AMR - MasterClasses

AMR - MasterClasses

Share

AMR empowers busy professionals with expertly curated video summaries of international bestselling books, available anytime, anywhere.

AMR empowers busy professionals and Biz owners with expertly curated MasterClasses of international bestselling books and the community that helps each other achieve greatness. Join the book club and gain wisdom, confidence, and respect you deserve.

10/02/2026

"ဘဝဆိုတာ မျဉ်းကြောင်းတစ်ခုမဟုတ်ဘူး။"
"ဘဝဆိုတာ အစက်အပြောက်လေးတွေနဲ့ စုစည်းထားတာပါ။"
"ဘဝဆိုတာ ပစ္စုပ္ပန်လေးတွေနဲ့ စုစည်းတည်ဆောက်ထားတာပါ။"

The Courage to be Disliked စာအုပ်ထဲက ဒီအတွေးအခေါ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုပုံစံကို ပြောင်းလဲပေးနိုင်ပါတယ်။

၁။ မျဉ်းကြောင်းသဏ္ဌာန် အသက်ရှင်ခြင်း (Life as a Line)
ဘဝကို မျဉ်းဖြောင့်တစ်ခုလို မြင်တဲ့အခါ "ပန်းတိုင်" ကသာ အရေးကြီးဆုံး ဖြစ်လာပါတယ်။

အောင်မြင်မှု ပန်းတိုင်ကို မရောက်မချင်း ကြားထဲက အချိန်တွေဟာ အဓိပ္ပာယ်သိပ်မရှိဘူး ဖြစ်နေတတ်တယ်။

လမ်းခုလတ်မှာ ရပ်တန့်သွားရင် ဘဝကို "ရှုံးနိမ့်မှု" လို့ သတ်မှတ်မိတတ်တယ်။ ဥပမာ တောင်တက်သမား ၁ ယောက်လိုပေါ့။ ထိပ်ရောက်မှသာ အောင်မြင်တယ်လို့ ခံစားရတယ်။

၂။ အစက်အပြောက်များအဖြစ် အသက်ရှင်ခြင်း (Life is a collection of Dots or Life is a collection of NOWs.)
တကယ်တော့ ဘဝဆိုတာ အခုလက်ရှိ (Present Moment) ဆိုတဲ့ အစက်ကလေးတွေ စုထားတာပါ။

အစက်တိုင်းဟာ သူ့ဘာသာသူ ပြီးပြည့်စုံနေပါတယ်။ Life က every moment မှာ complete ဖြစ်နေပါတယ်။

ဒီနေ့၊ ဒီအချိန်၊ ဒီအလုပ်ကို အကောင်းဆုံး လုပ်နေခြင်းဟာ ပန်းတိုင်ကို ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ သူ့အလိုလို အောင်မြင်မှု ဖြစ်နေပါပြီ။

"ခရီးဆုံးကို ရောက်မှ အဓိပ္ပာယ်ရှိတာမဟုတ်ဘဲ၊ ခရီးသွားနေတဲ့ ခဏတိုင်းက အဓိပ္ပာယ်ရှိနေတာပါ။"

ပန်းတိုင်ကိုပဲ အာရုံစိုက်ပြီး စိတ်ပင်ပန်းနေမယ့်အစား လက်ရှိရောက်နေတဲ့ "အစက်" လေးကိုပဲ အကောင်းဆုံး ကခုန်ဖြတ်သန်းကြည့်ရအောင်။

The Courage to be Dislike ဆိုတဲ့ MasterClass ကို AMR MasterClass မှာ အခုလေ့လာနိုင်ပါပြီ။

AMR MasterClass ကို Join ဖို့ Messenger ကနေ အခုပဲ Messenger ကနေ ဆက်သွယ် စာရင်းပေးပါ။

Join AMR - MasterClass NOW!

Ordinary Pass - 1 month
Insider Pass - 3 month
VIP - 1 year

AMR
Deep Knowledge . Real Transformations

08/02/2026

Why I read . . .

