22/01/2024
YLE exam ဖြေဆိုမည့် သားသားမီးမီးတို့အတွက် ဘယ်အရာတွေကို သေချာဂရုစိုက်ပြီး လေ့လာရမလဲ။
ပထမဆုံးကတော့ Vocabulary ပါ။
အထူးသဖြင့် Basic words တွေ ဖြစ်တဲ့ house, chair, table, football, etc… စတဲ့ Common Objects တွေ၊ Father, Mother, Teachers , Brother, Sister, eat, sleep, play, happy, sad , clean , dirty, etc… စတဲ့ နေ့စဉ်လူနေမှုဘဝ၊မိသားစု၊ပတ်ဝန်းကျင်၊အပြုအမူတို့နှင့် သက်ဆိုင်တဲ့ စကားလုံးတွေကို အဓိကထားလေ့လာဖို့ လိုပါတယ်။
ဒုတိယကတော့ Grammar ပါ။
အခြေခံ Grammar တွေဖြစ်တဲ့ Present ,Past, Present Continuous , Past Continuous တို့အပြင် Preposition of Places နှင့် Basic question Format တို့ကိုပါ လေ့လာထားဖို့လိုပါတယ်။
နောက်ဆုံးကတော့ Speaking ပါ။
Speaking မှာဆိုရင် Introduction , Greetings နှင့် Questions တို့ကို သေချာနားလည်ပြီး Speaking exam စစ်တဲ့လူကို မှန်မှန်ကန်ကန် ပြန်ပြောနိုင်အောင် လေ့လာထားဖို့လိုအပ်ပါတယ်။
ဒါဆိုရင်တော့ exam ဖြေဆိုမယ့် သားသားမီးမီးတို့အနေနဲ့အပေါ်က အချက်တွေ အဓိကထားပြီး သေချာ prepare လုပ်ထားမယ်ဆိုရင် ဖေဖေမေမေတို့ မျှော်လင့်ထားတဲ့အတိုင်း ရလဒ်ကောင်းတွေ ထွက်လာမှာ အသေအချာပါပဲ။
LCEC မှာ YLE (Starter, Mover, Flyer) Class တွေနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ Ph number – 09960347834(or) Page Messenger ကနေလဲ ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။