ့ ပြည့်စုံရပါမယ်။
🟩Operations Manager
1️⃣အဖွဲ့အစည်းလည်ပတ်မှု နဲ့ ထောက်ပံမှု သဘောတရားကိုကောင်းစွာ သိရှိနားလည်သူဖြစ်ရပါမယ်
2️⃣စီမံခန့်ခွဲနိုင်မှု နဲ့ ခေါင်းဆောင်မှုစွမ်းရည်အပြည့်အဝရှိရပါမယ်
3️⃣Google Workspace, Trello အစရှိတဲ့ Digital Tools တွေကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရပါမယ်
4️⃣အလုပ်များစွာ စီမံခန့်ခွဲနိုင်ပြီး ကောင်းမွန်ပြေပြစ်တဲ့ ဆက်ဆံမှုစွမ်းရည်ရှိရပါမယ်
5️⃣remote teams တွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရပါမယ်
🟩Marketing manager
1️⃣Marketing နဲ့ ပက်သတ်ပြီး အတွေ့အကြုံရှိရင်ကောင်းပါတယ်ခင်ဗျ။
2️⃣ခေါင်းဆောင်မှုအားကောင်းပြီး အဖွဲ့လိုက်ညှိနှိုင်းဆောင်ရွက်မှုစွမ်းရည်ပြည့်ဝသူဖြစ်ရပါမယ်။
3️⃣Digital Marketing နည်းပညာများကို ရင်းနှီးကျွမ်းဝင်သူဖြစ်ရပါမယ်။
4️⃣တီထွင်ကြံဆမှုကောင်းပြီး မဟာဗျူဟာကျကျတွေးခေါ်တတ်သူဖြစ်ရပါမယ်။
5️⃣ဆက်ဆံရေးကောင်းမွန်ပြီးကျွမ်းကျင်တဲ့ အစီစဉ်ရေးဆွဲမှု ပညာရှိသူဖြစ်ရပါမယ်။
🟩Research and Development (R&D) Manager
1️⃣analytical နှင့် research စွမ်းရည် ကျွမ်းကျင်ပြည့်ဝသူဖြစ်ရပါမယ်
2️⃣Google Sheets, Docs, data tools အစရှိတဲ့ Digital Tools တွေကို သိရှိနားလည်သူဖြစ်ရပါမယ်
3️⃣မိမိရဲ့ research တွေကို ကောင်းမွန်စွာရှင်းလင်းတင်ပြနိုင်သူဖြစ်ရပါမယ်
4️⃣ပညာရေး နှင့် လူမှုရေးနယ်ပယ် ဆိုင်ရာအကြောင်းအရာများကို စိတ်ပါဝင်စားသူဖြစ်ရပါမယ်
5️⃣စူးစမ်းလိုစိတ်အပြည့်အဝရှိပြီး တိုးတက်ချင်လိုစိတ် အပြည့်အဝရှိရပါမယ်။
✔️Ed Theory မှာ Volunteer လုပ်ရင် ဘာအကျိုးကျေးဇူးတွေရမလဲ
Ed Theory မှာ Volunteer လျှောက်ထားလို့ ရွေးချယ်ခံရပြီဆိုရင်တော့
နံပါတ်တစ်အနေနဲ့ Ed Theory ကဖွင့်လှစ်တဲ့ အတန်းတွေကို အခမဲ့တက်ရောက်ခွင့် ရရှိမှာပါ။
ဒါ့အပြင် သတ်မှတ် volunteer ကာ လပြီးဆုံးလျှင်လည်း certificate ထုတ်ပေးဦးမှာပါ။ ဒါ့အပြင် performance အပေါ်မူတည်ပြီး recommendations letter ပေးအပ်တာ၊ Outstanding Person Certificate ပေးအပ်တာအပြင် သင့်တင့်မျှတတဲ့ အလုပ်ချိန်ကော အတွေ့အကြုံကိုပါရရှိဦးမှာပါ။
ဒါ့အပြင် ကိုယ့်ရဲ့ career pathway အတွက် 1 on 1 consulting session အပါ feedback နဲ့ recognition ကိုရရှိဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အကျိုးခံစားခွင့်လည်းများ အတွေ့အကြုံလည်းရအောင် လူငယ်ထုအကျိုးပြု Ed Theory မှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီဆောင်ရွက်ပေးဖို့ နွေးထွေးသော ကမ်းလက်များဖြင့် ဖိတ်ခေါ်ပါရစေခင်ဗျာ။🫶
28.6.2025 နောက်ဆုံးထား လျှောက်လွှာတင်သွင်းဖို့လိုအပ်မှာဖြစ်ပြီး Volunteer အနေနဲ့ ရွေးချယ်ခံရခြင်း ရှိမရှိကို 2.7.2025 မှာကြေညာပေးသွားမှာပါ။
အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။
👇🏽👇🏽👇🏽
https://forms.gle/iPzcqMhtqHut8pHS8