ဘာကြောင့်ကျနော် စာတွေအမြဲဖတ်လဲ။

လောကီ ဗဟုသတနဲ့ ပညာကို စာမဖတ်ပဲ ကိုယ်တွေ့နဲ့ သိတယ်ဆိုသူတွေကို သိပ်ကြောက်တတ်သော ကျနော်။

😬😬😬

Photos from AMR - MasterClasses's post 07/02/2026

ဒီနေ့ မျှဝေခဲ့တဲ့ MasterClass လေး။

Alfred Adler ရဲ့ Adlerian Philosophy and Psychology ကို အသေးစိတ် ရှင်းပြပေးနိုင်ခဲ့လို့ ကျေနပ်ပါတယ်။ သူ့အတွေးအခေါ်တွေက လူသိပ်မသိပေမဲ့ အများစုက သူ့သဘောတရားတွေကို အသုံးပြုနေတယ်ဆိုတာ ဒီ MasterClass ကို နားထောင်ပြီးရင် သိသွားမှာပါ။

ကျနော်အကြိုက်ဆုံး စာသားလေးက Happiness is the feeling of contribution. "ပျော်ရွှင်မှုဆိုတာ တစ်ပါးသူအတွက် အကျိုးပြုနေရတယ်လို့ မိမိကိုယ်ကို ခံစားမိခြင်းပဲ ဖြစ်ပါတယ်။"

Insiders များ ဒီ MasterClass ကို AMR မှာ လေ့လာနိုင်ပါပြီ။


Deep Knowledge. Real Transformations.

07/02/2026

Life is a collection of NOWs!!!

ဘဝဟာ မျဉ်းကြောင်းလို မဟုတ်ဘူး။ အစက်လေးတွေ စုပေါင်းထားတယ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်နဲ့ နားလည်လဲ။

06/02/2026

AMR MasterClass မှာ မနက်ဖြန် မျှဝေသွားမယ့် စာအုပ်ပါ။

The Courage to be Disliked
Adlerian Psychology ကို အသေးစိတ် ဆွေးနွေးရှင်းပြသွားမှာ ဖြစ်ပါတယ်။

Insiders များ Register လုပ်ပြီး Join ပါ။

See you tomorrow!!!

26/01/2026

She had little. But she wanted even less.

ဒီစနေနေ့က မျှဝေခဲ့တဲ့ The Art of Spending Money (Morgan Housel)
MasterClass ထဲက ကျနော်အကြိုက်ဆုံး သဘောတရားလေး။

ဒီ MasterClass ၁ ခုလုံး ကို AMR မှာ လေ့လာနိုင်ပါပြီ။

Deep Knowledge. Real Transformations.

20/01/2026

Broken Windows တွေအများကြီး ရှိနေတဲ့အချိန်မှာ ကိုယ့်ပတ်ဝန်းကျင်လေးမှာ ကိုယ်နိုင်သလောက် Broken Windows တွေနည်းအောင် လုပ်ကြဖို့ တိုက်တွန်းပေးတာလေးပါ။

19/01/2026

၁ ယောက်နဲ့ ၁ ယောက် ဖြည့်ပြီး စဥ်းစားပေးပါ။ ဖြည့်ပြီးတွေးပေးပါ။ ဘာ့ကြောင့်လဲဆိုတော့ လူတိုင်းလိုလို လိုအပ်ချက်တွေ များလာလို့ပါ။

08/01/2026

ကျနော်ရဲ့ Leader in Me ဆိုတဲ့ ပညာရေးအဖွဲ့အစည်း။

အလုပ်လုပ်တဲ့အခါမှာ Data ဟာ ဘယ်လောက်ထိ အရေးကြီးတယ်။ ဘယ်လို Data တွေကိုကောက်ရမလဲဆိုတာ ဆွေးနွေးနေတာပါ။

Had a Founder meeting for Leader in Me process with one of the international schools in Myanmar.

Leader in Me is Evidence-Based whole-school improvement model that builds leadership and life skills in students and staff, create high-trust culture and accelerate academic achievements.

၁ နှစ်ကို ကျောင်းသား/သူ ၁ သောင်းကျော်နဲ့ ဆရာ/ဆရာမပေါင်း ထောင်ကျော်ကို သင်ကြားပို့ချပေးနေပါတယ်။

Leader in Me
လူကောင်းလူတော်များ မွေးထုတ်ပေးရာ နေရာ။

27/12/2025

ငါများမှားနေလား။

ကျနော်စာဖတ်တာတော့ အထူးပြောစရာ မလိုတော့ပါ။ စာအုပ်ပေါင်း ၁၅၀ ကို သေသေချာချာရှင်းပြထားပြီးပြီ။ ဖတ်ပြီးတဲ့ စာအုပ်ပေါင်း အနည်းဆုံး ၇၀၀-၈၀၀ လောက်ရှိပြီးပြီ။

စာအုပ်တွေဖတ်တဲ့အခါမှာလည်း အမြဲတမ်းသေသေချာချာဖတ်တယ်။ Notes ထုတ်တယ်။ မှတ်မိတတ်တယ်။

စာဖတ်ခြင်းက ဗဟုသုတအပြင် ဘာရလဲဆိုတော့ အခြေအနေ ၁ ခုကို ရှုထောင့်မျိုးစုံကနေ ကြည့်တတ်လာတယ်။ နောက် ၁ ခုကလည်း Cognitive Bias တွေပိုနဲလာတယ်။

၁ ခုခုဆိုရင် Conditional ဖြစ်တယ်ဆိုတာ သိလာတယ်။ ၁ ခုခုကို မှန်တယ်လို့ အသားလွတ်ယုံတာ မဟုတ်ပဲ၊ ဘယ်လို အခြေအနေမှာ (conditions) မှန်တယ်။ ဘယ်လိုမှာ မမှန်ဘူးဆိုတာ သတိထားတတ်လာတယ်။

ကိုယ့်ကိုယ်ကိုလည်း အမြဲဒီ​မေးခွန်း မေးဖြစ်လာတယ်။ ငါများမှား​နေလားဆိုတာ။ Information ရှာရင်​တောင် ကိုယ်ယူဆတာကို ထောက်ပြတာမျိုးကို ပိုပြီးရှာဖြစ်လာတယ်။ Confirmation Bias နဲ​အောင်။

ဒါ​ပေမဲ့ ဘာကိုသတိထားမိလာလဲဆို​တော့ လူ​တော်​တော်များများဟာ ငါများမှား​နေလားဆိုတာ ကိုယ့်ကိုယ်ကို သိပ်မ​မေးကြဘူး။ ငါသိတာပဲ မှန်တယ်။ ငါယုံတာပဲ မှန်တယ်။ သူတို့ Information ရှာ​တော့လည်း Confirmation Bias လို့​ခေါ်တဲ့ သူတို့မှန်တာကို သက်​သေပြနိုင်တာကိုပဲ ရှာတယ်။

ဒါ​တွေဟာ Polarization လို့​ခေါ်တဲ့ အစွန်း​ရောက် အယူ​တွေကို ဖြစ်​စေတယ်။ Social Media နဲ့ပိုဆိုး​သေးတယ်။ ဘာ​ကြောင့်လဲဆို​တော့ ကိုယ်ကြည့်ထားတဲ့ Content နဲ့ တူတာ​တွေပဲ Social Media က ပြ​တော့တာ​လေ။ အဲ့​တော့ အမြင်​တွေက ပို​စောင်းကုန်တာ​ပေါ့။

အဲ့ဒါ​ကြောင့် ကျ​နော်က​တော့ ၂ ဖက်မျှပြီး​လေ့လာတယ်။ ကိုယ့်ကိုယ်ကိုလည်း အမြဲ​မေးတယ်။ ငါများမှား​နေလားလို့။

တခါတုန်းက တွေ့လိုက်တဲ့ ကာတွန်း​လေးကို သတိရတယ်။ အမျိုးသမီး ဝဝ ၁ ယောက်က သူ့တူ​လေးကို “အန်တီ့ကို ချစ်တဲ့သူ မရှိဘူး။” လို့​ပြော​တော့ က​လေး​လေးက ပြန်​မေးတယ်။ “တီတီက လူ​တွေအားလုံးကို မေးပြီးပြီလား။” တဲ့။

၂၀၂၆ မှာ “ငါများမှား​နေလား။” ဆိုတဲ့ မေးခွန်းကို လူ​တွေများများ​မေးလေ ကျ​နော်တို့ လူ့ပတ်ဝန်းကြီးဟာလည်း ပို​ကောင်း​လေ ဖြစ်မှာပါ။

ငါမှန်တယ်ဆိုတဲ့ အတ္တကြီးသူ​တွေများ​လေ ပတ်ဝန်းကျင်ကြီးဟာ ပိုဆိုး​လေပါ။

AP

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Waizayandar Street
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00